Zawgyi ျဖင့္ဖတ္ရန္

နာမည္ေက်ာ္ ေဟာင္ေကာင္ မင္းသား ဂ်က္ကီခ်န္းက သူ႔ရဲ႕ ေမြးရပ္ၿမိဳ႕မွာ ကာလ အတန္ၾကာျဖစ္ေနတဲ့ ဆႏၵျပပြဲေတြနဲ႔ ပတ္သက္လို႔ သူ႔ရဲ႕ထင္ျမင္ခ်က္ကို ထုတ္ေျပာခဲ့ၿပီး မၾကာမီမွာ ေဟာင္ေကာင္ဟာ ၿငိမ္းခ်မ္းေရး ရႏိုင္တယ္လို႔ ေမွ်ာ္လင့္တဲ့အေၾကာင္း ေျပာဆိုပါတယ္။

ေဟာင္ေကာင္မွာ မၾကာေသးခင္တုန္းက ျဖစ္ပြားခဲ့တဲ့ ျဖစ္ရပ္ေတြဟာ စိတ္မေကာင္းစရာျဖစ္တယ္လို႔ ၾသဂုတ္လ ၁၄ ရက္ေန႔က ႏိုင္ငံပိုင္႐ုပ္သံ CGTN နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတခုမွာ ေျပာဆိုခဲ့ပါတယ္။

မင္းသားက “ၾကယ္ငါးပြင့္ပါတဲ့ အနီေရာင္အလံမွာ အလံေစာင့္ ၁ ဒႆမ ၄ ဘီလီယံရွိတယ္ဆိုတာ CCTV ႐ုပ္သံကေန ျပေနတာကို Weibo ကေန က်ေနာ္ ေတြ႕လိုက္ရတဲ့ အခ်ိန္မွာပဲ က်ေနာ္ ဒီကို ခ်က္ခ်င္းလာခဲ့ပါတယ္”လို႔ ေျပာပါတယ္။

“တျခားတဖက္မွာေတာ့ ေဟာင္ေကာင္သား တေယာက္နဲ႔ တ႐ုတ္လူမ်ိဳး တဦးအေနနဲ႔ အေျခခံ မ်ိဳးခ်စ္စိတ္ဓာတ္ကို ထုတ္ေဖာ္ျပသခ်င္ပါတယ္။ က်ေနာ္က အမ်ိဳးသားအလံေတာ္ အေစာင့္အဖြဲ႕သားတေယာက္ပါ။ ဒါ့အျပင္ လူတိုင္းရဲ႕ အသံကို ကိုယ္စားျပဳဖို႔ ဒီပြဲကိုလည္း သြားခ်င္ပါတယ္” လို႔ ဂ်က္ကီခ်န္းက ဆိုပါတယ္။

ေဟာင္ေကာင္မွာ ေမြးဖြားခဲ့တဲ့ မင္းသား ဂ်က္ကီခ်န္းဟာ “Rush Hour” လိုမ်ိဳး ကြန္ဖူး႐ုပ္ရွင္ေတြနဲ႔ ကမာၻေပၚမွာ နာမည္ေက်ာ္ၾကား လူႀကိဳက္မ်ားသူ တေယာက္ျဖစ္ေပမယ့္ သူ႔ရဲ႕ ေပက်င္းအစိုးရအေပၚ သစၥာရွိမႈနဲ႔ ဒီမိုကေရစီ လႈပ္ရွားမႈေတြကို အထင္အျမင္ေသး ႏွိမ့္ခ်တဲ့ ေျပာဆိုမႈေတြေၾကာင့္ ဆႏၵျပသူေတြ သည္းမခံႏိုင္ျဖစ္ခဲ့ရပါတယ္။

အသက္ ၆၅ ႏွစ္အ႐ြယ္ မင္းသားဟာ တ႐ုတ္ျပည္သူ႔ႏိုင္ငံေရးဆိုင္ရာ အႀကံေပး ကြန္ဖရင့္အဖြဲ႕ဝင္ တေယာက္လည္း ျဖစ္ပါတယ္။ အဲ့ဒီဥပေဒျပဳေရးဆိုင္ရာ အႀကံေပးအဖြဲ႕ဟာ ေပက်င္းၿမိဳ႕မွာ အေျခစိုက္ၿပီး တ႐ုတ္ကြန္ျမဴနစ္ပါတီ အဖြဲ႕ဝင္ေတြနဲ႔ ဖြဲ႕စည္းထားပါတယ္။

မင္းသားခ်န္းက “က်ေနာ္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကို သြားခဲ့ပါတယ္။ ၿပီးေတာ့ က်ေနာ္ေျပာႏိုင္တာက မၾကာေသးခင္ ႏွစ္ေတြအတြင္းမွာ က်ေနာ္တို႔ႏိုင္ငံဟာ လ်င္လ်င္ျမန္ျမန္ တိုးတက္ခဲ့ပါတယ္။

ဘယ္ကိုသြားသြား က်ေနာ္ တ႐ုတ္လူမ်ိဳးတေယာက္ ျဖစ္ရတာကို ဂုဏ္ယူပါတယ္။ ၾကယ္ငါးလုံးနဲ႔ အနီေရာင္အလံဟာ ကမာၻေပၚက ေနရာတိုင္းကို ေလးစားပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

“ေဘးကင္းမႈ၊ တည္ၿငိမ္မႈနဲ႔ ၿငိမ္းခ်မ္းမႈဟာ ေလေကာင္းေလသန႔္လိုပဲလို႔ နက္နက္နဲနဲ ခံစားရပါတယ္။ အဲ့ဒါကို ခင္ဗ်ား မဆုံးရႈံးခင္အထိေတာ့ ဘယ္ေလာက္ တန္ဖိုးရွိတယ္ဆိုတာ သိမွာ မဟုတ္ပါဘူး။ ေဟာင္ေကာင္နဲ႔ တ႐ုတ္ဟာ က်ေနာ့္ ေမြးရပ္ေျမနဲ႔ အိမ္ ျဖစ္ပါတယ္။

တ႐ုတ္က က်ေနာ့္ႏိုင္ငံပါ။ က်ေနာ့္ႏိုင္ငံကို က်ေနာ္ခ်စ္ပါတယ္။ က်ေနာ့္အိမ္ကို က်ေနာ္ ခ်စ္ပါတယ္။ ေဟာင္ေကာင္မွာ မၾကာမခင္ၿငိမ္းခ်မ္းမႈ ရပါေစလို႔ ေမွ်ာ္လင့္ပါတယ္”လို႔ မင္းသားက ေျပာဆိုခဲ့ပါတယ္။

ဒါေပမဲ့ အခုလိုမ်ိဳး မင္းသား ဂ်က္ကီခ်န္းရဲ႕ ေျပာဆိုခ်က္ေၾကာင့္ ေဟာင္ေကာင္ ဆိုရွယ္မီဒီယာ အသုံးျပဳသူေတြက မေက်မနပ္ ျဖစ္ခဲ့ၾကၿပီး သူ႔ရဲ႕ အင္တာဗ်ဴးပါဝင္တဲ့ CGTN ရဲ႕ဗီဒီယိုမွာ ေဒါသတႀကီး တုံ႔ျပန္ေျပာဆိုတာေတြ ရွိပါတယ္။

“ေဟာင္ေကာက္က ခင္ဗ်ားကို မုန္းတယ္” ၊ “အရွက္ မရွိဘူး” စသျဖင့္ ေျပာဆိုတာေတြ ရွိေနခဲ့တာပါ။ မင္းသားခ်န္းဟာ ၿပီးခဲ့တဲ့ ၂၀၀၉ ခုႏွစ္တုန္းကလည္း ဒီမိုကေရစီအေရး လႈပ္ရွားမႈအေပၚ မွတ္ခ်က္ေပးခဲ့တာေၾကာင့္ ေဝဖန္ခံခဲ့ရပါေသးတယ္။

Ref: asiaone

Credit Irrawaddy

Unicode ဖြင့်ဖတ်ရန်

နာမည်ကျော် ဟောင်ကောင် မင်းသား ဂျက်ကီချန်းက သူ့ရဲ့ မွေးရပ်မြို့မှာ ကာလ အတန်ကြာဖြစ်နေတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ထင်မြင်ချက်ကို ထုတ်ပြောခဲ့ပြီး မကြာမီမှာ ဟောင်ကောင်ဟာ ငြိမ်းချမ်းရေး ရနိုင်တယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုပါတယ်။

ဟောင်ကောင်မှာ မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေဟာ စိတ်မကောင်းစရာဖြစ်တယ်လို့ သြဂုတ်လ ၁၄ ရက်နေ့က နိုင်ငံပိုင်ရုပ်သံ CGTN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။

မင်းသားက “ကြယ်ငါးပွင့်ပါတဲ့ အနီရောင်အလံမှာ အလံစောင့် ၁ ဒဿမ ၄ ဘီလီယံရှိတယ်ဆိုတာ CCTV ရုပ်သံကနေ ပြနေတာကို Weibo ကနေ ကျနော် တွေ့လိုက်ရတဲ့ အချိန်မှာပဲ ကျနော် ဒီကို ချက်ချင်းလာခဲ့ပါတယ်”လို့ ပြောပါတယ်။

“တခြားတဖက်မှာတော့ ဟောင်ကောင်သား တယောက်နဲ့ တရုတ်လူမျိုး တဦးအနေနဲ့ အခြေခံ မျိုးချစ်စိတ်ဓာတ်ကို ထုတ်ဖော်ပြသချင်ပါတယ်။ ကျနော်က အမျိုးသားအလံတော် အစောင့်အဖွဲ့သားတယောက်ပါ။ ဒါ့အပြင် လူတိုင်းရဲ့ အသံကို ကိုယ်စားပြုဖို့ ဒီပွဲကိုလည်း သွားချင်ပါတယ်” လို့ ဂျက်ကီချန်းက ဆိုပါတယ်။

ဟောင်ကောင်မှာ မွေးဖွားခဲ့တဲ့ မင်းသား ဂျက်ကီချန်းဟာ “Rush Hour” လိုမျိုး ကွန်ဖူးရုပ်ရှင်တွေနဲ့ ကမ္ဘာပေါ်မှာ နာမည်ကျော်ကြား လူကြိုက်များသူ တယောက်ဖြစ်ပေမယ့် သူ့ရဲ့ ပေကျင်းအစိုးရအပေါ် သစ္စာရှိမှုနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို အထင်အမြင်သေး နှိမ့်ချတဲ့ ပြောဆိုမှုတွေကြောင့် ဆန္ဒပြသူတွေ သည်းမခံနိုင်ဖြစ်ခဲ့ရပါတယ်။

အသက် ၆၅ နှစ်အရွယ် မင်းသားဟာ တရုတ်ပြည်သူ့နိုင်ငံရေးဆိုင်ရာ အကြံပေး ကွန်ဖရင့်အဖွဲ့ဝင် တယောက်လည်း ဖြစ်ပါတယ်။ အဲ့ဒီဥပဒေပြုရေးဆိုင်ရာ အကြံပေးအဖွဲ့ဟာ ပေကျင်းမြို့မှာ အခြေစိုက်ပြီး တရုတ်ကွန်မြူနစ်ပါတီ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားပါတယ်။

မင်းသားချန်းက “ကျနော် နိုင်ငံတော်တော်များများကို သွားခဲ့ပါတယ်။ ပြီးတော့ ကျနော်ပြောနိုင်တာက မကြာသေးခင် နှစ်တွေအတွင်းမှာ ကျနော်တို့နိုင်ငံဟာ လျင်လျင်မြန်မြန် တိုးတက်ခဲ့ပါတယ်။

ဘယ်ကိုသွားသွား ကျနော် တရုတ်လူမျိုးတယောက် ဖြစ်ရတာကို ဂုဏ်ယူပါတယ်။ ကြယ်ငါးလုံးနဲ့ အနီရောင်အလံဟာ ကမ္ဘာပေါ်က နေရာတိုင်းကို လေးစားပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

“ဘေးကင်းမှု၊ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုဟာ လေကောင်းလေသန့်လိုပဲလို့ နက်နက်နဲနဲ ခံစားရပါတယ်။ အဲ့ဒါကို ခင်ဗျား မဆုံးရှုံးခင်အထိတော့ ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ သိမှာ မဟုတ်ပါဘူး။ ဟောင်ကောင်နဲ့ တရုတ်ဟာ ကျနော့် မွေးရပ်မြေနဲ့ အိမ် ဖြစ်ပါတယ်။

တရုတ်က ကျနော့်နိုင်ငံပါ။ ကျနော့်နိုင်ငံကို ကျနော်ချစ်ပါတယ်။ ကျနော့်အိမ်ကို ကျနော် ချစ်ပါတယ်။ ဟောင်ကောင်မှာ မကြာမခင်ငြိမ်းချမ်းမှု ရပါစေလို့ မျှော်လင့်ပါတယ်”လို့ မင်းသားက ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အခုလိုမျိုး မင်းသား ဂျက်ကီချန်းရဲ့ ပြောဆိုချက်ကြောင့် ဟောင်ကောင် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက မကျေမနပ် ဖြစ်ခဲ့ကြပြီး သူ့ရဲ့ အင်တာဗျူးပါဝင်တဲ့ CGTN ရဲ့ဗီဒီယိုမှာ ဒေါသတကြီး တုံ့ပြန်ပြောဆိုတာတွေ ရှိပါတယ်။

“ဟောင်ကောက်က ခင်ဗျားကို မုန်းတယ်” ၊ “အရှက် မရှိဘူး” စသဖြင့် ပြောဆိုတာတွေ ရှိနေခဲ့တာပါ။ မင်းသားချန်းဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကလည်း ဒီမိုကရေစီအရေး လှုပ်ရှားမှုအပေါ် မှတ်ချက်ပေးခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပါသေးတယ်။

Ref: asiaone

Credit Irrawaddy