Zawgyiျဖင့္ဖတ္ရန္

သားေတြသမီးေတြနဲ႔စည္ကားသိုက္ၿမိဳက္တဲ့ ေပ်ာ္စရာမိသားစုေလးပိုင္ဆိုု္င္ထားတဲ့မင္းေမာ္ကြန္းဟာ အခုေနာက္ပိုင္းမွာ ႐ုပ္႐ွင္႐ိုက္တာက်ဲပါးၿပီး မိသားစုကိုဂ႐ုစိုက္ရင္း ဂီတဘက္ကို ေျခဦးျပန္လွည့္ေနတာေတြ႔ရပါတယ္။ မင္းေမာ္ကြန္းက ဆြဲေဆာင္မႉ႐ွိတယ္လို႔ ပရိသတ္ေတြၾကားေရပန္းစားေနတဲ့သမီးေလးနဲ႔ပက္သက္ၿပီး မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ေျဖၾကားသြားပါတယ္။

မင္းေမာ္ကြန္းက သမီးနဲ႔သားကို Music Video ထဲမွာ သ႐ုပ္ေဆာင္ခိုင္းျဖစ္တာနဲ႔ပက္သက္ၿပီး “Story ပိုင္းကေတာ့ ဒါ႐ိုက္တာရဲ႕စိတ္ကူးပါ။ ကြၽန္ေတာ့္ သီခ်င္းေလးမွာ ကြၽန္ေတာ့္သားသမီးေတြ အမွတ္တရေလးျဖစ္ေအာင္ဆိုၿပီး ႐ိုက္ထားတာပါ”လို႔ေျပာျပထားပါတယ္။

သမီးကိုသ႐ုပ္ေဆာင္လုပ္ခိုင္းမွာလားဆိုတာကို မင္းေမာ္ကြန္းက “သူကေတာ့ ငယ္ပါေသးတယ္။ ေလာေလာဆယ္ေတာ့ သူ႔ကိုေက်ာင္းထားျပီး သူအရြယ္ေရာက္ေအာင္ျပဳစုပ်ိဳးေထာင္ရဦးမွာေပါ့ေနာ္။ သူ႔ကို ကြၽန္ေတာ္တို႔နဲ႔ နီးနီးနားနား ဘန္ေကာက္မွာေက်ာင္းတက္ဖို႔လုပ္ထားပါတယ္။ အဓိကကေတာ့ အေမရိကကေက်ာင္းေပါ့ေနာ္၊ ဟိုမွာသြားတက္လို႔႐ွိရင္ သူ သြားခ်ိန္ျပန္ခ်ိန္ ေလယာဥ္စီးရတာနဲ႔ကို ေတာ္ေတာ္ဒုကၡေရာက္မွာေလ၊ဒီမွာက်ေတာ့ နီးနီးနားနားပဲဆိုေတာ့ အဲ့မွာပဲတက္ဖို႔ သူေရြးသြားတယ္”လို႔ ေျပာျပထားပါတယ္။

မင္းေမာ္ကြန္းက ဇာတ္ကား႐ိုက္ကူးရင္း accident ျဖစ္ခဲ့တဲ့အေၾကာင္းကိုလည္း “ကြၽန္ေတာ္တို႔႐ိုက္ကူးေနရင္းနဲ႔ ေဘးက ႐ိုက္ကူးတဲ့ကား႐ွိတယ္။ အလည္မွာ actor သံုးေယာက္ကို႐ိုက္ကူးတဲ့ကား႐ွိတယ္ေပါ့ေနာ္။Drone shot ေပါ့ေနာ္။ အေနာက္ကလာတဲ့ကားက ေ႐ွ႕ကကားကိုမျမင္ပဲနဲ႔ ေဘးကကားေတြကိုေငးျပီး ဝင္တိုက္သြားတာေပါ့ေနာ္။ ဘာမွလူေတြဘာေတြေတာ့ ထိခိုက္ဒဏ္ရာရသြားတာေတြမရွိပါဘူး”လို႔ ေျပာျပထားပါတယ္။

Unicodeဖြင့်ဖတ်ရန်

သားတွေသမီးတွေနဲ့စည်ကားသိုက်မြိုက်တဲ့ ပျော်စရာမိသားစုလေးပိုင်ဆိုင်ထားတဲ့မင်းမော်ကွန်းဟာ အခုနောက်ပိုင်းမှာ ရုပ်ရှင်ရိုက်တာကျဲပါးပြီး မိသားစုကိုဂရုစိုက်ရင်း ဂီတဘက်ကို ခြေဦးပြန်လှည့်နေတာတွေ့ရပါတယ်။ မင်းမော်ကွန်းက ဆွဲဆောင်မှူရှိတယ်လို့ ပရိသတ်တွေကြားရေပန်းစားနေတဲ့သမီးလေးနဲ့ပက်သက်ပြီး မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။

မင်းမော်ကွန်းက သမီးနဲ့သားကို Music Video ထဲမှာ သရုပ်ဆောင်ခိုင်းဖြစ်တာနဲ့ပက်သက်ပြီး “Story ပိုင်းကတော့ ဒါရိုက်တာရဲ့စိတ်ကူးပါ။ ကျွန်တော့် သီချင်းလေးမှာ ကျွန်တော့်သားသမီးတွေ အမှတ်တရလေးဖြစ်အောင်ဆိုပြီး ရိုက်ထားတာပါ”လို့ပြောပြထားပါတယ်။

သမီးကိုသရုပ်ဆောင်လုပ်ခိုင်းမှာလားဆိုတာကို မင်းမော်ကွန်းက “သူကတော့ ငယ်ပါသေးတယ်။ လောလောဆယ်တော့ သူ့ကိုကျောင်းထားပြီး သူအရွယ်ရောက်အောင်ပြုစုပျိုးထောင်ရဦးမှာပေါ့နော်။ သူ့ကို ကျွန်တော်တို့နဲ့ နီးနီးနားနား ဘန်ကောက်မှာကျောင်းတက်ဖို့လုပ်ထားပါတယ်။ အဓိကကတော့ အမေရိကကကျောင်းပေါ့နော်၊ ဟိုမှာသွားတက်လို့ရှိရင် သူ သွားချိန်ပြန်ချိန် လေယာဉ်စီးရတာနဲ့ကို တော်တော်ဒုက္ခရောက်မှာလေ၊ဒီမှာကျတော့ နီးနီးနားနားပဲဆိုတော့ အဲ့မှာပဲတက်ဖို့ သူရွေးသွားတယ်”လို့ ပြောပြထားပါတယ်။

မင်းမော်ကွန်းက ဇာတ်ကားရိုက်ကူးရင်း accident ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း “ကျွန်တော်တို့ရိုက်ကူးနေရင်းနဲ့ ဘေးက ရိုက်ကူးတဲ့ကားရှိတယ်။ အလည်မှာ actor သုံးယောက်ကိုရိုက်ကူးတဲ့ကားရှိတယ်ပေါ့နော်။Drone shot ပေါ့နော်။ အနောက်ကလာတဲ့ကားက ရှေ့ကကားကိုမမြင်ပဲနဲ့ ဘေးကကားတွေကိုငေးပြီး ဝင်တိုက်သွားတာပေါ့နော်။ ဘာမှလူတွေဘာတွေတော့ ထိခိုက်ဒဏ်ရာရသွားတာတွေမရှိပါဘူး”လို့ ပြောပြထားပါတယ်။

Credit: နမည္ၾကီး