Zawgyiျဖင့္ဖတ္ရန္

ခႏၶာကုိယ္ အမိုက္စားနဲ႔ ဆြဲေဆာင္မႈ အျပည့္႐ွိတဲ့ မင္းသမီး တေယာက္ျဖစ္တဲ့ အိေခ်ာပိုကိုေတာ့ ေတာ္ေတာ္မ်ားမ်ားလည္း သိၿပီးသား ျဖစ္မွာပါ။ အိေခ်ာပိုကေတာ့ ယခုေနာက္ပိုင္းမွာ ႐ုပ္႐ွင္ကားႀကီးေတြ အဆက္မျပတ္ ႐ိုက္ကူးေနရသလို ပရိသတ္အားေပးမႈကိုလည္း ယခင္ကထက္ ပိုမိုရ႐ွိထားတဲ့ မင္းသမီးလည္း ျဖစ္ပါတယ္။ အိေခ်ာပိုကေတာ့ လက္႐ွိမွာလညး္ ပရိသတ္ေတြ အားလံုး စိတ္ဝင္စားေနၾကတဲ့ သူ႔ရဲ႕ အခ်စ္ေရးအေၾကာင္းကို ရင္ဖြင့္လာခဲ့တာ ျဖစ္ပါတယ္။

အိေခ်ာပိုကေတာ့ ခ်စ္သူျဖစ္သူက မင္းသားလည္း မဟုတ္သလို ေမာ္ဒယ္လည္းမဟုတ္ဘူးဆိုတဲ့ ကိစၥကိုေတာ့ “ဒါကေတာ့ တျဖည္းျဖည္း သိလာမွာေပါ့ေနာ္။ ပရိသတ္ကို ခ်ျပသင့္တဲ့ အခ်ိန္ကရင္ေတာ့ ခ်ျပမွာပါ။ ေလာေလာဆယ္ေတာ့ ဒီထဲက မဟုတ္ဘူးဆိုတာကို ေျပာျပထားတဲ့ သေဘာေပါ့ေနာ္။

ကိုယ့္အခ်စ္ေရးကိုမွ ဘာေၾကာင့္ စိတ္ဝင္စားေနၾကတယ္လို႔ ထင္လဲဆိုတဲ့ အေပၚမွာေတာ့ “ဒါကေတာ့ သူမ်ားေတြလည္း ရည္းစားထားေနၾကတာပဲေလ။ အရမ္းႀကီးေတာ့ မဟုတ္ပါဘူး။ ခ်စ္ၾကလို႔ထင္ပါတယ္။ တေယာက္ထဲကေတာ့ ေနဦးမွာေပါ့။ အခုမွလည္း စူက အလုပ္ေတြေသခ်ာလုပ္ေနတုန္းဆိုေတာ့ ဘဝလက္တြဲေဖာ္ဆိုတာက ပရိသတ္ေတြကို ေသခ်ာၿပီဆိုမွ ခ်ျပတာ ေကာင္းမယ္လို႔ ထင္ပါတယ္။ ဖံုးကြယ္ခ်င္လိ့ုလည္း မဟုတ္ဘူး။ လ်ိဳခ်င္လို႔လည္း မဟုတ္ဘူး။ တခုခုမွားသြားရင္ ပရိသတ္ စိတ္မေကာင္းသြားတာပဲ ျဖစ္ျဖစ္ အဲ့လိုျဖစ္္သြားမွာကို စိုးရိမ္တယ္။” ဆိုၿပီး အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ေျပာၾကားသြား ခဲ့ပါတယ္။

ဘယ္လိုလူမ်ိဳးကို လက္တြဲေဖာ္ အျဖစ္ေရြးခ်ယ္မလဲဆိုတာကိုေတာ့ “အဓိက ကေတာ့ စူ ေျပာဖူးသလို အလုပ္ကိုလည္း နားလည္ရမယ္။ ၿပီးေတာ့ မိသားစုနဲ႔လည္း စိတ္တူကုိယ္တူ႐ွိရမယ္။ အဓိက က တေယာက္နဲ႔ တေယာက္ စိတ္တူကုိယ္တူ ႐ွိရမယ္။ အဲ့လိုမ်ိဳးကိုပဲ ေရြးခ်ယ္ျဖစ္မွာပါ

ပရိသတ္ေတြကို ေျပာခ်င္တဲ့စကားနဲ႔ ပတ္သက္ၿပီး “စူ လက္ခံထားတဲ့ကားေလးေတြ ထူးျခားတဲ့ ဇာတ္လမ္းေလးေတြကို ပရိသတ္ေတြကို ခ်ျပဖို႔ ႐ွိတယ္။ အဲ့ဒါေလးေတြကို လက္ခံထားတယ္။ ႐ိုက္ရက္ကို အတိအက် သိရရင္ေတာ့ ပရိသတ္ႀကီးကို ေျပာမွာပါ။” ဆိုၿပီးေတာ့ ေျပာၾကားသြား ခဲ့ပါတယ္။

Unicodeဖြင့်ဖတ်ရန်

ခန္ဓာကိုယ် အမိုက်စားနဲ့ ဆွဲဆောင်မှု အပြည့်ရှိတဲ့ မင်းသမီး တယောက်ဖြစ်တဲ့ အိချောပိုကိုတော့ တော်တော်များများလည်း သိပြီးသား ဖြစ်မှာပါ။ အိချောပိုကတော့ ယခုနောက်ပိုင်းမှာ ရုပ်ရှင်ကားကြီးတွေ အဆက်မပြတ် ရိုက်ကူးနေရသလို ပရိသတ်အားပေးမှုကိုလည်း ယခင်ကထက် ပိုမိုရရှိထားတဲ့ မင်းသမီးလည်း ဖြစ်ပါတယ်။ အိချောပိုကတော့ လက်ရှိမှာလည်း ပရိသတ်တွေ အားလုံး စိတ်ဝင်စားနေကြတဲ့ သူ့ရဲ့ အချစ်ရေးအကြောင်းကို ရင်ဖွင့်လာခဲ့တာ ဖြစ်ပါတယ်။

အိချောပိုကတော့ ချစ်သူဖြစ်သူက မင်းသားလည်း မဟုတ်သလို မော်ဒယ်လည်းမဟုတ်ဘူးဆိုတဲ့ ကိစ္စကိုတော့ “ဒါကတော့ တဖြည်းဖြည်း သိလာမှာပေါ့နော်။ ပရိသတ်ကို ချပြသင့်တဲ့ အချိန်ကရင်တော့ ချပြမှာပါ။ လောလောဆယ်တော့ ဒီထဲက မဟုတ်ဘူးဆိုတာကို ပြောပြထားတဲ့ သဘောပေါ့နော်။

ကိုယ့်အချစ်ရေးကိုမှ ဘာကြောင့် စိတ်ဝင်စားနေကြတယ်လို့ ထင်လဲဆိုတဲ့ အပေါ်မှာတော့ “ဒါကတော့ သူများတွေလည်း ရည်းစားထားနေကြတာပဲလေ။ အရမ်းကြီးတော့ မဟုတ်ပါဘူး။ ချစ်ကြလို့ထင်ပါတယ်။ တယောက်ထဲကတော့ နေဦးမှာပေါ့။ အခုမှလည်း စူက အလုပ်တွေသေချာလုပ်နေတုန်းဆိုတော့ ဘဝလက်တွဲဖော်ဆိုတာက ပရိသတ်တွေကို သေချာပြီဆိုမှ ချပြတာ ကောင်းမယ်လို့ ထင်ပါတယ်။ ဖုံးကွယ်ချင်လိ့ုလည်း မဟုတ်ဘူး။ လျိုချင်လို့လည်း မဟုတ်ဘူး။ တခုခုမှားသွားရင် ပရိသတ် စိတ်မကောင်းသွားတာပဲ ဖြစ်ဖြစ် အဲ့လိုဖြစ်သွားမှာကို စိုးရိမ်တယ်။” ဆိုပြီး အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။

ဘယ်လိုလူမျိုးကို လက်တွဲဖော် အဖြစ်ရွေးချယ်မလဲဆိုတာကိုတော့ “အဓိက ကတော့ စူ ပြောဖူးသလို အလုပ်ကိုလည်း နားလည်ရမယ်။ ပြီးတော့ မိသားစုနဲ့လည်း စိတ်တူကိုယ်တူရှိရမယ်။ အဓိက က တယောက်နဲ့ တယောက် စိတ်တူကိုယ်တူ ရှိရမယ်။ အဲ့လိုမျိုးကိုပဲ ရွေးချယ်ဖြစ်မှာပါ

ပရိသတ်တွေကို ပြောချင်တဲ့စကားနဲ့ ပတ်သက်ပြီး “စူ လက်ခံထားတဲ့ကားလေးတွေ ထူးခြားတဲ့ ဇာတ်လမ်းလေးတွေကို ပရိသတ်တွေကို ချပြဖို့ ရှိတယ်။ အဲ့ဒါလေးတွေကို လက်ခံထားတယ်။ ရိုက်ရက်ကို အတိအကျ သိရရင်တော့ ပရိသတ်ကြီးကို ပြောမှာပါ။” ဆိုပြီးတော့ ပြောကြားသွား ခဲ့ပါတယ်။

Credit:နမည္ၾကီး