Zawgyiျဖင့္ဖတ္ရန္

အေမရိကန္ႏိုင္ငံက တကယ့္အျဖစ္အပ်က္ေလးပါ။

သားသတ္စက္ရံုတစ္ခုမွာ အလုပ္လုပ္တဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ သူ႔အလုပ္ခ်ိန္ၿပီးခါနီး အိမ္မျပန္ခင္ေလးမွာ ခုတ္ထစ္ၿပီး အမဲသားေတြကို မပုတ္သိုးေအာင္ တန္းစီခ်ိတ္ဆြဲထားတဲ့ အေအးခန္းထဲကို ဝင္စစ္ေဆးပါတယ္။ ဝင္ေပါက္သံတံခါးႀကီးဟာ ႐ုတ္တရက္ပိတ္သြားတယ္။ တံခါးႀကီးဟာ အထဲကေန ဖြင့္လို႔ မရဘဲ အျပင္ကေနပဲ ဖြင့္လို႔ရတယ္။ အေအးခန္းထဲက အပူခ်ိန္ကလည္း ေရခဲမွတ္ေအာက္ ေရာက္တဲ့အထိ ေအးေနတယ္။ အခန္းတစ္ခုလံုးလည္းအလင္းေရာင္မရွိ ေမွာင္ပိန္းသြားတယ္။

သူလည္း ေၾကာက္အားလန္႔အားနဲ႔ အသံကုန္ ေအာ္တယ္။ တံခါးကို လက္နဲ႔ တဝန္းဝုန္း ထုပုတ္တယ္။ ဒါေပမဲ့ ဝင္ေပါက္တံခါးဟာ သံထုထည္ႀကီးႀကီးမားမားနဲ႔ အထူႀကီး လုပ္ထားတာမို႔ အျပင္က လူေတြ မၾကားႏိုင္ပါဘူး။ ေနာက္ၿပီး အလုပ္ဆင္းခ်ိန္မို႔ အလုပ္သမားအားလံုးနီးပါးလည္း အိမ္ျပန္သြားၾကၿပီ။ သူလည္း တံခါးကို ထုလိုက္၊ ေအာ္ေခၚလိုက္နဲ႔ တစ္ႏွစ္ရီၾကာေတာ့ လက္ေတြနာ၊ အသံကုန္ ေမာပန္းလာလို႔ အေအးခန္းအတြင္းနံရံကို မွီရင္း နားေနလိုက္တယ္။

တျဖည္းျဖည္းနဲ႔ အေအးဓါတ္ဟာ သူ႔ရဲ႕အ႐ိုးအဆစ္ေတြကို ကိုက္ခဲလာေစပါတယ္။ ေနာက္ၿပီး သူ႔ ကိုယ္အပူရွိန္ဟာ အရမ္းက်ဆင္းလာတာေၾကာင့္ တကိုယ္လံုး မလႈပ္မယွက္ႏိုင္လို႔ နံရံကို မွီထားရတယ္။ သူ ပိတ္မိေနတဲ့အခ်ိန္ဟာ ၂ နာရီ၊ ၃ နာရီ၊ ၄ နာရီ ၾကာလာၿပီ။ သူ႔မ်က္လံုးေတြ ေမွးလာၿပီး ဖြင့္မရေအာင္ ျဖစ္ေနတယ္။ သတိကလည္း ရလိုက္ မရလိုက္ ျဖစ္ေနၿပီ။ သူ႔မ်က္ႏွာ၊ အဝတ္ေတြမွာ ႏွင္းခဲေတြ ဖံုးေနၿပီ။ ၅ နာရီ ၾကာသြားၿပီ။ သူ ေမွ်ာ္လင့္ခ်က္ မရွိေတာ့လို႔ စိတ္ကို လံုးဝေလွ်ာ့လိုက္ၿပီ။ ေသမင္းလက္ကို အပ္ႏွံလိုက္ၿပီ။

ဒီအခ်ိန္မွာပဲ အေအးခန္းတံခါးႀကီးဟာ ႐ုတ္တရက္ ပြင့္လာတယ္။ တံခါးေပါက္မွာ လူတစ္ေယာက္ရဲ႕ ပံုရိပ္ေပၚလာေနတယ္။ အျပင္က စူးရွတဲ့ အလင္းေရာင္ေၾကာင့္ ေမွာင္ေနတဲ့ အခန္းထဲကေန သဲသဲကြဲကြဲ မျမင္ရဘူး။ သူ မ်က္ေစ့ကို အတင္းဖြင့္ၿပီး အားစိုက္ျကည့္လိုက္ေတာ့ လံုျခံဳေရးအေစာင့္အဖိုးႀကီး ျဖစ္ေနတယ္။ မၾကာခင္ ေဆးရံုက လူနာတင္ကား ေရာက္လာတယ္။ သူနာျပဳေတြက သူ႔ကို ေစာင္ေတြနဲ႔ပတ္၊ ထမ္းစင္နဲ႔ သယ္ၿပီး ေဆးရံုကို ေခၚသြားတယ္။ သူ အသက္ရွင္ခဲ့ပါတယ္။

သူ သက္သာလာလို႔ ေဆးရံုက ဆင္းေတာ့ သူ႔ကို အသက္ကယ္ေပးခဲ့တဲ့ လံုျခံဳေရးအဖိုးႀကီကို ဘာေၾကာင့္ အေအးခန္းတံခါးကို သူ႔အလုပ္မဟုတ္ဘဲ လာဖြင့္ေပးရတာလဲလို႔ ေမးလိုက္တယ္။ အဖိုးႀကီးက ခုလို ျပန္ေျဖတယ္။

“ငါ ဒီသားသတ္စက္ရံုမွာ လုပ္ေနတာ ၃၅ ႏွစ္ ရွိသြားၿပီ။ ဒီစက္ရံုမွာ ေန႔တိုင္း အလုပ္လာ၊ အလုပ္ျပန္ၾကသူေတြ ရာနဲ႔ခ်ီ ရွိတယ္။ ဒါေပမဲ့ ငါ့ကို မနက္တိုင္းမွာ ႏူတ္ဆက္တဲ့သူ မင္းအပါအဝင္ နည္းနည္းေလးပဲ ရွိတယ္။ က်န္တဲ့ လူေတြက ငါ့ကို ရွိတယ္လို႔ေတာင္ အေလးမထားသလို အဖက္လည္း မလုပ္ၾကပါဘူး။

အဲဒီေန႔ မနက္က မင္း ငါ့ကို အရင္အတိုင္းပဲ “ဟဲလိုး ဂြတ္ေမာနင္း”ဆိုၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ျပံဳးျပႏူတ္ဆက္ခဲ့တယ္။

ညေန အလုပ္ဆင္းခ်ိန္မွာ ငါ အရင္ၾကားေနက်ျဖစ္တဲ့ “ဘိုင္ဘိုင္ မနက္ျဖန္ ျပန္ေတြ႕ၾကမယ္” ဆိုတဲ့ အသံကို မၾကားမိဘူး။ ဒါေၾကာင့္ မင္း အလုပ္ကေန မျပန္ေသးဘူးဆိုတာ ငါသိေနတယ္။ ဒါေပမဲ့ မင္း အခ်ိန္ပို ဆင္းေနတယ္လို႔ ထင္တာေၾကာင့္ ငါ မင္းအတြက္ စိတ္မပူပါဘူး။

ဒါေပမဲ့ အလုပ္ဆင္းလို႔ ၃ – ၄ နာရီ ၾကာတဲ့အထိ မင္း မျပန္ေသးဘူးဆိုေတာ့ မင္း တစ္ခုခု ျဖစ္ေနၿပီ ထင္ၿပီး ငါ စိတ္ပူလာတယ္။ ဒါေၾကာင့္ စက္ရံုအႏွံ့ လိုက္ရွာၾကည့္တယ္။ မေတြ႕လို႔ ေနာက္ဆံုးမွာ အေအးခန္းတံခါးကို ဖြင့္လိုက္ေတာ့ မင္းသတိလစ္ေနတာကို ေတြ႕လိုက္ရတာပဲ”

​ေပးခ်င္​တဲ့သတင္​းစကားက​ေတာ့…

ကိုယ္နဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြထဲမွာ ကိုယ့္ထက္ ဘယ္ေလာက္ထိ ရာထူးအဆင့္ နိမ့္သူျဖစ္ပါေစ ဆံုေတြ႕တိုင္း စိတ္ေရာ ကိုယ္ပါ ႏူတ္ဆက္ပါ။ အဲဒီလို လုပ္ျခင္းေၾကာင့္ သင့္အတြက္ ထူးၿပီး ပင္ပန္းသြားတာ မဟုတ္ပါဘူး။ ဒါေပမဲ့ တခ်ိန္မွာ ဒီအျဖစ္အပ်က္ထဲကလို သင့္အသက္ကို မကယ္တင္ႏိုင္ဘူးလို႔ ဘယ္သူေျပာႏိုင္ပါ့မလဲ။

အ​ေပၚကလူမို႔ဖား​ေပါင္​းမယ္​​ေအာက္​ကလူမို႔ဖိနိမ္​့မယ္​ဆိုတာမ်ိဳး ဆင္​းရဲခ်မ္​းသာမခြဲျခား​ေနပဲ အရာရာကို တန္​းတူ အသိမွတ္​ျပဳ တန္​ဖိုးထား ဆက္​ဆံႏိုင္​ၾကပါ​ေစ….။

မူရင္း ေရးသားသူ ဆရာၾကီး ဗန္းေမာ္သိန္းေဖ အား ေလးစားစြာ Credit ေပးပါသည္

Credit:ဗန္းေမာ္သိန္းေဖ

 

Unicodeဖြင့်ဖတ်ရန်

 

နွေးထွေးတဲ့ နှလုံးသားတစ်ခုကြောင့် အအေးခန်းမှ လွတ်မြောက်ခဲ့သူ(ဖြစ်ရပ်မှန်)

 

အမေရိကန်နိုင်ငံက တကယ့်အဖြစ်အပျက်လေးပါ။

သားသတ်စက်ရုံတစ်ခုမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့အလုပ်ချိန်ပြီးခါနီး အိမ်မပြန်ခင်လေးမှာ ခုတ်ထစ်ပြီး အမဲသားတွေကို မပုတ်သိုးအောင် တန်းစီချိတ်ဆွဲထားတဲ့ အအေးခန်းထဲကို ဝင်စစ်ဆေးပါတယ်။ ဝင်ပေါက်သံတံခါးကြီးဟာ ရုတ်တရက်ပိတ်သွားတယ်။ တံခါးကြီးဟာ အထဲကနေ ဖွင့်လို့ မရဘဲ အပြင်ကနေပဲ ဖွင့်လို့ရတယ်။ အအေးခန်းထဲက အပူချိန်ကလည်း ရေခဲမှတ်အောက် ရောက်တဲ့အထိ အေးနေတယ်။ အခန်းတစ်ခုလုံးလည်းအလင်းရောင်မရှိ မှောင်ပိန်းသွားတယ်။

သူလည်း ကြောက်အားလန့်အားနဲ့ အသံကုန် အော်တယ်။ တံခါးကို လက်နဲ့ တဝန်းဝုန်း ထုပုတ်တယ်။ ဒါပေမဲ့ ဝင်ပေါက်တံခါးဟာ သံထုထည်ကြီးကြီးမားမားနဲ့ အထူကြီး လုပ်ထားတာမို့ အပြင်က လူတွေ မကြားနိုင်ပါဘူး။ နောက်ပြီး အလုပ်ဆင်းချိန်မို့ အလုပ်သမားအားလုံးနီးပါးလည်း အိမ်ပြန်သွားကြပြီ။ သူလည်း တံခါးကို ထုလိုက်၊ အော်ခေါ်လိုက်နဲ့ တစ်နှစ်ရီကြာတော့ လက်တွေနာ၊ အသံကုန် မောပန်းလာလို့ အအေးခန်းအတွင်းနံရံကို မှီရင်း နားနေလိုက်တယ်။

တဖြည်းဖြည်းနဲ့ အအေးဓါတ်ဟာ သူ့ရဲ့အရိုးအဆစ်တွေကို ကိုက်ခဲလာစေပါတယ်။ နောက်ပြီး သူ့ ကိုယ်အပူရှိန်ဟာ အရမ်းကျဆင်းလာတာကြောင့် တကိုယ်လုံး မလှုပ်မယှက်နိုင်လို့ နံရံကို မှီထားရတယ်။ သူ ပိတ်မိနေတဲ့အချိန်ဟာ ၂ နာရီ၊ ၃ နာရီ၊ ၄ နာရီ ကြာလာပြီ။ သူ့မျက်လုံးတွေ မှေးလာပြီး ဖွင့်မရအောင် ဖြစ်နေတယ်။ သတိကလည်း ရလိုက် မရလိုက် ဖြစ်နေပြီ။ သူ့မျက်နှာ၊ အဝတ်တွေမှာ နှင်းခဲတွေ ဖုံးနေပြီ။ ၅ နာရီ ကြာသွားပြီ။ သူ မျှော်လင့်ချက် မရှိတော့လို့ စိတ်ကို လုံးဝလျှော့လိုက်ပြီ။ သေမင်းလက်ကို အပ်နှံလိုက်ပြီ။

ဒီအချိန်မှာပဲ အအေးခန်းတံခါးကြီးဟာ ရုတ်တရက် ပွင့်လာတယ်။ တံခါးပေါက်မှာ လူတစ်ယောက်ရဲ့ ပုံရိပ်ပေါ်လာနေတယ်။ အပြင်က စူးရှတဲ့ အလင်းရောင်ကြောင့် မှောင်နေတဲ့ အခန်းထဲကနေ သဲသဲကွဲကွဲ မမြင်ရဘူး။ သူ မျက်စေ့ကို အတင်းဖွင့်ပြီး အားစိုက်ကြည့်လိုက်တော့ လုံခြုံရေးအစောင့်အဖိုးကြီး ဖြစ်နေတယ်။ မကြာခင် ဆေးရုံက လူနာတင်ကား ရောက်လာတယ်။ သူနာပြုတွေက သူ့ကို စောင်တွေနဲ့ပတ်၊ ထမ်းစင်နဲ့ သယ်ပြီး ဆေးရုံကို ခေါ်သွားတယ်။ သူ အသက်ရှင်ခဲ့ပါတယ်။

သူ သက်သာလာလို့ ဆေးရုံက ဆင်းတော့ သူ့ကို အသက်ကယ်ပေးခဲ့တဲ့ လုံခြုံရေးအဖိုးကြီကို ဘာကြောင့် အအေးခန်းတံခါးကို သူ့အလုပ်မဟုတ်ဘဲ လာဖွင့်ပေးရတာလဲလို့ မေးလိုက်တယ်။ အဖိုးကြီးက ခုလို ပြန်ဖြေတယ်။

“ငါ ဒီသားသတ်စက်ရုံမှာ လုပ်နေတာ ၃၅ နှစ် ရှိသွားပြီ။ ဒီစက်ရုံမှာ နေ့တိုင်း အလုပ်လာ၊ အလုပ်ပြန်ကြသူတွေ ရာနဲ့ချီ ရှိတယ်။ ဒါပေမဲ့ ငါ့ကို မနက်တိုင်းမှာ နူတ်ဆက်တဲ့သူ မင်းအပါအဝင် နည်းနည်းလေးပဲ ရှိတယ်။ ကျန်တဲ့ လူတွေက ငါ့ကို ရှိတယ်လို့တောင် အလေးမထားသလို အဖက်လည်း မလုပ်ကြပါဘူး။

အဲဒီနေ့ မနက်က မင်း ငါ့ကို အရင်အတိုင်းပဲ “ဟဲလိုး ဂွတ်မောနင်း”ဆိုပြီး နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြနူတ်ဆက်ခဲ့တယ်။

ညနေ အလုပ်ဆင်းချိန်မှာ ငါ အရင်ကြားနေကျဖြစ်တဲ့ “ဘိုင်ဘိုင် မနက်ဖြန် ပြန်တွေ့ကြမယ်” ဆိုတဲ့ အသံကို မကြားမိဘူး။ ဒါကြောင့် မင်း အလုပ်ကနေ မပြန်သေးဘူးဆိုတာ ငါသိနေတယ်။ ဒါပေမဲ့ မင်း အချိန်ပို ဆင်းနေတယ်လို့ ထင်တာကြောင့် ငါ မင်းအတွက် စိတ်မပူပါဘူး။

ဒါပေမဲ့ အလုပ်ဆင်းလို့ ၃ – ၄ နာရီ ကြာတဲ့အထိ မင်း မပြန်သေးဘူးဆိုတော့ မင်း တစ်ခုခု ဖြစ်နေပြီ ထင်ပြီး ငါ စိတ်ပူလာတယ်။ ဒါကြောင့် စက်ရုံအနှံ့ လိုက်ရှာကြည့်တယ်။ မတွေ့လို့ နောက်ဆုံးမှာ အအေးခန်းတံခါးကို ဖွင့်လိုက်တော့ မင်းသတိလစ်နေတာကို တွေ့လိုက်ရတာပဲ”

ပေးချင်တဲ့သတင်းစကားကတော့…

ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ကိုယ့်ထက် ဘယ်လောက်ထိ ရာထူးအဆင့် နိမ့်သူဖြစ်ပါစေ ဆုံတွေ့တိုင်း စိတ်ရော ကိုယ်ပါ နူတ်ဆက်ပါ။ အဲဒီလို လုပ်ခြင်းကြောင့် သင့်အတွက် ထူးပြီး ပင်ပန်းသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ တချိန်မှာ ဒီအဖြစ်အပျက်ထဲကလို သင့်အသက်ကို မကယ်တင်နိုင်ဘူးလို့ ဘယ်သူပြောနိုင်ပါ့မလဲ။

အပေါ်ကလူမို့ဖားပေါင်းမယ်အောက်ကလူမို့ဖိနိမ့်မယ်ဆိုတာမျိုး ဆင်းရဲချမ်းသာမခွဲခြားနေပဲ အရာရာကို တန်းတူ အသိမှတ်ပြု တန်ဖိုးထား ဆက်ဆံနိုင်ကြပါစေ….။

မူရင်း ရေးသားသူ ဆရာကြီး ဗန်းမော်သိန်းဖေ အား လေးစားစွာ Credit ပေးပါသည်

Credit:ဗန်းမော်သိန်းဖေ