Zawgyiျဖင့္ဖတ္ရန္

 

ခႏၶာကိုယ္အတြင္းက အဂၤါအစိတ္အပိုင္းေတြ မက်န္းမာဘူးဆိုရင္ ခႏၶာကိုယ္ျပင္ပမွာ သိသာတဲ့လကၡဏာေတြျပလာတတ္ပါတယ္။ က်န္းမာေရးအတြက္ အေရးၾကီးတဲ့အထဲမွာ နွလံုးက်န္းမာဖို႕က လူၾကီး၊လူငယ္အားလံုးအတြက္ အေရးၾကီးတာေၾကာင့္ သင့္နွလံုးက အလုပ္သိပ္မလုပ္ေတာ့ဘူး၊ အသက္အႏၱရာယ္စိုးရိမ္ရတယ္ဆိုရင္ ျဖစ္လာတတ္တဲ့ လကၡဏာေတြကို ၾကိဳတင္သတိထားဖို႕ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္

(၁) မရပ္မနားေခ်ာင္းဆိုးတာ

ေခ်ာင္းဆိုးတာဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္နိုင္ျပီး ေခ်ာင္းအၾကာၾကီးဆိုးေနတာက်ေတာ့ နွလံုးေသြးေၾကာပိုင္းက ေကာင္းေကာင္းအလုပ္မလုပ္လို႕ ျဖစ္နို္င္ပါတယ္။ ေခ်ာင္းဆိုးတာက နာတာရွည္ျဖစ္လာတဲ့အခါ ၊ အသက္ရွဴရခက္ခဲတာ၊ ေသြးပါတာေတြျဖစ္နိုင္ျပီး နွလံုးကို ထိခိုက္မႈျဖစ္ေစတာပါ။

(၂) အသားအေရာင္တျဖည္းျဖည္းေဖ်ာ့ေတာ့လာတာ

နွလံုးကေန တျခားခႏၶာကိုယ္အစိတ္အပိုင္းေတြကို ေသြးပို႕လႊတ္မႈ မေကာင္းတဲ့အခါ အသားအေရာင္က ေသြးေရာင္ မရွိေတာ့ဘဲ တစ္ေန႕ထက္တစ္ေန႕ျဖဴေဖ်ာ့လာပါတယ္။ ဒါေပမယ့္ အသားအေရာင္ျဖဴေဖ်ာ့ေနရင္ နွလံုးမေကာင္းတာေၾကာင့္လိို႕ တစ္ထစ္ခ် မွတ္ယူလို႕မရပါဘူး။ နွလံုးမေကာင္းလို႕လား၊ ေသြးအားနည္းတာေၾကာင့္လားဆိုတာ သိရဖုိ႕ ေသခ်ာစစ္ေဆးရမွာပါ။

(၃) လက္ေမာင္းတေလွ်ာက္နာတာ

နွလံုးေကာင္းေကာင္းအလုပ္မလုပ္တဲ့အခါ အမ်ိဳးသားေတြမွာ ဘယ္ဘက္လက္ေမာင္းမွာ နာက်င္တတ္ျပီး ၊ အမ်ိဳးသမီးေတြကေတာ့ ညာဘက္လက္ေမာင္းနာက်င္တာကို ပိုသတိထားရမွာျဖစ္ျပီး ဘယ္ဘက္လက္ေမာင္းလည္း အနည္းငယ္နာက်င္တတ္ပါတယ္။ ဒါေၾကာင့္ ထိခိုက္မႈေတြလည္း မျဖစ္ပါဘဲ လက္ေမာင္းရင္းနဲ႕ လက္ေမာင္းတေလွ်ာက္မွာ အေၾကာင္းမဲ့နာက်င္တာေတြျဖစ္ရင္ နွလံုးေကာင္းေကာင္းအလုပ္မလုပ္တာျဖစ္နိုင္ပါတယ္။

(၄) ေျခေထာက္ေတြေရာင္ရမ္းတာ

နွလံုးကေန ေသြးထုတ္ေပးမႈ နည္းတဲ့အခါ ခႏၶာကိုယ္ရဲ႕ တျခားအစိတ္အပိိုင္းေတြဆီ ေသြးေရာက္ရွိမႈ နည္းသြားပါတယ္။ ဒါေပမယ့္ ေျခေထာက္ေတြကေတာ့ ေျမဆြဲအားသက္ေရာက္မႈနဲ႕အနီးကပ္ဆံုးျဖစ္တာေၾကာင့္ ေရာင္ရမ္းမႈေတြျဖစ္လာရတာပါ။ သင့္အေနနဲ႕ ေျခေထာက္ေတြေဖာင္းတာ၊ ေရာင္တာမၾကာခဏျဖစ္တတ္ရင္ နွလံုးအားနည္းေနတာေၾကာင့္ျဖစ္နိုင္ပါတယ္။

(၅) အခ်ိန္တိုင္းလိုလို ရင္ျပည့္ျပီးပ်ိဳ႕ေနတာ

တစ္ခုခုစားလိုက္ျပီဆို တစ္ကိုက္နွစ္ကိုက္ေလာက္ စားျပီးတာနဲ႕ ရင္ျပည့္ျပီး ပ်ိဳ႕အန္ခ်င္လာတာမ်ိဳးျဖစ္ေနရင္လည္း မေပါ့ဆသင့္ပါဘူး။ ဘာလို႕လဲဆိုေတာ့ အဲ့လိုျဖစ္တာက အသည္းနဲဲ႕အစာေခ်အူလမ္းေၾကာင္းေတြမွာ ေသြးလွည့္ပတ္မႈ မေကာင္းဘူး၊ ေသြးေရာက္ရွိမႈ အရမ္းနည္းေနတာေၾကာင့္လို႕ေျပာနိုင္ပါတယ္။

(၆) စိတ္အရမ္းဆတ္တာ

နွလံုးက ေကာင္းေကာင္းအလုပ္မလုပ္လို႕ ေသြးလွည့္ပတ္မႈ မေကာင္းတဲ့အခါ စိတ္အရမ္းဆတ္လာျပီး ေဒါသကို ထိန္းခ်ဳပ္နိုင္စြမ္းလည္း နည္းလာပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႕ စိတ္အရမ္းဆတ္ျပီး၊ စိတ္တိုလြယ္လြန္းေနရင္ နွလံုးအားနည္းတာျဖစ္နိုင္တယ္ဆိုတာကို သတိရပါ။

(၇) ရုတ္တရက္ေခါင္းမူးျပီးမ်က္လံုးေတြျပာသြားတာ

နွလံုးက ေသြးေကာင္းေကာင္းမထုတ္ေပးတဲ့အခါ ေသြးလႊတ္ေၾကာေတြမွာ ေသြးခဲတာမ်ိဳးေတြျဖစ္လာျပီး နွလံုးေသြးေၾကာက တျဖည္းျဖည္းက်ဥ္းေျမာင္းလာပါတယ္။ တခါတေလ အသက္ရွဴၾကပ္တာမ်ိဳး၊ ရုတ္တရက္ေခါင္းမူးျပီး မ်က္လံုးေတြျပာလာတာမ်ိဳးျဖစ္တတ္ပါတယ္။ အဲ့ဒီလိုေတြ ခဏခဏျဖစ္ဖူးတယ္ဆိုရင္ ဆရာ၀န္နဲ႕ျပသင့္ေနပါျပီ။

MAY THAZINHTOO

Credit:Aunty May

 

Unicodeဖြင့်ဖတ်ရန်

 

နှလုံးအားနည်းပြီး အလုပ်မလုပ်ဘူးဆိုတာ ပြနေတဲ့ လက္ခဏာ (၇) မျိုး .

 

ခန္ဓာကိုယ်အတွင်းက အင်္ဂါအစိတ်အပိုင်းတွေ မကျန်းမာဘူးဆိုရင် ခန္ဓာကိုယ်ပြင်ပမှာ သိသာတဲ့လက္ခဏာတွေပြလာတတ်ပါတယ်။ ကျန်းမာရေးအတွက် အရေးကြီးတဲ့အထဲမှာ နှလုံးကျန်းမာဖို့က လူကြီး၊လူငယ်အားလုံးအတွက် အရေးကြီးတာကြောင့် သင့်နှလုံးက အလုပ်သိပ်မလုပ်တော့ဘူး၊ အသက်အန္တရာယ်စိုးရိမ်ရတယ်ဆိုရင် ဖြစ်လာတတ်တဲ့ လက္ခဏာတွေကို ကြိုတင်သတိထားဖို့ ဖော်ပြပေးလိုက်ပါတယ်နော်

(၁) မရပ်မနားချောင်းဆိုးတာ

ချောင်းဆိုးတာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး ချောင်းအကြာကြီးဆိုးနေတာကျတော့ နှလုံးသွေးကြောပိုင်းက ကောင်းကောင်းအလုပ်မလုပ်လို့ ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတာက နာတာရှည်ဖြစ်လာတဲ့အခါ ၊ အသက်ရှူရခက်ခဲတာ၊ သွေးပါတာတွေဖြစ်နိုင်ပြီး နှလုံးကို ထိခိုက်မှုဖြစ်စေတာပါ။

(၂) အသားအရောင်တဖြည်းဖြည်းဖျော့တော့လာတာ

နှလုံးကနေ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သွေးပို့လွှတ်မှု မကောင်းတဲ့အခါ အသားအရောင်က သွေးရောင် မရှိတော့ဘဲ တစ်နေ့ထက်တစ်နေ့ဖြူဖျော့လာပါတယ်။ ဒါပေမယ့် အသားအရောင်ဖြူဖျော့နေရင် နှလုံးမကောင်းတာကြောင့်လို့ တစ်ထစ်ချ မှတ်ယူလို့မရပါဘူး။ နှလုံးမကောင်းလို့လား၊ သွေးအားနည်းတာကြောင့်လားဆိုတာ သိရဖို့ သေချာစစ်ဆေးရမှာပါ။

(၃) လက်မောင်းတလျှောက်နာတာ

နှလုံးကောင်းကောင်းအလုပ်မလုပ်တဲ့အခါ အမျိုးသားတွေမှာ ဘယ်ဘက်လက်မောင်းမှာ နာကျင်တတ်ပြီး ၊ အမျိုးသမီးတွေကတော့ ညာဘက်လက်မောင်းနာကျင်တာကို ပိုသတိထားရမှာဖြစ်ပြီး ဘယ်ဘက်လက်မောင်းလည်း အနည်းငယ်နာကျင်တတ်ပါတယ်။ ဒါကြောင့် ထိခိုက်မှုတွေလည်း မဖြစ်ပါဘဲ လက်မောင်းရင်းနဲ့ လက်မောင်းတလျှောက်မှာ အကြောင်းမဲ့နာကျင်တာတွေဖြစ်ရင် နှလုံးကောင်းကောင်းအလုပ်မလုပ်တာဖြစ်နိုင်ပါတယ်။

(၄) ခြေထောက်တွေရောင်ရမ်းတာ

နှလုံးကနေ သွေးထုတ်ပေးမှု နည်းတဲ့အခါ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေဆီ သွေးရောက်ရှိမှု နည်းသွားပါတယ်။ ဒါပေမယ့် ခြေထောက်တွေကတော့ မြေဆွဲအားသက်ရောက်မှုနဲ့အနီးကပ်ဆုံးဖြစ်တာကြောင့် ရောင်ရမ်းမှုတွေဖြစ်လာရတာပါ။ သင့်အနေနဲ့ ခြေထောက်တွေဖောင်းတာ၊ ရောင်တာမကြာခဏဖြစ်တတ်ရင် နှလုံးအားနည်းနေတာကြောင့်ဖြစ်နိုင်ပါတယ်။

(၅) အချိန်တိုင်းလိုလို ရင်ပြည့်ပြီးပျို့နေတာ

တစ်ခုခုစားလိုက်ပြီဆို တစ်ကိုက်နှစ်ကိုက်လောက် စားပြီးတာနဲ့ ရင်ပြည့်ပြီး ပျို့အန်ချင်လာတာမျိုးဖြစ်နေရင်လည်း မပေါ့ဆသင့်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့လိုဖြစ်တာက အသည်းနဲ့အစာချေအူလမ်းကြောင်းတွေမှာ သွေးလှည့်ပတ်မှု မကောင်းဘူး၊ သွေးရောက်ရှိမှု အရမ်းနည်းနေတာကြောင့်လို့ပြောနိုင်ပါတယ်။

(၆) စိတ်အရမ်းဆတ်တာ

နှလုံးက ကောင်းကောင်းအလုပ်မလုပ်လို့ သွေးလှည့်ပတ်မှု မကောင်းတဲ့အခါ စိတ်အရမ်းဆတ်လာပြီး ဒေါသကို ထိန်းချုပ်နိုင်စွမ်းလည်း နည်းလာပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စိတ်အရမ်းဆတ်ပြီး၊ စိတ်တိုလွယ်လွန်းနေရင် နှလုံးအားနည်းတာဖြစ်နိုင်တယ်ဆိုတာကို သတိရပါ။

(၇) ရုတ်တရက်ခေါင်းမူးပြီးမျက်လုံးတွေပြာသွားတာ

နှလုံးက သွေးကောင်းကောင်းမထုတ်ပေးတဲ့အခါ သွေးလွှတ်ကြောတွေမှာ သွေးခဲတာမျိုးတွေဖြစ်လာပြီး နှလုံးသွေးကြောက တဖြည်းဖြည်းကျဉ်းမြောင်းလာပါတယ်။ တခါတလေ အသက်ရှူကြပ်တာမျိုး၊ ရုတ်တရက်ခေါင်းမူးပြီး မျက်လုံးတွေပြာလာတာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီလိုတွေ ခဏခဏဖြစ်ဖူးတယ်ဆိုရင် ဆရာဝန်နဲ့ပြသင့်နေပါပြီ။

MAY THAZINHTOO

Credit:Aunty May