Zawgyiဖြင့်ဖတ်ရန်

 












Credit:SAW

 

Unicodeဖြင့်ဖတ်ရန်

 

အရေးပေါ် ကုသမှု မလုပ်လျှင် သေဆုံးနိုင်တဲ့အထိ အဆိပ်ပြင်းတဲ့ ကင်းခြေများအဆိပ်နှင့် အရေးပေါ်ကုသနိုင်သည့် နည်းလမ်းများ

 

အိမ်သာထဲ့မှာ တွေ့တဲ့ ကင်ခြေများကို ဖိနပ်နဲ့ တက်နင်းသတ်ခဲတဲ့ အသက် ၅၄ နှစ် ထိုင်းနိုင်ငံသူတဦးဟာ ခြေဖဝါးကို ကင်းက ထိုးကိုက် လိုက်တာပါ။

ညပိုင်းဖြစ်နေတာကြောင့် သိသလောက် ဆေးမြီးတိုနဲ့ မိသားစုက ကုပေးပြီး မနက်မှ ဆေးရုံသွားပြ ဘို့ အချိန်စွဲခဲ့လို့ ညပိုင်းမှာ ကင်းကိုက်ထားတဲ့ နေရာက ဖူးရောင်လာ၊ခေါင်း ကိုက်လာရာက အဖျားတက် သတိလစ်သွားတဲ့အထိ ဖြစ်ခဲ့လို့ ဆေးရုံတင် ကုသခဲ့ပေမယ့် ကင်းဆိပ်ဒဏ်မခံနိုင်လို့ အမျိုးသမီးဟာ သေဆုံး သွားခဲ့ပါတယ်။

ခုလိုပူအိုက်လာတဲ့ရာသီမှာ မြွေ ကင်းမြီးကောက် ကင်းခြေများ စတဲ့ အဆိပ်ပြင်းသတ္တဝါတွေဟာအေးပြီး စိုစွတ်တဲ့နေရာတွေကို လိုက်နေတတ်ပါတယ်။

အိမ်တွင်းမှာ အဓိကဝင်လာနေတဲ့ နေရာဟာ အိမ်သာဖြစ်ပါတယ်။ကုတင်အောက် အိပ်ယာအောက်တွေကိုလည်း လာရောက် နေတတ်ပါတယ်။ခုလိုဖြစ်ရပ်မျိုး အဆိပ်ရှိသတ္တဝါတွေကို တွေ့ရင် အနီးကပ်မနေရဝေးဝေးကနေ တုတ်၊ ဝါးလုံး ၊တမြက်စီး စသည်ကိုသုံးပြီး ကာကွယ်နိုင်တယ်၊လက်နဲ့ကိုင်တာမျိုး ခြေထောက်နဲ့ နင်းတာတွေမလုပ်သင့်ပါ၊

ကင်းကိုက်ပြီဆိုရင် အဆိပ်ပြေ အရေးပေါ်ကုသနိုင်သည့် နည်းလမ်းများ

(၁) ကိုက်တဲ့နေရာကို ရေ အရက်ပျံနဲ့ ဆေးကြောသန့်စင်ပါ။

(၂)ကြက်သွန်နီ တခြမ်းစိတ်ပြီး ကိုက်တဲ့နေရာပွတ်ပြီး ကြက်သွန်နီကို ကပ်ထားပေးခြင်းဖြင့် ကြက်သွန်နီက ကင်ဆိပ်ကို စုတ်ယူ နိုင်သည်။

(၃) အရေးပေါ်ကုသနိုင်တဲ့ သင်္ဘောသီးအစိမ်းကထွက်တဲ့အစေးနဲ့ သုတ်လိမ်းပေးခြင်း၊

(၄) တဇောင်းလက်ပတ် အပင်ကထွက်တဲ့အစေးနဲ့ ပွတ်ပေးခြင်း

(၅) ကိုက်ခံရတဲ့နေရာကို ရေခဲအုံထားပေးရပါသည်။

(၆) နီးစပ်ရာဆေးရုံ ဆေးခန်းကို အမြန်ပို့ပါ။

Credit:SAW