Zawgyiဖြင့်ဖတ်ရန်
Unicodeဖြင့်ဖတ်ရန်
ဖြူဖြူထွေးဟာ နာမည်စကြီးခါစတုန်းက ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုတော်တော်များများခံခဲ့ရပေမယ့် အခုတော့ ရိုးသားကြိုးစားပြီး အေးအေးဆေးဆေးလေးနေတဲ့ဖြူဖြူထွေးကို ပရိသတ်တွေကချစ်နေကြပါပြီ။ ဖြူဖြူထွေးက မကြာသေးမီက အကုန်သိမီဒီယာနဲ့ အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ နိုင်ငံခြားမှာသွားပြီး ကြော်ငြာရိုက်ဖို့ရှိတဲ့အကြောင်းတွေရင်ခုန်စွာပြောပြသွားပါတယ်။
ဖြူဖြူထွေးက လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “အခုကတော့ ရှုတင်တွေပဲ။ဗျောက်သောက်တွေကို အဲဒီရှုတင်တွေကို တော်တော်လေး ပြန်ဖြည်ယူရဦးမှာ။ ရှုတင်တွေလည်းရှိတယ်ပေါ့နော်။ နိုင်ငံခြားမှာ ေြက်ာငြာလေးရိုက်ဖို့လည်းရှိတယ်ပေါ့နော်။ စင်ကာပူပါ”လို့ ပြောပြထားပါတယ်။
စင်ကာပူမှာကြော်ငြာရိုက်ဖို့ပြင်ဆင်နေတာတွေကိုတော့ ဖြူဖြူထွေးက “ကြော်ငြာက နိုင်ငံခြားမှာတော့ နာမည်ကြီးတယ်လို့ပြောတယ်။ နာမည်ကြီး company တစ်ခုပဲ။ ကျွန်တော်နဲ့တော့ ဇာတ်ညွှန်းတွေဘာတွေတော့ ပို့ပြီးသွားပြီ ကျွန်တော် passport လုပ်တာကိုသူတို့က စောင့်နေတာပေ့ါ။ passport ပြီးတာနဲ့ လေယာဉ်လက်မှတ်တွေဘာတွေဖြတ်ပေးပြီးတစ်ခါတည်းခေါ်ပြီး ရိုက်မှာပေါ့နော်။လိုတော့လိုသေးတယ်။ passport ပြီးမှဆိုတော့”လို့ ပြောပြထားပါတယ်။
နိုင်ငံခြားကိုတစ်ခါမှမရောက်ဖူးလို့ရင်ခုန်နေတယ်လို့လည်း “ဒါက oversea က first time ပဲ။ အခုမှ passport လုပ်တာဆိုတော့ စဉ်းစားသာကြည့်လိုက်တော့ အရင်တုန်းက တစ်ခါမှမရောက်ဖူးဘူး။ ဘာပဲဖြစ်ဖြစ်အခု အလုပ်နဲ့သွားရမှာဆိုတော့ နည်းနည်းတော့ ရင်ခုန်တာပေါ့”လို့ ရယ်မောရင်းဖြေကြားထားပါတယ်။
ဖြူဖြူထွေးက လက်ရှိမြန်မာနိုင်ငံအနှံ့အပြားမှာရေကြီးနေတာကိုလည်းအလှူငွေတွေထည့်ဝင်ပေးနေကြောင်း “ဒီနေ့တောင်မှပန်းလှိုင် မဟာစည်ဆရာတော်ဘုရားကြီးနဲ့သွားတွေ့တယ်။သူတို့က ရေဘေးသင့်ပြည်သူတွေနဲ့ ပတ်သက်ပြီး အလှူခံဖို့ ကိစ္စလေး ဒီနေ့မနက်သွားပြီး meeting လုပ်ပြီး ဆွေးနွေးဖြစ်တယ်။ ပရိသတ်တွေအလှူရှင်တွေအနေနဲ့ သဒ္ဒါတရားနဲ့ တတ်အားသမျှပါဝင်ကူညီပေးပါဦးပေါ့။ ကိုယ်တိုင်လည်း လှူခဲ့ပါတယ်။ကိုယ်တိုင်အားတဲ့ရက်ကို လူပေါများတဲ့နေရာလေးတွေမှာအလှူခံတယ်ပေါ့နော်။ တကယ်လှူချင်တယ်ဆိုရင်လည်း သမီးဆီမှာလာလှူလို့ရပါတယ်လို့ facebook account ကနေ။ ကိုယ်တိုင်သွားရောက်လှူဒါန်းမှာဖြစ်တဲ့အတွက် အခြားအနုပညာရှင်တွေလည်းအများကြီးပါတယ်ပေါ့နော်။ တကယ်လို့ သဒ္ဒါတရားနည်းများမဆိုလှူဒါန်းပေးကြပါဦးလို့”လည်း ဖိတ်ခေါ်ထားပါသေးတယ်။
Credit: နမည္ၾကီး