Zawgyiျဖင့္ဖတ္ရန္

 

“ပင္လယ္ေရ မ်က္ႏွာျပင္ျမွင့္တက္လို႔ ေရျမွပ္မယ့္ ႏိုင္ငံေတြ အထဲမွာ ျမန္မာျပည္ ရဲ့ ရန္ကုန္ျမိဳ့ပါေနတယ္။ သစ္ေတာေတြ ျပဳန္းတီးမွဳက ရာသီဥတုကို ဆိုးရြားစြာ ေျပာင္းလဲေစတယ္။

ရာသီဥတု ေျပာင္းလဲမွဳေၾကာင့္ ဆိုးရြားစြာ ခံစားေနရတဲ့ ႏိုင္ငံေတြထဲမွာ ျမန္မာႏိုင္ငံက အျမဲတမ္းလိုလို ကမာၻ႔ ဒုတိယ အဆိုးဆံုး ႏိုင္ငံျဖစ္ေနတယ္” လို႔ ရာသီဥတု ဆိုးရြားစြာ ေျပာင္းလဲလာမွဳ အေပၚ ေျပာလာတဲ့ မိုးေလ၀သ ႏွင့္ ဇလေဗဒ ပညာရွင္ ေဒါက္တာ ထြန္းလြင္ ႏွင့္ ခဏတာ။

ရန္ကုန္ အပါအဝင္ ၿမဳိ႕ႀကီး ငါးၿမဳိ႕ ေရေအာက္ နစ္ျမဳပ္သြားမည္ဟု ဦးထြန္းလြင္ သတိေပး

ကမာၻေပၚတြင္ ရာသီဥတုဆင့္ကဲေျပာင္းလဲမႈျဖစ္စဥ္မ်ား ပိုမိုျမန္ဆန္လာျခင္းေၾကာင့္ ေနာင္လာမည့္ ဆယ္စုႏွစ္ အနည္းငယ္ အတြင္း ျမန္မာႏိုင္ငံရွိ ရန္ကုန္ၿမိဳ႕အပါအဝင္ ၿမိဳ႕ႀကီးငါးၿမိဳ႕မွာ ေရေအာက္သို႔ နစ္ျမဳပ္သြားမည္ျဖစ္ေၾကာင္း အဂၤလန္ အေျခစိုက္ မိုးေလ၀သခန္႔မွန္းသည့္အဖြဲ႔ အစည္းၾကီးက ခန္႔မွန္းထားေၾကာင္း မိုးေလဝသပညာရွင္ ေဒါက္တာ ထြန္းလြင္က ေျပာၾကားလိုက္သည္။

ကမာၻေပၚတြင္ ရာသီဥတု ဆင့္ကဲေျပာင္းလဲမႈ ျဖစ္စဥ္မ်ား ပိုမိုျမန္ဆန္လာရျခင္းမွာ သဘာဝေၾကာင့္မဟုတ္ဘဲ လူသားတို႔ ဖန္တီးလိုက္သည့္ အရာမ်ားေၾကာင့္ျဖစ္ၿပီး ျမန္မာႏိုင္ငံသည္ သဘာဝေဘးအႏၱရာယ္မ်ားကို ကာကြယ္ႏိုင္ရန္ အားနည္း သည့္အတြက္ အျခားႏိုင္ငံမ်ားထက္ သဘာဝေဘးအႏၱရာယ္ကို ပိုမိုခံစားရႏိုင္ေၾကာင္းလည္း ေဒါက္တာထြန္းလြင္က ေျပာသည္။

“သဘာဝေဘးအႏၱရာယ္နဲ႔ ပတ္သက္ၿပီး ကမာၻေပၚက ဖြံ႔ၿဖိဳးၿပီးေရာ ဖြံ႔ၿဖိဳးဆဲ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ႀကိဳတင္ၿပီး ကာကြယ္ ေနၾကၿပီ။ ကြ်န္ေတာ္တို႔ ႏိုင္ငံမွာက ဒါကိုကာကြယ္ဖို႔လိုတယ္ဆိုတာ သိပ္မသိဘူး ျဖစ္ေနတယ္။

စကၤာပူကို ကြ်န္ေတာ္ ေရာက္သြားေတာ့ သူတို႔ႏိုင္ငံေသးေသးေလးကို သဘာဝေဘးအႏၱရာယ္ကေန ကာကြယ္ဖို႔ အခ်က္အလက္ေတြ ထုတ္ထားတဲ့ စာအုပ္က လက္ငါးလံုးေလာက္ထူတဲ့စာအုပ္ ႏွစ္အုပ္ေတာင္ရွိတယ္။ ကြ်န္ေတာ္တို႔ ႏိုင္ငံက ထုတ္ထားတဲ့ စာအုပ္ က လက္တစ္လံုးစာတစ္အုပ္ပဲ ရွိတယ္။

အဂၤလန္မွာရွိတဲ့ မိုးေလဝသနဲ႔ သဘာဝေဘးအႏၱရာယ္ကို ခန္႔မွန္းတဲ့ အဖဲြ႔ႀကီးက ေတာ္ေတာ္မွန္တယ္။ သူတို႔ခန္႔မွန္းထားတဲ့ သမုဒၵရာထဲက ေရခဲေတြ အရည္ေပ်ာ္တဲ့ႏႈန္းက တစ္ႏွစ္ထက္တစ္ႏွစ္ ပိုၿပီး ျမန္လာတဲ့အတြက္ ေနာင္လာမယ့္ ႏွစ္ေတြမွာ ေရေအာက္ကို ေရာက္သြားမယ့္ ၿမိဳ႕ေတြကို သူတို႔ ခန္႔မွန္းထားတယ္။

အဲဒီထဲမွာ ျမန္မာႏိုင္ငံက ရန္ကုန္ၿမိဳ႕ အပါအဝင္ ၿမိဳ႕ႀကီးငါးၿမိဳ႕ေရျမဳပ္မယ္ဆိုၿပီး ခန္႔မွန္းထားတယ္။ အခုကတည္းက ျပင္ဆင္ထားမွ ျဖစ္မယ္ ” ဟု ဦးထြန္းလြင္က ေျပာ သည္။အထူးသျဖင့္ ၂၀၅၀ တြင္ ျဖစ္လာႏုိင္ေျခရွိသည္ဟုလည္း တြက္ဆထားၾကသည္။

ေဒသတြင္း အာဆီယံႏိုင္ငံမ်ားသည္ မဲေခါင္ျမစ္ဝွမ္းအနီးတြင္ရွိသည့္ ႏိုင္ငံအသီးသီးက ၄င္းတို႔ႏိုင္ငံရွိ ေရျမဳပ္ႏိုင္သည့္ ၿမိဳ႕မ်ားအတြက္ ယခုမွစ၍ ႀကိဳတင္ ျပင္ဆင္မႈမ်ား ျပဳလုပ္ေနၿပီး ေရနစ္ျမဳပ္သြားပါက ၄င္းတို႔ႏိုင္ငံအတြက္ ထိခိုက္နစ္နာဆံုးရွံဳးမႈမ်ား မရွိေစရန္အတြက္ ႀကိဳတင္ ျပင္ဆင္ေနၾကၿပီျဖစ္ေၾကာင္း…..

သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ေစမည့္ ေက်ာက္မီးေသြးမွ စြမ္းအင္ထုတ္ျခင္းကို တျဖည္း ျဖည္း ေလွ်ာ့ခ်ေနႀကၿပီး ၂၀၅၀ ျပည့္ႏွစ္တြင္ ကမာၻေပၚတြင္ ေက်ာက္မီးေသြးမွ စြမ္းအင္ထုတ္လုပ္ျခင္းကို လံုးဝ ရပ္ဆိုင္း ေတာ့မည္ျဖစ္ေသာ္လည္း ျမန္မာႏိုင္ငံတြင္ ေက်ာက္မီးေသြးမွ စြမ္းအင္ထုတ္လုပ္ျခင္းကို အသက္သြင္းေနၿပီး လမ္းေဟာင္းမ်ား အတိုင္း ျပန္သြားေနေၾကာင္း သိရသည္။

အလားတူပင္ ျမစ္ဆံု၌ ႀကီးမားသည့္ စီမံကိန္းႀကီးကို စတင္လိုက္ပါက စီမံကိန္းအေကာင္အထည္ေဖာ္မည့္ေနရာသည္ ကခ်င္ျပည္နယ္၏ ငလ်င္ေၾကာေပၚတြင္ တည္ရွိေနသျဖင့္ ဆည္၏အျမင့္မွာ မီတာ ၅၀၀ တည္ေဆာက္မည္ ဆိုေသာ ေၾကာင့္ ဆည္အတြင္း ေရေလွာင္ႏိုင္သည့္ ပမာဏမွာ စကၤာပူ တစ္ႏိုင္ငံစာရွိေသာေၾကာင့္ ……

ငလ်င္လႈပ္၍ ဆည္နံရံ က်ိဳးေပါက္ခဲ့ပါက ဧရာဝတီျမစ္ႀကီး ႏွစ္ပိုင္းျဖစ္ၿပီး ျမန္မာျပည္ အလယ္ပိုင္းတစ္ခုလံုး ေရလႊမ္းသြားႏိုင္သည့္ အေျခအေနတြင္ရွိေၾကာင္း ၄င္းက ဆက္လက္ေျပာၾကားသည္

Credit:ေဒါက္တာထြန္လြင္ (26.Nov.2018) / AKonThi (ေလးစားမႈျဖင့္ ခရက္ဒစ္)

 

Unicodeဖြင့်ဖတ်ရန်

 

့ ရေမြှပ်မယ့် နိုင်ငံတွေအထဲမှာ မြန်မာပြည် ရဲ့ ရန်ကုန်မြို့ပါနေတယ်လို့ မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင် နှင့် ခဏတာ

 

“ပင်လယ်ရေ မျက်နှာပြင်မြှင့်တက်လို့ ရေမြှပ်မယ့် နိုင်ငံတွေ အထဲမှာ မြန်မာပြည် ရဲ့ ရန်ကုန်မြို့ပါနေတယ်။ သစ်တောတွေ ပြုန်းတီးမှုက ရာသီဥတုကို ဆိုးရွားစွာ ပြောင်းလဲစေတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ဆိုးရွားစွာ ခံစားနေရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက အမြဲတမ်းလိုလို ကမ္ဘာ့ ဒုတိယ အဆိုးဆုံး နိုင်ငံဖြစ်နေတယ်” လို့ ရာသီဥတု ဆိုးရွားစွာ ပြောင်းလဲလာမှု အပေါ် ပြောလာတဲ့ မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင် နှင့် ခဏတာ။

ရန်ကုန် အပါအဝင် မြို့ကြီး ငါးမြို့ ရေအောက် နစ်မြုပ်သွားမည်ဟု ဦးထွန်းလွင် သတိပေး

ကမ္ဘာပေါ်တွင် ရာသီဥတုဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များ ပိုမိုမြန်ဆန်လာခြင်းကြောင့် နောင်လာမည့် ဆယ်စုနှစ် အနည်းငယ် အတွင်း မြန်မာနိုင်ငံရှိ ရန်ကုန်မြို့အပါအဝင် မြို့ကြီးငါးမြို့မှာ ရေအောက်သို့ နစ်မြုပ်သွားမည်ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် မိုးလေဝသခန့်မှန်းသည့်အဖွဲ့ အစည်းကြီးက ခန့်မှန်းထားကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားလိုက်သည်။

ကမ္ဘာပေါ်တွင် ရာသီဥတု ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်များ ပိုမိုမြန်ဆန်လာရခြင်းမှာ သဘာဝကြောင့်မဟုတ်ဘဲ လူသားတို့ ဖန်တီးလိုက်သည့် အရာများကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန် အားနည်း သည့်အတွက် အခြားနိုင်ငံများထက် သဘာဝဘေးအန္တရာယ်ကို ပိုမိုခံစားရနိုင်ကြောင်းလည်း ဒေါက်တာထွန်းလွင်က ပြောသည်။

“သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်က ဖွံ့ဖြိုးပြီးရော ဖွံ့ဖြိုးဆဲ နိုင်ငံတော်တော်များများက ကြိုတင်ပြီး ကာကွယ် နေကြပြီ။ ကျွန်တော်တို့ နိုင်ငံမှာက ဒါကိုကာကွယ်ဖို့လိုတယ်ဆိုတာ သိပ်မသိဘူး ဖြစ်နေတယ်။

စင်္ကာပူကို ကျွန်တော် ရောက်သွားတော့ သူတို့နိုင်ငံသေးသေးလေးကို သဘာဝဘေးအန္တရာယ်ကနေ ကာကွယ်ဖို့ အချက်အလက်တွေ ထုတ်ထားတဲ့ စာအုပ်က လက်ငါးလုံးလောက်ထူတဲ့စာအုပ် နှစ်အုပ်တောင်ရှိတယ်။ ကျွန်တော်တို့ နိုင်ငံက ထုတ်ထားတဲ့ စာအုပ် က လက်တစ်လုံးစာတစ်အုပ်ပဲ ရှိတယ်။

အင်္ဂလန်မှာရှိတဲ့ မိုးလေဝသနဲ့ သဘာဝဘေးအန္တရာယ်ကို ခန့်မှန်းတဲ့ အဖွဲ့ကြီးက တော်တော်မှန်တယ်။ သူတို့ခန့်မှန်းထားတဲ့ သမုဒ္ဒရာထဲက ရေခဲတွေ အရည်ပျော်တဲ့နှုန်းက တစ်နှစ်ထက်တစ်နှစ် ပိုပြီး မြန်လာတဲ့အတွက် နောင်လာမယ့် နှစ်တွေမှာ ရေအောက်ကို ရောက်သွားမယ့် မြို့တွေကို သူတို့ ခန့်မှန်းထားတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံက ရန်ကုန်မြို့ အပါအဝင် မြို့ကြီးငါးမြို့ရေမြုပ်မယ်ဆိုပြီး ခန့်မှန်းထားတယ်။ အခုကတည်းက ပြင်ဆင်ထားမှ ဖြစ်မယ် ” ဟု ဦးထွန်းလွင်က ပြော သည်။အထူးသဖြင့် ၂၀၅၀ တွင် ဖြစ်လာနိုင်ခြေရှိသည်ဟုလည်း တွက်ဆထားကြသည်။

ဒေသတွင်း အာဆီယံနိုင်ငံများသည် မဲခေါင်မြစ်ဝှမ်းအနီးတွင်ရှိသည့် နိုင်ငံအသီးသီးက ၎င်းတို့နိုင်ငံရှိ ရေမြုပ်နိုင်သည့် မြို့များအတွက် ယခုမှစ၍ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ရေနစ်မြုပ်သွားပါက ၎င်းတို့နိုင်ငံအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုများ မရှိစေရန်အတွက် ကြိုတင် ပြင်ဆင်နေကြပြီဖြစ်ကြောင်း…..

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမည့် ကျောက်မီးသွေးမှ စွမ်းအင်ထုတ်ခြင်းကို တဖြည်း ဖြည်း လျှော့ချနေကြပြီး ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်တွင် ကျောက်မီးသွေးမှ စွမ်းအင်ထုတ်လုပ်ခြင်းကို လုံးဝ ရပ်ဆိုင်း တော့မည်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ကျောက်မီးသွေးမှ စွမ်းအင်ထုတ်လုပ်ခြင်းကို အသက်သွင်းနေပြီး လမ်းဟောင်းများ အတိုင်း ပြန်သွားနေကြောင်း သိရသည်။

အလားတူပင် မြစ်ဆုံ၌ ကြီးမားသည့် စီမံကိန်းကြီးကို စတင်လိုက်ပါက စီမံကိန်းအကောင်အထည်ဖော်မည့်နေရာသည် ကချင်ပြည်နယ်၏ ငလျင်ကြောပေါ်တွင် တည်ရှိနေသဖြင့် ဆည်၏အမြင့်မှာ မီတာ ၅၀၀ တည်ဆောက်မည် ဆိုသော ကြောင့် ဆည်အတွင်း ရေလှောင်နိုင်သည့် ပမာဏမှာ စင်္ကာပူ တစ်နိုင်ငံစာရှိသောကြောင့် ……

ငလျင်လှုပ်၍ ဆည်နံရံ ကျိုးပေါက်ခဲ့ပါက ဧရာဝတီမြစ်ကြီး နှစ်ပိုင်းဖြစ်ပြီး မြန်မာပြည် အလယ်ပိုင်းတစ်ခုလုံး ရေလွှမ်းသွားနိုင်သည့် အခြေအနေတွင်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်

Credit:ဒေါက်တာထွန်လွင် (26.Nov.2018) / AKonThi (လေးစားမှုဖြင့် ခရက်ဒစ်)