Zawgyiျဖင့္ဖတ္ရန္

သ႐ုပ္ေဆာင္တဲ့ေနရာမွာ ေသခ်ာျပင္ဆင္ၿပီး ကိုယ့္ရထားတဲ့ကာ႐ုိက္တာကုိ အေကာင္းဆုံး အပီအျပင္ဆုံး သ႐ုပ္ေဆာင္ႏုိင္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးလက္ခံျခင္းကုိ ခံထားရတဲ့ မင္းသား ေနဒြးကေတာ့ သူ႔ကုိေဒၚလာ၂ေသာင္းဖုိး ေဒၚလာ၂သိန္းဖုိးေတြ မ်က္ႏွာျပင္ဖုိ႔ စပြန္ဆာေပးမယ့္သူေတြ႐ွိေပမယ့္လည္း စိတ္မဝင္စားလုိ႔ မလုပ္ဘူးဆုိတာကုိ 8days နဲ႔အင္တာဗ်ဴးတစ္ခုမွာေျပာသြားခဲ့ပါတယ္။

ေနေဒြးက “တခ်ိဳ႕က မ်က္ႏွာျပင္လုိက္တာလားတဲ့ No ကြၽန္ေတာ္က ေဆးထုိးရမယ္ဆုိရင္ ကြၽန္ေတာ္အရမ္းေၾကာက္တာ။ ေသာက္ေဆးနဲ႔ေဆးထုိးရမယ္ဆုိရင္ ေဆးမထုိးဘူးကြၽန္ေတာ္က။ ကြၽန္ေတာ္ျပင္ရင္လည္းေျပာပါမယ္ ဒါေပမဲ့ ျပင္တာကုိ ဝါသနာမပါဘူး။ ၿပီးေတာ့ ကြၽန္ေတာ့္မ်က္ႏွာကုိလူတုိင္းကေျပာတယ္ ျပင္စရာမလုိဘူးတဲ့။ ကြၽန္ေတာ့္ကုိ စပြန္ဆာေပးတဲ့လူေတြ႐ွိတယ္ ေဒၚလာ၂ေသာင္းဖုိး ေဒၚလာ၂သိန္းဖုိးျပင္မလား ဘယ္လုိေတြလုပ္မလဲ အဲ့လုိေတြေပါ့ေနာ္။ စိတ္မဝင္စားဘူး အဓိက ကြၽန္ေတာ္ အကုန္လုံးကုိ Gym နဲ႔ပဲေျပာင္းလဲလုိက္တာ။ Protein ေသာက္တယ္ Weight Protein ေသာက္တယ္။ အစားအေသာက္ေတြေျပာင္းလဲတယ္ ဒီေန႔နဲ႔ဆုိ ညစာမစားတာ ၆လ႐ွိသြားၿပီ လုံးဝ ညစာမစားဘူး။ ကြၽန္ေတာ္အုပ္ၾကမ္းေသာက္တယ္ အုပ္ၾကမ္းဆုိတာ ေကြကာအုပ္အၾကမ္း အဲ့တာကုိ ဆာတုိင္း ကြၽန္ေတာ္စားတယ္

။ ေန႔လည္ဘက္ကုိေတာ့ထမင္းစားတယ္ ဆီေၾကာ္ေတြကုိေ႐ွာင္လုိက္တယ္။ ကြၽန္ေတာ္က ပဲပလာတာအီိၾကာေကြးအရမ္းႀကိဳက္တာ အဲ့တာေတြအကုန္လုံးကုိေ႐ွာင္လုိက္တယ္။ ကြၽန္ေတာ္ေျပာင္းလဲလုိက္တယ္ အဓိက Bodyပုိင္းေျပာင္းလဲလုိက္တယ္ Gym ေတြဖိေဆာ့တယ္ အဲ့တာေၾကာင့္မုိ႔လုိ႔ မ်က္ႏွာက Shave ေတြဘာေတြေျပာင္းကုန္တယ္။ ပရိသတ္ေတြအတြက္ေျပာင္းလဲမႈေပါ့ အသစ္ေပါ့ အေဟာင္းမျဖစ္ခ်င္ေတာ့ဘူး အရင္ေနေဒြးလုိမျဖစ္ခ်င္ေတာ့ဘူး ကာ႐ုိက္တာမ်ိဳးစုံ႐ုိက္တာလည္း မျဖစ္ခ်င္ေတာ့ဘူး။ ပရိသတ္အတြက္ ၾကည့္တာ တန္ေစခ်င္တယ္။ ကြၽန္ေတာ္အသုံးမက်ရင္ ကြၽန္ေတာ္ခံမယ္ ကြၽန္ေတာ္ေကာင္းရင္ ပရိသတ္အတြက္ အမ်ားႀကီးႀကိဳးစားမယ္။”လုိ႔ေျပာသြားခဲ့ပါတယ္။

ကား႐ုိက္ေတြနားထားတဲ့အခ်ိန္မွာ ဘာေတြ လုပ္ျဖစ္ေနလဲလုိ႔ေမးျမန္းရာ “ဗီဒီယုိေစ်းကြက္ပ်က္သြားတဲ့အခ်ိန္မွာ ပရိသတ္ကုိ မညာခ်င္ေတာ့ဘူး။ ျမန္မာေပါကား Group ေတြဘာေတြက႐ွိတာကုိ သူတုိ႔ေဝဖန္တာေထာက္ျပတာ အရမ္းေကာင္းတယ္ မွန္တယ္ေလ အဲ့ေတာ့ ကြၽန္ေတာ္လည္း႐ွက္တာေပါ့ ဘာလုပ္ေတာ့မွာလဲ အေကာင္းဆုံးေတြေျပာင္းလဲမယ္ ငါေနာက္ဆုတ္မယ္ ငါ့မွာ အရည္အခ်င္း႐ွိရင္ေတာ့ ငါ့ကုိလူေတြေမ့မွာ မဟုတ္ဘူး။ အရည္အခ်င္းမ႐ွိရင္ေတာ့ ေမ့သြားမွာေပါ့ေနာ္။ ဒါက ကံနဲ႔ပဲဆုိင္တယ္ ဒီၾကားထဲမွာ ကြၽန္ေတာ္ဘာသာေရးလုပ္တယ္ စီးပြားေရးလုပ္တယ္ ဆန္လုပ္ငန္းလုပ္တယ္ ဆန္ပြဲ႐ုံေတြဘာေတြလုပ္တယ္။ ၈လေလာက္ထြက္တဲ့အခ်ိန္မွာ အဲ့ဘက္ပဲ လုပ္ျဖစ္တယ္။

Unicodeဖြင့်ဖတ်ရန်

သရုပ်ဆောင်တဲ့နေရာမှာ သေချာပြင်ဆင်ပြီး ကိုယ့်ရထားတဲ့ကာရိုက်တာကို အကောင်းဆုံး အပီအပြင်ဆုံး သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးလက်ခံခြင်းကို ခံထားရတဲ့ မင်းသား နေဒွးကတော့ သူ့ကိုဒေါ်လာ၂သောင်းဖိုး ဒေါ်လာ၂သိန်းဖိုးတွေ မျက်နှာပြင်ဖို့ စပွန်ဆာပေးမယ့်သူတွေရှိပေမယ့်လည်း စိတ်မဝင်စားလို့ မလုပ်ဘူးဆိုတာကို 8days နဲ့အင်တာဗျူးတစ်ခုမှာပြောသွားခဲ့ပါတယ်။

နေဒွေးက “တချို့က မျက်နှာပြင်လိုက်တာလားတဲ့ No ကျွန်တော်က ဆေးထိုးရမယ်ဆိုရင် ကျွန်တော်အရမ်းကြောက်တာ။ သောက်ဆေးနဲ့ဆေးထိုးရမယ်ဆိုရင် ဆေးမထိုးဘူးကျွန်တော်က။ ကျွန်တော်ပြင်ရင်လည်းပြောပါမယ် ဒါပေမဲ့ ပြင်တာကို ဝါသနာမပါဘူး။ ပြီးတော့ ကျွန်တော့်မျက်နှာကိုလူတိုင်းကပြောတယ် ပြင်စရာမလိုဘူးတဲ့။ ကျွန်တော့်ကို စပွန်ဆာပေးတဲ့လူတွေရှိတယ် ဒေါ်လာ၂သောင်းဖိုး ဒေါ်လာ၂သိန်းဖိုးပြင်မလား ဘယ်လိုတွေလုပ်မလဲ အဲ့လိုတွေပေါ့နော်။ စိတ်မဝင်စားဘူး အဓိက ကျွန်တော် အကုန်လုံးကို Gym နဲ့ပဲပြောင်းလဲလိုက်တာ။ Protein သောက်တယ် Weight Protein သောက်တယ်။ အစားအသောက်တွေပြောင်းလဲတယ် ဒီနေ့နဲ့ဆို ညစာမစားတာ ၆လရှိသွားပြီ လုံးဝ ညစာမစားဘူး။ ကျွန်တော်အုပ်ကြမ်းသောက်တယ် အုပ်ကြမ်းဆိုတာ ကွေကာအုပ်အကြမ်း အဲ့တာကို ဆာတိုင်း ကျွန်တော်စားတယ်

။ နေ့လည်ဘက်ကိုတော့ထမင်းစားတယ် ဆီကြော်တွေကိုရှောင်လိုက်တယ်။ ကျွန်တော်က ပဲပလာတာအီကြာကွေးအရမ်းကြိုက်တာ အဲ့တာတွေအကုန်လုံးကိုရှောင်လိုက်တယ်။ ကျွန်တော်ပြောင်းလဲလိုက်တယ် အဓိက Bodyပိုင်းပြောင်းလဲလိုက်တယ် Gym တွေဖိဆော့တယ် အဲ့တာကြောင့်မို့လို့ မျက်နှာက Shave တွေဘာတွေပြောင်းကုန်တယ်။ ပရိသတ်တွေအတွက်ပြောင်းလဲမှုပေါ့ အသစ်ပေါ့ အဟောင်းမဖြစ်ချင်တော့ဘူး အရင်နေဒွေးလိုမဖြစ်ချင်တော့ဘူး ကာရိုက်တာမျိုးစုံရိုက်တာလည်း မဖြစ်ချင်တော့ဘူး။ ပရိသတ်အတွက် ကြည့်တာ တန်စေချင်တယ်။ ကျွန်တော်အသုံးမကျရင် ကျွန်တော်ခံမယ် ကျွန်တော်ကောင်းရင် ပရိသတ်အတွက် အများကြီးကြိုးစားမယ်။”လို့ပြောသွားခဲ့ပါတယ်။

ကားရိုက်တွေနားထားတဲ့အချိန်မှာ ဘာတွေ လုပ်ဖြစ်နေလဲလို့မေးမြန်းရာ “ဗီဒီယိုဈေးကွက်ပျက်သွားတဲ့အချိန်မှာ ပရိသတ်ကို မညာချင်တော့ဘူး။ မြန်မာပေါကား Group တွေဘာတွေကရှိတာကို သူတို့ဝေဖန်တာထောက်ပြတာ အရမ်းကောင်းတယ် မှန်တယ်လေ အဲ့တော့ ကျွန်တော်လည်းရှက်တာပေါ့ ဘာလုပ်တော့မှာလဲ အကောင်းဆုံးတွေပြောင်းလဲမယ် ငါနောက်ဆုတ်မယ် ငါ့မှာ အရည်အချင်းရှိရင်တော့ ငါ့ကိုလူတွေမေ့မှာ မဟုတ်ဘူး။ အရည်အချင်းမရှိရင်တော့ မေ့သွားမှာပေါ့နော်။ ဒါက ကံနဲ့ပဲဆိုင်တယ် ဒီကြားထဲမှာ ကျွန်တော်ဘာသာရေးလုပ်တယ် စီးပွားရေးလုပ်တယ် ဆန်လုပ်ငန်းလုပ်တယ် ဆန်ပွဲရုံတွေဘာတွေလုပ်တယ်။ ၈လလောက်ထွက်တဲ့အချိန်မှာ အဲ့ဘက်ပဲ လုပ်ဖြစ်တယ်။

Credit: နမည္ႀကီး