Zawgyiျဖင့္ဖတ္ရန္

ရုပ္ရွင္ ဇာတ္ကား အနည္းငယ္သာ ရိုက္ထားေပမယ့္လည္း ေယာက်ာ္းပီသတဲ့ မ်က္ႏွာေပါက္နဲ႔ ပီပီျပင္ျပင္သရုပ္ေဆာင္မႈေတြေၾကာင့္ ပရိသတ္ေတြ အခိုင္အမာ ရရွိထားတဲ့ မင္းသား ေအာင္ျမင့္ျမတ္ကေတာ့ ရုပ္ရွင္ကားေတြ ဆက္တိုက္ရိုက္ေနတာကို ေတြ႔ရပါတယ္။ ေအာင္ျမင့္ျမတ္ကေတာ့ လက္ရွိမွာ ကတိ ဆိုတဲ့ ဇာတ္ကားကို မင္းသမီး ေမ နဲ႔ ရိုက္ေနျပီး ေမ ရဲ့ သရုပ္ေဆာင္မႈေတြကို ခ်ီးက်ဳးသြားခဲ့ပါတယ္။

ဗီလိန္ဇာတ္ရုပ္ေတြ ရိုက္ျဖစ္တာနဲ႔ ပတ္သက္ျပီး “အစကေတာ့ ဗီလိမ္ကာရိုက္တာေတြ မရိုက္ျဖစ္ဘူး။ က်ေနာ္က ၾကမ္းၾကမ္းတမ္းတမ္းဖက္ေတြ သြားရတယ္။ အဲ့ဒါေၾကာင့္လည္း ေနမွာေပါ့။ ေခါက္ရိုးက်ိဳးေနတဲ့ အရာေတြကို သိပ္မၾကိဳက္ဘူး”

ေမနဲ႔သ႐ုပ္ေဆာင္ ရတဲ့အမွတ္တရေတြက” ေ႐ွ႕ကားဆို ေမ နဲ႔ဘဲႏွစ္ေယာက္ အဓိကသ႐ုပ္ေဆာင္နဲ႔ဘဲ သ႐ုပ္ေဆာင္ခဲ့တယ္ ဆိုေတာ့ အဓိကဒီကားမွာ သူနဲ႔မို႔ပိုၿပီး အဆင္ေျပသြားတာ ပါတယ္ေပါ့ အမ်ားႀကီးေျပာေနစရာ မလိုဘူးသူနဲ႔က သူသ႐ုပ္ေဆာင္တာလဲ ႀကိဳက္တယ္ စကားအမ်ားႀကီးမေျပာရတဲ့ သ႐ုပ္ေဆာင္ နဲ႔ဆိုအဆင္ေျပတယ္ ကြၽန္ေတာ္ကိုယ္တိုင္ကလဲ စကားအမ်ားႀကီးေျပာရတဲ့ ဇာတ္ဝင္ခန္းဆိုအားနည္းတယ္ အျပင္မွာသာ အမ်ားႀကီးေျပာရင္ေျပာတာ ဇာတ္ကားထဲေရာက္ရင္ အမ်ားႀကီးမေျပာခ်င္ဘူး အျပင္မွာလဲကြၽန္ေတာ္က စကားနဲေတာ့ေလ အဲ့လိုဇာတ္ေလးေတြဘဲ လုပ္ျဖစ္တယ္ ေမက အိုင္တင္ေတြပိုင္တယ္ အဓိကက တစ္ေယာက္နဲ႔တစ္ေယာက္ ၾကည့္လိုက္တဲ့အခ်ိန္မွာ သူဘာလုပ္မလဲ ကိုယ္ဘာလုပ္မလဲသိေနတယ္

ကတိ ဇာတ္ကားေၾကာင့္ စိုးရိမ္မႈေတြ႐ွိခဲ့လား” စစခ်င္းကေတာ့မယုံဘူးေပါ့ေနာ္ သူကိုဟိုလိုႀကီးမယုံတာ မဟုတ္ဘူးစိတ္ပူတာ ဒီ႐ုပ္႐ွင္ဆိုတာႀကီးက အရမ္းခက္တယ္ေလ သူမ်ားေတြလြယ္လြယ္ကူကူ ႐ုိက္ေနေပမဲ့ ကြၽန္ေတာ္တို႔႐ုိက္ေနတဲ့ ႐ုပ္႐ွင္ဆိုတာႀကီးက အရမ္းခက္တယ္ေလ ႐ုပ္႐ွင္တစ္ခါျဖစ္လာဖို႔ အခ်ိန္အတိုင္းအတာတခု ျပင္ဆင္မႈ႐ွိရမယ္ ၿပီးေတာ့ဖန္တီးသူေတြ ဒါ႐ုိတ္တာေတြ ဇာတ္ၫႊန္းေတြက ဒီအေပၚမွာ ၁၀၀ရာခိုင္ႏႈန္း စိတ္ဝင္စားႏိူင္ရမယ္ ကိုယ္မယုံတဲ့ကာ႐ုိတ္တာတစ္ခုကို ပရိတ္သတ္ကိုခ်ျပရင္ ပရိတ္သတ္ကလဲယုံမွာမဟုတ္ဘူး”

ေနာက္ထပ္ သရုပ္ေဆာင္မယ့္ကာရိုက္တာေတြနဲ႔ ပတ္သက္ျပီး “အဓိကကလည္း ဗီလိန္ မလုပ္ခ်င္ဘူးဆိုတဲ့ ေနာက္ကြယ္မွာ အေၾကာင္းအရာေတြ အမ်ားၾကီး ရွိတယ္။ လူတေယာက္က ဆိုးတယ္။ အေၾကာင္းျပခ်က္ေတြ ရွိပါတယ္။ မသိဘူး ဆုိးမယ္ဆိုတဲ့ အပိုင္းေတြ မရွိပါဘူး။ ဇာတ္လမ္းေကာင္းေကာင္းေလး ရွိရင္ေတာ့ လက္ခံမွာပါ။ ေနာက္ႏွစ္ထဲမွာေတာ့ စေနေမာင္ေမာင္ အတြက္ ေသခ်ာျပင္ဆင္ျပီးေတ့ာ ရိုက္ျဖစ္မွာပါ” ဆိုျပီးေတာ့ ေျပာၾကားသြား ခဲ့ပါတယ္။

Unicodeဖြင့်ဖတ်ရန်

ရုပ်ရှင်ဇာတ်ကား အနည်းငယ်သာ ရိုက်ထားပေမယ့်လည်း ယောကျာ်းပီသတဲ့ မျက်နှာပေါက်နဲ့ ပီပီပြင်ပြင်သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့ မင်းသား အောင်မြင့်မြတ်ကတော့ ရုပ်ရှင်ကားတွေ ဆက်တိုက်ရိုက်နေတာကို တွေ့ရပါတယ်။ အောင်မြင့်မြတ်ကတော့ လက်ရှိမှာ ကတိ ဆိုတဲ့ ဇာတ်ကားကို မင်းသမီး မေ နဲ့ ရိုက်နေပြီး မေ ရဲ့ သရုပ်ဆောင်မှုတွေကို ချီးကျုးသွားခဲ့ပါတယ်။

ဗီလိန်ဇာတ်ရုပ်တွေ ရိုက်ဖြစ်တာနဲ့ ပတ်သက်ပြီး “အစကတော့ ဗီလိမ်ကာရိုက်တာတွေ မရိုက်ဖြစ်ဘူး။ ကျနော်က ကြမ်းကြမ်းတမ်းတမ်းဖက်တွေ သွားရတယ်။ အဲ့ဒါကြောင့်လည်း နေမှာပေါ့။ ခေါက်ရိုးကျိုးနေတဲ့ အရာတွေကို သိပ်မကြိုက်ဘူး”

မေနဲ့သရုပ်ဆောင် ရတဲ့အမှတ်တရတွေက” ရှေ့ကားဆို မေ နဲ့ဘဲနှစ်ယောက် အဓိကသရုပ်ဆောင်နဲ့ဘဲ သရုပ်ဆောင်ခဲ့တယ် ဆိုတော့ အဓိကဒီကားမှာ သူနဲ့မို့ပိုပြီး အဆင်ပြေသွားတာ ပါတယ်ပေါ့ အများကြီးပြောနေစရာ မလိုဘူးသူနဲ့က သူသရုပ်ဆောင်တာလဲ ကြိုက်တယ် စကားအများကြီးမပြောရတဲ့ သရုပ်ဆောင် နဲ့ဆိုအဆင်ပြေတယ် ကျွန်တော်ကိုယ်တိုင်ကလဲ စကားအများကြီးပြောရတဲ့ ဇာတ်ဝင်ခန်းဆိုအားနည်းတယ် အပြင်မှာသာ အများကြီးပြောရင်ပြောတာ ဇာတ်ကားထဲရောက်ရင် အများကြီးမပြောချင်ဘူး အပြင်မှာလဲကျွန်တော်က စကားနဲတော့လေ အဲ့လိုဇာတ်လေးတွေဘဲ လုပ်ဖြစ်တယ် မေက အိုင်တင်တွေပိုင်တယ် အဓိကက တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်တဲ့အချိန်မှာ သူဘာလုပ်မလဲ ကိုယ်ဘာလုပ်မလဲသိနေတယ်

ကတိ ဇာတ်ကားကြောင့် စိုးရိမ်မှုတွေရှိခဲ့လား” စစချင်းကတော့မယုံဘူးပေါ့နော် သူကိုဟိုလိုကြီးမယုံတာ မဟုတ်ဘူးစိတ်ပူတာ ဒီရုပ်ရှင်ဆိုတာကြီးက အရမ်းခက်တယ်လေ သူများတွေလွယ်လွယ်ကူကူ ရိုက်နေပေမဲ့ ကျွန်တော်တို့ရိုက်နေတဲ့ ရုပ်ရှင်ဆိုတာကြီးက အရမ်းခက်တယ်လေ ရုပ်ရှင်တစ်ခါဖြစ်လာဖို့ အချိန်အတိုင်းအတာတခု ပြင်ဆင်မှုရှိရမယ် ပြီးတော့ဖန်တီးသူတွေ ဒါရိုတ်တာတွေ ဇာတ်ညွှန်းတွေက ဒီအပေါ်မှာ ၁၀၀ရာခိုင်နှုန်း စိတ်ဝင်စားနိူင်ရမယ် ကိုယ်မယုံတဲ့ကာရိုတ်တာတစ်ခုကို ပရိတ်သတ်ကိုချပြရင် ပရိတ်သတ်ကလဲယုံမှာမဟုတ်ဘူး”

နောက်ထပ် သရုပ်ဆောင်မယ့်ကာရိုက်တာတွေနဲ့ ပတ်သက်ပြီး “အဓိကကလည်း ဗီလိန် မလုပ်ချင်ဘူးဆိုတဲ့ နောက်ကွယ်မှာ အကြောင်းအရာတွေ အများကြီး ရှိတယ်။ လူတယောက်က ဆိုးတယ်။ အကြောင်းပြချက်တွေ ရှိပါတယ်။ မသိဘူး ဆိုးမယ်ဆိုတဲ့ အပိုင်းတွေ မရှိပါဘူး။ ဇာတ်လမ်းကောင်းကောင်းလေး ရှိရင်တော့ လက်ခံမှာပါ။ နောက်နှစ်ထဲမှာတော့ စနေမောင်မောင် အတွက် သေချာပြင်ဆင်ပြီးတေ့ာ ရိုက်ဖြစ်မှာပါ” ဆိုပြီးတော့ ပြောကြားသွား ခဲ့ပါတယ်။

Credit: နမည္ၾကီး