Zawgyiဖြင့်ဖတ်ရန်







Unicodeဖြင့်ဖတ်ရန်

Line Walker 2မှာ မြန်မာမင်းသားတွေပါတဲ့ အခန်း နည်းလွန်းလို့ Respect မရှိဘူးလို့ ပြောချလိုက်တဲ့ ယုန်လေး
မြန်မာနိုင်ငံသားအများစု စိတ်ဝင်တစားရှိကြပြီး မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးခဲ့ချိန်မှာလဲ ရိုက်ကွင်းကို သွားရောက်ကြည့်ရှု့အားပေးကြတဲ့ သူတွေလဲ ရှိခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံက မင်းသားတွေလဲ ပါဝင်တဲ့ ကားဖြစ်တာကြောင့် ဒီရုပ်ရှင်ကားတွေ ထွက်လာတဲ့အခါ အားပေးကြဖို့ကို မြန်မာပြည်က ပရိသတ်တွေသာမက အနုပညာရှင်တွေကပါ အရမ်းကို မျှော်လင့်နေခဲ့ကြတာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ တစ်ချို့ ကြည့်ရှု့ပြီးတဲ့ သူတွေရဲ့ ပြောပြချက်အရတော့ မြန်မာမင်းသားတွေပါတဲ့ အခန်းက ၁စက္ကန့် လောက်တောင် မပါဘူးဆိုပြီး ပြောပြနေတာတွေ ရှိခဲ့ပါတယ်။

အဲ့ဒီအထဲမှာမှ ယုန်လေးကတော့ သူ့ရဲ့ အမြင်ကို တည့်ပြောလာပါပြီ။ သူပြောခဲ့တာကတော့ ” ကျွန်တော်တို့ မြန်မာနိုင်ငံ လာပြီး ၁ယောက်ကို ၁စက္ကန့် ကောင်းကောင်းပေးလို့ရပါတယ်။ ကိုမင်းရာဇာ လောင်ချာနဲ့ လှမ်းထုတာ ကိုမင်းရာဇာကို ၁စက္ကန့် အကျပ်တစ်ကပ်ပေးတဲ့ အတွက် Tempo ထိခိုက်မူ့မရှိပါဘူး။ လင်းအောင်ခေတ် နဲ့ နောက်တစ်ယောက် ပေါ်နိုင်အောင် ၁စက္ကန့် ၂စက္ကန့် သုံး ကားမထိခိုက်ပါဘူး။ အောင်မြင့်မြတ်က ပါပါသေးတယ် ”

”ကျွန်တော်ကတော့ မြန်မာနိုင်ငံသား ကလေးတစ်ယောက်အနေနဲ့ပဲ ကြည့်တော့ ကိုအောင်မိုး အောင်မြင့်မြတ်ပေါ်လာတဲ့ အချိန်ပျော်တယ်။ ကျန်တဲ့ လူတွေ ပါပြီး မပေါ်အောင်သုံးတာတော့တင်းတယ်။ ပုဂ္ဂိုလ်ရေးတွေ ခဏဖယ်ထား ကျွန်တော်တို့က မြန်မာ မြန်မာနိုင်ငံလာပြီး မြန်မာ မင်းသားNo 1 တွေ 2 တွေ ဘယ်သူကဘာမို့လို့တွေမပြောနဲ့ မြန်မာက လူတွေကို Respect မရှိဘူးလို့ပဲထင်တယ်”

” ကျွန်တော်တို့ သူတို့လို မမှီသေးတာတွေ အများကြီး လုပ်ပိုင်ခွင့်ပေးရင်တော့ ဒီလောက်တော့ လုပ်လို့ရတာပေါ့ တွေလည်း တွေ့တယ် ။လုပ်ခသေးစိတ်တွေလားတက်ကြွတယ် ။ လိုအပ်တဲ့ အချက်တွေလည်း တွေ့တယ်။ မထောက်ပြရဲဘူး ကိုယ်ကဘာကောင်မှမှ မဟုတ်တာ ။ ကြိမ်းသေတာတော့ CG အာရှက အကုန်လိုသေးတယ် ။ AVENGER ၊ Fast & Furious တွေနဲ့ သူတိုလည်း အများကြီးလိုသေးတာကိုတွေ့ရပါတယ် ။ အားလုံး Peace ” လို့ ဆိုပြီး သူ့အမြင်ကို ပြောပြလာခဲ့ပါတယ်။

ကယ် Line Walker 2ကို ကြည့်ပြီးတဲ့ သူတွေ လဲ ခံစားချက်တွေ ပြန်လည်မျှဝေပေးလို့ ရတယ်နော် ။ Line Walker 2ရုပ်ရှင် ဇာတ်ကားကြီးကို သြဂုတ်လ (၈)ရက်နေ့က ရုံတင်ပြသနေပြီဖြစ်တယ်လို့ သိရပါတယ်။ ယုန်လေးရဲ့ ခံစားချက်နဲ့ ထက်တူကြရဲ့လားပရိသတ်ကြီး ။ဖတ်ရှု့နေသော ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML),Source – Yone Lay,CRD-Momolay

Credit: lucky Myanmar