Zawgyiျဖင့္ဖတ္ရန္

ေနထက္လင္း ဟာဆိုရင္ ပရိသတ္ေတြအားေပးတဲ့အက္ရွင္မင္းသားၾကီးတစ္လက္ျဖစ္ျပီးအခုထိလည္း ရုပ္ရွင္ေတြမွာသရုပ္ေဆာင္ေနဆဲနုပ်ိဳေနဆဲမင္းသားၾကီးပါ။ေနထက္လင္းက အခုတေလာပရိသတ္ေတြၾကားမွာ စန္းပြင့္ျပီး ေကာင္မေလးေတြေၾကြတာခံေနရတဲ့ သားျဖစ္သူ ထက္လင္းေအာင္အတြက္လည္း ဂုဏ္ယူမဆံုးတျပံဳးျပံဳးျဖစ္ေနရတာပါ။ ေနထက္လင္းက မၾကာေသးမီကမီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ သားကုိသြန္သင္ဆံုးမပံုေတြနဲ႔ သားကုိရုပ္ဆိုးတယ္လုိ႔ေျပာရင္မၾကိဳက္ေၾကာင္းေျပာျပလာခဲ့ပါတယ္။

ေနထက္္လင္းက သားျဖစ္သူကုိ စိတ္္ထားတတ္ေအာင္ သင္ေပးျဖစ္တယ္လုိ႔ “အနုပညာသမား အနုပညာရွင္ဆိုတာ စိတ္ခံစားမႈလြယ္တယ္ေပါ့။ ပါးတယ္ေပါ့ေနာ္။ ဒါေပမယ့္ ဘယ္အခ်ိန္က်ရင္ဘယ္လိုရင့္က်က္ရမယ္။ ဘယ္အခ်ိန္က်ရင္ဘယ္လိုခံနုိင္ရည္ရွိေအာင္ ၾကိဳးစားရမယ္။ စိတ္ခံစားမႈပါးတဲ့အတြက္ စိတ္ကုိ relax ျဖစ္ေအာင္အျမဲတမ္းေျဖေလွ်ာ့ေပးရမယ္။ Tension ေတြမဝင္ရဘူး။ ေသာကေတြ စိုးရိမ္တာေတြမဝင္ရဘူး။ လူေတြအကုန္လံုးကုိေမတၱာထားရမယ္။အဲဒါေလးေတြေတာ့အျမဲတမ္း ဆံုးမပါတယ္”လို႔ ေျပာျပထားပါတယ္။

ေနထက္လင္းက သားအတြက္ မိန္းမကအစ ေသေသခ်ာခ်ာေရြးယူခဲ့တာျဖစ္ေၾကာင္း “ကြ်န္ေတာ္က စျပီးေတာ့ မိန္းမမယူခင္ကတည္းက ကြ်န္ေတာ့္သားေလးနွာတံေပၚရမယ္၊မ်က္လံုးလွရမယ္၊ဆံပင္ေကာင္းရမယ္ အဲ့လိုမိန္းမ်ိဳးလိုက္ရွာတာေပါ့ေနာ္။အသားညိဳရင္လည္းမၾကိဳက္ဘူုး။ ဒါကကြ်န္ေတာ့္ရဲ႕ စံသတ္မွတ္မႈေပ့ါ။ မိန္းမေတြအမ်ားၾကီးရွိလည္းကာရိုက္တာၾကည့္ေသးတယ္။ ကာရိုက္တာမေကာင္းရင္လည္းအေမကဘာျဖစ္တယ္အေျပာခံရမယ္။ ရည္းစားမ်ားရင္လည္းမေကာင္းဘူး။အဲ့လိုမ်ိဳးအမ်ိဳးစံုေတြေပါ့။ စံသတ္မွတ္တာေပါ့။ ကြ်န္ေတာ့္အမ်ိဳးသမီးကုိ ေတြ႕တဲ့အခ်ိန္မွာ ဒါ ငါယူမယ့္မိန္းမပဲလို႔တန္းသိတယ္”လို႔ ရင္ဖြင့္ထားပါတယ္။

သားကိုပိုးေမြးသလိုေမြးလာတာမို႔ ရုပ္ဆိုးတယ္လို႔ေျပာရင္မၾကိဳက္ဘူးလို႔လည္း “သားကုိ ရဖို႔ကြ်န္ေတာ္သံုးနွစ္ေလာက္ေစာင့္လုိက္ရတယ္။ ရျပန္ျပီပ်က္က်သြားျပန္ျပီ၊ ကေလးရွိျပန္ျပီ ပ်က္က်သြားျပန္ျပီနဲ႔။ အခုသားကုိလည္း ကြ်န္ေတာ္ငယ္ငယ္ကတည္းက ဂရုတစိုက္နဲ႔ေမြးခဲ့ရတာ။ တစ္ခ်က္ကေလးကုိမ်က္နွာမညိဳးေအာင္ ေမြးလာတာ။ ၁၇၊ ၁၈ ေလာက္မွ ဘြားခနဲထုတ္ျပလိုက္တာ။မင္းသမီးေတြလက္ေပၚမွာၾကီးတဲ့ကေလးပါ။ သူတုိ႔က နင့့္သားက ရုပ္ဆိုးတယ္ဘာညာေျပာရင္ကြ်န္ေတာ္မၾကိဳက္ဘူး။ မင္းသမီးေတြနဲ႔ ခဏခဏရန္ျဖစ္ရတယ္။ ျမတ္ေကသီေအာင္ဆိုခဏခဏစတယ္။နင့္သားက နွာေခါင္းၾကီးလိုက္တာ၊နင့္္သားက ရုပ္ဆိုးလိုက္တာနဲ႔ ခဏခဏရန္ျဖစ္ရတယ္။ခ်စ္စရာေလးေတြပါ။ သူ႔ကုိတစ္ေန႔ၾကီးလာရင္နာမည္ၾကီးရမယ္ေပ့ါ။အဲ့လိုေပါ့”လို႔ ေျပာျပထားပါတယ္။

Unicodeဖြင့်ဖတ်ရန်

နေထက်လင်းဟာဆိုရင် ပရိသတ်တွေအားပေးတဲ့အက်ရှင်မင်းသားကြီးတစ်လက်ဖြစ်ပြီးအခုထိလည်း ရုပ်ရှင်တွေမှာသရုပ်ဆောင်နေဆဲနုပျိုနေဆဲမင်းသားကြီးပါ။နေထက်လင်းက အခုတလောပရိသတ်တွေကြားမှာ စန်းပွင့်ပြီး ကောင်မလေးတွေကြွေတာခံနေရတဲ့ သားဖြစ်သူ ထက်လင်းအောင်အတွက်လည်း ဂုဏ်ယူမဆုံးတပြုံးပြုံးဖြစ်နေရတာပါ။ နေထက်လင်းက မကြာသေးမီကမီဒီယာတွေနဲ့အင်တာဗျူးမှာ သားကိုသွန်သင်ဆုံးမပုံတွေနဲ့ သားကိုရုပ်ဆိုးတယ်လို့ပြောရင်မကြိုက်ကြောင်းပြောပြလာခဲ့ပါတယ်။

နေထက်လင်းက သားဖြစ်သူကို စိတ်ထားတတ်အောင် သင်ပေးဖြစ်တယ်လို့ “အနုပညာသမား အနုပညာရှင်ဆိုတာ စိတ်ခံစားမှုလွယ်တယ်ပေါ့။ ပါးတယ်ပေါ့နော်။ ဒါပေမယ့် ဘယ်အချိန်ကျရင်ဘယ်လိုရင့်ကျက်ရမယ်။ ဘယ်အချိန်ကျရင်ဘယ်လိုခံနိုင်ရည်ရှိအောင် ကြိုးစားရမယ်။ စိတ်ခံစားမှုပါးတဲ့အတွက် စိတ်ကို relax ဖြစ်အောင်အမြဲတမ်းဖြေလျှော့ပေးရမယ်။ Tension တွေမဝင်ရဘူး။ သောကတွေ စိုးရိမ်တာတွေမဝင်ရဘူး။ လူတွေအကုန်လုံးကိုမေတ္တာထားရမယ်။အဲဒါလေးတွေတော့အမြဲတမ်း ဆုံးမပါတယ်”လို့ ပြောပြထားပါတယ်။

နေထက်လင်းက သားအတွက် မိန်းမကအစ သေသေချာချာရွေးယူခဲ့တာဖြစ်ကြောင်း “ကျွန်တော်က စပြီးတော့ မိန်းမမယူခင်ကတည်းက ကျွန်တော့်သားလေးနှာတံပေါ်ရမယ်၊မျက်လုံးလှရမယ်၊ဆံပင်ကောင်းရမယ် အဲ့လိုမိန်းမျိုးလိုက်ရှာတာပေါ့နော်။အသားညိုရင်လည်းမကြိုက်ဘူုး။ ဒါကကျွန်တော့်ရဲ့ စံသတ်မှတ်မှုပေ့ါ။ မိန်းမတွေအများကြီးရှိလည်းကာရိုက်တာကြည့်သေးတယ်။ ကာရိုက်တာမကောင်းရင်လည်းအမေကဘာဖြစ်တယ်အပြောခံရမယ်။ ရည်းစားများရင်လည်းမကောင်းဘူး။အဲ့လိုမျိုးအမျိုးစုံတွေပေါ့။ စံသတ်မှတ်တာပေါ့။ ကျွန်တော့်အမျိုးသမီးကို တွေ့တဲ့အချိန်မှာ ဒါ ငါယူမယ့်မိန်းမပဲလို့တန်းသိတယ်”လို့ ရင်ဖွင့်ထားပါတယ်။

သားကိုပိုးမွေးသလိုမွေးလာတာမို့ ရုပ်ဆိုးတယ်လို့ပြောရင်မကြိုက်ဘူးလို့လည်း “သားကို ရဖို့ကျွန်တော်သုံးနှစ်လောက်စောင့်လိုက်ရတယ်။ ရပြန်ပြီပျက်ကျသွားပြန်ပြီ၊ ကလေးရှိပြန်ပြီ ပျက်ကျသွားပြန်ပြီနဲ့။ အခုသားကိုလည်း ကျွန်တော်ငယ်ငယ်ကတည်းက ဂရုတစိုက်နဲ့မွေးခဲ့ရတာ။ တစ်ချက်ကလေးကိုမျက်နှာမညိုးအောင် မွေးလာတာ။ ၁၇၊ ၁၈ လောက်မှ ဘွားခနဲထုတ်ပြလိုက်တာ။မင်းသမီးတွေလက်ပေါ်မှာကြီးတဲ့ကလေးပါ။ သူတို့က နင့်သားက ရုပ်ဆိုးတယ်ဘာညာပြောရင်ကျွန်တော်မကြိုက်ဘူး။ မင်းသမီးတွေနဲ့ ခဏခဏရန်ဖြစ်ရတယ်။ မြတ်ကေသီအောင်ဆိုခဏခဏစတယ်။နင့်သားက နှာခေါင်းကြီးလိုက်တာ၊နင့််သားက ရုပ်ဆိုးလိုက်တာနဲ့ ခဏခဏရန်ဖြစ်ရတယ်။ချစ်စရာလေးတွေပါ။ သူ့ကိုတစ်နေ့ကြီးလာရင်နာမည်ကြီးရမယ်ပေ့ါ။အဲ့လိုပေါ့”လို့ ပြောပြထားပါတယ်။

Credit: နမည္ႀကီး