Zawgyiျဖင့္ဖတ္ရန္

တခ်ိန္တုန္းက ျပိဳင္ဖက္ကင္း မင္းသမီး တေယာက္ျဖစ္ခဲ့ျပီး ျမန္မာတႏိုင္ငံလံုးက ပရိသတ္ေတြရဲ့ အခ်စ္ကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ မင္းသမီး ထက္ထက္မိုးဦးကေတာ့ အခ်စ္ေရးဖက္မွာေတာ့ သူ႔အေနနဲ႔ ကံမေကာင္းခဲ့ပါဘူး။ သူ႔အေနနဲ႔ အခ်စ္ေရးကို ကံမေကာင္းတာမ်ားလာေတာ့ လက္ရွိမွာ တေယာက္ထဲရပ္တည္ေနျပီး အႏုပညာလုပ္ငန္းေတြကို ဆက္လက္လုပ္ကိုင္ဖို႔ ရွိေနပါတယ္။ လက္ရွိမွာလည္း သူ႔ရဲ့ အခ်စ္ေရးေတြနဲ႔ ပတ္သက္ျပီး ေျပာၾကားသြား ခဲ့ပါတယ္။

ထက္ထက္မိုးဦးကေတာ့ အခ်စ္ေရး ကံမေကာင္းခဲ့တာနဲ႔ ပတ္သက္ျပီး “ငယ္ငယ္တုန္းကေတာ့ ကိုမင္းဦးနဲ႔ ၁၀ ႏွစ္ေက်ာ္တြဲခဲ့တယ္။ အရမ္းခ်စ္ခဲ့တာပဲေလ။ အဲ့ဒါေတြ ျပီးသြားတဲ့ေနာက္ပိုင္းမွာေတာ့ အၾကာၾကီးခ်စ္ခဲ့ျပီးမွ က်န္တဲ့ အခ်စ္ေတြကေတာ့ ဘာမွမဟုတ္သလိုပဲ။ ပထမဦးဆံုးကေတာ့ ရင္ခုန္တာေပါ့။ ဒါေတြကလည္း ျပီးခဲ့ပါျပီ”

မထက္ အခ်စ္ေရး ကိစၥအေပၚ ဘယ္ေလာက္ထိ ခံစားရလဲဆိုတဲ့ ေမးခြန္းကိုေတာ့ “အသက္ေတြ ေျပာင္းလဲလာတာနဲ႔ အမွ် အခ်စ္ဆိုတာထက္ ဘဝတခုကို ဘယ္လိုေကာင္းေအာင္ တည္ေဆာက္ရမလဲေပါ့။ အဲ့လိုပဲ ရပ္တည္ရတာေပါ့။ ဒါေပမယ့္လည္း အဲ့လိုရပ္တည္ျပီးမွ ၾကားထဲမွာ ျဖစ္ခဲ့တာေတြကလည္း မျဖစ္နဲ႔ဆိုျပီး ဆြဲထားလို႔မွ မရတာ။ ကံကုန္ျပီဆိုရင္ တမိုးေအာက္ထဲမွာ မရွိေတာ့ဘူးေလ။ ဒါေတြက နားလည္တဲ့သူေတြမွ နားလည္တာေပါ့။ အခ်စ္ကိုေတာ့ ဘယ္ေျပာင္းခ်င္ပါ့မလဲ။

တေယာက္ဆို တေယာက္ပဲ ခ်စ္ရတာ ေပ်ာ္တာေပါ့။ ဒါေပမယ့္ ေနာက္ဆံုးေတာ့လည္း အနားမွာ ရွိတဲ့သူက အခ်စ္ဆံုးျဖစ္သြားတာပဲ။ ကိုယ့္ကိုတန္ဖိုးထားတဲ့သူနားမွာ ေနရတာကေတာ့ အေကာင္းဆံုးပဲေလ။ ကိုယ့္ကို တန္ဖိုး မထားတဲ့သူနားေနရတာကေတာ့ မေကာင္းဘူးေပါ့။ ဒါေပမယ့္ ဘယ္လိုပဲ ျဖစ္ျဖစ္ပါ။ ဘဝကိုျပန္တည္ေဆာက္ရမယ္။ မေသမခ်င္းေတာ့ အလုပ္လုပ္ေနရဦးမွာပဲ။ အလုပ္မလုပ္ပဲနဲ႔လည္း ေနလို႔မွ မရတာ။ အလုပ္လုပ္ေနရင္ေတာ့ ေကာင္းပါတယ္။ အဲ့ေၾကာင့္ ထက္ထက္ အလုပ္ကိုပဲ ၾကိဳးစားေနပါတယ္”

သတိအရဆံုးသူက ဘယ္သူျဖစ္မလဲဆိုတဲ့ အေပၚမွာေတာ့ ထက္ထက္မိုးဦးက “မလုပ္နဲ႔ေနာ္ ငိုမွာ ဘာလုိ႔လဲဆိုေတာ့ လူတိုင္းလူတိုင္းရင္ထဲမွာ တခုခုေတာ့ ရွိၾကတာပဲ။ မရွိတဲ့သူေတာ့ မရွိပါဘူး။ ဒါေတြကို ခဏေဘးနားထားျပီးေတာ့ ဘဝရပ္တည္ဖို႔အတြက္ပဲ ရပ္တည္ေနရတာကို”

Personal ဘာပဲျဖစ္ျဖစ္ ပရိသတ္ေတြ အားေပးမပ်က္ၾကတဲ့ အေပၚမွာေတာ့ “အႏုပညာနဲ႔ ပတ္သက္ရင္လည္း ထက္ထက္ကို ဘယ္ေနရာပဲ ခိုင္းခုိင္းပါ။ ခု အသက္ၾကီးေတာ့လည္း အေမခန္း ရုိက္ရင္ရိုက္ရေပါ့။ ေၾကာ္ျငာေတြအမ်ားၾကီး ရိုက္ခဲ့ျပီး အႏုပညာေတြ လုပ္ခဲ့တဲ့ သူတေယာက္ဆိုေတာ့ ဘယ္ေနရာပဲ ရုိက္ရရိုက္ရ ကိုယ္သင့္ေတာ္တဲ့ေနရာမွာ ရရာဇာတ္ရုပ္ကို အားမေလ်ာ့ပဲ ၾကိဳးစားမွာပဲေလ” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Unicodeဖြင့်ဖတ်ရန်

တချိန်တုန်းက ပြိုင်ဖက်ကင်း မင်းသမီး တယောက်ဖြစ်ခဲ့ပြီး မြန်မာတနိုင်ငံလုံးက ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသမီး ထက်ထက်မိုးဦးကတော့ အချစ်ရေးဖက်မှာတော့ သူ့အနေနဲ့ ကံမကောင်းခဲ့ပါဘူး။ သူ့အနေနဲ့ အချစ်ရေးကို ကံမကောင်းတာများလာတော့ လက်ရှိမှာ တယောက်ထဲရပ်တည်နေပြီး အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ဖို့ ရှိနေပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ အချစ်ရေးတွေနဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။

ထက်ထက်မိုးဦးကတော့ အချစ်ရေး ကံမကောင်းခဲ့တာနဲ့ ပတ်သက်ပြီး “ငယ်ငယ်တုန်းကတော့ ကိုမင်းဦးနဲ့ ၁၀ နှစ်ကျော်တွဲခဲ့တယ်။ အရမ်းချစ်ခဲ့တာပဲလေ။ အဲ့ဒါတွေ ပြီးသွားတဲ့နောက်ပိုင်းမှာတော့ အကြာကြီးချစ်ခဲ့ပြီးမှ ကျန်တဲ့ အချစ်တွေကတော့ ဘာမှမဟုတ်သလိုပဲ။ ပထမဦးဆုံးကတော့ ရင်ခုန်တာပေါ့။ ဒါတွေကလည်း ပြီးခဲ့ပါပြီ”

မထက် အချစ်ရေး ကိစ္စအပေါ် ဘယ်လောက်ထိ ခံစားရလဲဆိုတဲ့ မေးခွန်းကိုတော့ “အသက်တွေ ပြောင်းလဲလာတာနဲ့ အမျှ အချစ်ဆိုတာထက် ဘဝတခုကို ဘယ်လိုကောင်းအောင် တည်ဆောက်ရမလဲပေါ့။ အဲ့လိုပဲ ရပ်တည်ရတာပေါ့။ ဒါပေမယ့်လည်း အဲ့လိုရပ်တည်ပြီးမှ ကြားထဲမှာ ဖြစ်ခဲ့တာတွေကလည်း မဖြစ်နဲ့ဆိုပြီး ဆွဲထားလို့မှ မရတာ။ ကံကုန်ပြီဆိုရင် တမိုးအောက်ထဲမှာ မရှိတော့ဘူးလေ။ ဒါတွေက နားလည်တဲ့သူတွေမှ နားလည်တာပေါ့။ အချစ်ကိုတော့ ဘယ်ပြောင်းချင်ပါ့မလဲ။

တယောက်ဆို တယောက်ပဲ ချစ်ရတာ ပျော်တာပေါ့။ ဒါပေမယ့် နောက်ဆုံးတော့လည်း အနားမှာ ရှိတဲ့သူက အချစ်ဆုံးဖြစ်သွားတာပဲ။ ကိုယ့်ကိုတန်ဖိုးထားတဲ့သူနားမှာ နေရတာကတော့ အကောင်းဆုံးပဲလေ။ ကိုယ့်ကို တန်ဖိုး မထားတဲ့သူနားနေရတာကတော့ မကောင်းဘူးပေါ့။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဘဝကိုပြန်တည်ဆောက်ရမယ်။ မသေမချင်းတော့ အလုပ်လုပ်နေရဦးမှာပဲ။ အလုပ်မလုပ်ပဲနဲ့လည်း နေလို့မှ မရတာ။ အလုပ်လုပ်နေရင်တော့ ကောင်းပါတယ်။ အဲ့ကြောင့် ထက်ထက် အလုပ်ကိုပဲ ကြိုးစားနေပါတယ်”

သတိအရဆုံးသူက ဘယ်သူဖြစ်မလဲဆိုတဲ့ အပေါ်မှာတော့ ထက်ထက်မိုးဦးက “မလုပ်နဲ့နော် ငိုမှာ ဘာလို့လဲဆိုတော့ လူတိုင်းလူတိုင်းရင်ထဲမှာ တခုခုတော့ ရှိကြတာပဲ။ မရှိတဲ့သူတော့ မရှိပါဘူး။ ဒါတွေကို ခဏဘေးနားထားပြီးတော့ ဘဝရပ်တည်ဖို့အတွက်ပဲ ရပ်တည်နေရတာကို”

Personal ဘာပဲဖြစ်ဖြစ် ပရိသတ်တွေ အားပေးမပျက်ကြတဲ့ အပေါ်မှာတော့ “အနုပညာနဲ့ ပတ်သက်ရင်လည်း ထက်ထက်ကို ဘယ်နေရာပဲ ခိုင်းခိုင်းပါ။ ခု အသက်ကြီးတော့လည်း အမေခန်း ရိုက်ရင်ရိုက်ရပေါ့။ ကြော်ငြာတွေအများကြီး ရိုက်ခဲ့ပြီး အနုပညာတွေ လုပ်ခဲ့တဲ့ သူတယောက်ဆိုတော့ ဘယ်နေရာပဲ ရိုက်ရရိုက်ရ ကိုယ်သင့်တော်တဲ့နေရာမှာ ရရာဇာတ်ရုပ်ကို အားမလျော့ပဲ ကြိုးစားမှာပဲလေ” ဟု ပြောကြားသွား ခဲ့ပါတယ်။

Credit: နမည္ႀကီး