Zawgyiျဖင့္ဖတ္ရန္

ကုိေပါက္ဟာဆုိရင္ သူၾကီးသားဇာတ္ရုပ္နဲ႔ ပရိသတ္ေတာ္ေတာ္မ်ားမ်ားသိလာၾကတဲ့ သရုပ္ေဆာင္တစ္ဦးျဖစ္ျပီး ေနာက္ပုိင္းမွာ ဒါရုိက္တာတစ္ဦးအျဖစ္အနုပညာဖန္တီးမႈလုပ္လာျပီး ပရိသတ္အားေပးမႈရရွိထားတာလည္းျဖစ္ပါတယ္။ သရုပ္ေဆာင္အသစ္ေတြေတာ္ေတာ္မ်ားမ်ားကုိလမ္းညႊန္ျပသေပးခဲ့တဲ့ ကုိေပါက္္က မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ လက္ရွိအနုပညာလႈပ္ရွုားမႈေတြအေၾကာင္းေျပာျပသြားပါတယ္။

လက္ရွိအနုပညာလႈပ္ရွားမႈအေနနဲ႔ စစ္ကားရုိက္ေနေၾကာင္း ကုိေပါက္က “Seventh Sense ကေနရုိက္မယ့္ရုပ္ရွင္ေပါ့ေနာ္။ ဒီဇာတ္ကားမွာ ပါဝင္မယ့္သရုပ္ေဆာင္ေတြက ေနတုိး၊ေက်ာ္ေက်္ာဗိုလ္၊ေရႊထူး၊ျမင့္ျမတ္၊ ေနမ်ိဳးေအာင္၊ေနထူးနုိင္၊ေအာင္ပုိင္၊ေက်ာ္ေဇာဟိန္း၊ ညီညီမင္းထက္နဲ႔ အျခားလူရႊင္ေတာ္ေတြအမ်ားၾကီးပါမယ့္ ရုပ္ရွင္ျဖစ္တယ္။ ဒီရုပ္ရွင္သည္ comedian ပါမယ္၊ action ပါမယ္၊ adventure ပါမယ္။ Drama ပါမယ္ေပါ့ေနာ္။ ပရိသတ္ကုိ ရသအစံုေလးေကြ်းထားတယ္ေပါ့ေနာ္”လို႔ ေျပာျပထားပါတယ္။

စစ္ကားဆိုေပမယ့္ လူေတြထင္ေနၾကတဲ့ ေပၚလစီကားမဟုတ္ေၾကာင္း “အေရးၾကီးတာေလးေျပာခ်င္တာက စစ္ကားစစ္ကားဆိုျပီးေတာ့ ကြ်န္ေတာ္တို႔ ဒီကားသည္ နို္င္ငံေတာ္ကားမဟုတ္ပါဘူး။ ေပၚလစီကားမဟုတ္ပါဘူး။ စစ္တပ္ေကာင္းေၾကာင္းေတြေရရြတ္ျပီးေတာ့ လုပ္ေဆာင္ခ်က္ေတြေျပာမယ့္ကားလည္းမဟုတ္ဘူး။ ပရိသတ္ေတြကုိ ရယ္စရာေတြေပ်ာ္စရာေတြ၊လြမ္းစရာေတြခ်စ္စရာေတြေပးမယ္။ ျမင္ေနတဲ့ဟာနဲ႔ တျခားစီျဖစ္မွာပါလို႔ေျပာခ်င္ပါတယ္”လို႔ ေျပာထားပါတယ္။

အဲဒီရုပ္ရွင္ရဲ႕ ဇာတ္လမ္းအေၾကာင္းကုိ ကုိေပါက္က “ဒီဇာတ္ကားထဲမွာ ရွိတဲ့ရြာေပါ့။အဲဒီရြာက ကြ်န္ေတာ့္ရဲ႕ စိတ္ကူးထဲက စိတ္ကူးယဥ္ထားတဲ့ ရြာေလးတစ္ရြာသာျဖစ္တယ္။ ဒီရြာမွာေနေနၾကတဲ့ ဇာတ္ေကာင္ေတြအားလံုးသည္လည္း ကြ်န္ေတာ့္ရဲ႕ စိတ္ကူးယဥ္ထားေသာ လူသားေတြ ဇာတ္ေကာင္ေတြသာျဖစ္တယ္။ ဒီထဲမွာအဝတ္အစား costume ဆိုရင္လည္း အဲဒီေခတ္အဲဒီအခါနဲ႔ နီးစပ္တဲ့အဝတ္အစား ခ်ည္ထည္ေတြသာေရြးခ်ယ္ၾကတယ္။ ေရြးခ်ယ္ျပီးေတာ့အဝတ္အစားဒီဇုိင္းဆိုရင္လည္း ကုိယ့္ဘာသာျပန္လုပ္ထားတာ။ဒီထဲက plot ေတြအကုန္လံုးသည္ ကြ်န္ေတာ့္ရဲ႕ စိတ္ကူးယဥ္ထဲက ဟာေတြသာျဖစ္တယ္။ တအားၾကီးေတြ ဒုတိယကမၻာစစ္ျဖစ္ျပီး ဟုိပစၥည္းက်မရွိဘူး၊ ဒီပစၥည္းေတာ့မရွိဘူးဆိုတာေတြ ဝိေရာဓိေတြမျဖစ္ၾကပါနဲ႔လို႔ ကြ်န္ေတာ္စိတ္ကူးယဥ္ထားတဲ့ဟာေလးလို႔သာျမင္ေပးပါလို႔” ေျပာထားပါေသးတယ္။

မရွိေသးတဲ့ မင္းသားအတြဲအစပ္ေတြနဲ႔ တြဲျပီးရို္က္ဖို႔စီစဥ္ထားတယ္လို႔လည္း “ကြ်န္ေတာ္က မင္းသားေတြ ေခါင္ေတြကုိ ဘယ္လိုတြဲရမလဲ စဥ္းစားတာေပါ့။ ေနတိုးနဲ႔ ေက်ာ္ေက်ာ္ဗိုလ္ဆိုရင္ရွိတယ္။ ဒါေပမယ့္ ေနတုိးနဲ႔ထူးေအာင္ဆိုမရွိဘူးေလ။ ထူးေအာင္နဲ႔ ေရႊထူးဆိုတာလည္းမရွိဘူး။ ေနတိုးနဲ႔ေရႊထူးဆိုတာလည္းမရွိဘူး အဲ့လိုအတြဲအစပ္ေတြနဲ႔ကုိမွ ေနမ်ိဳးေအာင္တို႔ေနထူးနုိ္င္တို႔လည္း ထပ္တြဲထားတယ္။ ပရိသတ္စိတ္ဝင္စားမယ့္အတြဲအစပ္တစ္ခုကုိကြ်န္ေတာ္က တည္ေဆာက္တာေပါ့”လို႔ ေျဖၾကားထားပါတယ္။

Unicodeဖြင့်ဖတ်ရန်

ကိုပေါက်ဟာဆိုရင် သူကြီးသားဇာတ်ရုပ်နဲ့ ပရိသတ်တော်တော်များများသိလာကြတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာ ဒါရိုက်တာတစ်ဦးအဖြစ်အနုပညာဖန်တီးမှုလုပ်လာပြီး ပရိသတ်အားပေးမှုရရှိထားတာလည်းဖြစ်ပါတယ်။ သရုပ်ဆောင်အသစ်တွေတော်တော်များများကိုလမ်းညွှန်ပြသပေးခဲ့တဲ့ ကိုပေါက်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှုားမှုတွေအကြောင်းပြောပြသွားပါတယ်။

လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ စစ်ကားရိုက်နေကြောင်း ကိုပေါက်က “Seventh Sense ကနေရိုက်မယ့်ရုပ်ရှင်ပေါ့နော်။ ဒီဇာတ်ကားမှာ ပါဝင်မယ့်သရုပ်ဆောင်တွေက နေတိုး၊ကျော်ကျေ်ာဗိုလ်၊ရွှေထူး၊မြင့်မြတ်၊ နေမျိုးအောင်၊နေထူးနိုင်၊အောင်ပိုင်၊ကျော်ဇောဟိန်း၊ ညီညီမင်းထက်နဲ့ အခြားလူရွှင်တော်တွေအများကြီးပါမယ့် ရုပ်ရှင်ဖြစ်တယ်။ ဒီရုပ်ရှင်သည် comedian ပါမယ်၊ action ပါမယ်၊ adventure ပါမယ်။ Drama ပါမယ်ပေါ့နော်။ ပရိသတ်ကို ရသအစုံလေးကျွေးထားတယ်ပေါ့နော်”လို့ ပြောပြထားပါတယ်။

စစ်ကားဆိုပေမယ့် လူတွေထင်နေကြတဲ့ ပေါ်လစီကားမဟုတ်ကြောင်း “အရေးကြီးတာလေးပြောချင်တာက စစ်ကားစစ်ကားဆိုပြီးတော့ ကျွန်တော်တို့ ဒီကားသည် နိုင်ငံတော်ကားမဟုတ်ပါဘူး။ ပေါ်လစီကားမဟုတ်ပါဘူး။ စစ်တပ်ကောင်းကြောင်းတွေရေရွတ်ပြီးတော့ လုပ်ဆောင်ချက်တွေပြောမယ့်ကားလည်းမဟုတ်ဘူး။ ပရိသတ်တွေကို ရယ်စရာတွေပျော်စရာတွေ၊လွမ်းစရာတွေချစ်စရာတွေပေးမယ်။ မြင်နေတဲ့ဟာနဲ့ တခြားစီဖြစ်မှာပါလို့ပြောချင်ပါတယ်”လို့ ပြောထားပါတယ်။

အဲဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကြောင်းကို ကိုပေါက်က “ဒီဇာတ်ကားထဲမှာ ရှိတဲ့ရွာပေါ့။အဲဒီရွာက ကျွန်တော့်ရဲ့ စိတ်ကူးထဲက စိတ်ကူးယဉ်ထားတဲ့ ရွာလေးတစ်ရွာသာဖြစ်တယ်။ ဒီရွာမှာနေနေကြတဲ့ ဇာတ်ကောင်တွေအားလုံးသည်လည်း ကျွန်တော့်ရဲ့ စိတ်ကူးယဉ်ထားသော လူသားတွေ ဇာတ်ကောင်တွေသာဖြစ်တယ်။ ဒီထဲမှာအဝတ်အစား costume ဆိုရင်လည်း အဲဒီခေတ်အဲဒီအခါနဲ့ နီးစပ်တဲ့အဝတ်အစား ချည်ထည်တွေသာရွေးချယ်ကြတယ်။ ရွေးချယ်ပြီးတော့အဝတ်အစားဒီဇိုင်းဆိုရင်လည်း ကိုယ့်ဘာသာပြန်လုပ်ထားတာ။ဒီထဲက plot တွေအကုန်လုံးသည် ကျွန်တော့်ရဲ့ စိတ်ကူးယဉ်ထဲက ဟာတွေသာဖြစ်တယ်။ တအားကြီးတွေ ဒုတိယကမ္ဘာစစ်ဖြစ်ပြီး ဟိုပစ္စည်းကျမရှိဘူး၊ ဒီပစ္စည်းတော့မရှိဘူးဆိုတာတွေ ဝိရောဓိတွေမဖြစ်ကြပါနဲ့လို့ ကျွန်တော်စိတ်ကူးယဉ်ထားတဲ့ဟာလေးလို့သာမြင်ပေးပါလို့” ပြောထားပါသေးတယ်။

မရှိသေးတဲ့ မင်းသားအတွဲအစပ်တွေနဲ့ တွဲပြီးရိုက်ဖို့စီစဉ်ထားတယ်လို့လည်း “ကျွန်တော်က မင်းသားတွေ ခေါင်တွေကို ဘယ်လိုတွဲရမလဲ စဉ်းစားတာပေါ့။ နေတိုးနဲ့ ကျော်ကျော်ဗိုလ်ဆိုရင်ရှိတယ်။ ဒါပေမယ့် နေတိုးနဲ့ထူးအောင်ဆိုမရှိဘူးလေ။ ထူးအောင်နဲ့ ရွှေထူးဆိုတာလည်းမရှိဘူး။ နေတိုးနဲ့ရွှေထူးဆိုတာလည်းမရှိဘူး အဲ့လိုအတွဲအစပ်တွေနဲ့ကိုမှ နေမျိုးအောင်တို့နေထူးနိုင်တို့လည်း ထပ်တွဲထားတယ်။ ပရိသတ်စိတ်ဝင်စားမယ့်အတွဲအစပ်တစ်ခုကိုကျွန်တော်က တည်ဆောက်တာပေါ့”လို့ ဖြေကြားထားပါတယ်။

Credit: နမည္ႀကီး