Zawgyiျဖင့္ဖတ္ရန္

ယေန႔ တိုးတက္လာတဲ့ ေခတ္စနစ္ႏွင့္ နည္းပညာမ်ား ေနာက္ကိုအမီလိုက္ရင္း ကြၽန္မတို႔ရဲ႕ ကေလးေတြ၊ လူငယ္ မ်ိဳးဆက္သစ္ေလးေတြ ဟာ မ်က္မွန္ေလးေတြ ကိုယ္စီ နဲ႔ ျဖစ္လာၾကပါတယ္။ အဲဒီေတာ့ မိဘေတြ အေနနဲ႔ေရာ မ်က္မွန္ တပ္ဆင္ ေနရသူမ်ားေရာ၊ မ်က္မွန္ မတပ္ရေသး သူမ်ားေရာ သိထားသင့္တဲ့ မ်က္မွန္ တပ္ရ ျခင္းႏွင့္ သိမွတ္ ဖြယ္ရာမ်ားကို မ်က္စိ အထူးကုဆရာဝန္ႀကီး ေဒါက္တာ ေဒၚနီလာ သိန္းႏွင့္ ဒီတစ္ပတ္ မွာ ေတြ႕ဆံုေမးျမန္းၿပီး ေဖာ္ျပေပးလိုက္ပါတယ္။

ေမး။ ။ အခုေနာက္ပိုင္း လူငယ္ေတြ၊ ကေလးေတြမွာ မ်က္မွန္ တပ္ရတာ မ်ားလာတာကို ေတြ႕ရပါတယ္။ အဲဒါ ဘယ္လို အေၾကာင္းရင္းေတြေၾကာင့္ ပါလဲရွင့္။

ေျဖ ။ ။မ်က္မွန္ပါဝါနဲ႔ ပတ္သက္လို႔ ေျပာရရင္ နံပါတ္တစ္က မ်ိဳး႐ိုး ဗီဇ ေခၚ တာေပါ့။ မိဘက အေပါင္းအႏုတ္ ပါဝါေတြ တပ္ရရင္ ေမြးလာတဲ့သား သမီးေတြ ကလည္း အႏုတ္ ပါဝါေတြ တပ္ရတယ္။ ဒါေပမဲ့ ဒီေန႔ေခတ္ အေန အထားအရေတာ့ ကေလးေတြက လမ္း မွာ အေဝးကို ၾကည့္ရတဲ့ အေလ့အထ တအား နည္းသြားတယ္။ သူတို႔က ဘာေတြၾကည့္လဲ ဆိုေတာ့ ကြန္ပ်ဴတာ ၾကည့္တယ္။ လက္(ပ္)ေတာ့ ၾကည့္တယ္။ ဂိမ္းေတြ ေဆာ့တယ္။ သူတို႔ရဲ႕ ဖုန္းေသးေသးေလးေတြ ထဲကေန အင္တာ နက္ေတြ ၾကည့္တယ္။ ဂိမ္းေတြေဆာ့ တယ္။ အဲဒီေတာ့ သူတို႔က အနီးကိုပဲ အရမ္း ၾကည့္ေနတဲ့ အခါက်ေတာ့ တျဖည္း ျဖည္း နဲ႔အေဝးကို မႈန္လာၾကတယ္။

ဂ်ပန္တို႔ စင္ကာပူ တို႔မွာဆိုရင္ သူတို႔ႏိုင္ငံမွာရွိတဲ့ လူငယ္ အားလံုးရဲ႕ ၇ဝ ရာခိုင္ႏႈန္းက မ်က္မွန္ တပ္ထားၾက တယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ သူတို႔ က တိုက္နံရံ အတြင္း မွာပဲ အျမင္အာ႐ံု က ရွိၾကတယ္။ အေဝးကို ၾကည့္တာ အားနည္းတယ္။ သူတို႔သည္ ဘာလုပ္ ေနၾကလဲဆိုေတာ့ တစ္ေန႔လံုး ကြန္ပ်ဴ တာေရွ႕မ်ား မွာပဲ ေနၾက တယ္။၂၄ နာရီ အင္တာနက္ ၾကည့္ေနတယ္။ ဂိမ္း ေဆာ့တယ္။ ကြန္ပ်ဴတာ ၾကည့္တယ္။ ဒီတီဗီလို ဖန္သားျပင္ကိုပဲ ၾကည့္ေနတဲ့ အခါက်ေတာ့ တျဖည္းျဖည္း နဲ႔ အေဝး မႈန္သြားၾက တယ္။

ေနာက္တစ္ခုက မ်က္မွန္တပ္ သင့္ရဲ႕သားနဲ႔ ကေလးကိုေတာ့ မ်က္မွန္ မတပ္ခ်င္ဘူး။ မတပ္ပါရေစနဲ႔ ဆရာမ ရယ္ ဆိုၿပီးေတာ့ ျငင္းဆိုၿပီးေတာ့ မတပ္ဘဲ ထားတဲ့ အခါမွာ ၾကာလာ ေတာ့ အဲဒီကေလးက ပါဝါေတြ ထပ္ တက္လာၿပီးေတာ့ အဲဒီ ကေလးေတြက မ်က္မွန္ေလးေတြ နဲ႔ျဖစ္သြားတယ္။

ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ေခတ္စနစ္ေတြ တိုးတက္လာတာ နဲ႔အမွ် မ်က္မွန္တပ္ ရတဲ့ ကေလးေတြက မ်ားလာမွာပဲ။ အစ္မတို႔ ကေလးေတြကို ဂိမ္းမေဆာ့ ပါနဲ႔လို႔ တားလို႔ မရဘူး။ ဒါ မိဘတိုင္း ရင္ဆိုင္ရတဲ့ ျပႆနာပဲ။ ေခတ္စနစ္ ရဲ႕အသီးအပြင့္ ေတြျဖစ္တဲ့အတြက္ တား လို႔လည္း မရဘူး။ တားရင္လည္း သူတို႔က တျခား ကေလးေတြ နဲ႔ ယွဥ္ရင္ က်န္ခဲ့မွာေလ။ အဲဒါေတြအတြက္က ေတာ့ အစ္မတို႔ ပညာေပးရမွာေပါ့။

ေမး။ ။ မ်က္မွန္ကတပ္ၿပီးရင္ အခ်ိန္ တစ္ခုၾကာသြားရင္ ခြၽတ္လို႔ရပါသ လား။ ဒါမွမဟုတ္ တစ္သက္လံုး တပ္ သြားရမွာပဲလား။

ေျဖ ။ ။ မ်က္မွန္ရဲ႕ သေဘာ သဘာဝအရ ေတာ့ အႏုတ္ ပါဝါတပ္ထားတဲ့ အေဝး မႈန္မ်က္စိ ဆိုရင္ေတာ့ တပ္ထားၿပီးရင္ ပါဝါက တိုးဖို႔ပဲ ရွိတယ္။ ကေလးေတြ ရဲ႕ အသက္ ၁၈ ႏွစ္ ၂ဝ ႏွစ္ ေယာက်္ား ေလး၊ မိန္းကေလး စတာေတြေပၚမူ တည္ၿပီးေတာ့ အသက္ ၁၈ ႏွစ္၊ ၂ဝ ထိေအာင္ ပါဝါက တက္လာမွာျဖစ္တဲ့ အတြက္ေၾကာင့္ ပါဝါကို ေလွ်ာ့ခ်လို႔ မရ ဘူး။ ဒါေၾကာင့္ အစ္မတို႔က သူတို႔ ရဲ႕ ေနထိုင္ စားေသာက္မႈပံုစံမွာက ငယ္ငယ္တည္း က အသီးအႏွံ မ်ားမ်ား စားရမယ္။ အစာအုပ္စု သံုးခုမွာပါတဲ့ အစာေတြကို စား ရမယ္။ သတၱဳဓာတ္ မ်ားမ်ား ပါတဲ့ အစားအစာေတြကို စားမယ္ ဆိုရင္ေတာ့ ပါဝါကို ေရွ႕ဆက္ မတိုးလာေအာင္ ထိန္းႏိုင္တာပဲ ရွိတယ္။

ေမး။ ။ တခ်ိဳ႕ မ်က္မွန္တပ္ၿပီးေတာ့ ေဆးေသာက္ၿပီး မ်က္မွန္ကြၽတ္သြား ၾကတယ္ေျပာတယ္။ အဲလိုမ်ိဳး ေဆး စားၿပီးေတာ့ေရာ မ်က္မွန္ခြၽတ္ႏိုင္ပါ သလား။

ေျဖ ။ ။ ေဆးစားၿပီးေတာ့ မ်က္မွန္ ကြၽတ္တယ္လို႔ မရွိႏိုင္ပါဘူး။

ေမး။ ။ မိဘေတြ အေနနဲ႔ေရာ ကိုယ့္သား သမီးေတြ မ်က္မွန္ မတပ္ရေအာင္ ထိန္း ကြပ္ေပးလို႔ ရတဲ့ေဆာင္ရန္၊ ေရွာင္ရန္ ေတြလည္း ေျပာျပေပးပါဦးရွင့္။

ေျဖ ။ ။သူတို႔ တစ္ေန႔တာ လႈပ္ရွားေန တဲ့ ေဆာင္ရန္ ေရွာင္ရန္ေပါ့။ အဲဒါက စာဖတ္တဲ့ အခါမွာ အိပ္မဖတ္ရဘူး။ အေမွာင္ထဲမွာ မဖတ္ရဘူး။ ျခင္ေထာင္ ထဲမွာ ေမွာက္ မဖတ္ရဘူး။ ကားစီးရင္း၊ ရထားစီးရင္း မဖတ္ရဘူး။ တီဗီၾကည့္ ရင္ မ်က္စိ နဲ႔ တစ္တန္းတည္း ထား ၾကည့္ရမယ္။ တီဗီကို အေမွာင္ ထဲမွာ ထားမၾကည့္ရဘူး။ အလင္းေနာက္ ခံ ထားၾကည့္ရမယ္ ဆိုတာေလး နဲ႔ သူတို႔ ရဲ႕ ေဆာင္ရန္ ေရွာင္ရန္ေလးေတြ ကို မိဘေတြက အနီးကပ္ ျပဳျပင္ ေပးႏိုင္ မယ္ဆိုရင္ေတာ့ ေကာင္းသြားမွာပါ။

ျမတ္စုျငိမ္း

Credit:Popular Myanmar News Journal

 

Unicodeဖြင့်ဖတ်ရန်

 

မှန်ကြောင်လေးတွေ မဖြစ်စေဖို့ ဆောင်ရန် /ရှောင်ရန်များ

 

ယနေ့ တိုးတက်လာတဲ့ ခေတ်စနစ်နှင့် နည်းပညာများ နောက်ကိုအမီလိုက်ရင်း ကျွန်မတို့ရဲ့ ကလေးတွေ၊ လူငယ် မျိုးဆက်သစ်လေးတွေ ဟာ မျက်မှန်လေးတွေ ကိုယ်စီ နဲ့ ဖြစ်လာကြပါတယ်။ အဲဒီတော့ မိဘတွေ အနေနဲ့ရော မျက်မှန် တပ်ဆင် နေရသူများရော၊ မျက်မှန် မတပ်ရသေး သူများရော သိထားသင့်တဲ့ မျက်မှန် တပ်ရ ခြင်းနှင့် သိမှတ် ဖွယ်ရာများကို မျက်စိ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်နီလာ သိန်းနှင့် ဒီတစ်ပတ် မှာ တွေ့ဆုံမေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။

မေး။ ။ အခုနောက်ပိုင်း လူငယ်တွေ၊ ကလေးတွေမှာ မျက်မှန် တပ်ရတာ များလာတာကို တွေ့ရပါတယ်။ အဲဒါ ဘယ်လို အကြောင်းရင်းတွေကြောင့် ပါလဲရှင့်။

ဖြေ ။ ။မျက်မှန်ပါဝါနဲ့ ပတ်သက်လို့ ပြောရရင် နံပါတ်တစ်က မျိုးရိုး ဗီဇ ခေါ် တာပေါ့။ မိဘက အပေါင်းအနုတ် ပါဝါတွေ တပ်ရရင် မွေးလာတဲ့သား သမီးတွေ ကလည်း အနုတ် ပါဝါတွေ တပ်ရတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် အနေ အထားအရတော့ ကလေးတွေက လမ်း မှာ အဝေးကို ကြည့်ရတဲ့ အလေ့အထ တအား နည်းသွားတယ်။ သူတို့က ဘာတွေကြည့်လဲ ဆိုတော့ ကွန်ပျူတာ ကြည့်တယ်။ လက်(ပ်)တော့ ကြည့်တယ်။ ဂိမ်းတွေ ဆော့တယ်။ သူတို့ရဲ့ ဖုန်းသေးသေးလေးတွေ ထဲကနေ အင်တာ နက်တွေ ကြည့်တယ်။ ဂိမ်းတွေဆော့ တယ်။ အဲဒီတော့ သူတို့က အနီးကိုပဲ အရမ်း ကြည့်နေတဲ့ အခါကျတော့ တဖြည်း ဖြည်း နဲ့အဝေးကို မှုန်လာကြတယ်။

ဂျပန်တို့ စင်ကာပူ တို့မှာဆိုရင် သူတို့နိုင်ငံမှာရှိတဲ့ လူငယ် အားလုံးရဲ့ ၇ဝ ရာခိုင်နှုန်းက မျက်မှန် တပ်ထားကြ တယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ က တိုက်နံရံ အတွင်း မှာပဲ အမြင်အာရုံ က ရှိကြတယ်။ အဝေးကို ကြည့်တာ အားနည်းတယ်။ သူတို့သည် ဘာလုပ် နေကြလဲဆိုတော့ တစ်နေ့လုံး ကွန်ပျူ တာရှေ့များ မှာပဲ နေကြ တယ်။၂၄ နာရီ အင်တာနက် ကြည့်နေတယ်။ ဂိမ်း ဆော့တယ်။ ကွန်ပျူတာ ကြည့်တယ်။ ဒီတီဗီလို ဖန်သားပြင်ကိုပဲ ကြည့်နေတဲ့ အခါကျတော့ တဖြည်းဖြည်း နဲ့ အဝေး မှုန်သွားကြ တယ်။

နောက်တစ်ခုက မျက်မှန်တပ် သင့်ရဲ့သားနဲ့ ကလေးကိုတော့ မျက်မှန် မတပ်ချင်ဘူး။ မတပ်ပါရစေနဲ့ ဆရာမ ရယ် ဆိုပြီးတော့ ငြင်းဆိုပြီးတော့ မတပ်ဘဲ ထားတဲ့ အခါမှာ ကြာလာ တော့ အဲဒီကလေးက ပါဝါတွေ ထပ် တက်လာပြီးတော့ အဲဒီ ကလေးတွေက မျက်မှန်လေးတွေ နဲ့ဖြစ်သွားတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ခေတ်စနစ်တွေ တိုးတက်လာတာ နဲ့အမျှ မျက်မှန်တပ် ရတဲ့ ကလေးတွေက များလာမှာပဲ။ အစ်မတို့ ကလေးတွေကို ဂိမ်းမဆော့ ပါနဲ့လို့ တားလို့ မရဘူး။ ဒါ မိဘတိုင်း ရင်ဆိုင်ရတဲ့ ပြဿနာပဲ။ ခေတ်စနစ် ရဲ့အသီးအပွင့် တွေဖြစ်တဲ့အတွက် တား လို့လည်း မရဘူး။ တားရင်လည်း သူတို့က တခြား ကလေးတွေ နဲ့ ယှဉ်ရင် ကျန်ခဲ့မှာလေ။ အဲဒါတွေအတွက်က တော့ အစ်မတို့ ပညာပေးရမှာပေါ့။

မေး။ ။ မျက်မှန်ကတပ်ပြီးရင် အချိန် တစ်ခုကြာသွားရင် ချွတ်လို့ရပါသ လား။ ဒါမှမဟုတ် တစ်သက်လုံး တပ် သွားရမှာပဲလား။

ဖြေ ။ ။ မျက်မှန်ရဲ့ သဘော သဘာဝအရ တော့ အနုတ် ပါဝါတပ်ထားတဲ့ အဝေး မှုန်မျက်စိ ဆိုရင်တော့ တပ်ထားပြီးရင် ပါဝါက တိုးဖို့ပဲ ရှိတယ်။ ကလေးတွေ ရဲ့ အသက် ၁၈ နှစ် ၂ဝ နှစ် ယောကျ်ား လေး၊ မိန်းကလေး စတာတွေပေါ်မူ တည်ပြီးတော့ အသက် ၁၈ နှစ်၊ ၂ဝ ထိအောင် ပါဝါက တက်လာမှာဖြစ်တဲ့ အတွက်ကြောင့် ပါဝါကို လျှော့ချလို့ မရ ဘူး။ ဒါကြောင့် အစ်မတို့က သူတို့ ရဲ့ နေထိုင် စားသောက်မှုပုံစံမှာက ငယ်ငယ်တည်း က အသီးအနှံ များများ စားရမယ်။ အစာအုပ်စု သုံးခုမှာပါတဲ့ အစာတွေကို စား ရမယ်။ သတ္တုဓာတ် များများ ပါတဲ့ အစားအစာတွေကို စားမယ် ဆိုရင်တော့ ပါဝါကို ရှေ့ဆက် မတိုးလာအောင် ထိန်းနိုင်တာပဲ ရှိတယ်။

မေး။ ။ တချို့ မျက်မှန်တပ်ပြီးတော့ ဆေးသောက်ပြီး မျက်မှန်ကျွတ်သွား ကြတယ်ပြောတယ်။ အဲလိုမျိုး ဆေး စားပြီးတော့ရော မျက်မှန်ချွတ်နိုင်ပါ သလား။

ဖြေ ။ ။ ဆေးစားပြီးတော့ မျက်မှန် ကျွတ်တယ်လို့ မရှိနိုင်ပါဘူး။

မေး။ ။ မိဘတွေ အနေနဲ့ရော ကိုယ့်သား သမီးတွေ မျက်မှန် မတပ်ရအောင် ထိန်း ကွပ်ပေးလို့ ရတဲ့ဆောင်ရန်၊ ရှောင်ရန် တွေလည်း ပြောပြပေးပါဦးရှင့်။

ဖြေ ။ ။သူတို့ တစ်နေ့တာ လှုပ်ရှားနေ တဲ့ ဆောင်ရန် ရှောင်ရန်ပေါ့။ အဲဒါက စာဖတ်တဲ့ အခါမှာ အိပ်မဖတ်ရဘူး။ အမှောင်ထဲမှာ မဖတ်ရဘူး။ ခြင်ထောင် ထဲမှာ မှောက် မဖတ်ရဘူး။ ကားစီးရင်း၊ ရထားစီးရင်း မဖတ်ရဘူး။ တီဗီကြည့် ရင် မျက်စိ နဲ့ တစ်တန်းတည်း ထား ကြည့်ရမယ်။ တီဗီကို အမှောင် ထဲမှာ ထားမကြည့်ရဘူး။ အလင်းနောက် ခံ ထားကြည့်ရမယ် ဆိုတာလေး နဲ့ သူတို့ ရဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ ကို မိဘတွေက အနီးကပ် ပြုပြင် ပေးနိုင် မယ်ဆိုရင်တော့ ကောင်းသွားမှာပါ။

မြတ်စုငြိမ်း

Credit:Popular Myanmar News Journal