Zawgyiျဖင့္ဖတ္ရန္

 

ျမန္​မာျပည္​ရဲ႕ တနသာၤရီတိုင္​းနဲ႔ မြန္​ျပည္​နယ္​မွာ ႏွစ္​​ေပါင္​း ၆၀ ​ေက်ာ္​အတြင္​း အဆိုးရြားဆ​ံုး ​ေရႀကီး၊​ေရလ်ံွ၊ ​ေရျမဳပ္​တဲ့ဒဏ္​ကိုခံစား​ေနရၿပီး ​ေရးၿမိဳ႕မွာဆိုရင္​ ၿမိဳ႕ရဲ႕ ၈၀ ရာခိုင္​ႏႈန္​းက​ေန ၉၀ ရာခိုင္နွုန္​းအထိဟာ ​ေရ​ေအာက္​​ေရာက္​လုနီးပါးျဖစ္​​ေနၿပီလို႔ ​ေန့စဥ္လို ​သတင္​း​ေတြၾကားသိ​ေနရတာဟာ အင္​မတန္​ဝမ္​းနည္​းစိတ္ထိ​ဖြယ္​ရာ​ေကာင္​းလွပါတယ္​။

ရက္​​ေပါင္​းဆက္​တိုက္​ မိုးႀကီးသည္​းထန္​ခဲၿပီးတဲ့​ေနာက္​မွာ အခုလိုအျဖစ္​ဆိုးမ်ိဳးကုိ ျမန္​မာျပည္​သူ​ေတြၾကံဳ​ေတြ႕ခံစားခ့ဲရတာျဖစ္​ၿပီး အသက္​အိုးအိမ္​​စည္​းစိမ္​​ေတြ​ေသ​ေၾကပ်က္​စီး​ေနဆဲျဖစ္​သလို အခုခ်ိန္​ထိ ဒုကၡ​ေတာထဲကမလြတ္​ႏိုင္​ၾက​ေသးပါဘူး။ ဒါဟာ ရင္​နာစရာသိပ္​​ေကာင္​းတဲ့ျမင္​ကြင္​း​ေတြကို ​ေန႔စဥ္​မျပတ္​ၾကံဳ​ေနခဲ့ရၿပီး ၾကားသိ​ေနခဲ့ရတဲ့ ျပည္​သူ​အ​ေပါင္​းကလဲ ကယ္​ဆယ္​​ေရးနဲ႔လွဴဒါန္​းမႈ​ေတြကုိ ​ေငြ​ေၾကးအားျဖင္​့၊ စားနပ္​ ရိကၡာပို႔​ေဆာင္​ျခင္​းအားျဖင္​့ တတပ္​တအားနဲ႔ ​ေရ​ေဘးသင္​့ျပည္​သူ​ေတြကို ဝိုင္​းဝန္​းကူညီ​ေပး​ေနၾကတာလဲ ဝမ္​း​ေျမာက္​ဝမ္​းသာဖြယ္​ရာသိ႐ွိျမင္​​ေတြ႕ခဲ့ရတာပါ။

တစ္​ဖက္​မွာ​ေတာ့ အခု​ေရႀကီးဒုကၡဆိုးၾကံဳ​ေတြ႕​ေနရတဲ့ မြန္​ျပည္​နယ္​နဲ႔ တနသၤာရီတိုင္​း​ေတြမွာ ကိုယ္​့ႏိုင္​ငံသားအခ်င္​းခ်င္​းဆို​ေသာ္​လည္​း စား​ေသာက္​ကုန္​​​ေစ်းႏႈန္​း​ေတြကို မူလ​ေစ်းထက္​ ၃ ဆ အထိ ​ေစ်းတင္​ရာင္​း​ေနျကတယ္​လို႔ပါ စိတ္​မ​ေကာင္​းဖြယ္​ရာၾကားသိ​ေနရပါတယ္​။

သာမာန္​ ထမင္​းတစ္​ထုတ္​ကို​ေတာင္​ ၂၀၀၀ ​ေပးဝယ္​ၾကရတယ္​လို႔ ျပည္​သူတစ္​​ေယာက္​က ​ေျပာျပထားၿပီး ရင္​နာနာနဲ႔ပဲ အဲ့ဒီလို​ ​ေလာဘႀကီးၿပီးအျမတ္​ထုတ္​တတ္​တဲ့ စီးပြား​ေရးဆန္​ဆန္​ စိတ္​ပ်က္​ဖြယ္​ရာလုပ္​ရပ္​​ေတြကို ႏို္​င္​ငံတကာ သဘာဝဒုကၡ​ေဘး​ေတြ နဲ႔ ႏိႈင္​းယွဥ္​ၿပီး အခုလိုရင္​ဖြင္​့တင္​ျပထားလို႔ ​ေဖာ္​ျပ​ေပးလိုက္​ပါရ​ေစ။ အျကီးအက်ယ္​​ဒုကၡ​ေရာက္​႐ွိ​ေနတဲ့ ဒုကၡသည္​ျပည္​သူ​ေတြအ​ေပၚ လုပ္​ရက္​ၾကလြန္း​တဲ့သူ​ေတြအ​ားလံုး ဒီလုပ္​ရပ္​​ေတြကိုရပ္​​တန္​႔​ေပးဖို႔လိုပါတယ္​။ ျမန္​မာျပည္​သူ​ေတြရဲ႕ဘဝအ​ေပါင္​း အျမန္​ဆံုး​ေဘးကင္​းစိတ္​ခ်လံုျခံဳၾကပါ​ေစလို႔ လိႈက္​လွိဳက္​လွဲလွဲ ဆု​ေတာင္​း​ေနမိပါတယ္​။

“ဂ်ပန္​မွာ ဆူနာမီျဖစ္​ခဲ့တယ္​..

သူတို ့ႏိုင္​ငံသားအခ်င္​းခ်င္​းဆိုတဲ့ စိတ္​ဓာတ္​နဲ႔ စတိုးဆိုင္​​ေတြဟာ ကုန္​ပစၥည္​း​ေတြကို အလကားယူဖို ့ခြင္​့ျပဳၾကတယ္​ ”

“အင္​ဒိုနီး႐ွားမွာ မီး​ေတာင္​​ေပါက္​ခဲ့တယ္​.. ​ေနအိမ္​အ​ေဆာက္​အံုပ်က္​စီးသြားတဲ့ သူတို႔ႏိုင္​ငံသား​ေတြအတြက္​ ​ေဆာက္​လုပ္​​ေရးသံုးပစၥည္​းဆိုင္​​ေတြဟာ တန္​ဖိုးရဲ႕ ၂၅% နဲ႔​ေစ်း​ေလ်ာ့ ​ေရာင္​း​ေပးၾကတယ္​”

“အ​ေမရိကန္​မွာ မုန္​တိုင္​း​ေတြအႀကီးအက်ယ္​တိုက္​ခဲ့တယ္​.. သူတို ့ႏိုင္​ငံသားအခ်င္​းခ်င္​းစိတ္​ဓာတ္​နဲ႔ ​ေစ်းဆိုင္​​ေတြဟာ အလကားယူဖို ့ခြင္​့ျပဳ​ေပးတယ္​”

​”​ေဟတီႏိုင္​ငံမွာ ငလ်ွင္​​ေဘးျဖစ္​ခဲ့တုန္​းက ငလ်ွင္​ျဖစ္​ခဲ့တယ္​့​ေဒသတြင္​း ႐ွိတဲ့ သူတို႔ႏိုင္​ငံသား​ေတြဟာ ျပန္​လည္​ထူ​ေထာင္​​ေရးအတြက္​ ဝင္​​ေငြရဲ႕ ၁၀% ​ေအာက္​တန္​ဖိုးနဲ႔ ဝိုင္​းဝန္​းျပန္​လည္​ထူ​ေထာင္​​ေရးမွာပါဝင္​ျကတယ္​”

“ျမန္​မာမွာ အခု မြန္​၊ တနသၤာရီ ​ေရႀကီး​ေနတယ္​…

ကိုယ္​့ႏိုင္​ငံသားအခ်င္​းခ်င္​းဆို​ေသာ္​လည္​း ​ေဒသတြင္​းစား​ေသာက္​ကုန္​​ေတြရဲ႕တန္​ဖိုးကို ၃ ဆ အထိျမင္​့​ေရာင္​း​ေနျကတယ္​တဲ့။ (သာမာန္​ ထမင္​းတစ္​ထုတ္​ကို​ေတာင္​ ၂၀၀၀ ​ေပးဝယ္​ၾကရတယ္​တဲ့​ေလ) ။အ့ဲလိုလုပ္ေနတာေလးေတြရပ္ေပးၾကပါ”

“​ေျသာ္​…. ဘယ္​လို​ေျပာရပါ့မလဲ​ေလ”

စိတ္​မ​ေကာင္​းဘူး”

“တက္ႏိုင္တ့ဲဘက္ကလႉေပးေနတ့ဲသူေတြအားလုံးက်န္းမာခ်မ္းသာၾကပါေစ”

Source – WCA

Credit:EFIL-AlinnMyay(အလင္းေျမ)

 

Unicodeဖြင့်ဖတ်ရန်

 

ရေကြီးမြေပြို ဒုက္ခတောထဲမှာ ထမင်းတစ်ထုပ် (၂)ထောင်ပေး ဝယ်စားနေရတဲ့ ရင်နာစရာ ဘဝ

 

မြန်မာပြည်ရဲ့ တနသာၤရီတိုင်းနဲ့ မွန်ပြည်နယ်မှာ နှစ်ပေါင်း ၆၀ ကျော်အတွင်း အဆိုးရွားဆုံး ရေကြီး၊ရေလျံှ၊ ရေမြုပ်တဲ့ဒဏ်ကိုခံစားနေရပြီး ရေးမြို့မှာဆိုရင် မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိဟာ ရေအောက်ရောက်လုနီးပါးဖြစ်နေပြီလို့ နေ့စဉ်လို သတင်းတွေကြားသိနေရတာဟာ အင်မတန်ဝမ်းနည်းစိတ်ထိဖွယ်ရာကောင်းလှပါတယ်။

ရက်ပေါင်းဆက်တိုက် မိုးကြီးသည်းထန်ခဲပြီးတဲ့နောက်မှာ အခုလိုအဖြစ်ဆိုးမျိုးကို မြန်မာပြည်သူတွေကြုံတွေ့ခံစားခဲ့ရတာဖြစ်ပြီး အသက်အိုးအိမ်စည်းစိမ်တွေသေကြေပျက်စီးနေဆဲဖြစ်သလို အခုချိန်ထိ ဒုက္ခတောထဲကမလွတ်နိုင်ကြသေးပါဘူး။ ဒါဟာ ရင်နာစရာသိပ်ကောင်းတဲ့မြင်ကွင်းတွေကို နေ့စဉ်မပြတ်ကြုံနေခဲ့ရပြီး ကြားသိနေခဲ့ရတဲ့ ပြည်သူအပေါင်းကလဲ ကယ်ဆယ်ရေးနဲ့လှူဒါန်းမှုတွေကို ငွေကြေးအားဖြင့်၊ စားနပ် ရိက္ခာပို့ဆောင်ခြင်းအားဖြင့် တတပ်တအားနဲ့ ရေဘေးသင့်ပြည်သူတွေကို ဝိုင်းဝန်းကူညီပေးနေကြတာလဲ ဝမ်းမြောက်ဝမ်းသာဖွယ်ရာသိရှိမြင်တွေ့ခဲ့ရတာပါ။

တစ်ဖက်မှာတော့ အခုရေကြီးဒုက္ခဆိုးကြုံတွေ့နေရတဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ကိုယ့်နိုင်ငံသားအချင်းချင်းဆိုသော်လည်း စားသောက်ကုန်ဈေးနှုန်းတွေကို မူလဈေးထက် ၃ ဆ အထိ ဈေးတင်ရာင်းနေကြတယ်လို့ပါ စိတ်မကောင်းဖွယ်ရာကြားသိနေရပါတယ်။

သာမာန် ထမင်းတစ်ထုတ်ကိုတောင် ၂၀၀၀ ပေးဝယ်ကြရတယ်လို့ ပြည်သူတစ်ယောက်က ပြောပြထားပြီး ရင်နာနာနဲ့ပဲ အဲ့ဒီလို လောဘကြီးပြီးအမြတ်ထုတ်တတ်တဲ့ စီးပွားရေးဆန်ဆန် စိတ်ပျက်ဖွယ်ရာလုပ်ရပ်တွေကို နိုင်ငံတကာ သဘာဝဒုက္ခဘေးတွေ နဲ့ နှိုင်းယှဉ်ပြီး အခုလိုရင်ဖွင့်တင်ပြထားလို့ ဖော်ပြပေးလိုက်ပါရစေ။ အကြီးအကျယ်ဒုက္ခရောက်ရှိနေတဲ့ ဒုက္ခသည်ပြည်သူတွေအပေါ် လုပ်ရက်ကြလွန်းတဲ့သူတွေအားလုံး ဒီလုပ်ရပ်တွေကိုရပ်တန့်ပေးဖို့လိုပါတယ်။ မြန်မာပြည်သူတွေရဲ့ဘဝအပေါင်း အမြန်ဆုံးဘေးကင်းစိတ်ချလုံခြုံကြပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းနေမိပါတယ်။

“ဂျပန်မှာ ဆူနာမီဖြစ်ခဲ့တယ်..

သူတို့နိုင်ငံသားအချင်းချင်းဆိုတဲ့ စိတ်ဓာတ်နဲ့ စတိုးဆိုင်တွေဟာ ကုန်ပစ္စည်းတွေကို အလကားယူဖို့ခွင့်ပြုကြတယ် ”

“အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ခဲ့တယ်.. နေအိမ်အဆောက်အုံပျက်စီးသွားတဲ့ သူတို့နိုင်ငံသားတွေအတွက် ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်တွေဟာ တန်ဖိုးရဲ့ ၂၅% နဲ့ဈေးလျော့ ရောင်းပေးကြတယ်”

“အမေရိကန်မှာ မုန်တိုင်းတွေအကြီးအကျယ်တိုက်ခဲ့တယ်.. သူတို့နိုင်ငံသားအချင်းချင်းစိတ်ဓာတ်နဲ့ ဈေးဆိုင်တွေဟာ အလကားယူဖို့ခွင့်ပြုပေးတယ်”

”ဟေတီနိုင်ငံမှာ ငလျှင်ဘေးဖြစ်ခဲ့တုန်းက ငလျှင်ဖြစ်ခဲ့တယ့်ဒေသတွင်း ရှိတဲ့ သူတို့နိုင်ငံသားတွေဟာ ပြန်လည်ထူထောင်ရေးအတွက် ဝင်ငွေရဲ့ ၁၀% အောက်တန်ဖိုးနဲ့ ဝိုင်းဝန်းပြန်လည်ထူထောင်ရေးမှာပါဝင်ကြတယ်”

“မြန်မာမှာ အခု မွန်၊ တနင်္သာရီ ရေကြီးနေတယ်…

ကိုယ့်နိုင်ငံသားအချင်းချင်းဆိုသော်လည်း ဒေသတွင်းစားသောက်ကုန်တွေရဲ့တန်ဖိုးကို ၃ ဆ အထိမြင့်ရောင်းနေကြတယ်တဲ့။ (သာမာန် ထမင်းတစ်ထုတ်ကိုတောင် ၂၀၀၀ ပေးဝယ်ကြရတယ်တဲ့လေ) ။အဲ့လိုလုပ်နေတာလေးတွေရပ်ပေးကြပါ”

“သြော်…. ဘယ်လိုပြောရပါ့မလဲလေ”

စိတ်မကောင်းဘူး”

“တက်နိုင်တဲ့ဘက်ကလှူပေးနေတဲ့သူတွေအားလုံးကျန်းမာချမ်းသာကြပါစေ”

Source – WCA

Credit:EFIL-AlinnMyay(အလင်းမြေ)