Zawgyiျဖင့္ဖတ္ရန္

သဘာဝေဘးအႏၱရာယ္ခံစားေနရသည့္ မြန္ျပည္နယ္၊ကရင္ျပည္နယ္ႏွင့္ တနသၤာရီတုိင္းေဒသႀကီးရွိ တုိင္းရင္းသားလူမ်ိဳးမ်ားအတြက္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ တစ္ေန႔တာေန႔တြက္စရိတ္ လွဴဒါန္းခဲ့ေၾကာင္းသိရသည္။ၾသဂုတ္လ ၁၃ရက္က က်င္းပသည့္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ၁၃ ႀကိမ္ေျမာက္ပံုမွန္ အစည္းအေဝး (၁၁)ရက္ေျမာက္ေန႔တြင္ ေအာင္ေျမသာစံမဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာလွမုိးကအဆိုတင္သြင္းခဲ့ျခင္းျဖစ္သည္။

“မြန္ျပည္နယ္ ကရင္ျပည္နယ္အတြင္းျဖစ္ပြားခဲ့ေသာသဘာဝေဘးဒဏ္မိုးသည္းထန္ျခင္း၊ ျမစ္ေရရုတ္္ တ ရက္ႀကီးျခင္း၊ ေတာင္က်ေရတလေဟာစီးဆင္းျခင္း၊ ေတာင္ၿပိဳင္ျခင္းတုိ႔ေၾကာင့္ တုိင္းရင္းသားေဒသခံ ညီအစ္ကိုေမာင္ႏွမမ်ားရဲ႕ အသက္အိုးအိမ္စည္းစိမ္ဆံုးရုံးပ်က္စီးရျခင္းအတြက္ ျပည္ေထာင္စုလႊတ္ေတာ္နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္အားလံုးကစာနာေထာက္ထားဝမ္းနည္းရပါတယ္။ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕တစ္ေန႔တာေန႔တြက္စရိတ္ကိုသဘာဝေဘးဒဏ္သင့္ တုိင္းရင္းသားညီအစ္ကို ေမာင္ႏွမမ်ားအတြက္ကူညီေပးႏုိင္ရန္ အဆုိတင္သြင္းပါတယ္” ဟု ေဒါက္တာလွမိုးကအဆုိတင္သြင္းခဲ့သည္။

သဘာဝေဘးဒဏ္သင့္ေဒသမ်ားျဖစ္ေသာမြန္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ တနသၤာရီတုိင္းေဒသႀကီးရွိ တုိင္းရင္းသားျပည္သူမ်ားအတြက္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ားမွ က်ပ္ ၆၃ သိန္း ၆ ေသာင္း၊ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ၈၆ သိန္း ၄ ေသာင္း ၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားမွ ၄၄ သိန္း ၈ ေသာင္း ၊အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒မွ က်ပ္သိန္း ၃၀ ႏွင့္ ၂ ေသာင္း၊ စုစုေပါင္း က်ပ္၂၂၅ သိန္းကို လွဴဒါန္းမည္ျဖစ္ေၾကာင္း သိရသည္။ထို႔အျပင္ သဘာဝေဘးဒဏ္ေၾကာင့္ ပ်က္စီးဆံုးရႈံးသြားသူမ်ားအားဝမ္းနည္းေၾကာင္း ျပည္ေထာင္စု လႊတ္ေတာ္တြင္ တစ္မိနစ္ၿငိမ္သက္ဆုေတာင္းေမတၱာပို႔သခဲ့ေၾကာင္းလည္း သိရသည္။

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်းရြာတြင္ မိုးသည္းထန္စြာရြာသြန္းၿပီး ေတာင္ၿပိဳက်မႈျဖစ္ပြားခဲ့ရာ လူေပါင္းေသဆံုးသူ ၅၉ ဦး၏ ရုပ္အေလာင္းမ်ားကိုရွာေဖြေတြ႔ရွိထားၿပီးလူေပါင္း ၂ ေသာင္းေက်ာ္ သဘာဝေဘးဒဏ္ခံစားေနရေၾကာင္းသိရသည္။

Unicodeဖြင့်ဖတ်ရန်

သဘာဝဘေးအန္တရာယ်ခံစားနေရသည့် မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ တိုင်းရင်းသားလူမျိုးများအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့တွက်စရိတ် လှူဒါန်းခဲ့ကြောင်းသိရသည်။သြဂုတ်လ ၁၃ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် အောင်မြေသာစံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးကအဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

“မွန်ပြည်နယ် ကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောသဘာဝဘေးဒဏ်မိုးသည်းထန်ခြင်း၊ မြစ်ရေရုတ် တ ရက်ကြီးခြင်း၊ တောင်ကျရေတလဟောစီးဆင်းခြင်း၊ တောင်ပြိုင်ခြင်းတို့ကြောင့် တိုင်းရင်းသားဒေသခံ ညီအစ်ကိုမောင်နှမများရဲ့ အသက်အိုးအိမ်စည်းစိမ်ဆုံးရုံးပျက်စီးရခြင်းအတွက် ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးကစာနာထောက်ထားဝမ်းနည်းရပါတယ်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များရဲ့တစ်နေ့တာနေ့တွက်စရိတ်ကိုသဘာဝဘေးဒဏ်သင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအတွက်ကူညီပေးနိုင်ရန် အဆိုတင်သွင်းပါတယ်” ဟု ဒေါက်တာလှမိုးကအဆိုတင်သွင်းခဲ့သည်။

သဘာဝဘေးဒဏ်သင့်ဒေသများဖြစ်သောမွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ တိုင်းရင်းသားပြည်သူများအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ကျပ် ၆၃ သိန်း ၆ သောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၈၆ သိန်း ၄ သောင်း ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များမှ ၄၄ သိန်း ၈ သောင်း ၊အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ ကျပ်သိန်း ၃၀ နှင့် ၂ သောင်း၊ စုစုပေါင်း ကျပ်၂၂၅ သိန်းကို လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသူများအားဝမ်းနည်းကြောင်း ပြည်ထောင်စု လွှတ်တော်တွင် တစ်မိနစ်ငြိမ်သက်ဆုတောင်းမေတ္တာပို့သခဲ့ကြောင်းလည်း သိရသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ပြိုကျမှုဖြစ်ပွားခဲ့ရာ လူပေါင်းသေဆုံးသူ ၅၉ ဦး၏ ရုပ်အလောင်းများကိုရှာဖွေတွေ့ရှိထားပြီးလူပေါင်း ၂ သောင်းကျော် သဘာဝဘေးဒဏ်ခံစားနေရကြောင်းသိရသည်။

Credit: အကုန္သိ