Zawgyiဖြင့်ဖတ်ရန်
ဒစ္စ​နေးအကျဉ်း​ထောင်
တော်​ဝင်​ဂိုဏ်း
အတူတူ​ဆော့ကြမယ်
Unicodeဖြင့်ဖတ်ရန်
ဒစ္စနေးရုပ်ရှင်ချစ်သူတွေအတွက် သိပ်ပြီးရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်စေတာက ဒစ္စနေးရုပ်ရှင်ဇာတ်ကောင်တွေပါ။ ဒစ္စနေးရုပ်ရှင်ထဲက ဇာတ်ကောင်တွေကို အပြင်မှာတကယ်မြင်ရမယ်ဆိုရင် ကလေးတွေအတွက် မှော်ဆန်ဆန်ပဲ ခံစားလှုပ်ရှားရမယ်ဆိုတာ သေချာပါတယ်။ ဒီလိုခံစားမှုတွေပေးစွမ်းတဲ့ ဒစ္စနေးရုပ်ရှင်ဥယျာဉ်ကို သွားလည်တဲ့အခါ အဓိက သိထားသင့်တဲ့ လျှို့ဝှက်ချက် ၅ ချက် ကို အခုတင်ဆက်ပေးလိုက်ပါတယ်။
ဒစ္စနေးအကျဉ်းထောင်
ဒစ္စနေးပန်းခြံထဲမှာ ဒစ္စနေး ဒစ္စနေးအကျဉ်းထောင် ရှိပါတယ်။ ပန်းခြံထဲ တော်ရုံတန်ရုံ ပျော်ရွှင်ရရုံလောက် မကြိုက်တဲ့ ဧည့်သည်တွေနဲ့ လည်ပတ်သူတွေအတွက် အထူးခုံမင်စရာတစ်ခုပါပဲ။ ကိုယ့်မိတ်ဆွေတွေကို ငါ ဒစ္စနေအကျဉ်းထောင်ထဲသောင်းကျန်းခဲ့တယ်လို့ ပြန်ကြွားရရင် သိပ်ဂုဏ်ယူစရာပါပေါ့ဗျာ။
တော်ဝင်ဂိုဏ်း
ဒစ္စနေး မင်းသား မင်းသမီးတွေကို ဂိုဏ်းတစ်ခုလိုဖွဲ့စည်းပေးထားတဲ့ နေရာလေးတစ်ခုပါပဲ။ ဒစ္စနေးပရိသတ်တွေတော့ အပျော်ရွှင်ဆုံး ဖြစ်မှာပါ။ အဲ့ဒီက ကော်ဖီဆိုင်လေးကလဲ အထက်တန်းကျောင်းသားဘဝကို ပြန်လွမ်းရဆွေးရအောင် ဖန်တီးထားတာပါ။
စကားမပြောတဲ့ Goofy တွေ
ဒစ္စနေးဇာတ်ကောင်တွေနဲ့ ဆုံတွေ့တဲ့အခါ သူတို့ကိုစကားသွားပြောလဲ ပြန်ပြောကြမယ်မှာမဟုတ်ပါဘူး။ ကိုယ်ကြိုက်သလိုမေးခွန်းတွေကိုမေး၊ သူတို့ကပြန်ဖြေမှာမဟုတ်ပါဘူး။ ဧည့်သည်ပရိသတ်တွေကိုတော့ ရင်းနှီးခင်မင်စွာနဲ့ ဖက်လှဲတကင်း ပွေ့ဖက်နှုတ်ဆက်ပေးမှာတော့ အသေအချာပဲပေါ့ဗျာ။
မျက်မမြင်အရုပ်ကြီးတွေ
တကယ်တော့ ဒီအရုပ်ကြီးတွေက ထွင်းဖောက်မြင်နိုင်ပါတယ်။ ဇာတ်ရုပ်တွေလက်ထဲ ကိုယ့်ကလေးကိုပေးလိုက်မိရင် သတိလေးတော့ထားပေးဖို့လိုပါတယ်။
အတူတူဆော့ကြမယ်
မှော်ဆန်ဆန်ဝတ်စုံကို ဝတ်ထားလို့ ကလေးလေးတွေကသိပ်ပြီးအံ့သြသွားကြမယ်ဆိုတာတော့ အမှန်ပါပဲ။ ဒီအချိန်မှာ ဒီအရုပ်ကြီးတွေက ကလေးတွေရဲ့တကယ်ဟီးရိုးတွေအနေနဲ့ စိတ်လှုပ်ရှားစေမယ့်အပြင် အတူတကွဆော့ကစားပေးကြမှာပါ။
Credit: နမည်ကြီး ( ZAW)