Zawgyiျဖင့္ဖတ္ရန္

ထုိင္းနုိင္ငံရဲ႕ နာမည္ၾကီးမင္းသမီး Baifern Pimchanok ကုိေတာ့ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက Crazy Little Thing Called Love ဆိုတဲ့ လူငယ္အခ်စ္ရုပ္ရွင္ဇာတ္ကားေလးထဲက မင္းသမီးေလးအျဖစ္ မွတ္မိၾကမွာပါ။ Baifern ဟာ အျပင္ေလာကမွာလည္း အဲဒီရုပ္ရွင္ဇာတ္ကားထဲက မင္းသား Mario ကုိ ရုပ္ရွင္ထဲက လုိပဲ တိတ္တိတ္ေလးၾကိတ္ျပီး နွစ္ေတြအၾကာၾကီး crush ေနသူေလးျဖစ္ျပီး Mario နဲ႔ ဆင္တူအသံုးအေဆာင္ေလးေတြေတာင္ လုိက္ဝယ္ျပီးသံုးတတ္သူပါ။ ဒါေပမယ့္ Mario ကေတာ့ သူ႔ကုိလုပ္ေဖာ္ကုိင္ဖက္လို ညီမေလးလိုပဲသေဘာထားေၾကာင္း အင္တာဗ်ဴးေတြမွာေျဖခဲ့ဖူးပါတယ္။ Baifern က ဆယ္ေက်ာ္သက္အရြယ္ကတည္းက ရုပ္ရွင္ဇာတ္လမ္းတြဲေတြ၊ ရုပ္ရွင္ကားၾကီးေတြနဲ႔ ကာရိုက္တာအမ်ိဳးမ်ိဳးနဲ႔ ပရိသတ္ရင္ထဲကုိေရာက္လာခဲ့ျပီး တဟုန္ထုိးေအာင္ျမင္လာခဲ့တဲ့ မင္းသမီးေခ်ာေလးျဖစ္ျပီး ထုိင္းနို္င္ငံရဲ႕ ရတနာတစ္ပါးလိုု႔ နို္င္ငံတကာသတင္းဌာနေတြက တင္စားရတဲ့ ျပစ္မ်ိဳးမွဲ႕မထင္ေခ်ာေမာလွပတဲ့ မင္းသမီးတစ္လက္ျဖစ္ပါတယ္။

ျမန္မာနိုင္ငံရဲ႕ ပိုင္တံခြန္ကေတာ့ ခ်စ္ဖုိ႔ေကာင္းျပီးကေလးဆန္တဲ့အမူအရာေလးေတြ၊ အျပစ္ကင္းစင္တဲ့မ်က္ဝန္းေတြနဲ႔ က်စ္လ်စ္ေတာင့္တင္းတဲ့ကိုယ္ေနဟန္ထားေတြေၾကာင့္ အိမ္နီးခ်င္းနိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ေက်ာ္ၾကားမႈဂုဏ္သတင္းေမႊးပ်ံ႕ေနသူျဖစ္ျပီး ရုတ္တရက္ၾကီးထျပီး ေအာ္ျမင္သြားခဲ့တာ လပိုင္းေလာက္သာၾကာပါေသးတယ္။ ပိုင္တံခြန္က အခ်ိန္အနည္းငယ္အတြင္းမွာတင္ ထုိင္းမွာ Fan Meeting ေတြသြားလုပ္ခဲ့ျပီး အနုပညာအလုပ္ေတြလည္းလုပ္ကုိင္ေနျပီျဖစ္သလို ထုိင္းပ်ိဳမဒီေလးေတြရဲ႕အသည္းကုိ အပုိ္င္သိမ္းထားလုိက္ခဲ့ပါျပီ။ ပိုင္တံခြန္က မၾကာေသးမီက အင္တာဗ်ဴးမွာ သူခ်စ္တဲ့သူက ထုိင္းလူမ်ဳိဳးလည္းျဖစ္နုိင္တယ္လို႔ေျဖသြားခဲ့ျပီး သူ႕ရဲ႕စိတ္ကူးထဲက ခ်စ္သူကေတာ့ Baifern ျဖစ္ေၾကာင္းနဲ႔ ျဖစ္နုိင္ရင္ Baifern နဲ႔ ခဏေလာက္ေတြ႕ျပီးစကားေျပာခ်င္တယ္လို႔ ေျဖသြားေၾကာင္းသိရပါတယ္။

ပိုင္တံခြန္ရဲ႕ ေအာင္ျမင္မႈအရွိန္က Baifern လို လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္တဲ့ မင္းသမီးကုိေတာင္ သူ႔ကုိသတိထားမိေစဖို႔ျဖစ္လာခဲ့ျပီလို႔ပဲဆိုရမွာပါ။ မၾကာေသးမီက ထုိင္းမီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ Baifern က ျမန္မာရဲ႕ ပိုင္တံခြန္ကုိသိလားလို႔ အေမးခံခဲ့ခ်ိန္မွာ ခ်စ္စရာေကာင္းစြာ ခဏေလာက္စဥ္းစားလိုက္ျပီး “အခုနာမည္ၾကီးေနတဲ့ ပုိင္တံခြန္လား၊ သိတယ္ေလ ၾကားမိပါတယ္”လို႔ အဓိပၸါယ္ရတဲ့စကားေတြ ေျဖၾကားခဲ့တယ္လို႔သိရပါတယ္။ ပိုင္တံခြန္ရဲ႕ ပရိသတ္ေတြကေတာ့ Baifern ရဲ႕ အေျဖအတြက္ဝမ္းသာေနၾကျုပီး ထုိင္းနုိင္ငံမွာအနုပညာအလုပ္ေတြသြားလုပ္ေနတဲ့ ပိုင္တံခြန္နဲ႔ Baifern နဲ႔ အလုပ္အတူတူလုပ္ဖို႔မ်ားျဖစ္လာနုိင္မလားလို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Baifern နဲ႔ ပိုင္တံခြန္နဲ႔ လို္က္ဖက္တယ္လို႔ထင္ၾကလား။ Baifern နဲ႔ ပုိင္တံခြန္နဲ႔ အနုုပညာအလုပ္ေတြအတူူတူလုပ္ရင္ေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Unicodeဖြင့်ဖတ်ရန်

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီး Baifern Pimchanok ကိုတော့ ပရိသတ်တော်တော်များများက Crazy Little Thing Called Love ဆိုတဲ့ လူငယ်အချစ်ရုပ်ရှင်ဇာတ်ကားလေးထဲက မင်းသမီးလေးအဖြစ် မှတ်မိကြမှာပါ။ Baifern ဟာ အပြင်လောကမှာလည်း အဲဒီရုပ်ရှင်ဇာတ်ကားထဲက မင်းသား Mario ကို ရုပ်ရှင်ထဲက လိုပဲ တိတ်တိတ်လေးကြိတ်ပြီး နှစ်တွေအကြာကြီး crush နေသူလေးဖြစ်ပြီး Mario နဲ့ ဆင်တူအသုံးအဆောင်လေးတွေတောင် လိုက်ဝယ်ပြီးသုံးတတ်သူပါ။ ဒါပေမယ့် Mario ကတော့ သူ့ကိုလုပ်ဖော်ကိုင်ဖက်လို ညီမလေးလိုပဲသဘောထားကြောင်း အင်တာဗျူးတွေမှာဖြေခဲ့ဖူးပါတယ်။ Baifern က ဆယ်ကျော်သက်အရွယ်ကတည်းက ရုပ်ရှင်ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားကြီးတွေနဲ့ ကာရိုက်တာအမျိုးမျိုးနဲ့ ပရိသတ်ရင်ထဲကိုရောက်လာခဲ့ပြီး တဟုန်ထိုးအောင်မြင်လာခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ရတနာတစ်ပါးလို့ နိုင်ငံတကာသတင်းဌာနတွေက တင်စားရတဲ့ ပြစ်မျိုးမှဲ့မထင်ချောမောလှပတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပိုင်တံခွန်ကတော့ ချစ်ဖို့ကောင်းပြီးကလေးဆန်တဲ့အမူအရာလေးတွေ၊ အပြစ်ကင်းစင်တဲ့မျက်ဝန်းတွေနဲ့ ကျစ်လျစ်တောင့်တင်းတဲ့ကိုယ်နေဟန်ထားတွေကြောင့် အိမ်နီးချင်းနိုင်ငံတော်တော်များများမှာ ကျော်ကြားမှုဂုဏ်သတင်းမွှေးပျံ့နေသူဖြစ်ပြီး ရုတ်တရက်ကြီးထပြီး အော်မြင်သွားခဲ့တာ လပိုင်းလောက်သာကြာပါသေးတယ်။ ပိုင်တံခွန်က အချိန်အနည်းငယ်အတွင်းမှာတင် ထိုင်းမှာ Fan Meeting တွေသွားလုပ်ခဲ့ပြီး အနုပညာအလုပ်တွေလည်းလုပ်ကိုင်နေပြီဖြစ်သလို ထိုင်းပျိုမဒီလေးတွေရဲ့အသည်းကို အပိုင်သိမ်းထားလိုက်ခဲ့ပါပြီ။ ပိုင်တံခွန်က မကြာသေးမီက အင်တာဗျူးမှာ သူချစ်တဲ့သူက ထိုင်းလူမျိုးလည်းဖြစ်နိုင်တယ်လို့ဖြေသွားခဲ့ပြီး သူ့ရဲ့စိတ်ကူးထဲက ချစ်သူကတော့ Baifern ဖြစ်ကြောင်းနဲ့ ဖြစ်နိုင်ရင် Baifern နဲ့ ခဏလောက်တွေ့ပြီးစကားပြောချင်တယ်လို့ ဖြေသွားကြောင်းသိရပါတယ်။

ပိုင်တံခွန်ရဲ့ အောင်မြင်မှုအရှိန်က Baifern လို လျှမ်းလျှမ်းတောက်အောင်မြင်တဲ့ မင်းသမီးကိုတောင် သူ့ကိုသတိထားမိစေဖို့ဖြစ်လာခဲ့ပြီလို့ပဲဆိုရမှာပါ။ မကြာသေးမီက ထိုင်းမီဒီယာတွေနဲ့အင်တာဗျူးမှာ Baifern က မြန်မာရဲ့ ပိုင်တံခွန်ကိုသိလားလို့ အမေးခံခဲ့ချိန်မှာ ချစ်စရာကောင်းစွာ ခဏလောက်စဉ်းစားလိုက်ပြီး “အခုနာမည်ကြီးနေတဲ့ ပိုင်တံခွန်လား၊ သိတယ်လေ ကြားမိပါတယ်”လို့ အဓိပ္ပါယ်ရတဲ့စကားတွေ ဖြေကြားခဲ့တယ်လို့သိရပါတယ်။ ပိုင်တံခွန်ရဲ့ ပရိသတ်တွေကတော့ Baifern ရဲ့ အဖြေအတွက်ဝမ်းသာနေကြြုပီး ထိုင်းနိုင်ငံမှာအနုပညာအလုပ်တွေသွားလုပ်နေတဲ့ ပိုင်တံခွန်နဲ့ Baifern နဲ့ အလုပ်အတူတူလုပ်ဖို့များဖြစ်လာနိုင်မလားလို့ မျှော်လင့်နေကြပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Baifern နဲ့ ပိုင်တံခွန်နဲ့ လိုက်ဖက်တယ်လို့ထင်ကြလား။ Baifern နဲ့ ပိုင်တံခွန်နဲ့ အနုပညာအလုပ်တွေအတူူတူလုပ်ရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Credit: နမည္ႀကီး