Zawgyiျဖင့္ဖတ္ရန္

ေက်ာ္ေက်ာ္ဗိုလ္ ဟာဆိုရင္ က်ရာဇာတ္ရုပ္ကုိပီျပင္စြာသရုပ္ေဆာင္နုိင္တဲ့မင္းသားၾကီးတစ္လက္ျဖစ္ျပီး အကယ္ဒမီဆုၾကီးကိုလည္း လက္ဝယ္ပုိင္ပုိင္ရရွိိထားသူပါ။ ေက်ာ္ေက်ာ္ဗိုလ္က အခုေနာက္ပိ္ုင္းမွာ ကာရိုက္တာအတြက္ ခႏၶာကုိယ္ေျပာင္းလဲမႈေတြပါလုပ္ေနျပီလို႔သိရပါတယ္။ မၾကာေသးမီကပဲ ေက်ာ္ေက်ာ္ဗိုလ္က သရုပ္ေဆာင္ပီျပင္ဖို႔အတြက္ Six Packs နဲ႔ အရမ္းမိုက္ေနတဲ့ ခႏၶာကုိယ္ၾကီးကုိ ဗိုက္ပူၾကီးျဖစ္သြားေအာင္ ေျပာင္းလဲပစ္လိုက္ပါေသးတယ္။ အဲဒီလိုေျပာင္းလဲခဲ့ပံုနဲ႔ပတ္သက္ျပီး ေက်ာ္ေက်ာ္ဗိုလ္က မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာေျပာျပသြားပါတယ္။

ေက်ာ္ေက်ာ္ဗိုလ္ က ဝိတ္တက္သြားလို႔ မိန္းမကေတာင္ေျပာတဲ့အေၾကာင္း “ဝိတ္ကေတာ့ ေတာ္ေတာ္တက္သြားတာေပါ့ေနာ္။ ကြ်န္ေတာ္ထင္တယ္။ ကြ်န္ေတာ့္ဝိတ္ထက္ ေနာက္ထပ္တစ္ဆေက်ာ္ေက်ာ္ေလာက္တက္သြားတယ္။ အနီးစပ္ဆံုးေျပာရရင္ ကြ်န္ေတာ့္အမ်ိဳးသမီးေတာင္ မမွတ္မိေတာ့ေလာက္တဲ့အထိျဖစ္သြားတယ္။ ကြ်န္ေတာ့္ကုိ အဲဒီေလာက္ဝသြားစရာလားလို႔ေျပာတယ္ေပ့ါေနာ္”လို႔ ေျပာျပထားပါတယ္။

ဒါေပမယ့္ အဲဒီလိုဝလုိက္ျပီး သရုပ္ေဆာင္ရတာကုိေက်နပ္မႈအျပည့္ရတဲ့အေၾကာင္း “ဒါေပမယ့္ ကြ်န္ေတာ္ေက်နပ္တယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီကားသရုပ္ေဆာင္ရတာက ဒီ့ျပင္ကားေတြနဲ႔မတူဘူး။ မတူဘူးဆိုတာက ကြ်န္ေတာ္အဲဒီ ရုပ္ပုိင္းဆိုင္ရာေျပာင္းလဲမႈေၾကာင့္ ရုိက္ခတ္လာတဲ့ပံ့ပုိးမႈက ကြ်န္ေတာ့္ရဲ႕စိတ္ပုိင္းဆုိင္ရာနဲ႔ သရုပ္ေဆာင္မႈကုိပါအမ်ားၾကီး ပံ့ပုိးမႈရွိတယ္။ အဲဒီဟာၾကီးကုိေတာ့ ကြ်န္ေတာ္ေက်နပ္တယ္”လို႔ ေျပာသြားပါတယ္။

ကာရိုက္တာအတြက္ျပင္ဆင္မႈမွာ ကေနဒါက coach ကုိေတာင္ေခၚျပီးျပင္ဆင္ခဲ့တဲ့အေၾကာင္း “ကေနဒါက coach ကုိေခၚျပီးေတာ့ ျပင္ဆင္တယ္။ ကြ်န္ေတာ္ေျပာရမယ့္ဒိုင္ယာေလာ့တစ္ေၾကာင္းစီရဲ႕အဓိပၸါယ္၊သူ႔ကုိေတာ့ translate ျပန္လုပ္ေပးရတာေပါ့ေနာ္။ အဲဒီအဓိပၸါယ္မွာ ကြ်န္ေတာ့္ရဲ႕ ခႏၶာကုိ္ယ္လႈပ္ရွားမႈ၊ movement ကအစ အေသးစိတ္ေဆြးေႏြးတယ္။ ေဆြးေႏြးျပီးေတာ့ ရိုက္တာေပါ့ေနာ္”လို႔ ေျဖၾကားထားပါတယ္။

Unicodeဖြင့်ဖတ်ရန်

ကျော်ကျော်ဗိုလ် ဟာဆိုရင် ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့မင်းသားကြီးတစ်လက်ဖြစ်ပြီး အကယ်ဒမီဆုကြီးကိုလည်း လက်ဝယ်ပိုင်ပိုင်ရရှိထားသူပါ။ ကျော်ကျော်ဗိုလ်က အခုနောက်ပိုင်းမှာ ကာရိုက်တာအတွက် ခန္ဓာကိုယ်ပြောင်းလဲမှုတွေပါလုပ်နေပြီလို့သိရပါတယ်။ မကြာသေးမီကပဲ ကျော်ကျော်ဗိုလ်က သရုပ်ဆောင်ပီပြင်ဖို့အတွက် Six Packs နဲ့ အရမ်းမိုက်နေတဲ့ ခန္ဓာကိုယ်ကြီးကို ဗိုက်ပူကြီးဖြစ်သွားအောင် ပြောင်းလဲပစ်လိုက်ပါသေးတယ်။ အဲဒီလိုပြောင်းလဲခဲ့ပုံနဲ့ပတ်သက်ပြီး ကျော်ကျော်ဗိုလ်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာပြောပြသွားပါတယ်။

ကျော်ကျော်ဗိုလ် က ဝိတ်တက်သွားလို့ မိန်းမကတောင်ပြောတဲ့အကြောင်း “ဝိတ်ကတော့ တော်တော်တက်သွားတာပေါ့နော်။ ကျွန်တော်ထင်တယ်။ ကျွန်တော့်ဝိတ်ထက် နောက်ထပ်တစ်ဆကျော်ကျော်လောက်တက်သွားတယ်။ အနီးစပ်ဆုံးပြောရရင် ကျွန်တော့်အမျိုးသမီးတောင် မမှတ်မိတော့လောက်တဲ့အထိဖြစ်သွားတယ်။ ကျွန်တော့်ကို အဲဒီလောက်ဝသွားစရာလားလို့ပြောတယ်ပေ့ါနော်”လို့ ပြောပြထားပါတယ်။

ဒါပေမယ့် အဲဒီလိုဝလိုက်ပြီး သရုပ်ဆောင်ရတာကိုကျေနပ်မှုအပြည့်ရတဲ့အကြောင်း “ဒါပေမယ့် ကျွန်တော်ကျေနပ်တယ်။ ဘာလို့လဲဆိုတော့ အဲဒီကားသရုပ်ဆောင်ရတာက ဒီ့ပြင်ကားတွေနဲ့မတူဘူး။ မတူဘူးဆိုတာက ကျွန်တော်အဲဒီ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကြောင့် ရိုက်ခတ်လာတဲ့ပံ့ပိုးမှုက ကျွန်တော့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ သရုပ်ဆောင်မှုကိုပါအများကြီး ပံ့ပိုးမှုရှိတယ်။ အဲဒီဟာကြီးကိုတော့ ကျွန်တော်ကျေနပ်တယ်”လို့ ပြောသွားပါတယ်။

ကာရိုက်တာအတွက်ပြင်ဆင်မှုမှာ ကနေဒါက coach ကိုတောင်ခေါ်ပြီးပြင်ဆင်ခဲ့တဲ့အကြောင်း “ကနေဒါက coach ကိုခေါ်ပြီးတော့ ပြင်ဆင်တယ်။ ကျွန်တော်ပြောရမယ့်ဒိုင်ယာလော့တစ်ကြောင်းစီရဲ့အဓိပ္ပါယ်၊သူ့ကိုတော့ translate ပြန်လုပ်ပေးရတာပေါ့နော်။ အဲဒီအဓိပ္ပါယ်မှာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု၊ movement ကအစ အသေးစိတ်ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ ရိုက်တာပေါ့နော်”လို့ ဖြေကြားထားပါတယ်။

Credit: နမည္ႀကီး