Zawgyiျဖင့္ဖတ္ရန္

Melody Worldမွထြက္ေပၚလာတဲ့ အသံခ်ိဳခ်ိဳေလးနဲ႔ ပရိသတ္ေတြကုိ ဖမ္းစားထားႏုိင္တဲ့အျပင္ ေတးသီခ်င္းေပါင္းမ်ားစြာနဲ႔ ပရိသတ္ရင္ထဲထိေအာင္ သီဆိုႏိုင္တဲ့ ႏိုင္ငံေက်ာ္ေတးသံ႐ွင္ ခ်မ္းခ်မ္းကေတာ့ အေမရိကန္ခရီးစဥ္တစ္ခုမွာ ၾကဳံခဲ့ရတဲ့ ျမန္မာလူမ်ိဳးေတြရဲ႕ ႐ွက္စရာေကာင္းတဲ့ အေတြ႔အၾကဳံတစ္ခုကုိ 8days နဲ႔ အင္တာဗ်ဴးတစ္ခုမွာေျပာသြားခဲ့ပါတယ္။

ခ်မ္းခ်မ္းက “အစ္မလည္းျမန္မာလူမ်ိဳးပဲေလ ျမန္မာႏုိင္ငံမွာေနေနတာ အစ္မဘာသာအစ္မဘာေသြးေရာေရာေလ။ ဒါေပမဲ့အစ္မသည္ ဒီေရေျမမွာေနလာတာ ကုိယ့္ျမန္မာလူမ်ိဳးေတြဟာ တအားေအာက္တန္းက်တာပဲ ဘယ္လုိေတြစားၿပီးဘယ္လုိေတြေထြးသြားတာေလ ျမန္မာႏုိင္ငံမွာသာ ကုိယ္အခ်င္းခ်င္းမုိ႔လုိ႔ဘာမွေသခ်ာမသိတာ သူမ်ားႏုိင္ငံကုိေရာက္သြားတယ္ သူမ်ားအဝတ္္လဲခန္းထဲမွာ အီးေတြဝင္ပါတယ္။ အေလးေတြအေပါ့ေတြစြန္႔တယ္ အဲ့တာဘာလဲဆုိေတာ့ အဝတ္လဲခန္း Zara လုိအဝတ္လဲခန္းထဲမွာပါသြားတယ္။ Toilet လည္းမဟုတ္ဘူးေလ ၿပီးလည္းၿပီးေရာ တံခါးပိတ္ၿပီး ျပန္ထြက္သြားတယ္ဆုိေတာ့ CCTV မွာၾကည့္ေတာ့ ဗမာလူမ်ိဳးျဖစ္ေနတယ္။

အဲ့လုိဆုိေျပာခံရတာ တအားေအာက္တယ္ကြာ သိလားအစ္မေျပာခ်င္တာကုိ ကုိယ့္ႏုိင္ငံမွာတင္မဟုတ္ေတာ့ဘူး သူမ်ားႏုိင္ငံမွာပါ သြားၿပီး စည္းကမ္းပ်က္တဲ့အခါက်ေတာ့ ျမန္မာလာရင္ဒီဆုိင္ထဲမဝင္ရဘူး။ အဲ့လုိေရးထားလုိက္တယ္ ျမန္မာေတြလာၿပီးေတာ့ ပြဲက်င္းပခြင့္မ႐ွိဘူးတုိ႔ ျမန္မာေတြလုပ္သြားတဲ့အမႈိက္ေတြ ျပန္႔ုက်ဲၿပီးေတာ့မသိမ္းသြားဘူးဆုိၿပီးေတာ့ နာမည္ေကာင္းမက်န္ဘူး။ ဒါကုိယ့္ႏုိင္ငံမွာတင္မဟုတ္ဘူး သူမ်ားႏုိင္ငံမွာသြားေနတဲ့ ျမန္မာလူမ်ိဳးေတြကုိလည္း စည္းကမ္းေလးေတြ စနစ္ေလးေတြ႐ွိေစခ်င္တယ္ ဘာေၾကာင့္လည္းဆုိေတာ့ ကမၻာႀကီးဆုိတာ က်ဥ္းက်ဥ္းေလးပါ။ တစ္ေန႔မဟုတ္တစ္ေန႔ကေတာ့ ျမန္မာလူမ်ိဴးေတြကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ျပန္ေတြ႔ၾကမွာပဲ။ ကုိယ္လုပ္ခဲ့တဲ့အရာတစ္ခုက ဒီေနရာမွာ ေတြ႔ခဲ့ရင္ ဒီလူေပါ့ ငါတုိ႔ဆုိင္မွာ အဲ့လုိႀကီးပါသြားတဲ့လူ ေျပာရင္႐ွက္စရာမေကာင္းဘူးလား။ ဘာလုိ႔လုပ္ေနမွာလဲ အဲ့လုိမ်ိဳးေပါ့ ေသးေသးေလးေတြကအစ ႏုိင္ငံမွာတင္မကဘူး ကမၻာမွာပါ ကုိယ့္ျမန္မာသတင္းေလးေတြ ေမႊးေနရင္မေကာင္းဘူးလား။

စိတ္ဓာတ္ေလးေတြ ေသးေသးေလးေတြက အစျပင္ၾကရေအာင္ကုိယ္ေတြလည္း စည္းကမ္း႐ွိလြန္းတဲ့သူမဟုတ္ဘူး။ ဒါေပမဲ့ အမႈိက္ကအစ ေသးေသးေလးက စျပင္မယ္ဆုိရင္ေတာ့ အႀကီးႀကီးအတြက္ရည္မွန္းခ်က္ေတြ ထားလုိ႔ရတာေပါ့။ ဒီအေျခခံဟာေလးေတာင္မလုပ္ဘူးဆုိရင္ ေျမာင္းေတြပိတ္လုိ႔ ကုန္း႐ုန္းၿပီးလုပ္ေနရတဲ့ လုပ္သားေတြ ဘယ္ေလာက္သနားစရာေကာင္းလဲ မုိးရြာထဲမွာေရေတြလ်ွံၿပီးေတာ့။ အဲ့တာေတြက ကုိယ္ေတြပစ္တဲ့အမႈိက္ေနာ္။ တစ္ေန႔တစ္ စပစ္လုိက္တာေတြက တေျဖးေျဖးႀကီးလာၿပီး အသုိက္ႀကီးလုိျဖစ္သြားတာေလ ကုိယ္က ဘာမွမျဖစ္ဘူးလုိ႔ထင္လုိက္ေပမယ့္ လုပ္ရမယ့္သူအတြက္ အရမ္းပင္ပန္းပါတယ္။

Unicodeဖြင့်ဖတ်ရန်

Melody Worldမှထွက်ပေါ်လာတဲ့ အသံချိုချိုလေးနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့အပြင် တေးသီချင်းပေါင်းများစွာနဲ့ ပရိသတ်ရင်ထဲထိအောင် သီဆိုနိုင်တဲ့ နိုင်ငံကျော်တေးသံရှင် ချမ်းချမ်းကတော့ အမေရိကန်ခရီးစဉ်တစ်ခုမှာ ကြုံခဲ့ရတဲ့ မြန်မာလူမျိုးတွေရဲ့ ရှက်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုကို 8days နဲ့ အင်တာဗျူးတစ်ခုမှာပြောသွားခဲ့ပါတယ်။

ချမ်းချမ်းက “အစ်မလည်းမြန်မာလူမျိုးပဲလေ မြန်မာနိုင်ငံမှာနေနေတာ အစ်မဘာသာအစ်မဘာသွေးရောရောလေ။ ဒါပေမဲ့အစ်မသည် ဒီရေမြေမှာနေလာတာ ကိုယ့်မြန်မာလူမျိုးတွေဟာ တအားအောက်တန်းကျတာပဲ ဘယ်လိုတွေစားပြီးဘယ်လိုတွေထွေးသွားတာလေ မြန်မာနိုင်ငံမှာသာ ကိုယ်အချင်းချင်းမို့လို့ဘာမှသေချာမသိတာ သူများနိုင်ငံကိုရောက်သွားတယ် သူများအဝတ်လဲခန်းထဲမှာ အီးတွေဝင်ပါတယ်။ အလေးတွေအပေါ့တွေစွန့်တယ် အဲ့တာဘာလဲဆိုတော့ အဝတ်လဲခန်း Zara လိုအဝတ်လဲခန်းထဲမှာပါသွားတယ်။ Toilet လည်းမဟုတ်ဘူးလေ ပြီးလည်းပြီးရော တံခါးပိတ်ပြီး ပြန်ထွက်သွားတယ်ဆိုတော့ CCTV မှာကြည့်တော့ ဗမာလူမျိုးဖြစ်နေတယ်။

အဲ့လိုဆိုပြောခံရတာ တအားအောက်တယ်ကွာ သိလားအစ်မပြောချင်တာကို ကိုယ့်နိုင်ငံမှာတင်မဟုတ်တော့ဘူး သူများနိုင်ငံမှာပါ သွားပြီး စည်းကမ်းပျက်တဲ့အခါကျတော့ မြန်မာလာရင်ဒီဆိုင်ထဲမဝင်ရဘူး။ အဲ့လိုရေးထားလိုက်တယ် မြန်မာတွေလာပြီးတော့ ပွဲကျင်းပခွင့်မရှိဘူးတို့ မြန်မာတွေလုပ်သွားတဲ့အမှိုက်တွေ ပြန့်ုကျဲပြီးတော့မသိမ်းသွားဘူးဆိုပြီးတော့ နာမည်ကောင်းမကျန်ဘူး။ ဒါကိုယ့်နိုင်ငံမှာတင်မဟုတ်ဘူး သူများနိုင်ငံမှာသွားနေတဲ့ မြန်မာလူမျိုးတွေကိုလည်း စည်းကမ်းလေးတွေ စနစ်လေးတွေရှိစေချင်တယ် ဘာကြောင့်လည်းဆိုတော့ ကမ္ဘာကြီးဆိုတာ ကျဉ်းကျဉ်းလေးပါ။ တစ်နေ့မဟုတ်တစ်နေ့ကတော့ မြန်မာလူမျိူးတွေကတော့ တစ်ယောက်နဲ့တစ်ယောက်ပြန်တွေ့ကြမှာပဲ။ ကိုယ်လုပ်ခဲ့တဲ့အရာတစ်ခုက ဒီနေရာမှာ တွေ့ခဲ့ရင် ဒီလူပေါ့ ငါတို့ဆိုင်မှာ အဲ့လိုကြီးပါသွားတဲ့လူ ပြောရင်ရှက်စရာမကောင်းဘူးလား။ ဘာလို့လုပ်နေမှာလဲ အဲ့လိုမျိုးပေါ့ သေးသေးလေးတွေကအစ နိုင်ငံမှာတင်မကဘူး ကမ္ဘာမှာပါ ကိုယ့်မြန်မာသတင်းလေးတွေ မွှေးနေရင်မကောင်းဘူးလား။

စိတ်ဓာတ်လေးတွေ သေးသေးလေးတွေက အစပြင်ကြရအောင်ကိုယ်တွေလည်း စည်းကမ်းရှိလွန်းတဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ အမှိုက်ကအစ သေးသေးလေးက စပြင်မယ်ဆိုရင်တော့ အကြီးကြီးအတွက်ရည်မှန်းချက်တွေ ထားလို့ရတာပေါ့။ ဒီအခြေခံဟာလေးတောင်မလုပ်ဘူးဆိုရင် မြောင်းတွေပိတ်လို့ ကုန်းရုန်းပြီးလုပ်နေရတဲ့ လုပ်သားတွေ ဘယ်လောက်သနားစရာကောင်းလဲ မိုးရွာထဲမှာရေတွေလျှံပြီးတော့။ အဲ့တာတွေက ကိုယ်တွေပစ်တဲ့အမှိုက်နော်။ တစ်နေ့တစ် စပစ်လိုက်တာတွေက တဖြေးဖြေးကြီးလာပြီး အသိုက်ကြီးလိုဖြစ်သွားတာလေ ကိုယ်က ဘာမှမဖြစ်ဘူးလို့ထင်လိုက်ပေမယ့် လုပ်ရမယ့်သူအတွက် အရမ်းပင်ပန်းပါတယ်။

Credit: နမည္ၾကီး