Zawgyiဖြင့်ဖတ်ရန်





Unicodeဖြင့်ဖတ်ရန်

ပရိသတ်တွေအနေနဲ့ လက်ရှိမှာ ပရဟိတမင်းသားကြီးလို့ သိထားတဲ့ ဝေဠုကျော်ကတော့ သူ့အနေနဲ့ အခက်အခဲ ဖြစ်နေတဲ့ နေရာလေးတွေကို အမြဲတမ်းလိုလို ကူညီလေ့ရှိသလို ဝေဠုကျော် ဖောင်ဒေးရှင်းကိုလည်း ထူထောင်ထားပြီး ပရဟိတ လုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မင်းသား ဝေဠုကျော်ကတော့ ရေဘေးသင့်တဲ့နေရာတွေမှာ သူ့ရဲ့ ပရဟိတအဖွဲ့နဲ့ လိုက်လံပြီးတော့ ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ဝေဠုကျော် တယောက် ဒီလိုမျိုး အခက်အခဲ ဖြစ်တဲ့ နေရာတွေမှာ သွားရောက် ကူညီပေမယ့်လည်း သူတို့အဖွဲ့ကတော့ ဟန်ပြသက်သက် ပရဟိတ လုပ်တယ်ဆိုပြီးတော့ မြင်တွေ့ခဲ့ရတဲ့ ကာယကံရှင်တယောက်ကတော့ ဖေ့ဘုတ်စာမျက်နှာမှာ ဖွင့်ဟ ရေးသားထားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရေဘေးသင့်နေတဲ့ မွန်ပြည်နယ်မှာ အခက်အခဲဖြစ်နေတာတွေကို ပါဝင်ကူညီနေတဲ့ ကိုလွင်မောင် ဆိုတဲ့ အကောင့်ကတော့ သူမြင်တွေ့ခဲ့ရတာတွေကို သေချာရေးသားထားတာ ဖြစ်ပါတယ်။

ကိုလွင်မောင်ဆိုတဲ့ အကောင့်ကတော့ “အသည်းပေါက်တယ် မနေ့က နှမ်းဖြူး ဖြစ်စဉ် နေရာလာတယ် သစ်ပင်ဖြတ်စက် ခဏတောင်းတယ်ပေးလိုက်တယ် ဓာတ်ပုံရိုက်တယ် ပြန်ပေးတယ် အလောင်းထွက်လာတယ် အဖွဲ့တွေသယ်လာကြတယ် ခဏဝင်ကိုင်ပြီး ဓာတ်ပုံရိုက်တယ် ပြီးတော့ သူများတွေ ဆက်သယ်ကြတယ် ပြီးတော့ပျောက်သွားတယ်

အကြီးကဲ လူကြီးတွေလာတယ် ဝင်ဖောတယ် ဝင်ယောင်တယ် ကျွန်တော်တို့အဖွဲ့တွေနဲ့ မီးသတ် ရှာဖွေကယ်ဆယ်တို့ ပူးပေါင်း ထုတ်ယူခဲ့တဲ့ အလောင်းတွေကို အားလုံး သူထုတ်ယူတယ်ပေါ့ သူ တယောက်ထဲလုပ်တယ်ပေါ့ တယောက်ထဲ လုပ်လို့ရမယ်ထင်ရင် လာလုပ်ကြည့်ပါ မီးသတ်တပ်ဖွဲ့ ၊ YRO ၊ တပ်မတော်သားအားလုံး ၁၀၀ ကျော်ရှိတယ်။ ကျွန်တော်တို့အားလုံး ဖယ်ပေးပါမယ် ရူးတောင်ရူးသွားအုံးမယ် ရှက်တတ်ဖို့ကောင်းပါတယ်” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။ သူတင်ထားတဲ့ စာသားလေးနဲ့ ပတ်သက်ပြီး ပြောချင်လွန်းလို့ ပရိသတ်ကြီးရော် မင်းသား ဝေဠုကျော်ကို ဘယ်လိုမြင်ကြလဲ။ ထင်မြင်ချက်လေးလည်း ပြောကြားသွားပါဦးနော်။

Credit: နမည္ႀကီး