Zawgyiျဖင့္ဖတ္ရန္

 

လူေတြဟာ ဖ်ားနာတဲ့အခါ ေဆး၀ါးေတြမွီ၀ဲၿပီး အိပ္ရာေပၚမွာ နာရီေပါင္းမ်ားစြာ ေနၾကရပါတယ္။ ဘယ္သူမဆို ဖ်ားနာတဲ့အခါ စိတ္မသက္မသာနဲ႔ မလႈပ္ခ်င္မသယ္ခ်င္ေအာင္ ျဖစ္ရပါတယ္။ ဒါေပမယ့္ အမ်ိဳးသမီးနဲ႔ အမ်ိဳးသား ဖ်ားနာတာျခင္း အတူတူမွာ အမ်ိဳးသားေတြဟာ ဖ်ားတဲ့အခါ ပိုစိတ္ေပ်ာ့သြားၿပီး ဂဂ်ီဂေဂ်ာင္ပိုမ်ားေလ့ရွိေၾကာင္း Brightside မွာ ေတြ႔ရတဲ့သတင္းက ဆိုပါတယ္။

သိပၸံပညာရွင္ေတြက က်ားနဲ႔ မ သတၱ၀ါတုိ႔ရဲ႕ ကိုယ္ခံအားစနစ္ကြာျခားပံုကို သုေတသနျပဳခဲ့ၾကပါတယ္။ သိပၸံပညာရွင္ေတြဟာ ၾကြက္ေတြနဲ႔ စမ္းသပ္ခဲ့ၾကၿပီး ၾကြက္အထီးအမ၊ အသက္အရြယ္နဲ႔ အေအးမိတုပ္ေကြးေ၀ဒနာခံစားရတဲ့အခါ သူတို႔ေတြရဲ႕ တံု႔ျပန္ပံုေတြကို မွတ္သားခဲ့ပါတယ္။ ဒီအခါမွာ ေတြ႔ရွိရတာက ၾကြက္မေတြဟာ အမေဟာ္မုန္းတစ္မ်ိဳးျဖစ္တဲ့ estradiol ေၾကာင့္ ၾကြက္အထီးေတြထက္ ပိုၿပီး ကိုယ္ခံအားစနစ္ပိုေကာင္းေနတယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ကိုယ္ခံအားစနစ္ေတြနဲ႔ ပတ္သက္လာရင္ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးၾကားမွာ ကြာျခားမႈရွိပါတယ္။ အမ်ိဳးသားေတြဟာ အသက္ရွဴလမ္းေၾကာင္းပို္င္းဆိုင္ရာ ေ၀ဒနာေတြကို ခံစားရတဲ့အခါ အမ်ိဳးသမီးေတြထက္ ပိုမိုဆိုးရြားတတ္ပါတယ္။ ဒါေၾကာင့္ အေအးမိတုပ္ေကြးျဖစ္တဲ့အခါ အမ်ိဳးသားေတြဟာ ေ၀ဒနာကို ပိုမိုခံစားရၿပီး အေျခအေနဆိုးခဲ့ရင္ ေဆးရံုတက္တဲ့အထိေတာင္ ျဖစ္ရႏိုင္တယ္လို႔ ဆိုပါတယ္။

အမ်ိဳးသမီးေတြမွာေတာ့ estradiol ဟာ ကိုယ္ခံအားစနစ္ကို ကာကြယ္ေပးတဲ့ ဓာတ္ကူပစၥည္းတစ္မ်ိဳးျဖစ္တာေၾကာင့္ အေအးမိ၊ တုပ္ေကြးျဖစ္ႏိုင္ေျခေတြနဲ႔ ေ၀ဒနာခံစားရမႈဟာ အမ်ိဳးသားေတြထက္ သက္သာေလ်ာ့ပါးႏိုင္ပါတယ္။ ဒီအခ်က္ကို အိမ္က မိသားစု၀င္ေတြထဲမွာေတာ့ ေတြ႔ဖူးမယ္လို႔ ထင္ပါတယ္။ တစ္ခါတစ္ေလ အေဖေတြ၊ အစ္ကိုေတြ၊ ဦးေလးေတြဟာ သူတို႔တုပ္ေကြးျဖစ္တဲ့အခ်ိန္က်ရင္ တၿငီးၿငီးတျငဴျငဴနဲ႔ ေပ်ာ့ဖတ္ၿပီး ကေလးေတြလို ျဖစ္ကုန္္တာကုိ သတိျပဳမိမွာပါ။

ဒါေပမယ့္ အေမေတြ၊ အမေတြ ၊ အေဒၚေတြ ေနမေကာင္းလို႔ တုပ္ေကြးမိ၊ ဖ်ားတဲ့အခါမွာေတာ့ ဒီေလာက္ၾကီး အိပ္ရာထဲ လဲမေနပဲ ထူူထူေထာင္ေထာင္နဲ႔ လုပ္စရာရွိတဲ့ အလုပ္ေတြကို လုပ္ကိုင္ႏိုင္ဆဲဆိုတာ ေတြ႔ရမွာပါ။ တကယ္ေတာ့ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးဟာ ကိုယ္ခံအားစနစ္ျခင္းမတူညီတာေၾကာင့္ အမ်ိဳးသားေတြဟာ အေအးမိ၊တုပ္ေကြးျဖစ္တဲ့အခါ အမ်ိဳးသမီးေတြထက္ ပိုခံရေၾကာင္းကို သိပၸံနည္းက် ေလ့လာခ်က္အရ ေဖာ္ျပလိုက္ရပါတယ္။

လင္းလင္း(ShweMom)

Credit – Shwemom

 

Unicodeဖြင့်ဖတ်ရန်

 

အမျိုးသားတွေ တုပ်ကွေးဖြစ်တဲ့အခါ ကလေးတွေလိုဖြစ်သွားရတဲ့ အကြောင်းရင်း

 

လူတွေဟာ ဖျားနာတဲ့အခါ ဆေးဝါးတွေမှီဝဲပြီး အိပ်ရာပေါ်မှာ နာရီပေါင်းများစွာ နေကြရပါတယ်။ ဘယ်သူမဆို ဖျားနာတဲ့အခါ စိတ်မသက်မသာနဲ့ မလှုပ်ချင်မသယ်ချင်အောင် ဖြစ်ရပါတယ်။ ဒါပေမယ့် အမျိုးသမီးနဲ့ အမျိုးသား ဖျားနာတာခြင်း အတူတူမှာ အမျိုးသားတွေဟာ ဖျားတဲ့အခါ ပိုစိတ်ပျော့သွားပြီး ဂဂျီဂဂျောင်ပိုများလေ့ရှိကြောင်း Brightside မှာ တွေ့ရတဲ့သတင်းက ဆိုပါတယ်။

သိပ္ပံပညာရှင်တွေက ကျားနဲ့ မ သတ္တဝါတို့ရဲ့ ကိုယ်ခံအားစနစ်ကွာခြားပုံကို သုတေသနပြုခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေဟာ ကြွက်တွေနဲ့ စမ်းသပ်ခဲ့ကြပြီး ကြွက်အထီးအမ၊ အသက်အရွယ်နဲ့ အအေးမိတုပ်ကွေးဝေဒနာခံစားရတဲ့အခါ သူတို့တွေရဲ့ တုံ့ပြန်ပုံတွေကို မှတ်သားခဲ့ပါတယ်။ ဒီအခါမှာ တွေ့ရှိရတာက ကြွက်မတွေဟာ အမဟော်မုန်းတစ်မျိုးဖြစ်တဲ့ estradiol ကြောင့် ကြွက်အထီးတွေထက် ပိုပြီး ကိုယ်ခံအားစနစ်ပိုကောင်းနေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ကိုယ်ခံအားစနစ်တွေနဲ့ ပတ်သက်လာရင် အမျိုးသားနဲ့ အမျိုးသမီးကြားမှာ ကွာခြားမှုရှိပါတယ်။ အမျိုးသားတွေဟာ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ဝေဒနာတွေကို ခံစားရတဲ့အခါ အမျိုးသမီးတွေထက် ပိုမိုဆိုးရွားတတ်ပါတယ်။ ဒါကြောင့် အအေးမိတုပ်ကွေးဖြစ်တဲ့အခါ အမျိုးသားတွေဟာ ဝေဒနာကို ပိုမိုခံစားရပြီး အခြေအနေဆိုးခဲ့ရင် ဆေးရုံတက်တဲ့အထိတောင် ဖြစ်ရနိုင်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေမှာတော့ estradiol ဟာ ကိုယ်ခံအားစနစ်ကို ကာကွယ်ပေးတဲ့ ဓာတ်ကူပစ္စည်းတစ်မျိုးဖြစ်တာကြောင့် အအေးမိ၊ တုပ်ကွေးဖြစ်နိုင်ခြေတွေနဲ့ ဝေဒနာခံစားရမှုဟာ အမျိုးသားတွေထက် သက်သာလျော့ပါးနိုင်ပါတယ်။ ဒီအချက်ကို အိမ်က မိသားစုဝင်တွေထဲမှာတော့ တွေ့ဖူးမယ်လို့ ထင်ပါတယ်။ တစ်ခါတစ်လေ အဖေတွေ၊ အစ်ကိုတွေ၊ ဦးလေးတွေဟာ သူတို့တုပ်ကွေးဖြစ်တဲ့အချိန်ကျရင် တငြီးငြီးတငြူငြူနဲ့ ပျော့ဖတ်ပြီး ကလေးတွေလို ဖြစ်ကုန်တာကို သတိပြုမိမှာပါ။

ဒါပေမယ့် အမေတွေ၊ အမတွေ ၊ အဒေါ်တွေ နေမကောင်းလို့ တုပ်ကွေးမိ၊ ဖျားတဲ့အခါမှာတော့ ဒီလောက်ကြီး အိပ်ရာထဲ လဲမနေပဲ ထူူထူထောင်ထောင်နဲ့ လုပ်စရာရှိတဲ့ အလုပ်တွေကို လုပ်ကိုင်နိုင်ဆဲဆိုတာ တွေ့ရမှာပါ။ တကယ်တော့ အမျိုးသားနဲ့ အမျိုးသမီးဟာ ကိုယ်ခံအားစနစ်ခြင်းမတူညီတာကြောင့် အမျိုးသားတွေဟာ အအေးမိ၊တုပ်ကွေးဖြစ်တဲ့အခါ အမျိုးသမီးတွေထက် ပိုခံရကြောင်းကို သိပ္ပံနည်းကျ လေ့လာချက်အရ ဖော်ပြလိုက်ရပါတယ်။

လင်းလင်း(ShweMom)

Credit – Shwemom