Zawgyiဖြင့်ဖတ်ရန်


 



Unicodeဖြင့်ဖတ်ရန်

မျိုးရိုးမတိမ်ကောဘူးဆိုတဲ့ ဆိုရိုးစကားလေးက ကျနော်တို့ မြန်မာနိုင်ငံ မှာတော်တော်များများ မိသားစုတွေမှာလည်း ကြုံတွေ့နေကျ စကားလေးလည်းဖြစ်ပါတယ်။ အခုကျနော် အခုလည်း အနုပညာမျိုးရိုးမြင့်တဲ့ မျိုးဆက်တစ်ခုဖြစ်တဲ့ ဒွေးရဲ့ သမီးလေး ဆည်းလည်း လေးတစ်ယောက်ကို ဦးလေးဖြစ်သူ သားညီက ဇာတ်လမ်းတွဲတစ်ခုမှာ မင်းသမီးအဖြစ် ရိုက်ကူးမယ့် အကြောင်းကို Myanmar Celebrity နဲ့ အင်တာဗျူးမှာပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် တင်ဆက်ပြောပြပေးလိုက်ပါတယ် ။

သားညီက ဆည်းလည်းကို ခေါင်းဆောင်မင်းသမီးအဖြစ်တင်ရိုက်ဖြစ်တဲ့အကြောင်းကို “ သူ့ကိုစပြီးတော့ အိုင်ဒီယာရတာကတော့ ခင်စန္ဒာမြင့်ပေါ့ ။ ခင်စန္ဒာမြင့်က သူ့ကိုအဲ့ဒီလိုလေးရိုက်ချင်တယ်ဆိုတော့ ကျနော်က ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်သူ့ကို တအားကြီး မယုံကြည်ရဲသေးဘူး ။ဘာဖြစ်လို့လဲဆိုတဲ့ သာမာန်ဇာတ်လမ်းတွဲတစ်ခုအနေနဲ့ဝင်ရိုက်လိုက်တာ ပြဿနာမရှိဘူး ။အဲ့ဒါကြောင့်ခင်စန္ဒာမြင့်ကိုပြောတာ နင်သေချာပြီလား စိတ်ချလား ယုံကြည်လား ဆိုတော့ ရတယ်ယုံကြည်တယ်ဆိုတော့ ချပေါ့ ။ သူ့ကိုမေးကြည့်တော့ သူကလည်းစိတ်ဝင်စားတယ်ဆိုတော့ ကျနော်တို့ပြင်ဆင်နေတာ တော့တော်တော်ကြာပြီ ။ ကျနော်တို့ Camera Test တွေလုပ်တဲ့အချိန်မှာ သူကအရမ်းကို Relax ဖြစ်လွန်းအားကြီးတယ် ။ အိုက်တင်ကို Detail လုပ်ရမယ့်အပိုင်းတွေတော့ ဘယ်လိုဖြစ်လာမလဲမသိသေးဘူး ကျနော်တို့အဲ့တာကိုတော့ Testမလုပ်ရသေးဘူး ။ရိုးရိုးအခန်းတွေကတော့ Test လုပ်ပြီးပြီး အဲ့တာတော့အိုကေပဲ”ဆိုပြီးပြောပြသွားပါတယ်။

ဆည်းလည်းကလည်း “ စိုးရိမ်တာက တကယ်ဟဲဗီးဖြစ်မယ့် ဆင်းန်တွေ ဒရာမာဘက်ပိုသွားမယ့် အခန်းလေးတွေကို ဦးသဲတို့က ပြပြီး ရှေ့ကနေတော့ ခေါ်သွားမှာပဲပေါ့ ညီမဘယ်လိုလုပ်နိုင်မလဲပေါ့ ။ ညီမအကောင်းဆုံးကြိုးစားသွားမှာပါ ။ အိုက်တင်ကတော့လေ အခုမှ ပထမဆုံးစလုပ်တာဆိုတော့ ဘယ်လိုပုံနဲ့လိုက်မလဲဆိုတာ မသိသေးဘူး”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Credit: နမည္ႀကီး