Zawgyiျဖင့္ဖတ္ရန္

 

အေၾကာညပ္ေရာဂါသည္ ကိုယ္ခႏၶာ၏ ေအာက္ပိုင္း ခါး၊ ေပါင္ႏွင့္ ေျခသလုံး တို႔တြင္ ခံစားရေလ့ရွိပါသည္။ အေၾကာညပ္ေရာဂါသည္ အလြန္ခံရခက္သည္။ ၂၄နာရီပါတ္လုံး ခံစားေနရသည္ေတာ့ မဟုတ္ပါ။ အေၾကာက အညပ္ခံရလိုက္ ျပန္လြတ္သြားလိုက္ ျဖစ္ဟန္ရွိပါသည္။ အေၾကာညပ္ေဝဒနာ ခံစားေနရခ်ိန္တြင္ အေနခံခက္လွသျဖင့္ စိတ္ဓာတ္ပင္က်ခ်င္လာတတ္သည္။ အေၾကာညပ္ေဝဒနာ မသက္မသာ ဒုကၡခံစားေနရရာက အေၾကာညပ္ျခင္းမွ ျပန္လြတ္သြားေသာအခါ ခံစားရေသာသုခသည္ အလြန္ပင္ တန္ဘိုးရွိေၾကာင္း ခံစားသိရွိမိေတာ့သည္။ (ဒါ့ေၾကာင့္ပင္ က်န္းမာျခင္းသည္ လာဘ္တစ္ပါးဟုဆိုၾကရပါသည္)

ယခုဆက္လက္၍ ကြၽန္ေတာ္ကိုယ္တိုင္ ခံစားခဲ့ရေသာ အေၾကာညပ္ေဝဒနာ သက္သာေပ်ာက္ကင္းခဲ့ရပုံကို ကုသိုလ္ျပဳပါမည္။ တစ္ခုေတာ့ေျပာလိုသည္။ လြယ္လြန္းၿပီး ေငြမကုန္ရသျဖင့္ တန္ဘိုးမရွိထင္ကာ တန္ဘိုးမသိျဖစ္မွာေတာ့ စိုးရိမ္မိသည္။

လက္ေတြ႕ေပ်ာက္ကင္းခဲ့ေသာေလ့က်င့္နည္း-

လိုအပ္ေသာပစၥည္းမွာ တစ္ကိုက္( ၂ ေတာင္)ခန႔္ရွိေသာ ႀကိဳးတစ္ေခ်ာင္းမွ်သာ ျဖစ္ပါသည္။ ပီနံႀကိဳး (ပလပ္စတစ္ႀကိဳး)ျဖင့္လည္း ရပါသည္။

၁။ ၎ႀကိဳးကို ပုံတြင္ျပထားသည့္အတိုင္း အျဖားႏွစ္ဖက္ဆက္ခ်ည္၍ ႀကိဳးကြင္းလုပ္လိုက္ပါ။

၂။ ေမႊ႕ယာအထူအခင္းမပါေသာ ခုတင္ေပၚတြင္ ပက္လက္အိတ္ပါ။

၃။ ေျခႏွက္ဖက္ကို ပုံတြင္ျပထားသည့္အတိုင္း ကားထားပါ။ (ေျခဖဝါးအဖ်ားပိုင္းသည္ အျပင္ဘက္ကိုလဲ၍ေနတတ္ပါသည္)

၄။ ထိုသို႔မျဖစ္ေစရန္ ပုံတြင္ျပထားသည့္အတိုင္း ေျခဖ်ားပိုင္းႏွစ္ဖက္ကို ႀကိဳးကြင္းျဖင့္ သိုင္းထားရပါသည္။ (ေျခရင္းဘက္မွၾကည့္လွ်င္ ပုံျပပါအပါအတိုင္း ေျခဖဝါးႏွစ္ဖက္ မတ္မတ္ေထာင္ေနပါေစ)

၅။ ေဘးဘက္မွၾကည့္လွ်င္လည္း ပုံျပပါအတိုင္း ေျခဖဝါးႏွစ္ဖက္ မတ္မတ္ေထာင္ေနပါေစ။

၆။ ထိုသို႔ေနရသည္မွာ အေလ့အက်င့္မရေသးက အနည္းငယ္ အခံခက္ပါသည္။ (ႀကိဳးစား၍ ေလ့က်င့္ပါ)

၇။ ထိုအေနအထားအတိုင္း ၂ နာရီခန႔္ေနလိုက္ပါက ညပ္ေနေသာ ခါးေၾကာ၊ ေပါင္ေၾကာမ်ား အညပ္လြတ္ခါ အေၾကာညပ္ေဝဒနာ သက္သာလာသည္ကို လက္ေတြ႕ခံစားရပါသည္။

၈။ ထိုအေနအထားအတိုင္း အိတ္ေပ်ာ္သြားၿပီး ၂ နာရီထက္ ပိုၾကာလွ်င္ ပိုေကာင္းပါသည္။ (အိပ္ယာမွႏိုးလွ်င္ ခႏၶာကိုယ္ အေပၚပိုင္းမွစ၍ ေဘးဘက္သို႔ ေစာင္းငဲ့ကာ လႈပ္ရွားလိုက္လွ်င္ ေတာင့္တင္းေနေသာ ေျခႏွစ္ဖက္လည္း အဆင္ေျပသြားပါသည္)

၉။ ဤကဲ့သို႔ တစ္ႀကိမ္တစ္ခါ ေအာင္ျမင္ေအာင္ လုပ္ၾကည့္ၿပီးလွ်င္ ဤေလ့က်င့္ခန္း၏ တန္ဘိုးသိရပါလိမ့္မည္။

၁၀။ အခါအားေလွ်ာ္စြာ ဆက္လက္ေလ့က်င့္ပါက အေၾကာညပ္ေဝဒနာ လုံးဝေပ်ာက္ကင္းႏိုင္ပါသည္။

မွတ္ခ်က္- ဤနည္းကို ခါးညပ္ေဝဒနာ ကိုယ္တိုင္ခံစားခဲ့ရစဥ္က ကြၽန္ေတာ္၏တပည့္(လုပ္ငန္းမန္ေနဂ်ာ)ကိုဖိုးေဇာ္ (ေခၚ) ကိုေအာင္ေဇာ္မင္း ကေပးပါသည္။ ကိုဖိုးေဇာ္ကို ေဒါက္တာသန္းစိုးႏိုင္(ယခုအထိလူပ်ိဳႀကီး)က ေပးသည္ဟု ေျပာျပသိရွိရပါသည္။ သူတို႔ေျပာစကားမွ ကိုယ္တိုင္လက္ေတြ႕ ေလ့က်င့္ ေပ်ာက္ကင္းခဲ့ပါသျဖင့္ ႀကိဳးစား၍ ေရးသားကုသိုလ္ျပဳပါသည္။ ကိုယ္စိတ္ႏွစ္ျဖာက်န္းမာခ်မ္းသာၾကပါေစ။

Credit : ဦးတင္ဝင္း

 

Unicodeဖြင့်ဖတ်ရန်

 

အကြောညပ်ရောဂါ သက်သာပျောက်ကင်းစေဘို့

 

အကြောညပ်ရောဂါသည် ကိုယ်ခန္ဓာ၏ အောက်ပိုင်း ခါး၊ ပေါင်နှင့် ခြေသလုံး တို့တွင် ခံစားရလေ့ရှိပါသည်။ အကြောညပ်ရောဂါသည် အလွန်ခံရခက်သည်။ ၂၄နာရီပါတ်လုံး ခံစားနေရသည်တော့ မဟုတ်ပါ။ အကြောက အညပ်ခံရလိုက် ပြန်လွတ်သွားလိုက် ဖြစ်ဟန်ရှိပါသည်။ အကြောညပ်ဝေဒနာ ခံစားနေရချိန်တွင် အနေခံခက်လှသဖြင့် စိတ်ဓာတ်ပင်ကျချင်လာတတ်သည်။ အကြောညပ်ဝေဒနာ မသက်မသာ ဒုက္ခခံစားနေရရာက အကြောညပ်ခြင်းမှ ပြန်လွတ်သွားသောအခါ ခံစားရသောသုခသည် အလွန်ပင် တန်ဘိုးရှိကြောင်း ခံစားသိရှိမိတော့သည်။ (ဒါ့ကြောင့်ပင် ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟုဆိုကြရပါသည်)

ယခုဆက်လက်၍ ကျွန်တော်ကိုယ်တိုင် ခံစားခဲ့ရသော အကြောညပ်ဝေဒနာ သက်သာပျောက်ကင်းခဲ့ရပုံကို ကုသိုလ်ပြုပါမည်။ တစ်ခုတော့ပြောလိုသည်။ လွယ်လွန်းပြီး ငွေမကုန်ရသဖြင့် တန်ဘိုးမရှိထင်ကာ တန်ဘိုးမသိဖြစ်မှာတော့ စိုးရိမ်မိသည်။

လက်တွေ့ပျောက်ကင်းခဲ့သောလေ့ကျင့်နည်း-

လိုအပ်သောပစ္စည်းမှာ တစ်ကိုက်( ၂ တောင်)ခန့်ရှိသော ကြိုးတစ်ချောင်းမျှသာ ဖြစ်ပါသည်။ ပီနံကြိုး (ပလပ်စတစ်ကြိုး)ဖြင့်လည်း ရပါသည်။

၁။ ၎င်းကြိုးကို ပုံတွင်ပြထားသည့်အတိုင်း အဖြားနှစ်ဖက်ဆက်ချည်၍ ကြိုးကွင်းလုပ်လိုက်ပါ။

၂။ မွှေ့ယာအထူအခင်းမပါသော ခုတင်ပေါ်တွင် ပက်လက်အိတ်ပါ။

၃။ ခြေနှက်ဖက်ကို ပုံတွင်ပြထားသည့်အတိုင်း ကားထားပါ။ (ခြေဖဝါးအဖျားပိုင်းသည် အပြင်ဘက်ကိုလဲ၍နေတတ်ပါသည်)

၄။ ထိုသို့မဖြစ်စေရန် ပုံတွင်ပြထားသည့်အတိုင်း ခြေဖျားပိုင်းနှစ်ဖက်ကို ကြိုးကွင်းဖြင့် သိုင်းထားရပါသည်။ (ခြေရင်းဘက်မှကြည့်လျှင် ပုံပြပါအပါအတိုင်း ခြေဖဝါးနှစ်ဖက် မတ်မတ်ထောင်နေပါစေ)

၅။ ဘေးဘက်မှကြည့်လျှင်လည်း ပုံပြပါအတိုင်း ခြေဖဝါးနှစ်ဖက် မတ်မတ်ထောင်နေပါစေ။

၆။ ထိုသို့နေရသည်မှာ အလေ့အကျင့်မရသေးက အနည်းငယ် အခံခက်ပါသည်။ (ကြိုးစား၍ လေ့ကျင့်ပါ)

၇။ ထိုအနေအထားအတိုင်း ၂ နာရီခန့်နေလိုက်ပါက ညပ်နေသော ခါးကြော၊ ပေါင်ကြောများ အညပ်လွတ်ခါ အကြောညပ်ဝေဒနာ သက်သာလာသည်ကို လက်တွေ့ခံစားရပါသည်။

၈။ ထိုအနေအထားအတိုင်း အိတ်ပျော်သွားပြီး ၂ နာရီထက် ပိုကြာလျှင် ပိုကောင်းပါသည်။ (အိပ်ယာမှနိုးလျှင် ခန္ဓာကိုယ် အပေါ်ပိုင်းမှစ၍ ဘေးဘက်သို့ စောင်းငဲ့ကာ လှုပ်ရှားလိုက်လျှင် တောင့်တင်းနေသော ခြေနှစ်ဖက်လည်း အဆင်ပြေသွားပါသည်)

၉။ ဤကဲ့သို့ တစ်ကြိမ်တစ်ခါ အောင်မြင်အောင် လုပ်ကြည့်ပြီးလျှင် ဤလေ့ကျင့်ခန်း၏ တန်ဘိုးသိရပါလိမ့်မည်။

၁၀။ အခါအားလျှော်စွာ ဆက်လက်လေ့ကျင့်ပါက အကြောညပ်ဝေဒနာ လုံးဝပျောက်ကင်းနိုင်ပါသည်။

မှတ်ချက်- ဤနည်းကို ခါးညပ်ဝေဒနာ ကိုယ်တိုင်ခံစားခဲ့ရစဉ်က ကျွန်တော်၏တပည့်(လုပ်ငန်းမန်နေဂျာ)ကိုဖိုးဇော် (ခေါ်) ကိုအောင်ဇော်မင်း ကပေးပါသည်။ ကိုဖိုးဇော်ကို ဒေါက်တာသန်းစိုးနိုင်(ယခုအထိလူပျိုကြီး)က ပေးသည်ဟု ပြောပြသိရှိရပါသည်။ သူတို့ပြောစကားမှ ကိုယ်တိုင်လက်တွေ့ လေ့ကျင့် ပျောက်ကင်းခဲ့ပါသဖြင့် ကြိုးစား၍ ရေးသားကုသိုလ်ပြုပါသည်။ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Credit : ဦးတင်ဝင်း