Zawgyiျဖင့္ဖတ္ရန္

 

မိန္းကေလး တစ္ေယာက္က မ်က္ႏွာေလး လွလို႔၊ ခႏၶာကိုယ္လွလို႔ ၊ အသားအေရလွလို႔၊ဖက္ရွင္က်လို႔ ဆိုၿပီး ၿပီးျပည့္စုံၿပီလို႔ သတ္မွတ္လို႔ မရေသးပါဘူး ။ တစ္ကိုယ္ရည္သန႔္ရွင္းမႈ ရွိဖို႔ ၊ ေခြၽးနံ႔ေတြ ၊ အနံ႔ဆိုးေတြ မထြက္ေနဖို႔လည္း လိုပါေသးတယ္ ။ ဒီေတာ့ လက္ျပတ္ေလးေတြ ဝတ္ရင္ပဲျဖစ္ျဖစ္ ၊ ေလ့က်င့္ခန္း လုပ္လို႔ လက္ေျမႇာက္လိုက္တဲ့ အခါေတြမွာပဲ ျဖစ္ျဖစ္ ယုံၾကည္မႈ ရွိရွိ ၊ လြတ္လြတ္လပ္လပ္ လႈပ္ရွားႏိုင္ဖို႔ဆိုရင္ ခ်ိဳင္းေလးေတြ မည္းမေနဖို႔ လိုပါတယ္ ။ ဒါေၾကာင့္ မည္းေနတဲ့ ခ်ိဳင္းေနရာေတြကို ျပန္ၿပီးျဖဴသန႔္သြားေအာင္ လုပ္ေပးမယ့္ သဘာဝ အိမ္တြင္းနည္းလမ္း ေလးေတြကို ေဖာ္ျပေပး လိုက္ပါတယ္ေနာ္ ….

( ၁ ) အာလူး

ေရခ်ိဳးၿပီးတိုင္း အာလူးကို ထက္ျခမ္းျခမ္းၿပီး ခ်ိဳင္းမည္းေနတဲ့ ေနရာမွာ ပြတ္တိုက္ေပးပါ ။ တစ္ပတ္ေလာက္ ဆက္တိုက္ လုပ္ေပးရင္ မည္းေနတဲ့ ခ်ိဳင္းေနရာက သိသိသာသာ ျဖဴဝင္းလာ မွာပဲ ျဖစ္ပါတယ္ … ။

( ၂ ) ပန္းသီးရွာလကာရည္

ေရခ်ိဳးၿပီးတဲ့ အခ်ိန္မွာ ပန္းသီးရွာလကာရည္ကို ဂြမ္းစနဲ႔ ဆြတ္ၿပီး ခ်ိဳင္းမွာ ပြတ္ေပးကာ ေျခာက္တဲ့ အထိ ထားၿပီး ေရေဆးခ်ပါ ။ ေန႔တိုင္း လုပ္ေပးသြားရင္ တစ္ပတ္ အတြင္းမွာ မည္းေနတဲ့ေနရာေတြ ျဖဴသန႔္သြားပါလိမ့္မယ္ … ။

( ၃ ) မုန႔္ဖုတ္ဆိုဒါနဲ႔သံပ႐ိုရည္

မုန႔္ဖုတ္ဆိုဒါနဲ႔ သံပ႐ိုရည္ကို အႏွစ္ျဖစ္ေအာင္ ေရာၿပီး ခ်ိဳင္းမွာ ထူထူေလး လိမ္းေပးကာ ၅ မိနစ္ေလာက္ၾကာရင္ ေရျပန္ ေဆးခ်ေပးပါ ။ တစ္ပတ္ကို ၄ ႀကိမ္ေလာက္ လုပ္ေပး႐ုံနဲ႔ မည္းေနတဲ့ ခ်ိဳင္းက သိသိသာသာ ျဖဴဝင္းလာ ေစမွာပဲ ျဖစ္ပါတယ္ … ။

( ၄ ) ရွားေစာင္းလက္ပပ္

ရွားေစာင္းလက္ပပ္ အတြင္းသား အႏွစ္ကိုထုတ္ယူၿပီး ေၾကညက္ေအာင္ ေခါက္ၿပီး ခ်ိဳင္းမွာ လိမ္းကာ ေျခာက္တဲ့အထိ ေစာင့္ကာ ေရျပန္ေဆးေပးပါ ။ တစ္ပတ္ေလာက္ဆက္တိုက္ လုပ္ေပးသြားရင္ မည္းေနတဲ့ ခ်ိဳင္းေနရာက ျဖဴသန႔္သြားတာကို ေတြ႕ရမွာပါ …။

( ၅ ) သၾကားနဲ႔သံလြင္ဆီ

သၾကားႏွစ္ဆ ၊ သံလြင္ဆီ တစ္ဆေရာၿပီး ရလာတဲ့အႏွစ္ကို ခ်ိဳင္းမွာလိမ္းေပးကာ နာရီဝက္ေလာက္ ၾကာရင္ ေရေႏြးေလးနဲ႔ ေဆးခ်ပါ ။ တစ္ပတ္မွာ ၄ ႀကိမ္ေလာက္လုပ္ေပး႐ုံနဲ႔ ခ်ိဳင္းေလးေတြ ျဖဴၿပီး သန႔္လာပါလိမ့္မယ္ ေနာ္ … ။ ။

MAY THAZINHTOO

Credit:Aunty May

 

Unicodeဖြင့်ဖတ်ရန်

 

မည်းနေတဲ့ချိုင်းကို တစ်ပတ်အတွင်း ဖြူဝင်း သွားစေမယ့် သဘာဝ နည်းလမ်း ( ၅ ) မျိုး

 

မိန်းကလေး တစ်ယောက်က မျက်နှာလေး လှလို့၊ ခန္ဓာကိုယ်လှလို့ ၊ အသားအရေလှလို့၊ဖက်ရှင်ကျလို့ ဆိုပြီး ပြီးပြည့်စုံပြီလို့ သတ်မှတ်လို့ မရသေးပါဘူး ။ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိဖို့ ၊ ချွေးနံ့တွေ ၊ အနံ့ဆိုးတွေ မထွက်နေဖို့လည်း လိုပါသေးတယ် ။ ဒီတော့ လက်ပြတ်လေးတွေ ဝတ်ရင်ပဲဖြစ်ဖြစ် ၊ လေ့ကျင့်ခန်း လုပ်လို့ လက်မြှောက်လိုက်တဲ့ အခါတွေမှာပဲ ဖြစ်ဖြစ် ယုံကြည်မှု ရှိရှိ ၊ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့ဆိုရင် ချိုင်းလေးတွေ မည်းမနေဖို့ လိုပါတယ် ။ ဒါကြောင့် မည်းနေတဲ့ ချိုင်းနေရာတွေကို ပြန်ပြီးဖြူသန့်သွားအောင် လုပ်ပေးမယ့် သဘာဝ အိမ်တွင်းနည်းလမ်း လေးတွေကို ဖော်ပြပေး လိုက်ပါတယ်နော် ….

( ၁ ) အာလူး

ရေချိုးပြီးတိုင်း အာလူးကို ထက်ခြမ်းခြမ်းပြီး ချိုင်းမည်းနေတဲ့ နေရာမှာ ပွတ်တိုက်ပေးပါ ။ တစ်ပတ်လောက် ဆက်တိုက် လုပ်ပေးရင် မည်းနေတဲ့ ချိုင်းနေရာက သိသိသာသာ ဖြူဝင်းလာ မှာပဲ ဖြစ်ပါတယ် … ။

( ၂ ) ပန်းသီးရှာလကာရည်

ရေချိုးပြီးတဲ့ အချိန်မှာ ပန်းသီးရှာလကာရည်ကို ဂွမ်းစနဲ့ ဆွတ်ပြီး ချိုင်းမှာ ပွတ်ပေးကာ ခြောက်တဲ့ အထိ ထားပြီး ရေဆေးချပါ ။ နေ့တိုင်း လုပ်ပေးသွားရင် တစ်ပတ် အတွင်းမှာ မည်းနေတဲ့နေရာတွေ ဖြူသန့်သွားပါလိမ့်မယ် … ။

( ၃ ) မုန့်ဖုတ်ဆိုဒါနဲ့သံပရိုရည်

မုန့်ဖုတ်ဆိုဒါနဲ့ သံပရိုရည်ကို အနှစ်ဖြစ်အောင် ရောပြီး ချိုင်းမှာ ထူထူလေး လိမ်းပေးကာ ၅ မိနစ်လောက်ကြာရင် ရေပြန် ဆေးချပေးပါ ။ တစ်ပတ်ကို ၄ ကြိမ်လောက် လုပ်ပေးရုံနဲ့ မည်းနေတဲ့ ချိုင်းက သိသိသာသာ ဖြူဝင်းလာ စေမှာပဲ ဖြစ်ပါတယ် … ။

( ၄ ) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ် အတွင်းသား အနှစ်ကိုထုတ်ယူပြီး ကြေညက်အောင် ခေါက်ပြီး ချိုင်းမှာ လိမ်းကာ ခြောက်တဲ့အထိ စောင့်ကာ ရေပြန်ဆေးပေးပါ ။ တစ်ပတ်လောက်ဆက်တိုက် လုပ်ပေးသွားရင် မည်းနေတဲ့ ချိုင်းနေရာက ဖြူသန့်သွားတာကို တွေ့ရမှာပါ …။

( ၅ ) သကြားနဲ့သံလွင်ဆီ

သကြားနှစ်ဆ ၊ သံလွင်ဆီ တစ်ဆရောပြီး ရလာတဲ့အနှစ်ကို ချိုင်းမှာလိမ်းပေးကာ နာရီဝက်လောက် ကြာရင် ရေနွေးလေးနဲ့ ဆေးချပါ ။ တစ်ပတ်မှာ ၄ ကြိမ်လောက်လုပ်ပေးရုံနဲ့ ချိုင်းလေးတွေ ဖြူပြီး သန့်လာပါလိမ့်မယ် နော် … ။ ။

MAY THAZINHTOO

Credit:Aunty May