Zawgyiျဖင့္ဖတ္ရန္

 

စက္​​ေရတြင္​း တူရာ၌ ​ေရ -႐ွိ,မ႐ွိ၊ ​ေရ -နည္​း,​ေရမ်ားခန္​႔မွန္​သိ႐ွိႏိုင္​ပုံ​ေလးကို ဗဟုသုတအ​ေနျဖင္​့ မွ်​ေဝ​ေပးပါမည္​။

​ေရ -႐ွိ/မ႐ွိ

၁။ အရြက္​အႃမဲတမ္​း ႐ွိ​ေနတတ္​​ေသာ အုန္​းႏွဲပင္​၊မယ္​ဇလီပင္​၊ ျမက္​ စသည္​့အပင္​မ်ားစိုစို​ေျပ​ေျပ လန္​းလန္​းဆန္​း႐ွိ​ေနပါကထို​ေနရာတြင္​ ​ေရ႐ွိသည္​ဟု မွတ္​ယူႏိုင္​၍​ေဖာ္​ျပပါလကၡဏာမ်ားႏွင္​့ ဆန္​႔က်င္​​ေနပါက​ေရ-မ႐ွိဟု ခန္​႔မွန္​း သိႏိုင္​ပါသည္​။

​ေရခ်ိဳ/​ေရငန္​

၂။ အနီးအနားတြင္​႐ွိ​ေသာ သစ္​ပင္​တို႔သည္​အပင္​အမ်ိဳးအစားျခင္​းတူပါလ်က္​အျခား​ေနရာ႐ွိ သစ္​ပင္​မွ အရြက္​တို႔ထက္​အနာအဆာမ်ား၍ အစိုဓာတ္​​ေျခာက္​ခန္​းလ်င္​​ေရငန္​ဟု ခန္​႔မွန္​းႏိုင္​ၿပီး၊သစ္​ပင္​မွ သစ္​ရြက္​မ်ားစို​ေျပစိန္​းလန္​း​ေနပါကေရခ်ိဳ-ဟု ခန္​႔မွန္​းသိ႐ွိႏိုင္​ပါသည္​။

​ေရတိမ္​/​ေရနက္​

၃။ အနီးအနားတြင္​႐ွိ​ေသာ သစ္​ပင္​တို႔သည္​အပင္​ခ်င္​းတူပါလ်က္​ အဆစ္​တို​ေနသည္​ကိုေတြ႕ရပါက ​ေရတိမ္​-​ေရနည္​းသည္​ဟုခန္​႔မွန္​းသိ႐ွိႏိုင္​ပါသည္​။သစ္​ပင္​မွ အဆစ္​႐ွည္​​ေနပါက ​ေရနက္​-​ေရ​ေဝး​ေသာ သ​ေဘာဟု ခန္​႔မွန္​းသိ႐ွိႏိုင္​၏။

​ေက်ာက္​​ေဆာင္​- ႐ွိ/မ႐ွိ

၄။ အနီးအနားတဝိုက္​႐ွိ သစ္​ပင္​ႀကီး၊ သစ္​ပင္​ငယ္​တို႔သည္​ ႄကဳံလွီ,ပုက်စ္​၍ တြန္​႕လိမ္​,​ေကြ႕​ေကာက္​​ေနပါက ​ေအာက္​၌​ေက်ာက္​​ေဆာင္​႐ွိ​ေၾကာင္​း ခန္​႕မွန္​း သိ႐ွိႏိုင္​ပါသည္​။သစ္​ပင္​ႀကီး,သစ္​ပင္​ငယ္​မ်ား ​ေျဖာင္​့တန္​းအ​ေနထား​ေတြ႕ရပါက ​ေက်ာက္​​ေဆာင္​မ႐ွိဟု
ခန္​႔မွန္​းသိ႐ွိႏိုင္​ပါသည္​။

​ေရခ်ိဳ/​ေရငန္​

၅။ ​ေရတြင္​းတူးမည္​့​ေနရာ႐ွိ သစ္​ပင္​တို႔သည္​တစ္​ျခမ္​းက အနာဆာကင္​း၍ တစ္​ျခမ္​းကေခ်ာေမြ႕​ေနလ်င္​ ​ေရငန္​-​ေရခ်ိဳ တစ္​ျခမ္​းစီ​ေရာစပ္​​ေန​ေသာ ​ေနရာဟု ခန္​႔မွန္​းသိ႐ွိႏိုင္​သည္​။

(တနည္​စမ္​းသပ္​ပုံမွာ)

ခ်ိဳး(ဂ်ိဳး)ကပ္​​ေန​ေသာ ထမင္​းအိုးကိုစ​ေလာင္​းဖုံးဖြင္​့လ်က္​ ​ေျမႀကီးကို တြင္​းတူးၿပီး​ေျမတြင္​းထဲတြင္​ အိုးကို တစ္​ညသိပ္​ပါ၊​ေနာက္​တစ္​​ေန႔ အိုးကို ​ေဖာ္​ၾကည္​့​ေသာအခါထမင္​းအိုးဖင္​မွ ခ်ိဳး(ဂ်ိဳး)သည္​ေရႏူး၍ကြာက်​ေနလ်င္​ ​ေရတိမ္​-​ေရနည္​းသည္​ဟု ခန္​႕မွန္​းသိ႐ွိႏိုင္​ၿပီး အနည္​းငယ္​သာ စို၍ ခ်ိဳး(ဂ်ိဳး)ကြာမက်လ်င္​ကေရ​ေဝး-​ေရနက္​သည္​ဟု ခန္​႕မွန္​သိႏိုင္​ပါသည္​။

ထမင္​းခ်ိဳး(ဂ်ိဳး)ကို စားၾကည္​့ပါက ငန္​​ေနလ်င္​ေရငန္​ဟု ခန္​႕မွန္​းသိ႐ွိႏိုင္​ၿပီး ခ်ိဳ​ေနပါကေရခ်ိဳဟု ခန္​႕မွန္​းသိ႐ွိႏိုင္ပါ။

Credit:maharmedianews

 

Unicodeဖြင့်ဖတ်ရန်

 

စက်ရေတွင်းတူရာ၌ ရေ-ရှိ,မရှိ၊ ရေ-နည်း,ရေများခန့်မှန်သိရှိနိုင်ပုံလေးကို ဗဟုသုတအနေဖြင့် မျှဝေပေးပါမည်။

ရေ-ရှိ/မရှိ

၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊မယ်ဇလီပင်၊ မြက် စသည့်အပင်များစိုစိုပြေပြေ လန်းလန်းဆန်းရှိနေပါကထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ဖော်ပြပါလက္ခဏာများနှင့် ဆန့်ကျင်နေပါကရေ-မရှိဟု ခန့်မှန်း သိနိုင်ပါသည်။

ရေချို/ရေငန်

၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည်အပင်အမျိုးအစားခြင်းတူပါလျက်အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက်အနာအဆာများ၍ အစိုဓာတ်ခြောက်ခန်းလျင်ရေငန်ဟု ခန့်မှန်းနိုင်ပြီး၊သစ်ပင်မှ သစ်ရွက်များစိုပြေစိန်းလန်းနေပါကရေချို-ဟု ခန့်မှန်းသိရှိနိုင်ပါသည်။

ရေတိမ်/ရေနက်

၃။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည်အပင်ချင်းတူပါလျက် အဆစ်တိုနေသည်ကိုတွေ့ရပါက ရေတိမ်-ရေနည်းသည်ဟုခန့်မှန်းသိရှိနိုင်ပါသည်။သစ်ပင်မှ အဆစ်ရှည်နေပါက ရေနက်-ရေဝေးသော သဘောဟု ခန့်မှန်းသိရှိနိုင်၏။

ကျောက်ဆောင်- ရှိ/မရှိ

၄။ အနီးအနားတဝိုက်ရှိ သစ်ပင်ကြီး၊ သစ်ပင်ငယ်တို့သည် ကြုံလှီ,ပုကျစ်၍ တွန့်လိမ်,ကွေ့ကောက်နေပါက အောက်၌ကျောက်ဆောင်ရှိကြောင်း ခန့်မှန်း သိရှိနိုင်ပါသည်။သစ်ပင်ကြီး,သစ်ပင်ငယ်များ ဖြောင့်တန်းအနေထားတွေ့ရပါက ကျောက်ဆောင်မရှိဟု
ခန့်မှန်းသိရှိနိုင်ပါသည်။

ရေချို/ရေငန်

၅။ ရေတွင်းတူးမည့်နေရာရှိ သစ်ပင်တို့သည်တစ်ခြမ်းက အနာဆာကင်း၍ တစ်ခြမ်းကချောမွေ့နေလျင် ရေငန်-ရေချို တစ်ခြမ်းစီရောစပ်နေသော နေရာဟု ခန့်မှန်းသိရှိနိုင်သည်။

(တနည်စမ်းသပ်ပုံမှာ)

ချိုး(ဂျိုး)ကပ်နေသော ထမင်းအိုးကိုစလောင်းဖုံးဖွင့်လျက် မြေကြီးကို တွင်းတူးပြီးမြေတွင်းထဲတွင် အိုးကို တစ်ညသိပ်ပါ၊နောက်တစ်နေ့ အိုးကို ဖော်ကြည့်သောအခါထမင်းအိုးဖင်မှ ချိုး(ဂျိုး)သည်ရေနူး၍ကွာကျနေလျင် ရေတိမ်-ရေနည်းသည်ဟု ခန့်မှန်းသိရှိနိုင်ပြီး အနည်းငယ်သာ စို၍ ချိုး(ဂျိုး)ကွာမကျလျင်ကရေဝေး-ရေနက်သည်ဟု ခန့်မှန်သိနိုင်ပါသည်။

ထမင်းချိုး(ဂျိုး)ကို စားကြည့်ပါက ငန်နေလျင်ရေငန်ဟု ခန့်မှန်းသိရှိနိုင်ပြီး ချိုနေပါကရေချိုဟု ခန့်မှန်းသိရှိနိုင်ပါ။

Credit:maharmedianews