Zawgyi ျဖင့္ဖတ္ရန္

ပရိသတ္ၾကီးေရ ၊ လက္ရွိမွာ ေရလႊမ္းမိုးမႈေတြကိုခံစားေနရတဲ့ မြန္ျပည္နယ္ က ေနရာေတြအတြက္ ကူညီကယ္ဆယ္ေရးေတြ ကိုေဆာင္ရြက္ေပးေနတဲ့ သူေတြထဲမွာ မင္းသားေဝဠဳေက်ာ္ နဲ႕ ကို ရဲမင္း(ACC) တို႕ အဖြဲ႕သားေတြလည္းပါဝင္ပါတယ္။ လက္ရွိမွာ ကိုရဲမင္း က ေရးျမိဳ႕ရဲ႕ ေနာက္ဆံုးရအေျခအေနကို ေျပာျပထားပါတယ္။

လက္ရွိမွာ အလိုအပ္ဆံုးက ဆန္၊ဆီ၊ဆား နဲ႕ စားေသာက္ကုန္ပစၥည္းေတြျဖစ္တယ္လို႕သိရပါတယ္ ။အဝတ္ထည္ေတြ လွဴခ်င္တယ္ဆိုရင္ေတာ့ ေခတၱေစာင့္ဆိုင္းထားၾကဖို႕ ေမတၱာရပ္ခံထားပါတယ္။ မိမိအဆင္ေျပရာ ပရဟိတအဖြဲ႕မ်ားနဲ႕ လွဴဒါန္းနိုင္ေၾကာင္း နဲ႕ လက္ရွိမွာ လမ္းပန္းဆက္သြယ္ေရး ေတြ ျပတ္ေတာက္ေနေၾကာင္း Live ကေန အတည္ျပဳေျပာဆိုထားပါတယ္

လက္ရွိအေနအထားအရ ေရးျမိဳ႕ ရဲ႕ ၉၀% ဟာ ေရနစ္ျမဳပ္ေနျပီလို႕ဆိုပါတယ္ ။ ဒီကေန႔မနက္အေစာပိုင္းမွာ ေမာ္လျမိဳင္မုန္တိုင္း အဖ်ားခတ္မယ္လို႕ မိုးေလဝသ ပညာရွင္ေတြက ေက်ညာထားတဲ့အတြက္ ကိုေဝၾကီး အပါအဝင္ အဖြဲ႕သားေတြ အားလံုး သတိနဲ႕ အိ္ပ္စက္ေနရတယ္ လို႕ ကိုရဲမင္း ကေရးသားထားတာပါ ။ ေဝဠဳေက်ာ္တို႕ကယ္ေဆးေရးအဖြဲ႕သားေတြနဲ႕ မြန္ျပည္နယ္သူ ၊ျပည္နယ္သားေတြ သဘာဝေဘးကို အံတုျဖတ္ေက်ာ္ႏိုင္ဖို႕ ဆုေတာင္းေပးခဲ့ၾကပါဦး။

Unicode ဖြင့်ဖတ်ရန်

ပရိသတ်ကြီးရေ ၊ လက်ရှိမှာ ရေလွှမ်းမိုးမှုတွေကိုခံစားနေရတဲ့ မွန်ပြည်နယ် က နေရာတွေအတွက် ကူညီကယ်ဆယ်ရေးတွေ ကိုဆောင်ရွက်ပေးနေတဲ့ သူတွေထဲမှာ မင်းသားဝေဠုကျော် နဲ့ ကို ရဲမင်း(ACC) တို့ အဖွဲ့သားတွေလည်းပါဝင်ပါတယ်။ လက်ရှိမှာ ကိုရဲမင်း က ရေးမြို့ရဲ့ နောက်ဆုံးရအခြေအနေကို ပြောပြထားပါတယ်။

လက်ရှိမှာ အလိုအပ်ဆုံးက ဆန်၊ဆီ၊ဆား နဲ့ စားသောက်ကုန်ပစ္စည်းတွေဖြစ်တယ်လို့သိရပါတယ် ။အဝတ်ထည်တွေ လှူချင်တယ်ဆိုရင်တော့ ခေတ္တစောင့်ဆိုင်းထားကြဖို့ မေတ္တာရပ်ခံထားပါတယ်။ မိမိအဆင်ပြေရာ ပရဟိတအဖွဲ့များနဲ့ လှူဒါန်းနိုင်ကြောင်း နဲ့ လက်ရှိမှာ လမ်းပန်းဆက်သွယ်ရေး တွေ ပြတ်တောက်နေကြောင်း Live ကနေ အတည်ပြုပြောဆိုထားပါတယ်

လက်ရှိအနေအထားအရ ရေးမြို့ ရဲ့ ၉၀% ဟာ ရေနစ်မြုပ်နေပြီလို့ဆိုပါတယ် ။ ဒီကနေ့မနက်အစောပိုင်းမှာ မော်လမြိုင်မုန်တိုင်း အဖျားခတ်မယ်လို့ မိုးလေဝသ ပညာရှင်တွေက ကျေညာထားတဲ့အတွက် ကိုဝေကြီး အပါအဝင် အဖွဲ့သားတွေ အားလုံး သတိနဲ့ အိပ်စက်နေရတယ် လို့ ကိုရဲမင်း ကရေးသားထားတာပါ ။ ဝေဠုကျော်တို့ကယ်ဆေးရေးအဖွဲ့သားတွေနဲ့ မွန်ပြည်နယ်သူ ၊ပြည်နယ်သားတွေ သဘာဝဘေးကို အံတုဖြတ်ကျော်နိုင်ဖို့ ဆုတောင်းပေးခဲ့ကြပါဦး။

Source – Ye Min
Noe Noe May Ju Ju

Credit: Myannewsmedia