Zawgyiျဖင့္ဖတ္ရန္

လင္းလင္း နဲ႔ခ်စ္သုေဝ အႏုပညာရွင္ႏွစ္ေယာက္ အျဖစ္ လူသိမ်ားၿပီး အခုခ်ိန္ထိ ေပ်ာ္ရႊင္စရာ မိသားစုဘဝေလးကိုပိုင္ဆိုင္ထားၾကပါတယ္။ အလွဴအတန္းနဲ့ ပရဟိတ လုပ္ငန္းအခ်ို႕မွာလည္း တက္ႂကြစြာ ပါဝင္လွဳပ္႐ွားတတ္ၾကတာကို လည္းအားလံုးသိၾကမွာပါ။ ဟိုတေလာက သိန္းေထာင္ေက်ာ္တန္ေက်ာက္ တစ္လံုးေအာင္တဲ့ အေၾကာင္းကို က်ေနာ္တို႔ေျပာခ်င္လြန္းလို႔က ပရိသတ္ေတြကို တင္ဆက္ေပးၿပီးသားပါ။ အခုအဲ့ဒီေက်ာက္ေအာင္တဲ့အေပၚက ခံစားခ်က္ေတြကို Myanmar Celebrity နဲ႔ အင္တာဗ်ဴးမွာ ေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ပရိသတ္ေတြသိေအာင္ ေျပာျပေပးလိုက္ပါတယ္။

သိန္းေထာင္ခ်ီတန္တဲ့ ေက်ာက္ေအာင္တဲ့ ခံစားခ်က္ကို လင္းလင္းက “ အဲ့တာက ဒီလို အဲ့ဒီလိုေက်ာက္စိမ္းေအာင္တယ္ဆိုတာ ဒီလို ငါးရာတို႔ တစ္ေထာင့္ငါးရာတို႔ျမတ္တယ္ဆိုတာက တကယ့္တကယ္ ေက်ာက္ေလာကမွာ အလာပသလႅာပပဲ ဘာမွမဟုတ္ဘူး ။ အမွန္က ကိုယ္ကက်ေတာ့လည္းတစ္ခါမွ မလုပ္ဖူးဘူး နားလည္းမလည္ဘူး အဲ့ဒီေလာက္ကနဲ႔လည္း မရင္းနီးဘူး သိလည္းမသိဘူး ေအာင္ႀကီးတို႔ ကိုဆန္းမင္းတို႔က Life ေတာက္ေလွ်ာက္မွာ ဒါေတြလုပ္လာတာ ။ အဲ့ဒါ အစ္ကို႔ကိုေျပာၿပီးေတာ့ ေဟ့ေရာင္ အစိုးရရဲ႕ တရားဝင္ေလာဒ့္ေလးတစ္ခုေပါ့ လိုသလို႐ိွတယ္ဆိုေတာ့ အစ္ကို အျမတ္ကိုစိတ္မဝင္စားဘူး အနည္းဆံုးအရင္းရမယ္ဆိုရင္ သေဘာ ကူညီေပးမယ္ဆိုၿပီး ကူညီေပးလိုက္တာ ။ ကူညီေပးလိုက္တဲ့ ဟာကေန သိန္းတစ္ေထာင္နဲ႔ တစ္ေထာင့္ငါးရာၾကားျမတ္မွာေပါ့ ။”ဆိုၿပီးေျပာေတာ့ ခ်စ္သုေဝကလည္း “ အခုက လက္ထဲလည္း ပိုက္ဆံမေရာက္ေသးဘူး သူေက်ာက္ေအာင္တယ္လို႔ တင္လိုက္ေတာ့ အားလံုးက မမကို ေလာပန္ႀကီးထင္သြားၿပီ”ဆိုၿပီး ႏွစ္ေယာက္သားရယ္လ်က္ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီး လင္းလင္းကလည္း “ အမွန္မွာက အဲ့ဒီလိုမဟုတ္ေသးဘူး သူတို႔ေလာက သူတို႔ဆီမွာက သိန္းတေထာင္ေထာင့္ငါးရာကဘာမွမဟုတ္ေသးဘူးေလ သူတို႔ကေထာင္ၾကီးေတြ ေသာင္းႀကီးေတြ အဲ့ဒီလို႔ေျပာၾကတာေလ။ ကိုယ့္အေနနဲ႔ကက် ၁၅၀ ၊ ၂၀၀ ေလာက္ရင္းၿပီး အဲ့ဒီေလာက္ ရတာဆိုေတာ့ ေပ်ာ္စရာႀကီးဟ အဲ့ဒီလိုမ်ိဳးျဖစ္တာပါ။ ဒါေပမယ့္ သူနဲ႔လည္း (ခ်စ္သုေဝကို ညႊန္ျပၿပီး) တိုင္ပင္ထားပါတယ္။ လွည္းကူးမွာ ေက်ာင္းေလးေဆာက္ျဖစ္မလားအစ္ကို႔ဆႏၵကက် ျပည္နယ္တစ္ခုခုေပါ့ ခ်င္းျပည္နယ္မွာပဲျဖစ္ျဖစ္ မူလတန္းေက်ာင္းေလး ေဆာက္ခ်င္တာ ဘယ္လိုလုပ္ျဖစ္မယ္လဲေတာ့ မသိေသးဘူး ကိုယ္တို႔က အဲ့ဒီလိုမ်ိဳးစဥ္းစားထားတယ္ အစ္ကိုတို႔ ရမယ့္အရင္းအျမတ္အကုန္လံုးကို အဲ့ဒီလိုလုပ္မယ္ စဥ္းစားထားတယ္။”ဆိုၿပီးေျပာျပသြားပါတယ္။

Unicodeဖြင့်ဖတ်ရန်

လင်းလင်းနဲ့ချစ်သုဝေ အနုပညာရှင်နှစ်ယောက် အဖြစ် လူသိများပြီး အခုချိန်ထိ ပျော်ရွှင်စရာ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားကြပါတယ်။ အလှူအတန်းနဲ့ ပရဟိတ လုပ်ငန်းအချို့မှာလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားတတ်ကြတာကို လည်းအားလုံးသိကြမှာပါ။ ဟိုတလောက သိန်းထောင်ကျော်တန်ကျောက် တစ်လုံးအောင်တဲ့ အကြောင်းကို ကျနော်တို့ပြောချင်လွန်းလို့က ပရိသတ်တွေကို တင်ဆက်ပေးပြီးသားပါ။ အခုအဲ့ဒီကျောက်အောင်တဲ့အပေါ်က ခံစားချက်တွေကို Myanmar Celebrity နဲ့ အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ်။

သိန်းထောင်ချီတန်တဲ့ ကျောက်အောင်တဲ့ ခံစားချက်ကို လင်းလင်းက “ အဲ့တာက ဒီလို အဲ့ဒီလိုကျောက်စိမ်းအောင်တယ်ဆိုတာ ဒီလို ငါးရာတို့ တစ်ထောင့်ငါးရာတို့မြတ်တယ်ဆိုတာက တကယ့်တကယ် ကျောက်လောကမှာ အလာပသလ္လာပပဲ ဘာမှမဟုတ်ဘူး ။ အမှန်က ကိုယ်ကကျတော့လည်းတစ်ခါမှ မလုပ်ဖူးဘူး နားလည်းမလည်ဘူး အဲ့ဒီလောက်ကနဲ့လည်း မရင်းနီးဘူး သိလည်းမသိဘူး အောင်ကြီးတို့ ကိုဆန်းမင်းတို့က Life တောက်လျှောက်မှာ ဒါတွေလုပ်လာတာ ။ အဲ့ဒါ အစ်ကို့ကိုပြောပြီးတော့ ဟေ့ရောင် အစိုးရရဲ့ တရားဝင်လောဒ့်လေးတစ်ခုပေါ့ လိုသလိုရှိတယ်ဆိုတော့ အစ်ကို အမြတ်ကိုစိတ်မဝင်စားဘူး အနည်းဆုံးအရင်းရမယ်ဆိုရင် သဘော ကူညီပေးမယ်ဆိုပြီး ကူညီပေးလိုက်တာ ။ ကူညီပေးလိုက်တဲ့ ဟာကနေ သိန်းတစ်ထောင်နဲ့ တစ်ထောင့်ငါးရာကြားမြတ်မှာပေါ့ ။”ဆိုပြီးပြောတော့ ချစ်သုဝေကလည်း “ အခုက လက်ထဲလည်း ပိုက်ဆံမရောက်သေးဘူး သူကျောက်အောင်တယ်လို့ တင်လိုက်တော့ အားလုံးက မမကို လောပန်ကြီးထင်သွားပြီ”ဆိုပြီး နှစ်ယောက်သားရယ်လျက်ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး လင်းလင်းကလည်း “ အမှန်မှာက အဲ့ဒီလိုမဟုတ်သေးဘူး သူတို့လောက သူတို့ဆီမှာက သိန်းတထောင်ထောင့်ငါးရာကဘာမှမဟုတ်သေးဘူးလေ သူတို့ကထောင်ကြီးတွေ သောင်းကြီးတွေ အဲ့ဒီလို့ပြောကြတာလေ။ ကိုယ့်အနေနဲ့ကကျ ၁၅၀ ၊ ၂၀၀ လောက်ရင်းပြီး အဲ့ဒီလောက် ရတာဆိုတော့ ပျော်စရာကြီးဟ အဲ့ဒီလိုမျိုးဖြစ်တာပါ။ ဒါပေမယ့် သူနဲ့လည်း (ချစ်သုဝေကို ညွှန်ပြပြီး) တိုင်ပင်ထားပါတယ်။ လှည်းကူးမှာ ကျောင်းလေးဆောက်ဖြစ်မလားအစ်ကို့ဆန္ဒကကျ ပြည်နယ်တစ်ခုခုပေါ့ ချင်းပြည်နယ်မှာပဲဖြစ်ဖြစ် မူလတန်းကျောင်းလေး ဆောက်ချင်တာ ဘယ်လိုလုပ်ဖြစ်မယ်လဲတော့ မသိသေးဘူး ကိုယ်တို့က အဲ့ဒီလိုမျိုးစဉ်းစားထားတယ် အစ်ကိုတို့ ရမယ့်အရင်းအမြတ်အကုန်လုံးကို အဲ့ဒီလိုလုပ်မယ် စဉ်းစားထားတယ်။”ဆိုပြီးပြောပြသွားပါတယ်။

Credit: နမည္ၾကီး