Zawgyiျဖင့္ဖတ္ရန္

 

အမ်ိဳးသမီးတိုင္း အရြယ္ (၃) ပါးမေရြး ျဖစ္တတ္တ့ဲ မီးယပ္အျဖဴ ဆင္းျခင္းအတြက္ လြယ္ကူျပီး လက္ေတြ႕ေပ်ာက္ကင္းခ့ဲတ့ဲ နည္းေလးအခ်ိဳ႕ကို မ်ွေ၀လိုက္ပါတယ္။

အခု ေဖာ္ျပတ့ဲ နည္းေလးေတြကေတာ့ (၁) ရက္ (၂) ရက္စားသုံးရုံနဲ႔ေတာ့ မေပ်ာက္ကင္းပါဘူး ။ ဇြဲရိွရိွနဲ႔ ရက္ရွည္ ၊လရွည္ စြဲစားေပးမွ ေ၀ဒနာ ေပ်ာက္ကင္းေစမွာပါ ။

( ပထမနည္း )

ထမင္းရည္ကို ဟင္းထည့္ပန္းကန္ (၁) လုံးခန္႔ ေရေသာက္သလိုမ်ိဳး ေန႔စဥ္ ေသာက္ေပးရပါမယ္ ။ ရက္အကန္႔ အသတ္ မရိွပဲ ရက္ရွည္ ၊ လရွည္စြဲျပီး ျဖစ္နိုင္ရင္အျမဲပဲ ေသာက္ေပးရပါမယ္ ။ ဇြဲရိွရိွနဲ႔ ေသာက္ေပးရင္ရာသီအျဖဴ ( အခဲလိုက္က်ဆင္းျခင္း ) ကိုပင္ လက္ေတြ႕ေပ်ာက္ကင္းေစပါတယ္ ။

( ဒုတိယနည္း )

ဇရစ္ဖူးေလးေတြကေတာ့ တစ္စည္းမွ (၅၀) က်ပ္ပဲ ေပးရျပီး ေစ်းထဲမွာ အလြယ္တကူ ရရိွနိုင္ပါတယ္ ။ ဇရစ္ဖူးရဲ႕ နုတ့ဲ အစိတ္အပိုင္းေလးေတြကို ဓားျပားနဲ႔ရိုက္ ၊ အေနေတာ္လွီးျဖတ္ျပီး ဆားနဲ႔ အနည္းငယ္ နယ္ေပးပါ ။တစ္ခဏ ထားျပီးလ်ွင္ ေရနဲ႔ေဆးေျကာျပီး ေရညွစ္ပါ ။ျကက္သြန္နီ ( သို႔ ) အျဖဴကို ပုဇြန္စို ( သို႔ ) ပုဇြန္ေျခာက္နဲ႔ေရာ၍ ဆီသတ္ျပီး ဇရစ္ဖူးကို ထည့္၍ ေျကာ္ခ်က္ပါ ။( အရသာ မိမိနွစ္သက္သလို ထည့္နိုင္ပါတယ္ ။) ဇရစ္ဖူးေျကာ္ခ်က္ကို ထမင္းနဲ႔ စားရပါမယ္ ။ တစ္ပတ္လ်ွင္ (၄) ျကိမ္ခန္႔ ။ အရန္ဟင္းအေနနဲ႔ ေန႔စဥ္ စားေပးနိုင္ရင္ေတာ့အေကာင္းဆုံးပါ ။ ဇရစ္ဖူးကို မန္က်ည္းသီးမွည့္နဲ႔ ျပဳတ္ျပီးတို႔စရာ အေနနဲ႔လည္း စားေပးနိုင္ပါတယ္ ။လရွည္ခံစားေနရတ့ဲ ေ၀ဒနာ လက္ေတြ႕ေပ်ာက္ကင္းေစပါတယ္ ။

( တတိယနည္း )

ပီေလာပီနံျပဳတ္ ( ကေလာပီနံ ) ကို ဆား၊ ဆီ တို႔နဲ႔ တို႔စားေပးပါ ။ဂ်စ္နဲ႔ ျခစ္ျပီး သျကား၊ အုန္းသီးျဖဴးျပီးလည္း စားေပးနိုင္ပါတယ္ ။ တစ္ပတ္လ်ွင္ (၄) ျကိမ္ခန္႔ စားေပးပါ ။လက္ေတြ႕ေပ်ာက္ကင္းပါတယ္ ။

ေဆာင္ရန္ ၊ ေရွာင္ရန္ အေနနဲ႕ကေတာ့…

အပူ၊ အစပ္မ်ား အတတ္နိုင္ဆုံး ေရွာင္ပါ ၊

ေသာကျဖစ္စရာ၊ စိတ္ဖိစီးမႈမ်ားကို အတတ္နိုင္ဆုံးေလ်ွာ့ခ်ျပီး စိတ္ကို ေပါ့ေပါ့ပါးပါး ေပ်ာ္ရႊင္ေအာင္ထားပါ ။

မိမိ အသုံးအေဆာင္ ပစၥည္းမ်ားကို သန္႔ရွင္းစင္ျကယ္စြာ ထားပါ ။

ေရာဂါပိုးမႊား မ၀င္ေရာက္ေစရန္ တစ္ကိုယ္ေရသန္႔ရွင္းမႈကို ဂရုစိုက္ပါ ။

မွတ္ခ်က္ ။ ဒီနည္းေလးေတြကေတာ့ က်မနဲ႔ မိတ္ေဆြ အစ္မမ်ားရဲ႕ လက္ေတြ႕ေပ်ာက္ ကင္းခ့ဲတ့ဲ နည္းေလးေတြပါ ။ ဒီလို ေ၀ဒနာ ခံစားရတ့ဲ အစ္မ ၊ ညီမမ်ား ဆႏၵရိွရင္ အသုံးျပဳျကည့္ နိုင္ပါတယ္ရွင္ ။

အားလုံးပဲ အသက္ရွည္ က်န္းမာျကပါေစ

credit: နႏၵာျမင့္

 

Unicodeဖြင့်ဖတ်ရန်

 

အမျိုးသမီးတိုင်း အရွယ် (၃) ပါးမရွေး ဖြစ်တတ်တဲ့ မီးယပ်အဖြူ ဆင်းခြင်းအတွက်

 

အမျိုးသမီးတိုင်း အရွယ် (၃) ပါးမရွေး ဖြစ်တတ်တဲ့ မီးယပ်အဖြူ ဆင်းခြင်းအတွက် လွယ်ကူပြီး လက်တွေ့ပျောက်ကင်းခဲ့တဲ့ နည်းလေးအချို့ကို မျှဝေလိုက်ပါတယ်။

အခု ဖော်ပြတဲ့ နည်းလေးတွေကတော့ (၁) ရက် (၂) ရက်စားသုံးရုံနဲ့တော့ မပျောက်ကင်းပါဘူး ။ ဇွဲရှိရှိနဲ့ ရက်ရှည် ၊လရှည် စွဲစားပေးမှ ဝေဒနာ ပျောက်ကင်းစေမှာပါ ။

( ပထမနည်း )

ထမင်းရည်ကို ဟင်းထည့်ပန်းကန် (၁) လုံးခန့် ရေသောက်သလိုမျိုး နေ့စဉ် သောက်ပေးရပါမယ် ။ ရက်အကန့် အသတ် မရှိပဲ ရက်ရှည် ၊ လရှည်စွဲပြီး ဖြစ်နိုင်ရင်အမြဲပဲ သောက်ပေးရပါမယ် ။ ဇွဲရှိရှိနဲ့ သောက်ပေးရင်ရာသီအဖြူ ( အခဲလိုက်ကျဆင်းခြင်း ) ကိုပင် လက်တွေ့ပျောက်ကင်းစေပါတယ် ။

( ဒုတိယနည်း )

ဇရစ်ဖူးလေးတွေကတော့ တစ်စည်းမှ (၅၀) ကျပ်ပဲ ပေးရပြီး ဈေးထဲမှာ အလွယ်တကူ ရရှိနိုင်ပါတယ် ။ ဇရစ်ဖူးရဲ့ နုတဲ့ အစိတ်အပိုင်းလေးတွေကို ဓားပြားနဲ့ရိုက် ၊ အနေတော်လှီးဖြတ်ပြီး ဆားနဲ့ အနည်းငယ် နယ်ပေးပါ ။တစ်ခဏ ထားပြီးလျှင် ရေနဲ့ဆေးကြောပြီး ရေညှစ်ပါ ။ကြက်သွန်နီ ( သို့ ) အဖြူကို ပုဇွန်စို ( သို့ ) ပုဇွန်ခြောက်နဲ့ရော၍ ဆီသတ်ပြီး ဇရစ်ဖူးကို ထည့်၍ ကြော်ချက်ပါ ။( အရသာ မိမိနှစ်သက်သလို ထည့်နိုင်ပါတယ် ။) ဇရစ်ဖူးကြော်ချက်ကို ထမင်းနဲ့ စားရပါမယ် ။ တစ်ပတ်လျှင် (၄) ကြိမ်ခန့် ။ အရန်ဟင်းအနေနဲ့ နေ့စဉ် စားပေးနိုင်ရင်တော့အကောင်းဆုံးပါ ။ ဇရစ်ဖူးကို မန်ကျည်းသီးမှည့်နဲ့ ပြုတ်ပြီးတို့စရာ အနေနဲ့လည်း စားပေးနိုင်ပါတယ် ။လရှည်ခံစားနေရတဲ့ ဝေဒနာ လက်တွေ့ပျောက်ကင်းစေပါတယ် ။

( တတိယနည်း )

ပီလောပီနံပြုတ် ( ကလောပီနံ ) ကို ဆား၊ ဆီ တို့နဲ့ တို့စားပေးပါ ။ဂျစ်နဲ့ ခြစ်ပြီး သကြား၊ အုန်းသီးဖြူးပြီးလည်း စားပေးနိုင်ပါတယ် ။ တစ်ပတ်လျှင် (၄) ကြိမ်ခန့် စားပေးပါ ။လက်တွေ့ပျောက်ကင်းပါတယ် ။

ဆောင်ရန် ၊ ရှောင်ရန် အနေနဲ့ကတော့…

အပူ၊ အစပ်များ အတတ်နိုင်ဆုံး ရှောင်ပါ ၊

သောကဖြစ်စရာ၊ စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံးလျှော့ချပြီး စိတ်ကို ပေါ့ပေါ့ပါးပါး ပျော်ရွှင်အောင်ထားပါ ။

မိမိ အသုံးအဆောင် ပစ္စည်းများကို သန့်ရှင်းစင်ကြယ်စွာ ထားပါ ။

ရောဂါပိုးမွှား မဝင်ရောက်စေရန် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ ။

မှတ်ချက် ။ ဒီနည်းလေးတွေကတော့ ကျမနဲ့ မိတ်ဆွေ အစ်မများရဲ့ လက်တွေ့ပျောက် ကင်းခဲ့တဲ့ နည်းလေးတွေပါ ။ ဒီလို ဝေဒနာ ခံစားရတဲ့ အစ်မ ၊ ညီမများ ဆန္ဒရှိရင် အသုံးပြုကြည့် နိုင်ပါတယ်ရှင် ။

အားလုံးပဲ အသက်ရှည် ကျန်းမာကြပါစေ

credit: နန္ဒာမြင့်