Zawgyi ျဖင့္ဖတ္ရန္

ေက်ာက္ကပ္ေရာဂါေဝဒနာေၾကာင့္ အႏုပညာအလုပ္ေတြ မလုပ္ႏိုင္ေတာ့တဲ့အျပင္ နာတာရွည္ ေဝဒနာသည္အျဖစ္ ေဆးကုသမႈခံယူေနရတဲ့ ဟာသသ႐ုပ္ေဆာင္ကစ္ကစ္ဟာ ထာဝရအလႉရွင္ေတြနဲ႔ အသက္ဆက္ေနရတဲ့ သူလဲ ျဖစ္ပါတယ္။ ယခုအခါမွာေတာ့ သူမကို လႉဒါန္းေနတဲ့ ထာဝရအလႉရွင္တစ္ဦးက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆက္လက္မလႉဒါန္းႏိုင္ေတာ့ဘူး၊ ဒါ့ေၾကာင့္ အခက္အခဲျဖစ္လာခ်ိန္မွာေတာ့ တစ္ျခားေသာအလႉရွင္ေတြကို ထပ္မံေတာင္းဆိုခဲ့ရာ အႏုပညာရွင္ႏွစ္ဦးမွ ထပ္မံလႉဒါန္းခဲ့ပါတယ္။

အဲဒီအလႉရွင္ႏွစ္ဦးကေတာ့ ေမာ္ဒယ္ ခင္ရႈပတို႔ ဇနီးေမာင္ႏွံနဲ႔ စိုးျမတ္နႏၵာတို႔ဘဲ ျဖစ္ပါတယ္။ ေမာ္ဒယ္၊ သ႐ုပ္ေဆာင္ ခင္႐ူပ တို႔ ဇနီးေမာင္ႏွံဟာ မကစ္ အတြက္ ေက်ာက္ကပ္ ေဆးအလႉအျဖစ္ လစဥ္ ၁ လ(တစ္သိန္း) ေပးလႉရန္ ရာသက္ပန္ ဆုံးျဖတ္ခ်က္ခ်ၿပီးေပး လႉလိုက္တယ္လို႔ သိရပါတယ္။ စိုးျမတ္နႏၵာကေတာ့ ခင္သဇင္ရဲ႕ အလႉခံတဲ့ ပို႔စ္ ေအာက္မွာ “ အမ လႉမယ္ ညီမေလး” ဆိုၿပီး ေရးသားေဖာ္ခဲ့ပါတယ္။

လတ္တေလာမွာေတာ့ ကစ္ကစ္အတြက္ ထာဝရအလႉရွင္ (၁၂)ဦးရွာေဖြခဲ့ရာ ၁၁ဦးသာရရွိခဲ့ၿပီး စိုးျမတ္နႏၵာရဲ႕ လႉဒါန္းမႈနဲ႔ဆိုရင္ ၁၂ ဦးျပည့္ခဲ့ပါၿပီ။ ထာဝရ အလႉရွင္ ျဖစ္လိုသူေတြက မကစ္ သက္ရွိထင္ရွား ရွိစဥ္ ကာလ အထိ ၁ လ ကို ၁ သိန္းက်ပ္ လစဥ္ မပ်က္မကြက္ေပးလႉရမွာ ျဖစ္တယ္လို႔လဲ သိရပါတယ္။ ဒီလိုသာ မလႉႏိုင္ေတာ့ဘဲ ပ်က္ကြက္သြားခဲ့ရင္ လူနာ အတြက္ အခက္အခဲေလးေတြ ျဖစ္ေပၚလာႏိုင္တယ္လို႔လဲ သိရပါတယ္။

ဖတ္ရႈ႕ေပးတဲ့ ပရိသတ္ေတြက ခင္ရႈပ နဲ႔ ဒါဒါတို႔ရဲ႕ အလႉအတြက္ သာဓုေခၚေပးၾကပါဦးေနာ္။ ေနာက္ၿပီး မကစ္အတြက္လဲ ဆုမြန္ေကာင္းေတာင္းေပးၾကပါဦးေနာ္။

Source – Khin Tha Zin ‘s fb

Unicode ဖြင့်ဖတ်ရန်

ကျောက်ကပ်ရောဂါဝေဒနာကြောင့် အနုပညာအလုပ်တွေ မလုပ်နိုင်တော့တဲ့အပြင် နာတာရှည် ဝေဒနာသည်အဖြစ် ဆေးကုသမှုခံယူနေရတဲ့ ဟာသသရုပ်ဆောင်ကစ်ကစ်ဟာ ထာဝရအလှူရှင်တွေနဲ့ အသက်ဆက်နေရတဲ့ သူလဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ သူမကို လှူဒါန်းနေတဲ့ ထာဝရအလှူရှင်တစ်ဦးက အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်မလှူဒါန်းနိုင်တော့ဘူး၊ ဒါ့ကြောင့် အခက်အခဲဖြစ်လာချိန်မှာတော့ တစ်ခြားသောအလှူရှင်တွေကို ထပ်မံတောင်းဆိုခဲ့ရာ အနုပညာရှင်နှစ်ဦးမှ ထပ်မံလှူဒါန်းခဲ့ပါတယ်။

အဲဒီအလှူရှင်နှစ်ဦးကတော့ မော်ဒယ် ခင်ရှုပတို့ ဇနီးမောင်နှံနဲ့ စိုးမြတ်နန္ဒာတို့ဘဲ ဖြစ်ပါတယ်။ မော်ဒယ်၊ သရုပ်ဆောင် ခင်ရူပ တို့ ဇနီးမောင်နှံဟာ မကစ် အတွက် ကျောက်ကပ် ဆေးအလှူအဖြစ် လစဉ် ၁ လ(တစ်သိန်း) ပေးလှူရန် ရာသက်ပန် ဆုံးဖြတ်ချက်ချပြီးပေး လှူလိုက်တယ်လို့ သိရပါတယ်။ စိုးမြတ်နန္ဒာကတော့ ခင်သဇင်ရဲ့ အလှူခံတဲ့ ပို့စ် အောက်မှာ “ အမ လှူမယ် ညီမလေး” ဆိုပြီး ရေးသားဖော်ခဲ့ပါတယ်။

လတ်တလောမှာတော့ ကစ်ကစ်အတွက် ထာဝရအလှူရှင် (၁၂)ဦးရှာဖွေခဲ့ရာ ၁၁ဦးသာရရှိခဲ့ပြီး စိုးမြတ်နန္ဒာရဲ့ လှူဒါန်းမှုနဲ့ဆိုရင် ၁၂ ဦးပြည့်ခဲ့ပါပြီ။ ထာဝရ အလှူရှင် ဖြစ်လိုသူတွေက မကစ် သက်ရှိထင်ရှား ရှိစဉ် ကာလ အထိ ၁ လ ကို ၁ သိန်းကျပ် လစဉ် မပျက်မကွက်ပေးလှူရမှာ ဖြစ်တယ်လို့လဲ သိရပါတယ်။ ဒီလိုသာ မလှူနိုင်တော့ဘဲ ပျက်ကွက်သွားခဲ့ရင် လူနာ အတွက် အခက်အခဲလေးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လဲ သိရပါတယ်။

ဖတ်ရှု့ပေးတဲ့ ပရိသတ်တွေက ခင်ရှုပ နဲ့ ဒါဒါတို့ရဲ့ အလှူအတွက် သာဓုခေါ်ပေးကြပါဦးနော်။ နောက်ပြီး မကစ်အတွက်လဲ ဆုမွန်ကောင်းတောင်းပေးကြပါဦးနော်။

Credit: Myanmar Cele Crazy