Zawgyi ျဖင့္ဖတ္ရန္

ဂုတ္တြင္းတံတားေနရာမွာ (၅)ရက္အတြင္းေဘလီႏွစ္လမ္းသြားတံတားကို တည္ေဆာက္သြားမွာျဖစ္လို႔ တံတားတည္ေဆာက္ေရးအတြက္ကိုလည္း မေန႔က ၾသဂုတ္လ(၁၅)ရက္ေန႔ကတည္းက လိုအပ္တဲ့ တံတားသံေဘာင္ေဘလီေတြကို စတင္ပို႔ေနၿပီျဖစ္တယ္လို႔လည္းသိရပါတယ္။

ၾသဂုတ္လ(၁၅)ရက္ေန႔က ေနာင္ခ်ိဳနဲ႔ ေနာင္ပိန္းၾကား တိုက္ပြဲမ်ားျဖစ္ပြားေနမႈေၾကာင့္ မိုင္းခြဲဖ်က္ဆီးခံရတဲ့ ဂုတ္တြင္းတံတားေနရာကို ေဘလီတံတားအစားထိုး တည္ေဆာက္သြားမယ္လို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာထားပါတယ္။

ဂုတ္တြင္းတံတားဟာ မႏၲေလး- ေနာင္ခ်ိဳ- ေက်ာက္မဲ လမ္းပိုင္းကို အဓိကဆက္သြယ္ထားတဲ့ တံတားျဖစ္တာေၾကာင့္ မႏၲေလးကေန လားရႈိးကို လမ္းပန္းဆက္သြယ္မႈ ျပတ္ေတာက္ေနတာျဖစ္ပါတယ္။ခရီးသြားျပည္သူေတြအခက္အခဲမရွိေစဖို႔အတြက္ တံတားဦးစီးဌာန၊ တံတားတည္ေဆာက္ေရးအထူးအဖြဲ႕က (၅)ရက္အတြင္းေဘလီႏွစ္လမ္းသြားတံတားကို တည္ေဆာက္သြားမွာျဖစ္ၿပီး တံတားတည္ေဆာက္ေရးအတြက္ကိုလည္း မေန႔က ၾသဂုတ္လ(၁၅)ရက္ေန႔ကတည္းက လိုအပ္တဲ့ တံတားသံေဘာင္ေဘလီေတြကို စတင္ပို႔ေနၿပီျဖစ္တယ္လို႔လည္းသိရပါတယ္။

ဂုတ္တြင္းတံတား မိုင္းခြဲဖ်က္ဆီးခံရမႈေၾကာင့္ ေနာင္ခ်ိဳ-မူဆယ္-လာရႈိးကို ေျပးဆြဲေနတဲ့ ခရီးသည္တင္ယာဥ္လိုင္းေတြအေနနဲ႔လည္း ရပ္နားထားတာလည္းျဖစ္ပါတယ္။ယာဥ္လိုင္းေတြအေနနဲ႔ဘယ္လိုမွသြားလို႔အဆင္မေျပသလို တိုက္ပြဲၾကားပိတ္မိေနတဲ့ ကားေတြအေနနဲ႔ကလည္း ျပန္လည္ထြက္ဖို႔အတြက္ အခက္အခဲေတြရွိေနတယ္လို႔သိရပါတယ္။
လက္ရွိမွာေတာ့ ေနာင္ခ်ိဳနဲ႔ မူဆယ္ဘက္လမ္းေၾကာင္းေတြကို ပိတ္ထားတာလည္းျဖစ္ပါတယ္။

photo-ေဆာက္လုပ္ေရးဝန္ႀကီးဌာန

Credit Duwun

Unicode ဖြင့်ဖတ်ရန်

ဂုတ်တွင်းတံတားနေရာမှာ (၅)ရက်အတွင်းဘေလီနှစ်လမ်းသွားတံတားကို တည်ဆောက်သွားမှာဖြစ်လို့ တံတားတည်ဆောက်ရေးအတွက်ကိုလည်း မနေ့က သြဂုတ်လ(၁၅)ရက်နေ့ကတည်းက လိုအပ်တဲ့ တံတားသံဘောင်ဘေလီတွေကို စတင်ပို့နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။

သြဂုတ်လ(၁၅)ရက်နေ့က နောင်ချိုနဲ့ နောင်ပိန်းကြား တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် မိုင်းခွဲဖျက်ဆီးခံရတဲ့ ဂုတ်တွင်းတံတားနေရာကို ဘေလီတံတားအစားထိုး တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ဂုတ်တွင်းတံတားဟာ မန္တလေး- နောင်ချို- ကျောက်မဲ လမ်းပိုင်းကို အဓိကဆက်သွယ်ထားတဲ့ တံတားဖြစ်တာကြောင့် မန္တလေးကနေ လားရှိုးကို လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေတာဖြစ်ပါတယ်။ခရီးသွားပြည်သူတွေအခက်အခဲမရှိစေဖို့အတွက် တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအထူးအဖွဲ့က (၅)ရက်အတွင်းဘေလီနှစ်လမ်းသွားတံတားကို တည်ဆောက်သွားမှာဖြစ်ပြီး တံတားတည်ဆောက်ရေးအတွက်ကိုလည်း မနေ့က သြဂုတ်လ(၁၅)ရက်နေ့ကတည်းက လိုအပ်တဲ့ တံတားသံဘောင်ဘေလီတွေကို စတင်ပို့နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။

ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် နောင်ချို-မူဆယ်-လာရှိုးကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေအနေနဲ့လည်း ရပ်နားထားတာလည်းဖြစ်ပါတယ်။ယာဉ်လိုင်းတွေအနေနဲ့ဘယ်လိုမှသွားလို့အဆင်မပြေသလို တိုက်ပွဲကြားပိတ်မိနေတဲ့ ကားတွေအနေနဲ့ကလည်း ပြန်လည်ထွက်ဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့သိရပါတယ်။
လက်ရှိမှာတော့ နောင်ချိုနဲ့ မူဆယ်ဘက်လမ်းကြောင်းတွေကို ပိတ်ထားတာလည်းဖြစ်ပါတယ်။

photo-ဆောက်လုပ်ရေးဝန်ကြီးဌာန

Credit Duwun