Zawgyi ျဖင့္ဖတ္ရန္

ေၾကာင္လွ်ာသီး က ေဆးဖက္၀င္အပင္တစ္မ်ိဳးျဖစ္ၿပီး သူ႔ရဲ႕ အသီး၊ အညႊန္႔၊ ပန္းပြင့္ေတြကအစ စားသံုးလို႔ရပါတယ္။ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္းနဲ႔ အနည္းငယ္ ခါးသက္သက္ အရသာ ရွိတာေၾကာင့္ အရသာရွိတဲ့ ဟင္းလ်ာအျဖစ္ခ်က္ျပဳတ္စားႏိုင္သလို က်န္းမာေရး အာနိသင္ေတြလည္း အမ်ားႀကီးရွိပါတယ္။

ကင္ဆာေရာဂါကို ကာကြယ္ႏုိင္

ေၾကာင္လွ်ာသီးမွာ ကင္ဆာေရာဂါကို တိုက္ဖ်က္ႏိုင္တဲ့ HL-60 ဓာတ္ေတြၾကြယ္၀စြာပါ၀င္တာေၾကာင့္ ကင္ဆာေရာဂါကို ကာကြယ္ႏုိင္ပါတယ္။Antioxidants ဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ေၾကာင္လွ်ာသီးက ဆဲလ္ေတြပ်က္စီးတာကို ကာကြယ္ေပးႏိုင္တဲ့ Antioxidants ဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ေနပါတယ္။

ေရာင္ရမ္းတာကို ေလ်ာ့က်ႏုိင္

ေၾကာင္လွ်ာသီးမွာပါ၀င္တဲ့ ဓာတ္ေတြကို ထုတ္ယူၿပီး ဓာတ္ခြဲခန္းထဲမွာ ၾကြက္ေတြနဲ႔ စမ္းသပ္ၾကည့္ရာမွာ ေရာင္ရမ္းတာေတြကို ေလ်ာ့က်ေစေၾကာင္းေတြ႔ရွိရပါတယ္။ေျခေထာက္ေရာင္ေနတဲ့ ၾကြက္ေတြကို ေၾကာင္လွ်ာသီးကေနထုတ္ယူထားတဲ့ ဓာတ္ေတြနဲ႔စမ္းသပ္ၾကည့္ရာ ၅ နာရီအတြင္း ေရာင္ရမ္းတာေတြ ေလ်ာ့က်လာေၾကာင္းေတြ႔ရွိရပါတယ္။

အသားအေရ က်န္းမာေရးနဲ႔ အျမင္စြမ္းအား

Antioxdiants ဓာတ္ေတြၾကြယ္၀စြာပါ၀င္တာေၾကာင့္ ခႏၶာကိုယ္ထဲက ဆဲလ္ေတြကို ျပန္လည္ျပဳျပင္ေပးၿပီး အေရးအေၾကာင္းေတြကို ေလ်ာ့က်ေစကာ အသားအေရ ၾကည္လင္ေတာက္ပလာပါတယ္။အဲ့ဒီအျပင္ အျမင္စြမ္းအားကိုလည္းေကာင္းေစပါတယ္။

အစာေျခစနစ္

ေၾကာင္လွ်ာသီး က မူးေ၀ေအာ့အန္တာကို သက္သာေစၿပီး အစာေျခစနစ္ကိုလည္း အားေကာင္းေစပါတယ္။အဲ့ဒီအျပင္ လည္ပင္းနာ၊ ေခ်ာင္းဆိုးတာေတြကိုလည္းသက္သာ ေပ်ာက္ကင္းေစပါတယ္။

Unicode ဖြင့်ဖတ်ရန်

ကြောင်လျှာသီးက ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး သူ့ရဲ့ အသီး၊ အညွှန့်၊ ပန်းပွင့်တွေကအစ စားသုံးလို့ရပါတယ်။ပျော့ပျော့ပြောင်းပြောင်းနဲ့ အနည်းငယ် ခါးသက်သက် အရသာ ရှိတာကြောင့် အရသာရှိတဲ့ ဟင်းလျာအဖြစ်ချက်ပြုတ်စားနိုင်သလို ကျန်းမာရေး အာနိသင်တွေလည်း အများကြီးရှိပါတယ်။

ကင်ဆာရောဂါကို ကာကွယ်နိုင်

ကြောင်လျှာသီးမှာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ HL-60 ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်ကြောင်လျှာသီးက ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးနိုင်တဲ့ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။

ရောင်ရမ်းတာကို လျော့ကျနိုင်

ကြောင်လျှာသီးမှာပါဝင်တဲ့ ဓာတ်တွေကို ထုတ်ယူပြီး ဓာတ်ခွဲခန်းထဲမှာ ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာမှာ ရောင်ရမ်းတာတွေကို လျော့ကျစေကြောင်းတွေ့ရှိရပါတယ်။ခြေထောက်ရောင်နေတဲ့ ကြွက်တွေကို ကြောင်လျှာသီးကနေထုတ်ယူထားတဲ့ ဓာတ်တွေနဲ့စမ်းသပ်ကြည့်ရာ ၅ နာရီအတွင်း ရောင်ရမ်းတာတွေ လျော့ကျလာကြောင်းတွေ့ရှိရပါတယ်။

အသားအရေ ကျန်းမာရေးနဲ့ အမြင်စွမ်းအား

Antioxdiants ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး အရေးအကြောင်းတွေကို လျော့ကျစေကာ အသားအရေ ကြည်လင်တောက်ပလာပါတယ်။အဲ့ဒီအပြင် အမြင်စွမ်းအားကိုလည်းကောင်းစေပါတယ်။

အစာခြေစနစ်

ကြောင်လျှာသီးက မူးဝေအော့အန်တာကို သက်သာစေပြီး အစာခြေစနစ်ကိုလည်း အားကောင်းစေပါတယ်။အဲ့ဒီအပြင် လည်ပင်းနာ၊ ချောင်းဆိုးတာတွေကိုလည်းသက်သာ ပျောက်ကင်းစေပါတယ်။

Credit: myfoodmyanmar.com