Zawgyiျဖင့္ဖတ္ရန္

လိုအပ္ခ်က္ေတြမ်ားျပားလာတဲ့ ၂၁ ရာစုထဲမွာ ရည္းစားထားရတာဟာ အရင္ကထက္ ပုိခက္ခဲႏုိင္ေပမယ့္ သင့္ေဘာစိက သေဘာေကာင္းရင္ေတာ့ ဒီျပႆနာကို ေက်ာ္လႊားႏုိင္ပါတယ္။ တရုတ္ႏုိင္ငံအတြင္းမွာ ကုမၸဏီႏွစ္ခုဟာ သူတုိ႔ရဲ႕ အမ်ဳိးသမီးဝန္ထမ္းေတြထဲက တစ္ကိုယ္တည္းသမားေတြကို အခ်စ္ရွာေဖြဖို႔ သီးသန္႔ပိတ္ရက္ သတ္မွတ္ေပးထားလို႔ပါ။

အဆုိပါ တရုတ္ကုမၸဏီႏွစ္ခုကေတာ့ ဟန္က်ဳိးၿမိဳ႕မွ လုပ္ငန္းႏွစ္ခုျဖစ္ၿပီး သူတုိ႔ဟာ အထီးက်န္ အမ်ဳိးသမီးဝန္ထမ္းေတြကို ၾကင္ေဖာ္ရွာဖို႔ တစ္ႏွစ္ကို လစာနဲ႔ခြင့္ရွစ္ရက္ ပုိေပးပါတယ္။ အသက္ ၃၀ ေက်ာ္ၿပီး ကံမေပၚေသးတဲ့ အမ်ဳိးသမီးေတြဆုိရင္ေတာ့ အခ်ိန္ေတာင္ပိုေပးၿပီး တစ္ႏွစ္ကို ၂ ပတ္ထိ အခ်စ္သစ္ရွာခြင့္ ရမွာပါ။ အထူးအေနအထားေတြမွာ လိုအပ္ရင္ လုိအပ္သလိုေတာင္ ထပ္ခြင့္ျပဳေပးေသးတယ္လို႔လည္း ဆုိပါတယ္။

ဒီသေဘာေကာင္းတဲ့ လုပ္ငန္းႏွစ္ခုလုံးဟာ Hangzhou Songcheng Group လုပ္ငန္းစုႀကီးရဲ႕ လက္ေအာက္ခံကုမၸဏီေတြျဖစ္ကာ သူတုိ႔ဟာ တရုတ္ႏုိင္ငံက အႀကီးဆုံးခရီးသြားဧည့္သည္ဆြဲေဆာင္မႈလုပ္ငန္း Songcheng ကိုပုိင္ဆုိင္တဲ့ လုပ္ငန္းစုျဖစ္ပါတယ္။ သူတုိ႔ဟာ ကမာၻလွည့္ခရီးသြားေတြကို Theme Park ေတြနဲ႔ ဆြဲေဆာင္ၾကၿပီး ေန႔စဥ္လိုလုိ အလုပ္လုပ္ေနရတာေၾကာင့္ အခ်စ္ေရးမွာ ပ်က္ကြက္ဖို႔လည္း ပိုလြယ္ပါတယ္။

HR မန္ေနဂ်ာျဖစ္တဲ့ ေဟာင္းလီကေတာ့ အမ်ဳိးသမီးဝန္ထမ္းေတြဟာ အတြင္းပိုင္း ရုံးအဖြဲ႕ေတြနဲ႔ သရုပ္ေဆာင္ေဖ်ာ္ေျဖသူေတြ ျဖစ္ၾကတာေၾကာင့္ ျပင္ပကမာၻနဲ႔ ထိေတြ႕မႈနည္းသထက္နည္းလာတယ္လို႔ ဆုိပါတယ္။ ဒါ့ေၾကာင့္ ဆန္႔က်င္ဘက္လိင္နဲ႔ ထိေတြ႕ခြင့္ ပိုရေအာင္ အခုလို ခြင့္ျပဳေပးတာျဖစ္ေၾကာင္း ေဟာင္းလီက ဆုိပါတယ္။

သူတုိ႔ကုမၸဏီကေတာ့ အခ်စ္ေရးကံေကာင္းျခင္းဟာ ဝန္ထမ္းေတြကို ေပ်ာ္ရႊင္ေစၿပီး ေပ်ာ္ရႊင္ေနတဲ့ ဝန္ထမ္းဟာ အလုပ္မွာ ပိုအာရုံစုိက္တက္ၾကြတယ္လို႔ ယုံၾကည္ပါတယ္။ ဒါ့ေၾကာင့္ ဝန္ထမ္းေတြရဲ႕ စြမ္းေဆာင္ရည္ ျမင့္မားေအာင္ ကူညီေပးတဲ့အေနနဲ႔ ဒီအစီအစဥ္ကို ထည့္သြင္းေပးခဲ့တာပါ။ ဒါကို “Dating Break” လို႔လည္း ေခၚေဝၚၾကပါတယ္။ ဒီအစီအစဥ္ကို ဟန္က်ဳိးၿမိဳ႕ရဲ႕ ေက်ာင္းတစ္ေက်ာင္းက အရင္စတင္ခဲ့တာျဖစ္ကာ ကေလးမရွိေသးတဲ့ လူလြတ္ဆရာေတြကို ရည္းစားရွာဖို႔ တစ္ပတ္ကို ၂ ရက္ခြဲ ပိတ္ရက္ေပးခဲ့ပါတယ္။

၂၁ ရာစုထဲမွာ လိင္ခြဲျခားမႈေဘာင္ေတြ နည္းသထက္နည္းလာၿပီး ကိုယ့္ဘဝကို ပုိမုိဇိမ္ရွိေအာင္ ေနႏုိင္ဖို႔ ႀကိဳးစားလာၾကတဲ့အတြက္ အိမ္ေထာင္ျပဳမႈ ေလ်ာ့နည္းလာပါတယ္။ ဒါ့အျပင္ တစ္ကုိယ္တည္းပဲ ေနေတာ့မယ္လို႔ ဆုံးျဖတ္ထားတဲ့ အမ်ဳိးသမီးေတြလည္း ပိုမ်ားလာတဲ့အတြက္ အခုလို အစီအစဥ္ေတြ ပိုၿပီးျမင္ေတြ႕လာရတာပါ။ ေျပာခ်င္လြန္းလို႔ တုိ႔ေရာ ဒီလိုသေဘာေကာင္းတဲ့ ကုမၸဏီေတြမွာ လုပ္ခြင့္ရရင္ လုပ္ခ်င္ေသးလား။

Unicodeဖြင့်ဖတ်ရန်

လိုအပ်ချက်တွေများပြားလာတဲ့ ၂၁ ရာစုထဲမှာ ရည်းစားထားရတာဟာ အရင်ကထက် ပိုခက်ခဲနိုင်ပေမယ့် သင့်ဘောစိက သဘောကောင်းရင်တော့ ဒီပြဿနာကို ကျော်လွှားနိုင်ပါတယ်။ တရုတ်နိုင်ငံအတွင်းမှာ ကုမ္ပဏီနှစ်ခုဟာ သူတို့ရဲ့ အမျိုးသမီးဝန်ထမ်းတွေထဲက တစ်ကိုယ်တည်းသမားတွေကို အချစ်ရှာဖွေဖို့ သီးသန့်ပိတ်ရက် သတ်မှတ်ပေးထားလို့ပါ။

အဆိုပါ တရုတ်ကုမ္ပဏီနှစ်ခုကတော့ ဟန်ကျိုးမြို့မှ လုပ်ငန်းနှစ်ခုဖြစ်ပြီး သူတို့ဟာ အထီးကျန် အမျိုးသမီးဝန်ထမ်းတွေကို ကြင်ဖော်ရှာဖို့ တစ်နှစ်ကို လစာနဲ့ခွင့်ရှစ်ရက် ပိုပေးပါတယ်။ အသက် ၃၀ ကျော်ပြီး ကံမပေါ်သေးတဲ့ အမျိုးသမီးတွေဆိုရင်တော့ အချိန်တောင်ပိုပေးပြီး တစ်နှစ်ကို ၂ ပတ်ထိ အချစ်သစ်ရှာခွင့် ရမှာပါ။ အထူးအနေအထားတွေမှာ လိုအပ်ရင် လိုအပ်သလိုတောင် ထပ်ခွင့်ပြုပေးသေးတယ်လို့လည်း ဆိုပါတယ်။

ဒီသဘောကောင်းတဲ့ လုပ်ငန်းနှစ်ခုလုံးဟာ Hangzhou Songcheng Group လုပ်ငန်းစုကြီးရဲ့ လက်အောက်ခံကုမ္ပဏီတွေဖြစ်ကာ သူတို့ဟာ တရုတ်နိုင်ငံက အကြီးဆုံးခရီးသွားဧည့်သည်ဆွဲဆောင်မှုလုပ်ငန်း Songcheng ကိုပိုင်ဆိုင်တဲ့ လုပ်ငန်းစုဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာလှည့်ခရီးသွားတွေကို Theme Park တွေနဲ့ ဆွဲဆောင်ကြပြီး နေ့စဉ်လိုလို အလုပ်လုပ်နေရတာကြောင့် အချစ်ရေးမှာ ပျက်ကွက်ဖို့လည်း ပိုလွယ်ပါတယ်။

HR မန်နေဂျာဖြစ်တဲ့ ဟောင်းလီကတော့ အမျိုးသမီးဝန်ထမ်းတွေဟာ အတွင်းပိုင်း ရုံးအဖွဲ့တွေနဲ့ သရုပ်ဆောင်ဖျော်ဖြေသူတွေ ဖြစ်ကြတာကြောင့် ပြင်ပကမ္ဘာနဲ့ ထိတွေ့မှုနည်းသထက်နည်းလာတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဆန့်ကျင်ဘက်လိင်နဲ့ ထိတွေ့ခွင့် ပိုရအောင် အခုလို ခွင့်ပြုပေးတာဖြစ်ကြောင်း ဟောင်းလီက ဆိုပါတယ်။

သူတို့ကုမ္ပဏီကတော့ အချစ်ရေးကံကောင်းခြင်းဟာ ဝန်ထမ်းတွေကို ပျော်ရွှင်စေပြီး ပျော်ရွှင်နေတဲ့ ဝန်ထမ်းဟာ အလုပ်မှာ ပိုအာရုံစိုက်တက်ကြွတယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် မြင့်မားအောင် ကူညီပေးတဲ့အနေနဲ့ ဒီအစီအစဉ်ကို ထည့်သွင်းပေးခဲ့တာပါ။ ဒါကို “Dating Break” လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ဒီအစီအစဉ်ကို ဟန်ကျိုးမြို့ရဲ့ ကျောင်းတစ်ကျောင်းက အရင်စတင်ခဲ့တာဖြစ်ကာ ကလေးမရှိသေးတဲ့ လူလွတ်ဆရာတွေကို ရည်းစားရှာဖို့ တစ်ပတ်ကို ၂ ရက်ခွဲ ပိတ်ရက်ပေးခဲ့ပါတယ်။

၂၁ ရာစုထဲမှာ လိင်ခွဲခြားမှုဘောင်တွေ နည်းသထက်နည်းလာပြီး ကိုယ့်ဘဝကို ပိုမိုဇိမ်ရှိအောင် နေနိုင်ဖို့ ကြိုးစားလာကြတဲ့အတွက် အိမ်ထောင်ပြုမှု လျော့နည်းလာပါတယ်။ ဒါ့အပြင် တစ်ကိုယ်တည်းပဲ နေတော့မယ်လို့ ဆုံးဖြတ်ထားတဲ့ အမျိုးသမီးတွေလည်း ပိုများလာတဲ့အတွက် အခုလို အစီအစဉ်တွေ ပိုပြီးမြင်တွေ့လာရတာပါ။ ပြောချင်လွန်းလို့ တို့ရော ဒီလိုသဘောကောင်းတဲ့ ကုမ္ပဏီတွေမှာ လုပ်ခွင့်ရရင် လုပ်ချင်သေးလား။

Credit: နမည္ႀကီး