Zawgyiျဖင့္ဖတ္ရန္

တစ္ခ်ိဳ႕သူေတြရွိပါတယ္ လိုတာထက္ပိုျပီးတစ္စံုတစ္ခုအေပၚ စိုးရိမ္စိတ္ျကီးတာမ်ိဳး မျဖစ္ေသးပဲျကိုေတြးတာမ်ိဳးေတြနဲ႕ စိတ္ပူလြန္တတ္ျကပါတယ္။ စိတ္ပူလြန္တတ္ျခင္းဟာ စိတ္ပုိင္းဆုိင္ရာေရာ ရုပ္ပိုင္းဆိုင္ရာကိုပါထိခိုက္ေစတာေျကာင္႔ လိုတာထက္ပိုျပီးစိတ္ပူလြန္တတ္တဲ႔ Psycho ျကီးကို ဘယ္လုိနည္းေလးေတြသံုးျပီးေလ်ာ႕ခ်ျကည္႔နုိင္မလဲ…

(၁) စိတ္ေအးေအးထားတတ္ေစရန္တရားမွတ္ပါ

တရားမွတ္တတ္တဲ႔ အက်င္႔ေလးကိုလုပ္လုပ္ေပးပါ။ တရားမွတ္တယ္ဆိုတာ စိတ္ကို သိပ္ျပီးေအးခ်မ္းေစပါတယ္။ တရားမွတ္ေလ႔ရွိတဲ႔လူတစ္ေယာက္ရဲ႕စိတ္ဟာ ဘာနဲ႕႔ပဲျကံဳျကံဳျဖည္းျဖည္းခ်င္း စဥ္းစားဆင္ျခင္တတ္သြားျပီး စိတ္ပူလြန္ကဲတာမ်ိဳးကို မျဖစ္ေစလာနိုင္ေတာ႔ပါဘူး။

(၂) ေရွ႕ေနာက္စဥ္းစားျပီးမွ ခ်င္႔ခိ်န္ေတြးပါ

ဘယ္အရာမဆိုေရွ႕ေနာက္စဥ္းစားျပီးမွ ခ်င္႔ခိ်န္ေတြးေတာပါ။ ပူေလာင္ေနတဲ႔စိတ္ကိုခဏေလးေျဖေလ်ာ႔ျပီး စဥ္းစားေတြးေတာျပီးမွသာ စိတ္ပူသင္႔သေလာက္စိုးရိမ္သင္႔သေလာက္ပူပန္ပါ။

(၃) ဘယ္အရာမွမျမဲဘူးဆုိတာ ကိုစိတ္သြင္းထားပါ

ဘယ္အရာမဆို အျမဲတည္ျမဲေနတယ္မရွိပါဘူးဆုိတာကို စိတ္ထဲထည္႔ျပီးေနထုိင္ပါ။ ဒါဆုိ ကိုယ္ျငိတြယ္မိေနတဲ႔အရာေတြ ကိုယ္စိတ္တအားပူေနတဲ႔သူေတြအေပၚ လြန္ကဲတဲ႔စိုးရိမ္ပူပန္မႈေတြကို ေျဖေလ်ာ႕သြားနုိင္မွာပါ။

(၄) ျဖစ္မွသာျဖစ္လာ ဆိုတဲ႔စိတ္ထားပါ

ျဖစ္မွသာျဖစ္လာပါေစ ၊ ေနာင္ကိစၥေနာက္မွေတြးပါ။ မျဖစ္လာေသးတဲ႔ကိစၥေတြကို အတင္းျကီးလုပ္ယူျပီး ေတြးပူမေနပါနဲ႕။ ဒီလုိမျဖစ္လာေသးတဲ႔အရာေတြကို ေတြးပူေနမဲ႔ အစားလက္ရွိအခ်ိန္မွာ ကိုယ္ေတြးပူေနမဲ႔ကိစၥေတြျဖစ္မလာေအာင္ လုပ္သင္႔လုပ္ထုိက္တာကိုလုပ္ရင္းစိတ္ေအးခ်မ္းသာစြာေနပါ။

(၅) စိတ္ထဲကေတြးတာထက္ လက္ေတြ႕ကိုပိုျပီးဦးစားေပးကာအေကာင္းဆံုးလုပ္ေဆာင္ပါ

စိတ္ထဲကေနထုိင္ျပီးေတြးပူေနတာထက္ ကိုယ္ပူေနတဲ႔အရာေတြျဖစ္မလာေအာင္တတ္နုိင္သေလာက္ လက္ေတြ႕အေကာင္းဆံုးလုပ္ေဆာင္ဖန္တီးရင္း ကိုယ္႔စိတ္ထဲကိန္းေအာင္းေနတဲ႔မလုိအပ္တဲ႔စိတ္ပူပန္မႈေတြကုိေျဖေလ်ာ႔ပစ္ပါ။

စိတ္ပူပန္လြန္းတာဟာ ကိုယ္႔ရဲ႕က်န္းမာေရးေရာ ရုပ္ပိုင္းဆုိင္ေရးေရာ အခိ်န္ေတြေရာ တက္လမ္းေတြေရာကိုပါ ထိခိုက္ေစတာေျကာင္႔ ရူးခါးေနေအာင္စိတ္ပူတာမ်ိဳးမလုပ္ပဲအေပၚကအခ်က္ေလးေတြနဲ႕တတ္နုိင္သေလာက္ထိန္းခ်ဳပ္နုိင္ျကပါေစလုိ႕ ဆုေတာင္းေပးလုိက္ပါတယ္…

Unicodeဖြင့်ဖတ်ရန်

တစ်ချို့သူတွေရှိပါတယ် လိုတာထက်ပိုပြီးတစ်စုံတစ်ခုအပေါ် စိုးရိမ်စိတ်ကြီးတာမျိုး မဖြစ်သေးပဲကြိုတွေးတာမျိုးတွေနဲ့ စိတ်ပူလွန်တတ်ကြပါတယ်။ စိတ်ပူလွန်တတ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါထိခိုက်စေတာကြောင့် လိုတာထက်ပိုပြီးစိတ်ပူလွန်တတ်တဲ့ Psycho ကြီးကို ဘယ်လိုနည်းလေးတွေသုံးပြီးလျော့ချကြည့်နိုင်မလဲ…

(၁) စိတ်အေးအေးထားတတ်စေရန်တရားမှတ်ပါ

တရားမှတ်တတ်တဲ့ အကျင့်လေးကိုလုပ်လုပ်ပေးပါ။ တရားမှတ်တယ်ဆိုတာ စိတ်ကို သိပ်ပြီးအေးချမ်းစေပါတယ်။ တရားမှတ်လေ့ရှိတဲ့လူတစ်ယောက်ရဲ့စိတ်ဟာ ဘာနဲ့ပဲကြုံကြုံဖြည်းဖြည်းချင်း စဉ်းစားဆင်ခြင်တတ်သွားပြီး စိတ်ပူလွန်ကဲတာမျိုးကို မဖြစ်စေလာနိုင်တော့ပါဘူး။

(၂) ရှေ့နောက်စဉ်းစားပြီးမှ ချင့်ချိန်တွေးပါ

ဘယ်အရာမဆိုရှေ့နောက်စဉ်းစားပြီးမှ ချင့်ချိန်တွေးတောပါ။ ပူလောင်နေတဲ့စိတ်ကိုခဏလေးဖြေလျော့ပြီး စဉ်းစားတွေးတောပြီးမှသာ စိတ်ပူသင့်သလောက်စိုးရိမ်သင့်သလောက်ပူပန်ပါ။

(၃) ဘယ်အရာမှမမြဲဘူးဆိုတာ ကိုစိတ်သွင်းထားပါ

ဘယ်အရာမဆို အမြဲတည်မြဲနေတယ်မရှိပါဘူးဆိုတာကို စိတ်ထဲထည့်ပြီးနေထိုင်ပါ။ ဒါဆို ကိုယ်ငြိတွယ်မိနေတဲ့အရာတွေ ကိုယ်စိတ်တအားပူနေတဲ့သူတွေအပေါ် လွန်ကဲတဲ့စိုးရိမ်ပူပန်မှုတွေကို ဖြေလျော့သွားနိုင်မှာပါ။

(၄) ဖြစ်မှသာဖြစ်လာ ဆိုတဲ့စိတ်ထားပါ

ဖြစ်မှသာဖြစ်လာပါစေ ၊ နောင်ကိစ္စနောက်မှတွေးပါ။ မဖြစ်လာသေးတဲ့ကိစ္စတွေကို အတင်းကြီးလုပ်ယူပြီး တွေးပူမနေပါနဲ့။ ဒီလိုမဖြစ်လာသေးတဲ့အရာတွေကို တွေးပူနေမဲ့ အစားလက်ရှိအချိန်မှာ ကိုယ်တွေးပူနေမဲ့ကိစ္စတွေဖြစ်မလာအောင် လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရင်းစိတ်အေးချမ်းသာစွာနေပါ။

(၅) စိတ်ထဲကတွေးတာထက် လက်တွေ့ကိုပိုပြီးဦးစားပေးကာအကောင်းဆုံးလုပ်ဆောင်ပါ

စိတ်ထဲကနေထိုင်ပြီးတွေးပူနေတာထက် ကိုယ်ပူနေတဲ့အရာတွေဖြစ်မလာအောင်တတ်နိုင်သလောက် လက်တွေ့အကောင်းဆုံးလုပ်ဆောင်ဖန်တီးရင်း ကိုယ့်စိတ်ထဲကိန်းအောင်းနေတဲ့မလိုအပ်တဲ့စိတ်ပူပန်မှုတွေကိုဖြေလျော့ပစ်ပါ။

စိတ်ပူပန်လွန်းတာဟာ ကိုယ့်ရဲ့ကျန်းမာရေးရော ရုပ်ပိုင်းဆိုင်ရေးရော အချိန်တွေရော တက်လမ်းတွေရောကိုပါ ထိခိုက်စေတာကြောင့် ရူးခါးနေအောင်စိတ်ပူတာမျိုးမလုပ်ပဲအပေါ်ကအချက်လေးတွေနဲ့တတ်နိုင်သလောက်ထိန်းချုပ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…

 

Credit: lwinpyin