Zawgyiျဖင့္ဖတ္ရန္

ျမန္မာႏုိင္ငံက မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးဝန္းရံျခင္းကုိ အျပည့္အဝခံေနရသလုိ ထုိင္းႏုိင္ငံမွာ႐ွိတဲ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကုိလည္း ခံေနရတဲ့ ေမာ္ဒယ္လ္နဲ႔သူ႐ုပ္ေဆာင္ ပုိင္တံခြန္ကေတာ့ ၿပီးခဲ့တဲ့ရက္ပုိင္းက ထုိင္းႏုိင္ငံကုိသြားခဲ့ၿပီး ထုိင္းလူမ်ိဳးပရိသတ္ေတြနဲ႔ Fan meeting လုပ္ခဲ့ၿပီး ထုိင္းလူမ်ိဳးပရိသတ္ေတြက ခ်စ္စႏုိးနဲ႔ “ပုိင္”လုိ႔ ေခၚၾကတယ္လုိ႔ fashion magazine နဲ႔အင္တာဗ်ဴးမွာ အခုလုိပဲ ေျပာသြားခဲ့ပါတယ္။

ထုိင္းက Fans ေတြနဲ႔ သြားေတြ႔ျဖစ္တာနဲ႔ပတ္သက္ၿပီး ပုိင္တံခြန္က “ပထမေတာ့ ကြၽန္ေတာ္အရမ္းေၾကာက္တယ္။ ေၾကာက္တယ္ဆုိတာထက္ ျမန္မာမွာေတာ့ ကုိယ့္ကုိအားေပးတဲ့ ပရိသတ္႐ွိသလုိ ခ်စ္တဲ့လူ႐ွိသလုိမုန္းတဲ့လူလည္း႐ွိတယ္ေလ။ ထုိင္းက ကမ္းလွမ္းေတာ့ ကြၽန္ေတာ္လက္ခံတယ္ လက္ခံတဲ့အခါက်ေတာ့ ေဝဖန္တဲ့သူ႐ွိေတာ့ နည္းနည္းအားငယ္တဲ့ဟာေလးေတာ့႐ွိတယ္။ ဒါေပမဲ့ အရင္ကတည္းကေတာ့ ကုိယ္လုပ္တဲ့အလုပ္ကုိ အေကာင္းဆုံးပဲလုပ္တယ္ အမ်ားႀကီးေတာ့မေတြးဘူး။ ဒါေပမဲ့လည္း တစ္ခါတစ္ေလၾကရင္ ျမန္မာအခ်င္းခ်င္းတုိက္ခုိက္တာေတြက်ရင္လည္း စိတ္မေကာင္းဘူးေပါ့ေနာ္။

အဲ့လုိျဖစ္တယ္ သူမ်ားႏုိင္ငံေရာက္တဲ့အခ်ိန္မွာ ေရာက္ကတည္းက ေလဆိပ္မွာလာၾကဳိတယ္။ ကြၽန္ေတာ္တစ္ပတ္ေနတယ္ ထုိင္းမွာ ျမန္မာေတြလည္းပါသလုိ အဓိကထုိင္းေတြေပါ့။ ဘယ္လုိပဲ ျဖစ္ျဖစ္ကြၽန္ေတာ္အရမ္းဝမ္းသာတယ္ ဒီဘက္က အနာျဖစ္သြားလုိ႔ ဟုိဘက္ကေဆးနဲ႔ ျပန္ကုလုိက္သလုိျဖစ္သြားတယ္ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ ေပ်ာ္လည္းေပ်ာ္တယ္ ဝမ္းလည္းဝမ္းသာတယ္။ Fan meeting ၿပီးသြားတဲ့အခ်ိန္ ႐ွဴတင္ေတာက္ေလွ်ာက္႐ုိက္တယ္ ႐ုိက္ေတာ့လည္း ျမန္မာတစ္ေယာက္အေနနဲ႔အရမ္းဂုဏ္ယူတယ္ဗ်ာ။ ဟုိေရာက္တဲ့အခ်ိန္မွာ အရင္တုန္းကဆုိရင္ အင္တာဗ်ဴးမွာေတာ့ ကြၽန္ေတာ္အရမ္းႀကီးေျပာလုိ႔မေကာင္းဘူး ဘာပဲျဖစ္ျဖစ္ အခုအခ်ိန္မွာေတာ့ ျမန္မာတစ္ေယာက္ျဖစ္ရတာ အရမ္းဝမ္းသာတယ္။

ကြၽန္ေတာ္ အဲ့လုိျဖစ္မယ္လုိ႔ လုံးဝကုိထင္လည္းမထင္ထားဘူး ႐ွိလည္း ထင္တာေတာ့ နည္းနည္းပါးပါးေပါ့ေနာ္။ ဟုိေရာက္တဲ့အခ်ိန္မွာ သူတုိ႔ႏုိင္ငံက အႏုပညာ႐ွင္ေတြေရာ Media အသီးသီးကေရာ ကြၽန္ေတာ့္ကုိခ်စ္လုိ႔ေတာင္ “ပုိင္ “တဲ့ “ပုိင္”လုိ႔ငါတုိ႔ေခၚမယ္တဲ့ ခ်စ္လုိ႔တဲ့ ျမန္မာပရိသတ္ေတြကုိ ေတြ႔လုိက္ရသလုိပဲ။ ကြၽန္ေတာ့္ရဲ႕ ျမန္မာပရိသတ္ကေတာ့ ေထြေထြထူးထူးေျပာစရာမ႐ွိဘူး ကြၽန္ေတာ့္ကုိခ်စ္တဲ့ပရိသတ္ဆုိ နာမည္မ်ိဳးစုံနဲ႔တပ္ၿပီးေခၚၾကတယ္ အားေပးၾကတယ္။ အဲ့လုိပဲ ထုိင္းေရာက္တဲ့အခ်ိန္မွာ အစက ထုိင္းပရိသတ္ဆုိေတာ့ နည္းနည္းေတာ့႐ွိန္တယ္ စုိးလည္းစုိးရိမ္တယ္။ ဒါေပမဲ့ ျမန္မာပရိသတ္လုိပဲ ေဖာ္ေရြတယ္။ ကြၽန္ေတာ္တုိ႔ကုိလည္း တကယ့္အႏုပညာနဲ႔ပဲ ပတ္သက္ၿပီးေတာ့ပဲ ျဖစ္ျဖစ္ ကြၽန္ေတာ့္ရဲ႕ Personal နဲ႔ပတ္သက္ၿပီးေတာ့ပဲ ျဖစ္ျဖစ္အားေပးတဲ့ ပုံစံေလးေတြ ျဖဴစင္တယ္။”လုိ႔ေျပာသြားခဲ့ပါတယ္။

Unicodeဖြင့်ဖတ်ရန်

မြန်မာနိုင်ငံက မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို အပြည့်အဝခံနေရသလို ထိုင်းနိုင်ငံမှာရှိတဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ခံနေရတဲ့ မော်ဒယ်လ်နဲ့သူရုပ်ဆောင် ပိုင်တံခွန်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံကိုသွားခဲ့ပြီး ထိုင်းလူမျိုးပရိသတ်တွေနဲ့ Fan meeting လုပ်ခဲ့ပြီး ထိုင်းလူမျိုးပရိသတ်တွေက ချစ်စနိုးနဲ့ “ပိုင်”လို့ ခေါ်ကြတယ်လို့ fashion magazine နဲ့အင်တာဗျူးမှာ အခုလိုပဲ ပြောသွားခဲ့ပါတယ်။

ထိုင်းက Fans တွေနဲ့ သွားတွေ့ဖြစ်တာနဲ့ပတ်သက်ပြီး ပိုင်တံခွန်က “ပထမတော့ ကျွန်တော်အရမ်းကြောက်တယ်။ ကြောက်တယ်ဆိုတာထက် မြန်မာမှာတော့ ကိုယ့်ကိုအားပေးတဲ့ ပရိသတ်ရှိသလို ချစ်တဲ့လူရှိသလိုမုန်းတဲ့လူလည်းရှိတယ်လေ။ ထိုင်းက ကမ်းလှမ်းတော့ ကျွန်တော်လက်ခံတယ် လက်ခံတဲ့အခါကျတော့ ဝေဖန်တဲ့သူရှိတော့ နည်းနည်းအားငယ်တဲ့ဟာလေးတော့ရှိတယ်။ ဒါပေမဲ့ အရင်ကတည်းကတော့ ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးပဲလုပ်တယ် အများကြီးတော့မတွေးဘူး။ ဒါပေမဲ့လည်း တစ်ခါတစ်လေကြရင် မြန်မာအချင်းချင်းတိုက်ခိုက်တာတွေကျရင်လည်း စိတ်မကောင်းဘူးပေါ့နော်။

အဲ့လိုဖြစ်တယ် သူများနိုင်ငံရောက်တဲ့အချိန်မှာ ရောက်ကတည်းက လေဆိပ်မှာလာကြိုတယ်။ ကျွန်တော်တစ်ပတ်နေတယ် ထိုင်းမှာ မြန်မာတွေလည်းပါသလို အဓိကထိုင်းတွေပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ်ကျွန်တော်အရမ်းဝမ်းသာတယ် ဒီဘက်က အနာဖြစ်သွားလို့ ဟိုဘက်ကဆေးနဲ့ ပြန်ကုလိုက်သလိုဖြစ်သွားတယ် ဘာပဲဖြစ်ဖြစ် ကျွန်တော် ပျော်လည်းပျော်တယ် ဝမ်းလည်းဝမ်းသာတယ်။ Fan meeting ပြီးသွားတဲ့အချိန် ရှူတင်တောက်လျှောက်ရိုက်တယ် ရိုက်တော့လည်း မြန်မာတစ်ယောက်အနေနဲ့အရမ်းဂုဏ်ယူတယ်ဗျာ။ ဟိုရောက်တဲ့အချိန်မှာ အရင်တုန်းကဆိုရင် အင်တာဗျူးမှာတော့ ကျွန်တော်အရမ်းကြီးပြောလို့မကောင်းဘူး ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ မြန်မာတစ်ယောက်ဖြစ်ရတာ အရမ်းဝမ်းသာတယ်။

ကျွန်တော် အဲ့လိုဖြစ်မယ်လို့ လုံးဝကိုထင်လည်းမထင်ထားဘူး ရှိလည်း ထင်တာတော့ နည်းနည်းပါးပါးပေါ့နော်။ ဟိုရောက်တဲ့အချိန်မှာ သူတို့နိုင်ငံက အနုပညာရှင်တွေရော Media အသီးသီးကရော ကျွန်တော့်ကိုချစ်လို့တောင် “ပိုင် “တဲ့ “ပိုင်”လို့ငါတို့ခေါ်မယ်တဲ့ ချစ်လို့တဲ့ မြန်မာပရိသတ်တွေကို တွေ့လိုက်ရသလိုပဲ။ ကျွန်တော့်ရဲ့ မြန်မာပရိသတ်ကတော့ ထွေထွေထူးထူးပြောစရာမရှိဘူး ကျွန်တော့်ကိုချစ်တဲ့ပရိသတ်ဆို နာမည်မျိုးစုံနဲ့တပ်ပြီးခေါ်ကြတယ် အားပေးကြတယ်။ အဲ့လိုပဲ ထိုင်းရောက်တဲ့အချိန်မှာ အစက ထိုင်းပရိသတ်ဆိုတော့ နည်းနည်းတော့ရှိန်တယ် စိုးလည်းစိုးရိမ်တယ်။ ဒါပေမဲ့ မြန်မာပရိသတ်လိုပဲ ဖော်ရွေတယ်။ ကျွန်တော်တို့ကိုလည်း တကယ့်အနုပညာနဲ့ပဲ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ် ကျွန်တော့်ရဲ့ Personal နဲ့ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ်အားပေးတဲ့ ပုံစံလေးတွေ ဖြူစင်တယ်။”လို့ပြောသွားခဲ့ပါတယ်။

Credit:နမည္ၾကီး