Zawgyiျဖင့္ဖတ္ရန္

 

မြန္ျပည္နယ္ ေဘးကင္းပါေစဆို ဆုေတာင္းလို႔ မမွီေတာ့ဘူး ထင္ပါရဲ႕။ တြန္းလွန္ႏိုင္ပါေစ၊ ေတာင့္ခံႏိုင္ပါေစ၊ ၾကံ့ၾကံ႕ခံႏိုင္ ပါေစ လို႔သာ ဆႏၵျပဳမိေတာ့တယ္။ ႏွစ္စဥ္ ေရႀကီးတယ္။ ႏွစ္စဥ္ ျမန္မာတစ္ျပည္လံုး တစ္ေနရာၿပီး တစ္ေနရာ ဒုကၡပင္လယ္ ေဝရတယ္။ ဒီလိုၾကံဳရတဲ့ေနရာေတြကို ၾကည့္လိုက္။ ေတာခုတ္တာ၊ ေတာင္ၿဖိဳတာေတြရဲ႕ ေနာက္ဆက္တြဲရလဒ္ေတြ ခ်ည္းပဲ။

ေဒသခံေတြက ေတာခုတ္၊ေတာင္ၿဖိဳလို႔ထက္ ႏွစ္ရွည္စီမံကိန္းေတြနဲ႔ ေရာင္းစားခံလိုက္ရတဲ့ ရလဒ္ေတြ။ ေဒသခံေတြခဗ်ာ အက်ိဳးအျမတ္တစ္ျပားတစ္ခ်ပ္ မရခဲ့ဘဲ သဘာဝေဘးအႏၲရာယ္ကို ခါးစီးလွိမ့္ခံေနရတယ္။ အိုးအိမ္စည္းစိမ္ေတြအျပင္ အသက္ေတြ၊ဘဝေတြ ေပးဆပ္ေနရတယ္။ ပ်က္စီးေနရတယ္။ ဆံုးရွံဳးေနရတယ္။

ေတာင္ၿပိဳတယ္။ တစ္႐ြာလံုး ေျမေတြအုပ္သြားတယ္။ လူေတြ ေသၾကရတယ္။ ေျမစာေတြအုပ္ၿပီး အသက္ဆံုးရွံဳးသြားသူ ေတြရဲ႕ အေလာင္းေတြကို ခက္ခက္ခဲခဲ ဆြဲထုတ္ေနရတယ္။ မိသားစု ၁၄ေယာက္ ဆံုးရွံဳးသြားၿပီး တစ္ေယာက္တည္း ရွင္က်န္ခဲ့တဲ့ လယ္သမားႀကီးရဲ႕ မ်က္ရည္ပူေတြ လုပ္ရက္ၾကသူေတြအေပၚ အပင္းအဆိပ္ျဖစ္ပါေစ။ စိတ္နာစရာ ေကာင္းလြန္းလွတယ္။

ေတာင္ေတြကို ဒိုင္းနမိုက္ေတြနဲ႔ ၿဖိဳတယ္။ ႏွစ္ေပါင္းမ်ားစြာ ၿဖိဳခဲ႔၊ ၿဖိဳဆဲ၊ ေဒသခံေတြနားထဲမွာ ဒိုင္းနမိုက္သံဟာ အဆန္း မဟုတ္ေတာ့သလို ႏွစ္ရွည္လမ်ားဆိုေတာ့ ဆံုးရွံဳးေနရမွန္းေတာင္ မသိၾကေတာ့ဘူး။ ဒီအက်ိဳးဆက္ေတြက သူတို႔ရဲ႕ အသက္ေတြ၊ အိုးအိမ္ေတြ၊ မိသားစုေတြကို ေႁခြယူသြားခဲ့ၿပီ။

ေရာင္းစားသြားၾကသူေတြက အရိပ္ေအာက္၊ အမိုးေအာက္ နန္းေတာ္တမွ် စံအိမ္ႀကီးေတြထဲမွာ အိပ္ေမာက်ေနတဲ့အခ်ိန္ ေဘးသင့္ျပည္သူေတြ ေရထဲမွာ ကူးခတ္ေနရၿပီ၊ အသက္လုေနရၿပီ။ ေတာင္ၿပိဳက်လို႔ ေျမစာေတြၾကား အသက္ထြက္ေန ရတဲ့ အခ်ိန္မွာ သူတို႔ေတြက ေပ်ာ္လို႔ ေမာ္လို႔ စားလို႔ေသာက္လို႔၊ စည္းစိမ္ယစ္လို႔။ ေရေတြၾကားမွာ ကြဲကြာသြားတဲ့ မိသားစုေတြ၊ ေျမစာပံုေတြေအာက္မွာ မိသားစုလိုက္ ေၾကာက္ေၾကာက္ရြံ႕ရြံ႕ အသက္ေပးလိုက္ရတဲ့အခ်ိန္မွာ သူတို႔က မိသားစုလိုက္ ႏိုင္ငံျခားအေပ်ာ္ခရီးထြက္လို႔၊ မိသားစုဆယ္လ္ဖီလ္ေလး ဆြဲလို႔။

တရားမွ်တမႈဆိုတာ ဘာလဲကြယ္။ တရားမွ်တလြတ္လပ္ျခင္းနဲ႔ မေသြ၊ တို႔ေျပ တို႔ေျမဆိုတာ ႏိုင္ငံေတာ္သီခ်င္းထဲမွာပဲ ရွိေတာ့သလား။ တရားခံဟာ ဘယ္သူလဲ… ဘယ္သူေတြေၾကာင့္ ျဖစ္ရတာလဲ မင္းတို႔လည္း မသိေတာ့ဘူး၊ ငါတို႔လည္း မသိေတာ့ဘူး။ ငါတို႔ေတြဟာ ေမ့လြယ္ၾကတယ္။ အတိတ္ကို အျပစ္မဖို႔နဲ႔… လက္ရွိလူေတြ ဘာလုပ္ေနလဲပဲေျပာဆိုတာကို မွန္သလိုလို ထင္ေနတတ္ၾကတယ္။

ဘယ္အစိုးရတက္တက္ စာခ်ဳပ္စာတမ္းေတြ ျပင္ခြင့္၊ဖ်က္ခြင့္ မရွိတာ ငါတို႔ မသိဘူး။ အက်ိဳးဆက္ဒုကၡေတြကို ငါတို႔နဲ႔အတူ ရင္ဆိုင္ေန အမႈိက္သိမ္းေနၾကရသူေတြကို စိတ္အဆာေျပရံု ငါတို႔ ဆဲၾကမယ္။ ဒီေလာက္ပဲ ငါတို႔ သိၾကတယ္။ သဘာဝ ေဘးအႏၲရာယ္ေတြ လာခဲ့တယ္။ လာေနၿပီ။ လာဦးမယ္။ ငါတို႔ႏိုင္ငံသားေတြ ေသၾက ပ်က္စီးၾကရဦးမယ္။ မေသတဲ့ ငါတို႔ႏိုင္ငံသားေတြ ဝမ္းနည္းရ၊ ေၾကကြဲၾကရဦးမယ္။ ကယ္ဆယ္ေရးလုပ္ေနတဲ့ တာဝန္ရွိသူေတြကို ငါတို႔စိတ္အနာေတြ ေျပလိုေျပျငား ဆဲၾကဦးမယ္။

တရားခံေတြကို ထံုးစံမပ်က္ ငါတို႔ ေမ့ေလ်ာ့ထားလိုက္ၾကတာေပါ့။ သူတို႔ရဲ႕ နန္းေတာ္တမွ် အိမ္ႀကီးေတြထဲမွာ ငါတို႔ မ်က္ရည္ေတြပါတယ္။ သူတို႔ရဲ႕ Branded အေကာင္းစား အဝတ္အစားေတြ၊ အိတ္ေတြ၊ အသံုးအေဆာင္ေတြမွာ ငါတို႔နာက်င္မႈေတြ ပါတယ္။ သူတို႔ရဲ႕ စားေကာင္းေသာက္ဖြယ္ေတြ၊ ဂုဏ္တုဂုဏ္ၿပိဳင္ေတြထဲမွာ ငါတို႔ႏိုင္ငံသားေတြရဲ႕ အသက္ဓါတ္ေတြ ပါတယ္။ ဒါေပမယ့္ ငါတို႔ ေမ့ေလ်ာ့ထားလိုက္ၾကမယ္။

အစိုးရ ဘာလုပ္ေနလဲ ငါတို႔ ေအာ္မယ္၊ ဆဲမယ္။ သူတို႔ကိုေတာ့ အတိတ္ကံေကာင္းလြန္းၾကသူေတြအျဖစ္ ငါတို႔ အားက် လိုက္ၾကမယ္။ ေနာက္ေတာ့ တရားမွ်တ လြတ္လပ္ျခင္းနဲ႔မေသြ၊ တို႔ေျပ တို႔ေျမလို႔ ၾကက္သီးေမႊးညႇင္းထၿပီး ငါတို႔ သီဆိုၾကဦးမယ္။ ေရထဲ မိုးထဲ ေျမစာပံုေတြထဲမွာ… ငါတို႔ရဲ႕ မျဖစ္လာေတာ့မယ့္ အိပ္မက္ေတြ….

ရခိုင္ေျမ ၿငိမ္းခ်မ္းပါေစ၊ ရာမညေျမ ၿငိမ္းခ်မ္းပါေစ၊ တနသၤာရီ ၿငိမ္းခ်မ္းပါေစ၊ ——— ၿငိမ္းခ်မ္းပါေစ၊ ———–ၿငိမ္းခ်မ္း ပါေစ။ တစ္ႏွစ္ၿပီးတစ္ႏွစ္ တိုင္းနဲ႔ျပည္နယ္ ၁၄ခု အလွည့္က် ဆုေတာင္းေပးေနၾကတာေပါ့။ ငါတို႔ဟာ ဝဋ္ႀကီးခဲ့ၾကတယ္…

Credit – အိပန္ဆယ္လုိ

 

Unicodeဖြင့်ဖတ်ရန်

 

သစ်တောတွေခုတ်၊ ကျောက်တောင်တွေ ဖြိုတဲ့သူတွေကို ကျိန်စာတိုက်လိုက်တဲ့ ပန်ဆယ်လို

 

မွန်ပြည်နယ် ဘေးကင်းပါစေဆို ဆုတောင်းလို့ မမှီတော့ဘူး ထင်ပါရဲ့။ တွန်းလှန်နိုင်ပါစေ၊ တောင့်ခံနိုင်ပါစေ၊ ကြံ့ကြံ့ခံနိုင် ပါစေ လို့သာ ဆန္ဒပြုမိတော့တယ်။ နှစ်စဉ် ရေကြီးတယ်။ နှစ်စဉ် မြန်မာတစ်ပြည်လုံး တစ်နေရာပြီး တစ်နေရာ ဒုက္ခပင်လယ် ဝေရတယ်။ ဒီလိုကြုံရတဲ့နေရာတွေကို ကြည့်လိုက်။ တောခုတ်တာ၊ တောင်ဖြိုတာတွေရဲ့ နောက်ဆက်တွဲရလဒ်တွေ ချည်းပဲ။

ဒေသခံတွေက တောခုတ်၊တောင်ဖြိုလို့ထက် နှစ်ရှည်စီမံကိန်းတွေနဲ့ ရောင်းစားခံလိုက်ရတဲ့ ရလဒ်တွေ။ ဒေသခံတွေခဗျာ အကျိုးအမြတ်တစ်ပြားတစ်ချပ် မရခဲ့ဘဲ သဘာဝဘေးအန္တရာယ်ကို ခါးစီးလှိမ့်ခံနေရတယ်။ အိုးအိမ်စည်းစိမ်တွေအပြင် အသက်တွေ၊ဘဝတွေ ပေးဆပ်နေရတယ်။ ပျက်စီးနေရတယ်။ ဆုံးရှုံးနေရတယ်။

တောင်ပြိုတယ်။ တစ်ရွာလုံး မြေတွေအုပ်သွားတယ်။ လူတွေ သေကြရတယ်။ မြေစာတွေအုပ်ပြီး အသက်ဆုံးရှုံးသွားသူ တွေရဲ့ အလောင်းတွေကို ခက်ခက်ခဲခဲ ဆွဲထုတ်နေရတယ်။ မိသားစု ၁၄ယောက် ဆုံးရှုံးသွားပြီး တစ်ယောက်တည်း ရှင်ကျန်ခဲ့တဲ့ လယ်သမားကြီးရဲ့ မျက်ရည်ပူတွေ လုပ်ရက်ကြသူတွေအပေါ် အပင်းအဆိပ်ဖြစ်ပါစေ။ စိတ်နာစရာ ကောင်းလွန်းလှတယ်။

တောင်တွေကို ဒိုင်းနမိုက်တွေနဲ့ ဖြိုတယ်။ နှစ်ပေါင်းများစွာ ဖြိုခဲ့၊ ဖြိုဆဲ၊ ဒေသခံတွေနားထဲမှာ ဒိုင်းနမိုက်သံဟာ အဆန်း မဟုတ်တော့သလို နှစ်ရှည်လများဆိုတော့ ဆုံးရှုံးနေရမှန်းတောင် မသိကြတော့ဘူး။ ဒီအကျိုးဆက်တွေက သူတို့ရဲ့ အသက်တွေ၊ အိုးအိမ်တွေ၊ မိသားစုတွေကို ခြွေယူသွားခဲ့ပြီ။

ရောင်းစားသွားကြသူတွေက အရိပ်အောက်၊ အမိုးအောက် နန်းတော်တမျှ စံအိမ်ကြီးတွေထဲမှာ အိပ်မောကျနေတဲ့အချိန် ဘေးသင့်ပြည်သူတွေ ရေထဲမှာ ကူးခတ်နေရပြီ၊ အသက်လုနေရပြီ။ တောင်ပြိုကျလို့ မြေစာတွေကြား အသက်ထွက်နေ ရတဲ့ အချိန်မှာ သူတို့တွေက ပျော်လို့ မော်လို့ စားလို့သောက်လို့၊ စည်းစိမ်ယစ်လို့။ ရေတွေကြားမှာ ကွဲကွာသွားတဲ့ မိသားစုတွေ၊ မြေစာပုံတွေအောက်မှာ မိသားစုလိုက် ကြောက်ကြောက်ရွံ့ရွံ့ အသက်ပေးလိုက်ရတဲ့အချိန်မှာ သူတို့က မိသားစုလိုက် နိုင်ငံခြားအပျော်ခရီးထွက်လို့၊ မိသားစုဆယ်လ်ဖီလ်လေး ဆွဲလို့။

တရားမျှတမှုဆိုတာ ဘာလဲကွယ်။ တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ၊ တို့ပြေ တို့မြေဆိုတာ နိုင်ငံတော်သီချင်းထဲမှာပဲ ရှိတော့သလား။ တရားခံဟာ ဘယ်သူလဲ… ဘယ်သူတွေကြောင့် ဖြစ်ရတာလဲ မင်းတို့လည်း မသိတော့ဘူး၊ ငါတို့လည်း မသိတော့ဘူး။ ငါတို့တွေဟာ မေ့လွယ်ကြတယ်။ အတိတ်ကို အပြစ်မဖို့နဲ့… လက်ရှိလူတွေ ဘာလုပ်နေလဲပဲပြောဆိုတာကို မှန်သလိုလို ထင်နေတတ်ကြတယ်။

ဘယ်အစိုးရတက်တက် စာချုပ်စာတမ်းတွေ ပြင်ခွင့်၊ဖျက်ခွင့် မရှိတာ ငါတို့ မသိဘူး။ အကျိုးဆက်ဒုက္ခတွေကို ငါတို့နဲ့အတူ ရင်ဆိုင်နေ အမှိုက်သိမ်းနေကြရသူတွေကို စိတ်အဆာပြေရုံ ငါတို့ ဆဲကြမယ်။ ဒီလောက်ပဲ ငါတို့ သိကြတယ်။ သဘာဝ ဘေးအန္တရာယ်တွေ လာခဲ့တယ်။ လာနေပြီ။ လာဦးမယ်။ ငါတို့နိုင်ငံသားတွေ သေကြ ပျက်စီးကြရဦးမယ်။ မသေတဲ့ ငါတို့နိုင်ငံသားတွေ ဝမ်းနည်းရ၊ ကြေကွဲကြရဦးမယ်။ ကယ်ဆယ်ရေးလုပ်နေတဲ့ တာဝန်ရှိသူတွေကို ငါတို့စိတ်အနာတွေ ပြေလိုပြေငြား ဆဲကြဦးမယ်။

တရားခံတွေကို ထုံးစံမပျက် ငါတို့ မေ့လျော့ထားလိုက်ကြတာပေါ့။ သူတို့ရဲ့ နန်းတော်တမျှ အိမ်ကြီးတွေထဲမှာ ငါတို့ မျက်ရည်တွေပါတယ်။ သူတို့ရဲ့ Branded အကောင်းစား အဝတ်အစားတွေ၊ အိတ်တွေ၊ အသုံးအဆောင်တွေမှာ ငါတို့နာကျင်မှုတွေ ပါတယ်။ သူတို့ရဲ့ စားကောင်းသောက်ဖွယ်တွေ၊ ဂုဏ်တုဂုဏ်ပြိုင်တွေထဲမှာ ငါတို့နိုင်ငံသားတွေရဲ့ အသက်ဓါတ်တွေ ပါတယ်။ ဒါပေမယ့် ငါတို့ မေ့လျော့ထားလိုက်ကြမယ်။

အစိုးရ ဘာလုပ်နေလဲ ငါတို့ အော်မယ်၊ ဆဲမယ်။ သူတို့ကိုတော့ အတိတ်ကံကောင်းလွန်းကြသူတွေအဖြစ် ငါတို့ အားကျ လိုက်ကြမယ်။ နောက်တော့ တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ၊ တို့ပြေ တို့မြေလို့ ကြက်သီးမွှေးညှင်းထပြီး ငါတို့ သီဆိုကြဦးမယ်။ ရေထဲ မိုးထဲ မြေစာပုံတွေထဲမှာ… ငါတို့ရဲ့ မဖြစ်လာတော့မယ့် အိပ်မက်တွေ….

ရခိုင်မြေ ငြိမ်းချမ်းပါစေ၊ ရာမညမြေ ငြိမ်းချမ်းပါစေ၊ တနင်္သာရီ ငြိမ်းချမ်းပါစေ၊ ——— ငြိမ်းချမ်းပါစေ၊ ———–ငြိမ်းချမ်း ပါစေ။ တစ်နှစ်ပြီးတစ်နှစ် တိုင်းနဲ့ပြည်နယ် ၁၄ခု အလှည့်ကျ ဆုတောင်းပေးနေကြတာပေါ့။ ငါတို့ဟာ ဝဋ်ကြီးခဲ့ကြတယ်…

Credit – အိပန်ဆယ်လို