Zawgyiျဖင့္ဖတ္ရန္

မုိးစက္ဝုိင္ဟ ာဆိုရင္ ပရိသတ္အခိုင္အမာရထားတဲ့ ေမာ္ဒယ္မင္းသမီးတစ္ေယာက္ျဖစ္ျပီး Modelling ပုိင္းမွာထူးခြ်န္သူတစ္ဦးျဖစ္သလုိ နုိ္င္ငံတကာအသိအမွတ္ျပဳ အရည္အခ်င္းရွိ Miss တစ္ဥိီးလည္းျဖစ္တာမုိ႔ အနုပညာေလာကထဲက လုပ္ေဖာ္ကုိင္ဖက္ေတြရဲ႕ေလးစားျခင္းကုိလည္းခံရျပီး ေအာင္ျမင္မႈကုိအခုအခ်ိန္ထိထိန္းသိမ္းထားနုိင္ဆဲ အနုပညာရွင္တစ္ဦးျဖစ္ပါတယ္။ မိုးစက္ဝိုင္က မၾကာေသးမီကမိီဒီယာေတြနဲ႔အင္တာဗ်ဴးမွာအတိုက္အခိုက္ေတြေဝဖန္မႈေတြအေပၚသေဘာထားနဲ႔ Rich kid လို႔ခ်စ္စနိုးနဲ႔ စေနၾကတာကုိလည္း တံု႔ျပန္သြားပါတယ္။

မိုးစက္က ကုိယ့္ကုိုယ္ကုိယ္ rich kid လို႔ မခံယူဘူးလို႔ “မုိးစက္က Rich kid လို႔ကုိယ့္ကုိယ္ကုိယ္မခံယူထားပါဘူး။အိ္မ္ကေတာ့ အေျခအေနေကာင္းပါတယ္။ မိုးစက္ကုိ ေကြ်းနုိ္င္ေမြးနိုင္ေပးသံုးနိုင္ပါတယ္။ မုိးစက္က ျဖစ္ခ်င္တာက ကုိယ့္ဘာသာကုိယ္ရပ္တည္မႈတစ္ခုလိုခ်င္တယ္။ ကုိယ့္အရည္အခ်င္းတစ္ခုနဲ႔ ကုိယ့္ပတ္ဝန္းက်င္ကုိျပန္ျပီးအက်ိဳးျပဳနုိင္တာမ်ိဳးျဖစ္ခ်င္တယ္ေပါ့ေနာ္။ လူတိုင္းက တစ္ေန႔က်ရင္ေသရမွာပဲေပါ့။ မေသခင္မွာ Flash back ျပန္လုပ္တဲ့အခါ ကုိယ္ဘာေတြလုပ္ခဲ့လဲျပန္ၾကည့္လို႔ရွိရင္ မုိးစက္ဂုဏ္ယူရမယ့္ဟာေတြပဲျဖစ္ခ်င္တယ္ေပါ့ေနာ္”လို႔ ေျပာျပထားပါတယ္။

လူေတြအေပၚဘယ္လုိမ်ဳိးဆက္ဆံလဲဆိုတဲ့ေမးခြန္းကုိမိုးစက္က “မုိးစက္က ကုိယ့္အေပၚေကာင္းတဲ့လူနဲ႔ ကုိယ့္အေပၚဆိုးတဲ့လူေပါ့ေနာ္။ အဲ့လိုပဲသတ္မွတ္ခ်က္ရွိတယ္။ အဓိကက အကုန္လံုးကုိလည္း ေတြ႕တာနဲ႔ ဒီလူမေကာင္းဘူးဆိုတိုင္းလည္း အဲဒီလူမေကာင္းဘူးလို႔ မုိးစက္မထင္ဘူးေပါ့ေနာ္။ ဒါကုိယ့္ရဲ႕ဆက္ဆံတဲ့ပံုစံေပါ့။အဆင္မေျပဘူးဆိုတာ အေၾကာင္းအမ်ိဳးမ်ိဳးရွိနုိင္တယ္ေလ။ ကုိယ္နဲ႔အဆင္ေျပရင္လည္းေျပမွာေပါ့။ တစ္ခါတစ္ေလက်ရင္ ကုိယ္သူ႔အေပၚေကာင္းတဲ့အတြက္ သူစိတ္ေျပာင္းသြားတာလည္းျဖစ္နုိင္တယ္ေလ။ အဲဒီလိုမ်ိဳးေလးေတြေတာ့ရွိတယ္။ အဲဒီအတြက္ေၾကာင့္မို႔ မိုးစက္က ခြဲျခားတာမ်ိဳးေတာ့မရွိပါဘူး”လိုိ႔ ရွင္းျပထားပါတယ္။

ေဝဖန္မႈေတြအတိုက္အခိုက္ေတြအေပၚ ကုိုင္တြယ္ပံုကုိလည္း မိုးစက္က “အတိုက္အခိုက္ကေတာ့ အစပုိင္းတုန္းက မုိးစက္လည္း ေတာ္ေတာ္ေလးကုိ ထိပါတယ္။ ထိတဲ့အေပၚမွာ မိသားစုနဲ႔ပတ္္သက္လာတယ္ဆိုရင္ မိသားစုက စိတ္ေပ်ာ့တယ္ေလ။ ေၾကာက္တယ္။ အဲဒီလိုမ်ိဳးဟာေတြမၾကိဳက္ဘူးေပါ့ေနာ္။ အဲဒီလိုမ်ိဳးက်ေတာ့ မိသားစုရဲ႕ pressure မိရင္ေတာ့ ေတာ္ေတာ္ေလးကုိ မုိးစက္ထိပါတယ္။ ဒါေပမယ့္ ျပန္စဥ္းစားလိုက္ေတာ့လည္း အတုိက္အခိုက္ဆိုတာ စာေတြဘာေတြျပန္ဖတ္ၾကည့္လိုက္တယ္။ သူမ်ားေတြသတင္းေတြဘာေတြၾကည့္ေတာ့လည္း အတိုက္အခိုက္ကလည္း ေနရာတကာရွိေနတာပါပဲ။ ကုိယ္တစ္ေယာက္တည္းတုိိက္ခိုက္ခံရတာမဟုတ္ဘူးေပါ့ေနာ္။ အဲဒီလိုမ်ိဳးနဲ႔ပဲ ျပန္ေျဖလို႔ရပါတယ္”လို႔ ေျပာျပထားပါတယ္။

ပရိုဂ်ဴဆာျဖစ္တဲ့အစ္ကုိျဖစ္သူက အၾကံညဏ္ေပးတာေတြကုိလည္း မုိးစက္က “သူက ပရိုဂ်ဴဆာအေနနဲ႔ဆိုေတာ့ ေကာင္းတဲ့ကားေရြးမယ္။ ဇာတ္ညႊန္းေတြသူၾကည့္မယ္ အဲ့လုိေပ့ါေနာ္။ မုိးစက္ကုိေတာ့ ထားပါေတာ့ ဒီကားရုိက္မယ္ဆိုရင္ နင္အေကာင္းဆံုးျဖစ္ေအာင္ရိုက္၊နင္ေသခ်ာျပင္ဆင္၊ နင္ acting ဝင္ေအာင္လုပ္၊ script ကုိေသခ်ာဖတ္၊ ဒီလိုပဲေျပာတာပဲ ရွိပါတယ္”လို႔ ေျပာျပထားပါတယ္။

Unicodeဖြင့်ဖတ်ရန်

မိုးစက်ဝိုင်ဟာဆိုရင် ပရိသတ်အခိုင်အမာရထားတဲ့ မော်ဒယ်မင်းသမီးတစ်ယောက်ဖြစ်ပြီး Modelling ပိုင်းမှာထူးချွန်သူတစ်ဦးဖြစ်သလို နိုင်ငံတကာအသိအမှတ်ပြု အရည်အချင်းရှိ Miss တစ်ဦးလည်းဖြစ်တာမို့ အနုပညာလောကထဲက လုပ်ဖော်ကိုင်ဖက်တွေရဲ့လေးစားခြင်းကိုလည်းခံရပြီး အောင်မြင်မှုကိုအခုအချိန်ထိထိန်းသိမ်းထားနိုင်ဆဲ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ မိုးစက်ဝိုင်က မကြာသေးမီကမီဒီယာတွေနဲ့အင်တာဗျူးမှာအတိုက်အခိုက်တွေဝေဖန်မှုတွေအပေါ်သဘောထားနဲ့ Rich kid လို့ချစ်စနိုးနဲ့ စနေကြတာကိုလည်း တုံ့ပြန်သွားပါတယ်။

မိုးစက်က ကိုယ့်ကိုယ်ကိုယ် rich kid လို့ မခံယူဘူးလို့ “မိုးစက်က Rich kid လို့ကိုယ့်ကိုယ်ကိုယ်မခံယူထားပါဘူး။အိမ်ကတော့ အခြေအနေကောင်းပါတယ်။ မိုးစက်ကို ကျွေးနိုင်မွေးနိုင်ပေးသုံးနိုင်ပါတယ်။ မိုးစက်က ဖြစ်ချင်တာက ကိုယ့်ဘာသာကိုယ်ရပ်တည်မှုတစ်ခုလိုချင်တယ်။ ကိုယ့်အရည်အချင်းတစ်ခုနဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုပြန်ပြီးအကျိုးပြုနိုင်တာမျိုးဖြစ်ချင်တယ်ပေါ့နော်။ လူတိုင်းက တစ်နေ့ကျရင်သေရမှာပဲပေါ့။ မသေခင်မှာ Flash back ပြန်လုပ်တဲ့အခါ ကိုယ်ဘာတွေလုပ်ခဲ့လဲပြန်ကြည့်လို့ရှိရင် မိုးစက်ဂုဏ်ယူရမယ့်ဟာတွေပဲဖြစ်ချင်တယ်ပေါ့နော်”လို့ ပြောပြထားပါတယ်။

လူတွေအပေါ်ဘယ်လိုမျိုးဆက်ဆံလဲဆိုတဲ့မေးခွန်းကိုမိုးစက်က “မိုးစက်က ကိုယ့်အပေါ်ကောင်းတဲ့လူနဲ့ ကိုယ့်အပေါ်ဆိုးတဲ့လူပေါ့နော်။ အဲ့လိုပဲသတ်မှတ်ချက်ရှိတယ်။ အဓိကက အကုန်လုံးကိုလည်း တွေ့တာနဲ့ ဒီလူမကောင်းဘူးဆိုတိုင်းလည်း အဲဒီလူမကောင်းဘူးလို့ မိုးစက်မထင်ဘူးပေါ့နော်။ ဒါကိုယ့်ရဲ့ဆက်ဆံတဲ့ပုံစံပေါ့။အဆင်မပြေဘူးဆိုတာ အကြောင်းအမျိုးမျိုးရှိနိုင်တယ်လေ။ ကိုယ်နဲ့အဆင်ပြေရင်လည်းပြေမှာပေါ့။ တစ်ခါတစ်လေကျရင် ကိုယ်သူ့အပေါ်ကောင်းတဲ့အတွက် သူစိတ်ပြောင်းသွားတာလည်းဖြစ်နိုင်တယ်လေ။ အဲဒီလိုမျိုးလေးတွေတော့ရှိတယ်။ အဲဒီအတွက်ကြောင့်မို့ မိုးစက်က ခွဲခြားတာမျိုးတော့မရှိပါဘူး”လို့ ရှင်းပြထားပါတယ်။

ဝေဖန်မှုတွေအတိုက်အခိုက်တွေအပေါ် ကိုင်တွယ်ပုံကိုလည်း မိုးစက်က “အတိုက်အခိုက်ကတော့ အစပိုင်းတုန်းက မိုးစက်လည်း တော်တော်လေးကို ထိပါတယ်။ ထိတဲ့အပေါ်မှာ မိသားစုနဲ့ပတ်သက်လာတယ်ဆိုရင် မိသားစုက စိတ်ပျော့တယ်လေ။ ကြောက်တယ်။ အဲဒီလိုမျိုးဟာတွေမကြိုက်ဘူးပေါ့နော်။ အဲဒီလိုမျိုးကျတော့ မိသားစုရဲ့ pressure မိရင်တော့ တော်တော်လေးကို မိုးစက်ထိပါတယ်။ ဒါပေမယ့် ပြန်စဉ်းစားလိုက်တော့လည်း အတိုက်အခိုက်ဆိုတာ စာတွေဘာတွေပြန်ဖတ်ကြည့်လိုက်တယ်။ သူများတွေသတင်းတွေဘာတွေကြည့်တော့လည်း အတိုက်အခိုက်ကလည်း နေရာတကာရှိနေတာပါပဲ။ ကိုယ်တစ်ယောက်တည်းတိုက်ခိုက်ခံရတာမဟုတ်ဘူးပေါ့နော်။ အဲဒီလိုမျိုးနဲ့ပဲ ပြန်ဖြေလို့ရပါတယ်”လို့ ပြောပြထားပါတယ်။

ပရိုဂျူဆာဖြစ်တဲ့အစ်ကိုဖြစ်သူက အကြံညဏ်ပေးတာတွေကိုလည်း မိုးစက်က “သူက ပရိုဂျူဆာအနေနဲ့ဆိုတော့ ကောင်းတဲ့ကားရွေးမယ်။ ဇာတ်ညွှန်းတွေသူကြည့်မယ် အဲ့လိုပေ့ါနော်။ မိုးစက်ကိုတော့ ထားပါတော့ ဒီကားရိုက်မယ်ဆိုရင် နင်အကောင်းဆုံးဖြစ်အောင်ရိုက်၊နင်သေချာပြင်ဆင်၊ နင် acting ဝင်အောင်လုပ်၊ script ကိုသေချာဖတ်၊ ဒီလိုပဲပြောတာပဲ ရှိပါတယ်”လို့ ပြောပြထားပါတယ်။

Credit: နမည္ၾကီး