Zawgyi ျဖင့္ဖတ္ရန္

1-ေဘာလုံးအားကစားကို ခ်စ္ျမတ္ႏိုးတယ္

“က်ေနာ္ ငယ္ငယ္က လမ္းမေပၚမွာအၿမဲ ေဘာလုံးကစားေနတာကို အေဖ ေတြ႕ၿပီး သူအလုပ္လုပ္ေနတဲ့ ေဘာလုံးကလပ္ကိုေခၚသြားၿပီး ေလ့က်င့္ခန္းဆင္းခိုင္းတယ္။ အသင္းရဲ႕ အစိတ္အပိုင္းတစ္ခု အျဖစ္ပါဝင္ရတာက်ေနာ္သေဘာက်ပါတယ္။ အဲ့ဒီ့အခ်ိန္ထဲက က်ေနာ္ဟာ တစ္ျခားကေလးေတြနဲ႔ မတူမွန္း ခံစားရပါတယ္။ ဒါေပမယ့္လည္း ဒီေန႔အခ်ိန္လို မန္ယူ ၊ ရီးရဲ စတဲ့ကမာၻေက်ာ္ ေဘာလုံးအသင္းႀကီးေတြမွာ ကစားရဖို႔ေတာ့ တစ္ကယ့္ကိုမေမွ်ာ္လင့္ခဲ့တာပါ။ ေဘာလုံး အားကစားကို ခ်စ္ျမတ္ႏိုးစိတ္တစ္ခုထဲနဲ႔ က်ေနာ္ကစားခဲ့တာပါ။ ”

2-ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့သူတစ္ေယာက္ပါ

“က်ေနာ္က ျပင္းျပင္းထန္ထန္ၿပိဳင္ဆိုင္တတ္တဲ့ သူတစ္ေယာက္ပါ။ ေဘာလုံးကြင္းထဲမွာတင္မဟုတ္ပဲ အိမ္မွာေတာင္ အေမတို႔၊ တူမေလးေတြနဲ႔ေတာင္ စကားေျပာရင္ အႏိုင္ရ ရမွ။ ၿပိဳင္ဆိုင္လိုစိတ္ျပင္းထန္ၿပီး အႏိုင္ရလိုျခင္းဟာ က်ေနာ္ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုပါပဲ”

3-စိန္ေခၚမႈအသစ္ေတြကို သေဘာက်တယ္

“မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ဆုဖလားေတြအမ်ားႀကီးရၿပီးေတာ့ က်ေနာ္အတြက္ စိန္ေခၚမႈအသစ္ေတြကို လိုခ်င္လို႔ ရီးရဲမက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခဲ့တာပါ။ စာခ်ဳပ္ေၾကာင့္ ပိုက္ဆံေၾကာင့္ မဟုတ္ပါဘူး။ ရာသီဥတုအသစ္၊ ဘာသာစကားအသစ္ အရာအားလုံးဟာ စိန္ေခၚမႈေတြျဖစ္ၿပီး က်ေနာ္ဟာ ကိုယ့္ကိုကို တြန္းအားေပးေနရတာကို ႏွစ္သက္တဲ့သူတစ္ဦးပါ”

4-ဦးစားေပးရမယ့္အရာကိုသိပါ

“က်ေနာ္ အသက္ဆယ့္ရွစ္ႏွစ္အ႐ြယ္ထဲက စတင္ကစားလာတဲ့ ေဘာလုံးဟာ ပထမဦးစားေပးပါပဲ။ ေဘာလုံးကိုႏွစ္သက္တဲ့အျပင္ ဒါဟာ က်ေနာ့္ရဲ႕ အလုပ္ျဖစ္တဲ့ အတြက္အၿမဲတမ္း ပထမေနရာက ထားရမွာပါပဲ”

5-သင့္ကို ေဝဖန္တဲ့သူေတြကို နားလည္ပါ

က်ေနာ့္ကို ေဝဖန္တဲ့သူေတြအမ်ားႀကီးကို မႏွစ္သက္ေပမယ့္ သူတို႔ရဲ႕စိတ္ကို ေျပာင္းလို႔မရႏိုင္ဘူးေလ။ ေဘာလုံးကြင္းထဲက က်ေနာ့္အျပဳအမူတစ္ခ်ိဳ႕ကို လူေတြမုန္းၾကေပမယ့္၊ က်ေနာ္ဟာ ရည္မွန္းခ်က္ႀကီးတဲ့သူ၊ယုံၾကည္မႈရွိတဲ့သူ ျဖစ္တဲ့အတြက္ လုပ္ေနတာေတြကိုဘယ္ေတာ့မွ ေျပာင္းလဲသြားမွာမဟုတ္ပါဘူး။ ေဘာလုံးကြင္းထဲမွာ အႏိုင္ရဖို႔ပဲ အာ႐ုံစိုက္တဲ့အတြက္ အရယ္အၿပဳံး နည္းတာကို လူေတြေဝဖန္ၾကတာလည္းရွိပါတယ္၊ ဒါမ်ိဴးကို ဘယ္သူမွမႀကိဳက္ေပမယ့္ ေဝဖန္မႈဆိုတာ လူတိုင္းႀကဳံရမွာပဲေလ”

6-မျပတ္ေလ့က်င့္ပါ

“ေဘာလုံးအျပင္ လိုအပ္တဲ့ ခႏၶာကိုယ္ႀကံ့ခိုင္ဖို႔ကိုပါ က်ေနာ္ေန႔တိုင္းနီးပါးေလ့က်င့္ပါတယ္။ ဒီလို ေျခစြမ္းမ်ိဳးကို ႏွစ္ေပါင္းမ်ားစြာ ထိန္းထားႏိုင္တာဟာ ကံေၾကာင့္၊ တိုက္ဆိုင္မႈေၾကာင့္ မဟုတ္ပါဘူး။ အလုပ္ျပင္းျပင္းထန္ထန္ႀကိဳးစားလို႔ပါ။ ဒါေတြကို က်ေနာ္ မျဖစ္မေနလုပ္ရမွာပဲ၊ ဘာလို႔ ဆိုေတာ့ ဒါဟာ က်ေနာ့္ရဲ႕ ဘဝမို႔လို႔ပါ”

7-ကိုယ့္ကိုကိုယုံၾကည္ပါ

“ကိုယ့္ကိုကို ယုံၾကည္မႈရွိပါ။ အခု က်ေနာ့္ကို အင္တာဗ်ဴးေနတဲ့ခင္ဗ်ားေရာ၊ ႐ိုက္ေနတဲ့ ကင္မရာ သမားေရာကိုယ္လုပ္တဲ့အလုပ္မွာ ကိုယ္အေတာ္ဆုံးပဲလို႔ ေတြးေနရမယ္ေလ၊၊ မဟုတ္ရင္ က်ေနာ္တို႔ဒီမွာ ဘာထိုင္လုပ္ေနၾကတာလဲ။ သူမ်ားေတြက မင္းအေကာင္းဆုံးမဟုတ္ဘူးကြာလို႔ ေတြးရင္လည္းေတြးမွာေပါ့ ဒါေပမယ့္ က်ေနာ့္စိတ္ထဲမွာေတာ့ က်ေနာ္သာ အေတာ္ဆုံးပါ”

8-အသင္းကိုဦးစားေပးပါ

“အသင္းေအာင္ျမင္မႈရဖို႔က ပိုအေရးႀကီးပါတယ္။ အသင္းေဖာ္ေတြကိုလည္းေက်းဇူးတင္ပါတယ္၊ သူတို႔ကူညီလို႔ က်ေနာ္ဂိုးေတြသြင္းႏိုင္တယ္၊ အသင္းအႏိုင္ရတယ္။ တစ္ဦးခ်င္းေအာင္ျမင္မႈ အေနနဲ႔ကေတာ့ က်ေနာ္အေကာင္းဆုံးႀကိဳးစားခဲ့တဲ့အတြက္ ဆုေတြရဖို႔ ေမွ်ာ္လင့္ပါတယ္၊ ၿပီး က်ေနာ္လုပ္ခဲ့တာေတြကိုလည္း ဂုဏ္ယူမိပါတယ္”

9-လက္ရွိအခ်ိန္ေတြကို တန္ဖိုးထားပါ

“အခု က်ေနာ့္ ခႏၶာကိုယ္က အေကာင္းဆုံးပုံစံမွာရွိေနပါတယ္။ အနာဂတ္ကိုေတြးၿပီးစိုးရိမ္ ပူပန္တာမ်ိဳးဟာ မျဖစ္သင့္ပါဘူး။ အခုခ်ိန္ အေကာင္းဆုံးႀကိဳးစားတယ္၊ ေပးဆပ္တယ္ ဒါေၾကာင့္ အေကာင္းဆုံးေတြပဲ ထပ္ျဖစ္လာဖို႔ေမွ်ာ္လင့္ပါတယ္”

10-ေရာ္နယ္ဒိုဟာ ဟာသဉာဏ္ရွိတဲ့သူတစ္ေယာက္ျဖစ္ၿပီး တစ္ခါက မက္ဒရစ္ၿမိဳ႕လည္မွာ ႏႈတ္ခမ္းေမႊးအတုေတြနဲ႔႐ုပ္ဖ်က္ၿပီး လူေတြကိုေဘာလုံးကစားဖို႔ လိုက္ဖိတ္ေခၚခဲ့ပါတယ္။ အျခားသူေတြက ဂ႐ုမစိုက္ပဲ ရယ္သြားၾကၿပီး ခ်ာတိတ္ေလးတစ္ေယာက္သာ သူနဲ႔ ေဘာလုံးလာကစားပါတယ္။ သူဟာ အဲ့ခ်ာတိတ္ကေလးကို သူ႔လက္မွတ္ ထိုးထားတဲ့ ေဘာလုံးလက္ေဆာင္ေပးခဲ့ၿပီး ေရာ္နယ္ဒိုျဖစ္ေၾကာင္းေျပာလိုက္ရာမွာေတာ့ အားလုံး႐ုတ္႐ုတ္သဲသဲျဖစ္ၿပီး အလုအယက္ေမးခြန္းေတြဝိုင္းေမးၾကေတာ့တာပါ။

သတင္းေထာက္ေတြလည္းအမ်ားႀကီးေရာက္လာေတာ့တာေပါ့။

Unicode ဖြင့်ဖတ်ရန်

1-ဘောလုံးအားကစားကို ချစ်မြတ်နိုးတယ်

“ကျနော် ငယ်ငယ်က လမ်းမပေါ်မှာအမြဲ ဘောလုံးကစားနေတာကို အဖေ တွေ့ပြီး သူအလုပ်လုပ်နေတဲ့ ဘောလုံးကလပ်ကိုခေါ်သွားပြီး လေ့ကျင့်ခန်းဆင်းခိုင်းတယ်။ အသင်းရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်ပါဝင်ရတာကျနော်သဘောကျပါတယ်။ အဲ့ဒီ့အချိန်ထဲက ကျနော်ဟာ တစ်ခြားကလေးတွေနဲ့ မတူမှန်း ခံစားရပါတယ်။ ဒါပေမယ့်လည်း ဒီနေ့အချိန်လို မန်ယူ ၊ ရီးရဲ စတဲ့ကမ္ဘာကျော် ဘောလုံးအသင်းကြီးတွေမှာ ကစားရဖို့တော့ တစ်ကယ့်ကိုမမျှော်လင့်ခဲ့တာပါ။ ဘောလုံး အားကစားကို ချစ်မြတ်နိုးစိတ်တစ်ခုထဲနဲ့ ကျနော်ကစားခဲ့တာပါ။ ”

2-ပြိုင်ဆိုင်မှုပြင်းထန်တဲ့သူတစ်ယောက်ပါ

“ကျနော်က ပြင်းပြင်းထန်ထန်ပြိုင်ဆိုင်တတ်တဲ့ သူတစ်ယောက်ပါ။ ဘောလုံးကွင်းထဲမှာတင်မဟုတ်ပဲ အိမ်မှာတောင် အမေတို့၊ တူမလေးတွေနဲ့တောင် စကားပြောရင် အနိုင်ရ ရမှ။ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ပြီး အနိုင်ရလိုခြင်းဟာ ကျနော်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ”

3-စိန်ခေါ်မှုအသစ်တွေကို သဘောကျတယ်

“မန်ချက်စတာ ယူနိုက်တက်နဲ့ ဆုဖလားတွေအများကြီးရပြီးတော့ ကျနော်အတွက် စိန်ခေါ်မှုအသစ်တွေကို လိုချင်လို့ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တာပါ။ စာချုပ်ကြောင့် ပိုက်ဆံကြောင့် မဟုတ်ပါဘူး။ ရာသီဥတုအသစ်၊ ဘာသာစကားအသစ် အရာအားလုံးဟာ စိန်ခေါ်မှုတွေဖြစ်ပြီး ကျနော်ဟာ ကိုယ့်ကိုကို တွန်းအားပေးနေရတာကို နှစ်သက်တဲ့သူတစ်ဦးပါ”

4-ဦးစားပေးရမယ့်အရာကိုသိပါ

“ကျနော် အသက်ဆယ့်ရှစ်နှစ်အရွယ်ထဲက စတင်ကစားလာတဲ့ ဘောလုံးဟာ ပထမဦးစားပေးပါပဲ။ ဘောလုံးကိုနှစ်သက်တဲ့အပြင် ဒါဟာ ကျနော့်ရဲ့ အလုပ်ဖြစ်တဲ့ အတွက်အမြဲတမ်း ပထမနေရာက ထားရမှာပါပဲ”

5-သင့်ကို ဝေဖန်တဲ့သူတွေကို နားလည်ပါ

ကျနော့်ကို ဝေဖန်တဲ့သူတွေအများကြီးကို မနှစ်သက်ပေမယ့် သူတို့ရဲ့စိတ်ကို ပြောင်းလို့မရနိုင်ဘူးလေ။ ဘောလုံးကွင်းထဲက ကျနော့်အပြုအမူတစ်ချို့ကို လူတွေမုန်းကြပေမယ့်၊ ကျနော်ဟာ ရည်မှန်းချက်ကြီးတဲ့သူ၊ယုံကြည်မှုရှိတဲ့သူ ဖြစ်တဲ့အတွက် လုပ်နေတာတွေကိုဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဘောလုံးကွင်းထဲမှာ အနိုင်ရဖို့ပဲ အာရုံစိုက်တဲ့အတွက် အရယ်အပြုံး နည်းတာကို လူတွေဝေဖန်ကြတာလည်းရှိပါတယ်၊ ဒါမျိူးကို ဘယ်သူမှမကြိုက်ပေမယ့် ဝေဖန်မှုဆိုတာ လူတိုင်းကြုံရမှာပဲလေ”

6-မပြတ်လေ့ကျင့်ပါ

“ဘောလုံးအပြင် လိုအပ်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့ကိုပါ ကျနော်နေ့တိုင်းနီးပါးလေ့ကျင့်ပါတယ်။ ဒီလို ခြေစွမ်းမျိုးကို နှစ်ပေါင်းများစွာ ထိန်းထားနိုင်တာဟာ ကံကြောင့်၊ တိုက်ဆိုင်မှုကြောင့် မဟုတ်ပါဘူး။ အလုပ်ပြင်းပြင်းထန်ထန်ကြိုးစားလို့ပါ။ ဒါတွေကို ကျနော် မဖြစ်မနေလုပ်ရမှာပဲ၊ ဘာလို့ ဆိုတော့ ဒါဟာ ကျနော့်ရဲ့ ဘဝမို့လို့ပါ”

7-ကိုယ့်ကိုကိုယုံကြည်ပါ

“ကိုယ့်ကိုကို ယုံကြည်မှုရှိပါ။ အခု ကျနော့်ကို အင်တာဗျူးနေတဲ့ခင်ဗျားရော၊ ရိုက်နေတဲ့ ကင်မရာ သမားရောကိုယ်လုပ်တဲ့အလုပ်မှာ ကိုယ်အတော်ဆုံးပဲလို့ တွေးနေရမယ်လေ၊၊ မဟုတ်ရင် ကျနော်တို့ဒီမှာ ဘာထိုင်လုပ်နေကြတာလဲ။ သူများတွေက မင်းအကောင်းဆုံးမဟုတ်ဘူးကွာလို့ တွေးရင်လည်းတွေးမှာပေါ့ ဒါပေမယ့် ကျနော့်စိတ်ထဲမှာတော့ ကျနော်သာ အတော်ဆုံးပါ”

8-အသင်းကိုဦးစားပေးပါ

“အသင်းအောင်မြင်မှုရဖို့က ပိုအရေးကြီးပါတယ်။ အသင်းဖော်တွေကိုလည်းကျေးဇူးတင်ပါတယ်၊ သူတို့ကူညီလို့ ကျနော်ဂိုးတွေသွင်းနိုင်တယ်၊ အသင်းအနိုင်ရတယ်။ တစ်ဦးချင်းအောင်မြင်မှု အနေနဲ့ကတော့ ကျနော်အကောင်းဆုံးကြိုးစားခဲ့တဲ့အတွက် ဆုတွေရဖို့ မျှော်လင့်ပါတယ်၊ ပြီး ကျနော်လုပ်ခဲ့တာတွေကိုလည်း ဂုဏ်ယူမိပါတယ်”

9-လက်ရှိအချိန်တွေကို တန်ဖိုးထားပါ

“အခု ကျနော့် ခန္ဓာကိုယ်က အကောင်းဆုံးပုံစံမှာရှိနေပါတယ်။ အနာဂတ်ကိုတွေးပြီးစိုးရိမ် ပူပန်တာမျိုးဟာ မဖြစ်သင့်ပါဘူး။ အခုချိန် အကောင်းဆုံးကြိုးစားတယ်၊ ပေးဆပ်တယ် ဒါကြောင့် အကောင်းဆုံးတွေပဲ ထပ်ဖြစ်လာဖို့မျှော်လင့်ပါတယ်”

10-ရော်နယ်ဒိုဟာ ဟာသဉာဏ်ရှိတဲ့သူတစ်ယောက်ဖြစ်ပြီး တစ်ခါက မက်ဒရစ်မြို့လည်မှာ နှုတ်ခမ်းမွှေးအတုတွေနဲ့ရုပ်ဖျက်ပြီး လူတွေကိုဘောလုံးကစားဖို့ လိုက်ဖိတ်ခေါ်ခဲ့ပါတယ်။ အခြားသူတွေက ဂရုမစိုက်ပဲ ရယ်သွားကြပြီး ချာတိတ်လေးတစ်ယောက်သာ သူနဲ့ ဘောလုံးလာကစားပါတယ်။ သူဟာ အဲ့ချာတိတ်ကလေးကို သူ့လက်မှတ် ထိုးထားတဲ့ ဘောလုံးလက်ဆောင်ပေးခဲ့ပြီး ရော်နယ်ဒိုဖြစ်ကြောင်းပြောလိုက်ရာမှာတော့ အားလုံးရုတ်ရုတ်သဲသဲဖြစ်ပြီး အလုအယက်မေးခွန်းတွေဝိုင်းမေးကြတော့တာပါ။

သတင်းထောက်တွေလည်းအများကြီးရောက်လာတော့တာပေါ့။

Writer_Aung Hein Htun

Credit:Daily Hot News