Zawgyi ျဖင့္ဖတ္ရန္

 

အိပ္မက္အိမ္မက္နဲ႔ လက္ေတြ႕ဘဝၾကားမွာ ဂမၻီရဆန္ဆန္ ဆက္ႏြယ္မႈေတြရွိပါတယ္။ တစ္ေန႔လုံး လုပ္ခဲ့တဲ့အေၾကာင္းအရာေတြကို အိပ္မက္ထဲမွာ ျပန္ျမင္မက္တတ္ၾကပါတယ္။ဘဝမွာကြၽန္မတို႔ ႀကဳံေတြ႕ခဲ့ရတဲ့ အေၾကာင္းအရာေတြ၊ ယုံၾကည္မႈေတြ၊ မွတ္ဉာဏ္ေတြနဲ႔ ကြၽမ္းက်င္မႈ ေတြဟာ စိတ္ရဲ႕အတြင္းပိုင္း တစ္ေနရာမွာ သိုေလွာင္႐ုံအျဖစ္ေနရာယူထားၿပီး အိပ္မက္ေတြအျဖစ္ ျပမ္လည္ဝင္ေရာက္လာၾကပါတယ္။

သိပၸံနည္းပညာတိုးတက္လာတာနဲ႔အမွ် အိပ္မက္ေတြကို ဒုကၡသုကၡခံၿပီး အဓိပၸာယ္ေကာက္ေနၾကတဲ့ အရာတစ္ခုအျဖစ္သတ္မွတ္လာၾကသလို အခုေနာက္ပိုင္းမွာဆို အိပ္မက္နဲ႔ပတ္သက္တဲ့ ေရွးျဖစ္ေဟာအယူအဆ ေတာ္ေတာ္မ်ားမ်ားနဲ႔လည္း ေဝးကြာသြားခဲ့ပါၿပီ။ အိပ္မက္ေတြဟာ ဘာမွထူျခားတဲ့ အရာတစ္ခုမဟုတ္ဘူးလို႔လို႔ သိပၸံပညာရွင္ေတြက မွတ္ယူၾကေပမယ့္ ဇီဝေဗဒျဖစ္စဥ္တစ္ခုျဖစ္ၿပီး ႏိုးထခ်ိန္ဦးေႏွာက္က သိမ္းဆည္းမွတ္ယူထားတဲ့ အသိဉာဏ္ရဲ႕ေနာက္ဆက္တြဲလုပ္ငန္းစဥ္တစ္ခုလည္း ျဖစ္ပါတယ္။ ဒီေဆာင္းပါးေလးမွာေတာ့ သင္မသိေသးတဲ့ အိပ္မက္ေတြရဲစိတ္ဝင္စားဖြယ္ အမွန္တရားေတြကို ေျပာျပေပးခ်င္ပါတယ္။

၁။အိပ္မက္ေတြက ေမ့လြယ္ပါတယ္

အိပ္မက္ေတြကို အိပ္ေမာက်ေနတဲ့အခ်ိန္မွသာ မက္တတ္ၾကတာပါ။ ၎ဟာ မွတ္ဉာဏ္ရဲ႕လုပ္ငန္းစဥ္တစ္ခုျဖစ္ၿပီး ေလ့လာသင္ယူထားတဲ့ အေၾကာင္းအရာေတြကို ျပန္လည္ေပါင္းစည္းလိုက္ျခင္းလည္းျဖစ္ပါတယ္။ သို႔ေပမယ့္အိပ္မက္ရဲ႕ ၉၀ ရာခိုင္ႏႈန္းကေတာ့ အိပ္ယာႏိုးတာနဲ႔ ေမ့ေပ်ာက္သြားတာပါ။

၂။ မ်က္စိအျမင္အာ႐ုံခ်ိဳ႕ယြင္းသူေတြလည္း အိပ္မက္ မက္တတ္ၾကပါတယ္

သူတို႔ေတြမွာ ျမင္ႏိုင္တဲ့စြမ္းရည္မရွိဘူး ဆိုေစဦးေတာ့။ ဘယ္လိုပဲျဖစ္ျဖစ္ အျမင္အာ႐ုံခ်ိဳ႕ယြင္းသူေတြဟာလည္း အိပ္မက္ထဲမွာ ၾကားရတဲ့အသံေတြကို အရာဝတၳဳအျဖစ္ ပုံေဖာ္ႏိုင္စြမ္းရွိၾကပါတယ္။ေမြးရာပါအျမင္အာ႐ုံခ်ိဳ႕တဲ့သူေတြက ၎တို႔ရဲ႕အေတြအႀကဳံ အရ အသံ၊အနံ႔၊အထိအေတြ႕နဲ႔ စိတ္ခံစားခ်က္ကိုလိုက္ၿပီး စကၡဳ အာ႐ုံေတြကိုပုံေဖာ္ ႏိုင္ၾကပါတယ္။

၃။ ေတြ႕ျမင္၊ သိျမင္ခဲ့ၿပီးတဲ့မ်က္ႏွာေတြကိုပဲ အိပ္မက္ထဲမွာျမင္ရတာပါ

တစ္ခါမွမေတြ႕ဘူးတဲ့သူေတြကိုေတာ့ အိပ္မက္ထဲမွာမျမင္ရပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ တကယ့္လက္ေတြ႕ဘဝထဲမွာ ေတြ႕ျမင္ခဲ့ဖူးတဲ့သူေတြကိုပဲ အိပ္မက္ထဲမွာျပန္ျမင္ရတတ္တာပါ။ ဘဝတေလွ်ာက္လုံး ရာ၊ ေထာင္ခ်ီတဲ့လူေတြကို ဘယ္ေလာက္ေတာင္ေတြ႕ခဲ့ၿပီးၿပီးလဲဆိုတာ မသိႏိုင္တဲ့အတြက္ ခန႔္မွန္းရခက္ေနတာပါ။

၄။ အိပ္မက္ေတြမွာ ကိုယ္ပိုင္သေကၤတ ဘာသာစကားေတြရွိပါတယ္

အေၾကာင္းအရာတခုခုကိုပဲ ထပ္ခါတလဲလဲ အိပ္မက္မက္ေနျခင္းရဲ႕ေနာက္ကြယ္မွာ ပုံေဖာ္လို႔မရတဲ့ အဓိပၸာယ္တစ္ခ်ိဳ႕ရွိပါတယ္။ သိရသေလာက္ေတာ့ မက္တဲ့အိပ္မက္ေတြက အရမ္း႐ိုးရွင္းပါတယ္။ ဒါေပမယ့္ အဲ့ဒီအိပ္မက္ေတြက ျဖစ္ခဲ့ဖူးတဲ့အေၾကာင္းအရာတစ္ခုခုကို သဲလြန္စေပးေနတာမ်ိဳး ဒါမွမဟုတ္ရင္လည္း သင့္ရဲ႕စိတ္ခံစားခ်က္အရ မၾကာခင္ျဖစ္လာေတာ့မယ့္ အေၾကာင္းအရာေတြကို အရိပ္အႁမြက္ျပေနတဲ့ သေဘာမ်ိဳးပါ။

၅။ အပ်က္သေဘာေဆာင္တဲ့ အိပ္မက္ေတြ

အိပ္ေနခ်ိန္ခဏေလးအတြင္းမွာေတာင္ အိပ္မက္ သုံး၊ေလး ခုေလာက္ဆက္တိုက္မက္တတ္ပါတယ္။ အဲ့ဒီအိပ္မက္ေလးခုလုံးကလည္း အပ်က္သေဘာေဆာင္ေနတဲ့ အိမ္မက္ေတြႀကီးပါပဲ။ တစ္ခ်ိဳ႕ေနရာေလးေတြမွာမွသာ နည္းနည္းေကာင္းတဲ့ အေနအထာမ်ိဳးပါ။ အဲ့လိုပုံစံမ်ိဳးနဲ႔လည္း အိပ္မက္မက္တတ္ၾကပါတယ္။အိပ္မက္ေတြဟာ ကြၽန္ေတာ္တို႔ရဲ႕စိတ္ထဲ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ တရစ္ရစ္ဝဲေနတတ္ၿပီး ထူးထူးျခားျခားဖမ္းစားႏိုင္တဲ့ ညႇိဳ႕ဓာတ္ေတြလည္းရွိပါတယ္။ အဲ့အရာက အိပ္ယာကႏိုးလို႔ အိပ္မက္ရဲ႕တစ္ဝက္ေလာက္ကို ေမ့သြားၿပီးဆိုရင္ေတာင္ စိတ္ထဲေနရာယူထားတတ္တုန္းပါ။

 

 

Unicode ဖြင့်ဖတ်ရန်

 

အိပ်မက်အိမ်မက်နဲ့ လက်တွေ့ဘဝကြားမှာ ဂမ္ဘီရဆန်ဆန် ဆက်နွယ်မှုတွေရှိပါတယ်။ တစ်နေ့လုံး လုပ်ခဲ့တဲ့အကြောင်းအရာတွေကို အိပ်မက်ထဲမှာ ပြန်မြင်မက်တတ်ကြပါတယ်။ဘဝမှာကျွန်မတို့ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာတွေ၊ ယုံကြည်မှုတွေ၊ မှတ်ဉာဏ်တွေနဲ့ ကျွမ်းကျင်မှု တွေဟာ စိတ်ရဲ့အတွင်းပိုင်း တစ်နေရာမှာ သိုလှောင်ရုံအဖြစ်နေရာယူထားပြီး အိပ်မက်တွေအဖြစ် ပြမ်လည်ဝင်ရောက်လာကြပါတယ်။
သိပ္ပံနည်းပညာတိုးတက်လာတာနဲ့အမျှ အိပ်မက်တွေကို ဒုက္ခသုက္ခခံပြီး အဓိပ္ပာယ်ကောက်နေကြတဲ့ အရာတစ်ခုအဖြစ်သတ်မှတ်လာကြသလို အခုနောက်ပိုင်းမှာဆို အိပ်မက်နဲ့ပတ်သက်တဲ့ ရှေးဖြစ်ဟောအယူအဆ တော်တော်များများနဲ့လည်း ဝေးကွာသွားခဲ့ပါပြီ။ အိပ်မက်တွေဟာ ဘာမှထူခြားတဲ့ အရာတစ်ခုမဟုတ်ဘူးလို့လို့ သိပ္ပံပညာရှင်တွေက မှတ်ယူကြပေမယ့် ဇီဝဗေဒဖြစ်စဉ်တစ်ခုဖြစ်ပြီး နိုးထချိန်ဦးနှောက်က သိမ်းဆည်းမှတ်ယူထားတဲ့ အသိဉာဏ်ရဲ့နောက်ဆက်တွဲလုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သင်မသိသေးတဲ့ အိပ်မက်တွေရဲစိတ်ဝင်စားဖွယ် အမှန်တရားတွေကို ပြောပြပေးချင်ပါတယ်။
၁။အိပ်မက်တွေက မေ့လွယ်ပါတယ်
အိပ်မက်တွေကို အိပ်မောကျနေတဲ့အချိန်မှသာ မက်တတ်ကြတာပါ။ ၎င်းဟာ မှတ်ဉာဏ်ရဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး လေ့လာသင်ယူထားတဲ့ အကြောင်းအရာတွေကို ပြန်လည်ပေါင်းစည်းလိုက်ခြင်းလည်းဖြစ်ပါတယ်။ သို့ပေမယ့်အိပ်မက်ရဲ့ ၉၀ ရာခိုင်နှုန်းကတော့ အိပ်ယာနိုးတာနဲ့ မေ့ပျောက်သွားတာပါ။
၂။ မျက်စိအမြင်အာရုံချို့ယွင်းသူတွေလည်း အိပ်မက် မက်တတ်ကြပါတယ်
သူတို့တွေမှာ မြင်နိုင်တဲ့စွမ်းရည်မရှိဘူး ဆိုစေဦးတော့။ ဘယ်လိုပဲဖြစ်ဖြစ် အမြင်အာရုံချို့ယွင်းသူတွေဟာလည်း အိပ်မက်ထဲမှာ ကြားရတဲ့အသံတွေကို အရာဝတ္ထုအဖြစ် ပုံဖော်နိုင်စွမ်းရှိကြပါတယ်။မွေးရာပါအမြင်အာရုံချို့တဲ့သူတွေက ၎င်းတို့ရဲ့အတွေအကြုံ အရ အသံ၊အနံ့၊အထိအတွေ့နဲ့ စိတ်ခံစားချက်ကိုလိုက်ပြီး စက္ခု အာရုံတွေကိုပုံဖော် နိုင်ကြပါတယ်။
၃။ တွေ့မြင်၊ သိမြင်ခဲ့ပြီးတဲ့မျက်နှာတွေကိုပဲ အိပ်မက်ထဲမှာမြင်ရတာပါ
တစ်ခါမှမတွေ့ဘူးတဲ့သူတွေကိုတော့ အိပ်မက်ထဲမှာမမြင်ရပါဘူး။ ကျွန်တော်တို့ရဲ့ တကယ့်လက်တွေ့ဘဝထဲမှာ တွေ့မြင်ခဲ့ဖူးတဲ့သူတွေကိုပဲ အိပ်မက်ထဲမှာပြန်မြင်ရတတ်တာပါ။ ဘဝတလျှောက်လုံး ရာ၊ ထောင်ချီတဲ့လူတွေကို ဘယ်လောက်တောင်တွေ့ခဲ့ပြီးပြီးလဲဆိုတာ မသိနိုင်တဲ့အတွက် ခန့်မှန်းရခက်နေတာပါ။
၄။ အိပ်မက်တွေမှာ ကိုယ်ပိုင်သင်္ကေတ ဘာသာစကားတွေရှိပါတယ်
အကြောင်းအရာတခုခုကိုပဲ ထပ်ခါတလဲလဲ အိပ်မက်မက်နေခြင်းရဲ့နောက်ကွယ်မှာ ပုံဖော်လို့မရတဲ့ အဓိပ္ပာယ်တစ်ချို့ရှိပါတယ်။ သိရသလောက်တော့ မက်တဲ့အိပ်မက်တွေက အရမ်းရိုးရှင်းပါတယ်။ ဒါပေမယ့် အဲ့ဒီအိပ်မက်တွေက ဖြစ်ခဲ့ဖူးတဲ့အကြောင်းအရာတစ်ခုခုကို သဲလွန်စပေးနေတာမျိုး ဒါမှမဟုတ်ရင်လည်း သင့်ရဲ့စိတ်ခံစားချက်အရ မကြာခင်ဖြစ်လာတော့မယ့် အကြောင်းအရာတွေကို အရိပ်အမြွက်ပြနေတဲ့ သဘောမျိုးပါ။
၅။ အပျက်သဘောဆောင်တဲ့ အိပ်မက်တွေ

အိပ်နေချိန်ခဏလေးအတွင်းမှာတောင် အိပ်မက် သုံး၊လေး ခုလောက်ဆက်တိုက်မက်တတ်ပါတယ်။ အဲ့ဒီအိပ်မက်လေးခုလုံးကလည်း အပျက်သဘောဆောင်နေတဲ့ အိမ်မက်တွေကြီးပါပဲ။ တစ်ချို့နေရာလေးတွေမှာမှသာ နည်းနည်းကောင်းတဲ့ အနေအထာမျိုးပါ။ အဲ့လိုပုံစံမျိုးနဲ့လည်း အိပ်မက်မက်တတ်ကြပါတယ်။အိပ်မက်တွေဟာ ကျွန်တော်တို့ရဲ့စိတ်ထဲ အချိန်တော်တော်ကြာအောင် တရစ်ရစ်ဝဲနေတတ်ပြီး ထူးထူးခြားခြားဖမ်းစားနိုင်တဲ့ ညှို့ဓာတ်တွေလည်းရှိပါတယ်။ အဲ့အရာက အိပ်ယာကနိုးလို့ အိပ်မက်ရဲ့တစ်ဝက်လောက်ကို မေ့သွားပြီးဆိုရင်တောင် စိတ်ထဲနေရာယူထားတတ်တုန်းပါ။

Credit:Daily Hot News