Zawgyiျဖင့္ဖတ္ရန္

ေတာင္ကိုရီးယား ႏိုင္ငံ ရဲ႕ ယဥ္ေက်းမွဳနဲ႔ လူေနမွုစနစ္ဟာ ကမာၻ႕အလယ္မွာ လက္မေထာင္ႏိုင္ေလာက္တဲ႔အဆင္႔အတန္းတစ္ခုရွိတာမို႔လို႔ ေတာင္ကိုရီးယားႏိုင္ငံကို လာေရာက္ၾကတဲ႔ ႏိုင္ငံျခားသားအေရအတြက္ဟာ ႏွစ္စဥ္ဆိုသလို ျမင္႔တက္ေနပါတယ္။ အဲဒီလိုမ်ိဳး လာေရာက္လည္ပတ္ၾကတဲ႔ ႏိုင္ငံျခားသားအမ်ားစုဟာ ေတာင္ကိုရီးယားလူမ်ိဳးေတြကို မနာလိုျဖစ္မိၾကတဲ႔အခ်က္ (၁၁) ခ်က္ရွိ္ပါတယ္တဲ႔။ ဒါေပမယ္႔ အဲဒီလို မနာလိုျဖစ္တာကိုေတာ႔ ေတာင္ကိုရီးယားလူမ်ိဴးေတြကိုယ္တိုင္ကိုက သိၾကမယ္လို႔ မထင္ပါဘူး။ ကဲ ဒီလိုဆိုရင္ ႏိုင္ငံျခားသားေတြ ေတာင္ကိုရီးယားလူမ်ိဳးေတြကို မနာလိုျဖစ္ၾကတဲ႔အခ်က္ (၁၁) ခ်က္က ဘာေတြလဲဆိုတာကို ၾကည္႔္လိုက္ၾကရေအာင္ေနာ္။

၁။ မည္သည္႔ေနရာမွမဆို အယ္လ္ကိုေဟာကို ေစ်းသက္သာစြာနဲ႔ အလြယ္တကူ၀ယ္ယူလို႔ရျခင္း။

ျမန္မာႏိုင္ငံမွာလည္း အယ္လ္ကိုေဟာေတြကို အလြယ္တကူ၀ယ္ယူလို႔ရတယ္ဆိုေပမယ္႔ ေတာင္ကိုရီးယားႏိုင္ငံမွာ ၀ယ္ယူလို႔ရတဲ႔ပံုစံကေတာ႔ ကြာျခားပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံမွာက လမ္းမွာေတြ႕တဲ႔ စတိ္ုးဆိုင္ေတြမွာ ဆိုဂ်ူကို အခ်ိန္အကန္႔အသတ္မရွိလြတ္လပ္စြာ၀ယ္လို႔ရျပီး ဆိုဂ်ူတစ္ပုလင္းကိုလည္း အနည္းဆံုး $ 1 USD မွ်သာရွိတယ္လို႔ ထင္ရပါတယ္။ 1 USD ဆိုတာ ျမန္မာေငြနဲ႔တြက္ၾကည္႕ရင္ ၁၅၀၀ က်ပ္ပတ္၀န္းက်င္ရွိတာမို႔လို႔ မ်ားတယ္လို႔ထင္ရေပမယ္႔လည္း ေတာင္ကိုရီးယားႏိုင္ငံဟာ ေငြေၾကးေဖာင္းဖြတဲ႔ႏိုင္ငံျဖစ္တာမို႔လို႔ သူတို႔ဆီမွာက ဆိုဂ်ူးတစ္ပုလင္းဟာ ေရသန္႔ဘူးတစ္ဘူးတန္ဖိုးေလာက္ေတာင္ မရွိပါဘူး။

၂။ မည္သည္႔ေနရာမွာမဆို အယ္လ္ကိုေဟာကို လြတ္လပ္စြာေသာက္ခြင္႔ရွိျခင္း။

တခ်ိဳ႕ေသာ ႏိုင္ငံေတြမွာက ျပည္သူပိုင္ေနရာေတြ၊ လူျမင္ကြင္းေတြမွာ အရက္ေသစာေသာက္စားျခင္းကို အျပင္းအထန္ကန္႔ကြက္ထားပါတယ္။ ဒါေပမယ္႔ ေတာင္ကိုရီးယားႏိုင္ငံမွာက ဒီလိုမ်ိဳး ကန္႔သတ္ခ်က္ေတြဆိုတာ မရွိပါဘူး။

၃။ ညဘက္ေတြမွာလည္း လြတ္လပ္စြာနဲ႔ အျပင္ေလွ်ာက္လည္လို႔ရျခင္း။

ေတာင္ကိုရီးယားႏိုင္ငံမွာက ညဘက္အျပင္ထြက္လည္ခ်င္တယ္ဆိုရင္လည္း စိတ္လံုျခံဳစြာနဲ႔ ထြက္လည္လို႔ရပါတယ္။ အေၾကာင္းကေတာ႔ ညဘက္ဖြင္႔တဲ႔ဆိုင္ေတြကလည္းမ်ားစြာရွိသလို တစ္ေန႔လံုး၊ တစ္ညလံုးဖြင္႔လွစ္တဲ႔ဆိုင္ေတြလည္းရွိတဲ႔အျပင္ CCTV ေတြကလည္း တစ္ႏိုိင္ငံလံုးနီးပါးကို တပ္ဆင္ထားတာေၾကာင္႔ ျဖစ္ပါတယ္။

၄။ အမ်ားျပည္သူသံုး ဆက္သြယ္ေရးယာဥ္ေတြရဲ႕ အေပၚမွာ အဆာေျပကို လြတ္လပ္စြာစားေသာက္ႏိုင္ျခင္း။

အာရွႏိုင္ငံေတြ အေတာ္မ်ားမ်ားမွာက အမ်ားျပည္သူသံုး ဆက္သြယ္ေရးယာဥ္ေတြရဲ႕ အေပၚမွာ အဆာေျပလြတ္လပ္စြာစားေသာက္ခြင္႔ကို ပိတ္ပင္ထားတတ္ၾကျပီး စားေသာက္တာကို ေတြ႔ရွိရင္လည္း ဒဏ္ေၾကးေပးေဆာင္ရတတ္ပါတယ္။ ဒါေပမယ္႔လည္း ေတာင္ကိုရီးယားမွာကေတာ႔ ဒီလိုမ်ိဳး ပိတ္ပင္ထားျခင္းမရွိပဲ မိမိတို႔ဆာေလာင္တဲ႔အခါမ်ိဳးေတြမွာ ေကာ္ဖီတို႔၊ မုန္႔တို႔ကို ေအးေဆးလြတ္လပ္စြာ စားေသာက္လို႔ရပါတယ္။

၅။ ေစ်းသက္သာျပီး လြယ္ကူျမန္ဆန္တဲ႔ အစားအေသာက္ပို႔ေဆာင္ေရး စနစ္ရွိျခင္း။

အခုလက္ရွိအခ်ိန္ ႏိုင္ငံတကာမွာ အစားအေသာက္ကို အိမ္တိုင္ရာေရာက္ပို႔ေဆာင္တဲ႔စနစ္ရွိေနျပီဆိုေသာ္ျငားလည္း ေတာင္ကိုရီးယားရဲ႕ အစားအေသာက္ပို႔ေဆာင္ေရးစနစ္ကေတာ႔ အေကာင္းဆံုးျဖစ္မယ္လို႔ထင္ပါတယ္။ ေတာင္ကိုရီးယားမွာက မိမိတို႔ စားေသာက္လိုတဲ႔ အစားအေသာက္ေတြကို ဖုန္းဆက္ျပီးမွာၾကားလိုက္ယံုနဲ႔ မိမိတို႔ရွိေနရာေနရာကို အခ်ိန္ပိုင္းအတြင္းလာေရာက္ပို႔ေဆာင္ေပးတဲ႔စနစ္ရွိျပီး အစားအေသာက္ေတြရဲ႕ ေစ်းနွုန္းေတြကလည္း တကယ္ကို သက္သာလြန္းတယ္လို႔ သိရပါတယ္။

၆။ အြန္လိုင္းကေန မွာၾကားလိုက္တဲ႔ပစၥည္းကို ေန႔ခ်င္းအတြင္းမွာတင္ ပို႔ေဆာင္ေပးျခင္း။

ဒီေန႔ေခတ္မွာက အြန္လိုင္းေရွာ႔ပင္ေတြဆိုတာ မွုိေတြလိုေပါေနေပမယ္႔လည္း ပစၥည္းေတြပို႔ေဆာင္တဲ႔စနစ္ကေတာ႔ ၾကာျမင္႔ေနဆဲ ျဖစ္ပါတယ္။ မွာၾကာျပီး ရက္ပိုင္းအတြင္း ပို႔ေဆာင္ေပးတဲ႔ပစၥည္းေတြလည္းရွိသလို တခ်ို႕ေတြက်ေတာ႔လည္း လနဲ႔ခ်ီျပီး ၾကာျမင္႔တတ္ၾကပါတယ္။ ေတာင္ကိုရီးယားရဲ႕ အြန္လိုင္းေရွာ႔ပင္ေတြမွာကေတာ႔ ဒီေန႔မွာ ဒီေန႔လာပို႔တဲ႔ စနစ္ျဖစ္လို႔ သိရပါတယ္။

၇။ ကမာၻ႕အျမန္ဆံုး အင္တာနက္လိုင္းရွိျခင္း။

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ အင္တာနက္လိုင္းကေတာ႔ တစ္ကမာၻလံုးရဲ႕ အသိအမွတ္ျပဴျခင္းကို ခံထားရတာ ျဖစ္ပါတယ္။ ဆက္သြယ္ေရးနည္းပညာထြန္းကားတဲ႔ ႏိုင္ငံျဖစ္တာမို႔လို႔ ျမန္ဆန္တဲ႔အင္တာနက္စနစ္ရွိတာက အဆန္းေတာ႔မဟုတ္ပါဘူး။ အမ်ားျပည္သူပိုင္ေနရာေတြျဖစ္ၾကတဲ႔ Shopping Mall လိုေနရာမ်ိဳးေတြ၊ ေကာ္ဖီဆိုင္ေတြမွာ ျဖန္႔က်က္ထားတဲ႔ ၀ိုင္ဖိုင္လိုင္းေတြကေတာင္ တျခားႏိုင္ငံေတြရဲ႕ အျမန္ဆန္ဆံုးေသာ အင္တာနက္လိုင္းေတြေလာက္ရွိတယ္လို႔ ဆိုၾကပါတယ္။

၈။ ရထားဘူတာတိုင္းမွာ သန္႔ရွင္းတဲ႔ သန္႔စင္ခန္းေတြရွိျခင္း။

ဘူတာေတြမွာ သန္႔စင္ခန္းေတြရွိတယ္ဆိုတာဟာ သိပ္ေတာ႔မထူးဆန္းေပမယ္႔ ေတာင္ကိုရီးယားႏိုိင္ငံရဲ႕ ဘူတာေတြတိုင္းမွာေတာ႔ သန္႔ရွင္းသပ္ရပ္တဲ႔ သန္႔စင္ခန္းေတြရွိတယ္လို႔ ဆိုၾကပါတယ္။

၉။ အမ်ားျပည္သူပိုင္ေနရာေတြမွာ မိမိတို႔ရဲ႕ ကိုယ္ပိုင္ပစၥည္းေတြကို စိုးရိမ္မွုကင္းစြာနဲ႔ ထားခဲ႔ႏိုင္ျခင္း။

ေတာင္ကိုရီးယားႏိုင္ငံက အမ်ားျပည္သူပိုင္ေနရာတစ္ခုျဖစ္တဲ႔ ေကာ္ဖီဆို္င္ေတြရဲ႕ စားပြဲေတြအေပၚမွာ မိမိတို႔ရဲ႕ ကိုယ္ပိုင္ပစၥည္းေတြျဖစ္ၾကတဲ႔ Laptop ေတြ၊ ကုတ္အက်ၤီေတြ၊ အိတ္ေတြကို စိုးရိမ္စိတ္လံုး၀မရွိပဲ တင္ထားခဲ႔တာကို ေတြ႕ရတတ္ပါတယ္။ ဒါကေတာ႔ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြရဲ႕ စာရိတၱေကာင္းမြန္မွဳကို ျပသေနတဲ႔သေဘာပါပဲ။

၁၀။ ၀န္ေဆာင္ခေတြ၊ အခြန္ခေတြကို ထည္႔တြက္စရာမလိုျခင္း။

တကယ္လို႔ ေတာင္ကိုရီးယားမွာ ပစၥည္းတစ္ခုခု၊ အ၀တ္အထည္တစ္္ခုခု၀ယ္ေတာ႔မယ္ဆိုရင္ ၀န္ေဆာင္ခေတြ၊ အခြန္ခေတြအတြက္ကို ထပ္ေဆာင္းေပးစရာမလိုပဲ ပစၥည္းရဲ႕ က်သင္႔ေငြကိုသာ ေပးေခ်ရမွာ ျဖစ္ပါတယ္။

၁၁။ သန္႔ရွင္းသပ္ရပ္ျပီး လြယ္ကူျမန္ဆန္တဲ႔ ဆက္သြယ္ေရးစနစ္ရွိျခင္း။

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ လမ္းပန္းဆက္သြယ္ေရးစနစ္ဟာ ကမာၻ႔အေကာင္းဆံုးနဲ႔ အသန္႔ရွင္းဆံုးစနစ္ေတြထဲမွာ ပါ၀င္ပါတယ္။ ရထားေတြနဲ႔ ဘတ္စ္ကားေတြဟာဆိုရင္ အခ်ိန္ကိုက္ ဆိုက္ေရာက္ၾကျပီး အျမဲတမ္းလည္း သန္႔ရွင္းသပ္ရပ္ေနတာကို ဇာတ္လမ္းတြဲေတြမွာ ေတြ႕ရမွာပါ။ တကယ္႔အျပင္မွာလည္း ထိုနည္းလည္းေကာင္းပါပဲ။

Bonus : K Idol ေတြကို ေတြ႕ဆံုခြင္႔ရရွိျခင္း။

ဒီတစ္ခ်က္ကေတာ႔ Kpop ကို ၾကိဳက္ႏွစ္သက္ၾကတဲ႔ ႏိုိင္ငံတကာက ပရိသတ္ေတြအေနနဲ႔ မနာလိုအားက်ျဖစ္မိေစမယ္႔အခ်က္ေလးတစ္ခ်က္ပါ။ မိမိတိ္ု႔ကေတာ႔ ႏိုင္ငံေတြေ၀းကြာေနတာေၾကာင္႔ ၾကိဳက္ႏွစ္သက္ရတဲ႔ Idol ကို ေလလွိုင္းကေနတဆင္႔သာ ေတြ႔ဆံုခြင္႔ရေပမယ္႔ ေတာင္ကိုရီးယားပရိသတ္ေတြကေတာ႔ Idol ေတြကို အခြင္႔ရရင္ရသလို အနီးကပ္ေတြေတြ႕ဆံုခြင္႔၊ စကားေျပာခြင္႔ေတြရတယ္ဆိုတာ တကယ္ကို အားက်စရာေကာင္းတဲ႔ အခ်က္တစ္ခ်က္ပါပဲေနာ္။ ပရိသတ္ၾကီးတို႔အေနနဲ႔ ေတာင္ကိုရီးယားလူမ်ိုးပရိသတ္ေတြကို အားက်ေစတဲ႔အခ်က္က ဘယ္အခ်က္မ်ားျဖစ္မလဲ။

Unicodeဖြင့်ဖတ်ရန်

တောင်ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ လူနေမှုစနစ်ဟာ ကမ္ဘာ့အလယ်မှာ လက်မထောင်နိုင်လောက်တဲ့အဆင့်အတန်းတစ်ခုရှိတာမို့လို့ တောင်ကိုရီးယားနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံခြားသားအရေအတွက်ဟာ နှစ်စဉ်ဆိုသလို မြင့်တက်နေပါတယ်။ အဲဒီလိုမျိုး လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားအများစုဟာ တောင်ကိုရီးယားလူမျိုးတွေကို မနာလိုဖြစ်မိကြတဲ့အချက် (၁၁) ချက်ရှိပါတယ်တဲ့။ ဒါပေမယ့် အဲဒီလို မနာလိုဖြစ်တာကိုတော့ တောင်ကိုရီးယားလူမျိူးတွေကိုယ်တိုင်ကိုက သိကြမယ်လို့ မထင်ပါဘူး။ ကဲ ဒီလိုဆိုရင် နိုင်ငံခြားသားတွေ တောင်ကိုရီးယားလူမျိုးတွေကို မနာလိုဖြစ်ကြတဲ့အချက် (၁၁) ချက်က ဘာတွေလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

၁။ မည်သည့်နေရာမှမဆို အယ်လ်ကိုဟောကို ဈေးသက်သာစွာနဲ့ အလွယ်တကူဝယ်ယူလို့ရခြင်း။

မြန်မာနိုင်ငံမှာလည်း အယ်လ်ကိုဟောတွေကို အလွယ်တကူဝယ်ယူလို့ရတယ်ဆိုပေမယ့် တောင်ကိုရီးယားနိုင်ငံမှာ ဝယ်ယူလို့ရတဲ့ပုံစံကတော့ ကွာခြားပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာက လမ်းမှာတွေ့တဲ့ စတိုးဆိုင်တွေမှာ ဆိုဂျူကို အချိန်အကန့်အသတ်မရှိလွတ်လပ်စွာဝယ်လို့ရပြီး ဆိုဂျူတစ်ပုလင်းကိုလည်း အနည်းဆုံး $ 1 USD မျှသာရှိတယ်လို့ ထင်ရပါတယ်။ 1 USD ဆိုတာ မြန်မာငွေနဲ့တွက်ကြည့်ရင် ၁၅၀၀ ကျပ်ပတ်ဝန်းကျင်ရှိတာမို့လို့ များတယ်လို့ထင်ရပေမယ့်လည်း တောင်ကိုရီးယားနိုင်ငံဟာ ငွေကြေးဖောင်းဖွတဲ့နိုင်ငံဖြစ်တာမို့လို့ သူတို့ဆီမှာက ဆိုဂျူးတစ်ပုလင်းဟာ ရေသန့်ဘူးတစ်ဘူးတန်ဖိုးလောက်တောင် မရှိပါဘူး။

၂။ မည်သည့်နေရာမှာမဆို အယ်လ်ကိုဟောကို လွတ်လပ်စွာသောက်ခွင့်ရှိခြင်း။

တချို့သော နိုင်ငံတွေမှာက ပြည်သူပိုင်နေရာတွေ၊ လူမြင်ကွင်းတွေမှာ အရက်သေစာသောက်စားခြင်းကို အပြင်းအထန်ကန့်ကွက်ထားပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားနိုင်ငံမှာက ဒီလိုမျိုး ကန့်သတ်ချက်တွေဆိုတာ မရှိပါဘူး။

၃။ ညဘက်တွေမှာလည်း လွတ်လပ်စွာနဲ့ အပြင်လျှောက်လည်လို့ရခြင်း။

တောင်ကိုရီးယားနိုင်ငံမှာက ညဘက်အပြင်ထွက်လည်ချင်တယ်ဆိုရင်လည်း စိတ်လုံခြုံစွာနဲ့ ထွက်လည်လို့ရပါတယ်။ အကြောင်းကတော့ ညဘက်ဖွင့်တဲ့ဆိုင်တွေကလည်းများစွာရှိသလို တစ်နေ့လုံး၊ တစ်ညလုံးဖွင့်လှစ်တဲ့ဆိုင်တွေလည်းရှိတဲ့အပြင် CCTV တွေကလည်း တစ်နိုင်ငံလုံးနီးပါးကို တပ်ဆင်ထားတာကြောင့် ဖြစ်ပါတယ်။

၄။ အများပြည်သူသုံး ဆက်သွယ်ရေးယာဉ်တွေရဲ့ အပေါ်မှာ အဆာပြေကို လွတ်လပ်စွာစားသောက်နိုင်ခြင်း။

အာရှနိုင်ငံတွေ အတော်များများမှာက အများပြည်သူသုံး ဆက်သွယ်ရေးယာဉ်တွေရဲ့ အပေါ်မှာ အဆာပြေလွတ်လပ်စွာစားသောက်ခွင့်ကို ပိတ်ပင်ထားတတ်ကြပြီး စားသောက်တာကို တွေ့ရှိရင်လည်း ဒဏ်ကြေးပေးဆောင်ရတတ်ပါတယ်။ ဒါပေမယ့်လည်း တောင်ကိုရီးယားမှာကတော့ ဒီလိုမျိုး ပိတ်ပင်ထားခြင်းမရှိပဲ မိမိတို့ဆာလောင်တဲ့အခါမျိုးတွေမှာ ကော်ဖီတို့၊ မုန့်တို့ကို အေးဆေးလွတ်လပ်စွာ စားသောက်လို့ရပါတယ်။

၅။ ဈေးသက်သာပြီး လွယ်ကူမြန်ဆန်တဲ့ အစားအသောက်ပို့ဆောင်ရေး စနစ်ရှိခြင်း။

အခုလက်ရှိအချိန် နိုင်ငံတကာမှာ အစားအသောက်ကို အိမ်တိုင်ရာရောက်ပို့ဆောင်တဲ့စနစ်ရှိနေပြီဆိုသော်ငြားလည်း တောင်ကိုရီးယားရဲ့ အစားအသောက်ပို့ဆောင်ရေးစနစ်ကတော့ အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။ တောင်ကိုရီးယားမှာက မိမိတို့ စားသောက်လိုတဲ့ အစားအသောက်တွေကို ဖုန်းဆက်ပြီးမှာကြားလိုက်ယုံနဲ့ မိမိတို့ရှိနေရာနေရာကို အချိန်ပိုင်းအတွင်းလာရောက်ပို့ဆောင်ပေးတဲ့စနစ်ရှိပြီး အစားအသောက်တွေရဲ့ ဈေးနှုန်းတွေကလည်း တကယ်ကို သက်သာလွန်းတယ်လို့ သိရပါတယ်။

၆။ အွန်လိုင်းကနေ မှာကြားလိုက်တဲ့ပစ္စည်းကို နေ့ချင်းအတွင်းမှာတင် ပို့ဆောင်ပေးခြင်း။

ဒီနေ့ခေတ်မှာက အွန်လိုင်းရှော့ပင်တွေဆိုတာ မှိုတွေလိုပေါနေပေမယ့်လည်း ပစ္စည်းတွေပို့ဆောင်တဲ့စနစ်ကတော့ ကြာမြင့်နေဆဲ ဖြစ်ပါတယ်။ မှာကြာပြီး ရက်ပိုင်းအတွင်း ပို့ဆောင်ပေးတဲ့ပစ္စည်းတွေလည်းရှိသလို တချို့တွေကျတော့လည်း လနဲ့ချီပြီး ကြာမြင့်တတ်ကြပါတယ်။ တောင်ကိုရီးယားရဲ့ အွန်လိုင်းရှော့ပင်တွေမှာကတော့ ဒီနေ့မှာ ဒီနေ့လာပို့တဲ့ စနစ်ဖြစ်လို့ သိရပါတယ်။

၇။ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းရှိခြင်း။

တောင်ကိုရီးယားနိုင်ငံရဲ့ အင်တာနက်လိုင်းကတော့ တစ်ကမ္ဘာလုံးရဲ့ အသိအမှတ်ပြူခြင်းကို ခံထားရတာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးနည်းပညာထွန်းကားတဲ့ နိုင်ငံဖြစ်တာမို့လို့ မြန်ဆန်တဲ့အင်တာနက်စနစ်ရှိတာက အဆန်းတော့မဟုတ်ပါဘူး။ အများပြည်သူပိုင်နေရာတွေဖြစ်ကြတဲ့ Shopping Mall လိုနေရာမျိုးတွေ၊ ကော်ဖီဆိုင်တွေမှာ ဖြန့်ကျက်ထားတဲ့ ဝိုင်ဖိုင်လိုင်းတွေကတောင် တခြားနိုင်ငံတွေရဲ့ အမြန်ဆန်ဆုံးသော အင်တာနက်လိုင်းတွေလောက်ရှိတယ်လို့ ဆိုကြပါတယ်။

၈။ ရထားဘူတာတိုင်းမှာ သန့်ရှင်းတဲ့ သန့်စင်ခန်းတွေရှိခြင်း။

ဘူတာတွေမှာ သန့်စင်ခန်းတွေရှိတယ်ဆိုတာဟာ သိပ်တော့မထူးဆန်းပေမယ့် တောင်ကိုရီးယားနိုင်ငံရဲ့ ဘူတာတွေတိုင်းမှာတော့ သန့်ရှင်းသပ်ရပ်တဲ့ သန့်စင်ခန်းတွေရှိတယ်လို့ ဆိုကြပါတယ်။

၉။ အများပြည်သူပိုင်နေရာတွေမှာ မိမိတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို စိုးရိမ်မှုကင်းစွာနဲ့ ထားခဲ့နိုင်ခြင်း။

တောင်ကိုရီးယားနိုင်ငံက အများပြည်သူပိုင်နေရာတစ်ခုဖြစ်တဲ့ ကော်ဖီဆိုင်တွေရဲ့ စားပွဲတွေအပေါ်မှာ မိမိတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေဖြစ်ကြတဲ့ Laptop တွေ၊ ကုတ်အင်္ကျီတွေ၊ အိတ်တွေကို စိုးရိမ်စိတ်လုံးဝမရှိပဲ တင်ထားခဲ့တာကို တွေ့ရတတ်ပါတယ်။ ဒါကတော့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စာရိတ္တကောင်းမွန်မှုကို ပြသနေတဲ့သဘောပါပဲ။

၁၀။ ဝန်ဆောင်ခတွေ၊ အခွန်ခတွေကို ထည့်တွက်စရာမလိုခြင်း။

တကယ်လို့ တောင်ကိုရီးယားမှာ ပစ္စည်းတစ်ခုခု၊ အဝတ်အထည်တစ်ခုခုဝယ်တော့မယ်ဆိုရင် ဝန်ဆောင်ခတွေ၊ အခွန်ခတွေအတွက်ကို ထပ်ဆောင်းပေးစရာမလိုပဲ ပစ္စည်းရဲ့ ကျသင့်ငွေကိုသာ ပေးချေရမှာ ဖြစ်ပါတယ်။

၁၁။ သန့်ရှင်းသပ်ရပ်ပြီး လွယ်ကူမြန်ဆန်တဲ့ ဆက်သွယ်ရေးစနစ်ရှိခြင်း။

တောင်ကိုရီးယားနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်ဟာ ကမ္ဘာ့အကောင်းဆုံးနဲ့ အသန့်ရှင်းဆုံးစနစ်တွေထဲမှာ ပါဝင်ပါတယ်။ ရထားတွေနဲ့ ဘတ်စ်ကားတွေဟာဆိုရင် အချိန်ကိုက် ဆိုက်ရောက်ကြပြီး အမြဲတမ်းလည်း သန့်ရှင်းသပ်ရပ်နေတာကို ဇာတ်လမ်းတွဲတွေမှာ တွေ့ရမှာပါ။ တကယ့်အပြင်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။

Bonus : K Idol တွေကို တွေ့ဆုံခွင့်ရရှိခြင်း။

ဒီတစ်ချက်ကတော့ Kpop ကို ကြိုက်နှစ်သက်ကြတဲ့ နိုင်ငံတကာက ပရိသတ်တွေအနေနဲ့ မနာလိုအားကျဖြစ်မိစေမယ့်အချက်လေးတစ်ချက်ပါ။ မိမိတို့ကတော့ နိုင်ငံတွေဝေးကွာနေတာကြောင့် ကြိုက်နှစ်သက်ရတဲ့ Idol ကို လေလှိုင်းကနေတဆင့်သာ တွေ့ဆုံခွင့်ရပေမယ့် တောင်ကိုရီးယားပရိသတ်တွေကတော့ Idol တွေကို အခွင့်ရရင်ရသလို အနီးကပ်တွေတွေ့ဆုံခွင့်၊ စကားပြောခွင့်တွေရတယ်ဆိုတာ တကယ်ကို အားကျစရာကောင်းတဲ့ အချက်တစ်ချက်ပါပဲနော်။ ပရိသတ်ကြီးတို့အနေနဲ့ တောင်ကိုရီးယားလူမျိုးပရိသတ်တွေကို အားကျစေတဲ့အချက်က ဘယ်အချက်များဖြစ်မလဲ။

Ref : Koreaboo

Credit: Zue Zue (Momolay)