Zawgyiျဖင့္ဖတ္ရန္

 

UKမွလူမ်ားသည္သူတို႔၏ကိုယ္ပိုင္က်င္ငယ္ရည္ကိုသူငယ္ခ်င္းမ်ား၊သူစိမ္းမ်ားရဲ႕လုပ္ငန္းခြင္ေဆးစစ္ျခင္းကိုေအာင္ေစရန္ေရာင္းခ်ေပးေလ့ရွိပါတယ္။ၿဗိတိန္ရွိကုပၼဏီအမ်ားစုႏွင့္အစိုးရအဖြဲ႕အစည္းမ်ားတြင္အလုပ္လုပ္ကိုင္လိုပါကေဆးစစ္ၿပီးေအာင္ျမင္မွသာလက္ခံေသာေၾကာင့္ သန႔္စင္ေသာက်င္ငယ္ရည္ေရာင္းဝယ္ျခင္းလုုပ္ငန္းသည္တျဖည္းျဖည္းႀကီးမားလာပါတယ္။က်င္ငယ္ေရခဲ၊လူလုပ္က်င္ငယ္ရည္ႏွင့္သဘာဝစစ္စစ္က်င္ငယ္ရည္မ်ားကို မူးယစ္ေဆးဝါးအသုံးျပဳသူမ်ားမွ အလုပ္အသစ္ေျပာင္းေ႐ြ႕ျခင္းႏွင့္လက္ရွိအလုပ္တြင္တည္ၿမဲေရးအတြက္ေဆးစစ္မႈေအာင္ျမင္ရန္ဝယ္ယူမႈအလြန္မ်ားျပားလ်က္ရွိပါတယ္။

“ငါေဆးေျခာက္ကိုအၿမဲတမ္းသုံးစြဲတယ္။ငါ့အလုပ္မွာေဆးစစ္မႈကို၃လတစ္ႀကိမ္ခံယူရတယ္။ငါအလုပ္အျပဳတ္မခံႏိုင္ဘူး၊ဒါေၾကာင့္ငါ့အိိမ္နီးခ်င္းအသက္၆၀ေလာက္ရွိတဲ့အမ်ိဳးသမီးဆီကေနက်င္ငယ္ရည္ကို

စတာလင္ေပါင္၅ေပါင္နဲ႔့ဝယ္ခဲ့ပါတယ္။၁လီတာေလာက္ေတာ့ရခဲ့တယ္။ေဆးစစ္ခါနီးအဆင္သင့္ျဖင့္ေအာင္ႀကိဳတင္ဝယ္ၿပီးအိမ္ကေရခဲေသတၱာထဲမွာသိမ္းထားပါတယ္။”ဟု ကြန္ဗထရီၿမိဳ႕မွအမည္ေဖာ္ျပမထားေသာက်င္ငယ္ရည္ဝယ္ယူသူတဦးက Metro.co.uk သို႔ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ရွိနာမည္ႀကီးကုမၸဏီမ်ားသည္လည္းအလုပ္မခန႔္ခင္အလုပ္သမားမ်ားကိုေဆးစစ္မႈတင္းၾကပ္စြာစစ္ေဆးေလ့ရွိပါတယ္။ ထို႔ေၾကာင့္ အြန္းလိုင္းဝက္ဆိုဒ္မ်ားတြင္က်င္ငယ္ရည္အမ်ိဳးမ်ိဳးေရာင္းခ်ေသာေၾကျငာအမ်ားအျပားေတြ႕ရပါတယ္။ထိုကဲ့သို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ေပၚလာေသာေၾကာင့္အေမရိကန္ရွိ ျပည္နယ္၁၈ခုသည္က်င္ငယ္ရည္ေရာင္းခ်မႈကိုပိတ္ပင္သည့္ဥပေဒကိုထုတ္ျပန္ခဲ့သည္ဟုသိရပါတယ္။

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ေဆာင္မႈမ်ား၊က်န္းမာေရးဝန္ေဆာင္မႈမ်ားႏွင့္ပစၥည္းသိုေလွာင္မႈႏွင့္ထုတ္လုပ္မႈနယ္ပယ္မ်ားရွိကုမၸဏီအမ်ားစုမွဝန္ထမ္းမ်ားသည္ ေဆးစစ္မႈမ်ားတြင္ေအာင္ျမင္မႈနည္းပါးပါတယ္ ဟု Deverသတင္းစာမွဆိုပါတယ္။ အခ်ိဳ႕ေသာျပည္နယ္မ်ားမွာေဆးေျခာက္သုံးစြဲမႈအားတရားဝင္ခြင့္ျပဳထားျခင္းေၾကာင့္ကုမၸဏီမ်ားသည္ ေဆးေအာင္ျမင္ေသာဝန္ထမ္းမ်ားကိုရွာေဖြရန္ခက္ခဲသည္ဟုလည္းဆိုပါတယ္။

Credit:၀ီလယံ ( XYZ News )

 

Unicodeဖြင့်ဖတ်ရန်

 

အင်္ဂလန်မှာ ကျင်ငယ်ရည်ရောင်းဝယ်သောစီးပွားရေးလုပ်ငန်း အလွန်တွင်ကျယ်နေ

 

UKမှလူများသည်သူတို့၏ကိုယ်ပိုင်ကျင်ငယ်ရည်ကိုသူငယ်ချင်းများ၊သူစိမ်းများရဲ့လုပ်ငန်းခွင်ဆေးစစ်ခြင်းကိုအောင်စေရန်ရောင်းချပေးလေ့ရှိပါတယ်။ဗြိတိန်ရှိကုပ္မဏီအများစုနှင့်အစိုးရအဖွဲ့အစည်းများတွင်အလုပ်လုပ်ကိုင်လိုပါကဆေးစစ်ပြီးအောင်မြင်မှသာလက်ခံသောကြောင့် သန့်စင်သောကျင်ငယ်ရည်ရောင်းဝယ်ခြင်းလုပ်ငန်းသည်တဖြည်းဖြည်းကြီးမားလာပါတယ်။ကျင်ငယ်ရေခဲ၊လူလုပ်ကျင်ငယ်ရည်နှင့်သဘာဝစစ်စစ်ကျင်ငယ်ရည်များကို မူးယစ်ဆေးဝါးအသုံးပြုသူများမှ အလုပ်အသစ်ပြောင်းရွေ့ခြင်းနှင့်လက်ရှိအလုပ်တွင်တည်မြဲရေးအတွက်ဆေးစစ်မှုအောင်မြင်ရန်ဝယ်ယူမှုအလွန်များပြားလျက်ရှိပါတယ်။

“ငါဆေးခြောက်ကိုအမြဲတမ်းသုံးစွဲတယ်။ငါ့အလုပ်မှာဆေးစစ်မှုကို၃လတစ်ကြိမ်ခံယူရတယ်။ငါအလုပ်အပြုတ်မခံနိုင်ဘူး၊ဒါကြောင့်ငါ့အိမ်နီးချင်းအသက်၆၀လောက်ရှိတဲ့အမျိုးသမီးဆီကနေကျင်ငယ်ရည်ကို

စတာလင်ပေါင်၅ပေါင်နဲ့ဝယ်ခဲ့ပါတယ်။၁လီတာလောက်တော့ရခဲ့တယ်။ဆေးစစ်ခါနီးအဆင်သင့်ဖြင့်အောင်ကြိုတင်ဝယ်ပြီးအိမ်ကရေခဲသေတ္တာထဲမှာသိမ်းထားပါတယ်။”ဟု ကွန်ဗထရီမြို့မှအမည်ဖော်ပြမထားသောကျင်ငယ်ရည်ဝယ်ယူသူတဦးက Metro.co.uk သို့ပြောကြားခဲ့ပါတယ်။

အမေရိကန်ရှိနာမည်ကြီးကုမ္ပဏီများသည်လည်းအလုပ်မခန့်ခင်အလုပ်သမားများကိုဆေးစစ်မှုတင်းကြပ်စွာစစ်ဆေးလေ့ရှိပါတယ်။ ထို့ကြောင့် အွန်းလိုင်းဝက်ဆိုဒ်များတွင်ကျင်ငယ်ရည်အမျိုးမျိုးရောင်းချသောကြေငြာအများအပြားတွေ့ရပါတယ်။ထိုကဲ့သို့သတင်းများကျယ်ပြန့်စွာထွက်ပေါ်လာသောကြောင့်အမေရိကန်ရှိ ပြည်နယ်၁၈ခုသည်ကျင်ငယ်ရည်ရောင်းချမှုကိုပိတ်ပင်သည့်ဥပဒေကိုထုတ်ပြန်ခဲ့သည်ဟုသိရပါတယ်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ဆောင်မှုများ၊ကျန်းမာရေးဝန်ဆောင်မှုများနှင့်ပစ္စည်းသိုလှောင်မှုနှင့်ထုတ်လုပ်မှုနယ်ပယ်များရှိကုမ္ပဏီအများစုမှဝန်ထမ်းများသည် ဆေးစစ်မှုများတွင်အောင်မြင်မှုနည်းပါးပါတယ် ဟု Deverသတင်းစာမှဆိုပါတယ်။ အချို့သောပြည်နယ်များမှာဆေးခြောက်သုံးစွဲမှုအားတရားဝင်ခွင့်ပြုထားခြင်းကြောင့်ကုမ္ပဏီများသည် ဆေးအောင်မြင်သောဝန်ထမ်းများကိုရှာဖွေရန်ခက်ခဲသည်ဟုလည်းဆိုပါတယ်။

Credit:ဝီလယံ ( XYZ News )