Zawgyiျဖင့္ဖတ္ရန္

 

ေပါက္ဆီဆိုင္တစ္ဆိုင္ဟာ အရမ္းကိုေရာင္းေကာင္းပါတယ္

ေပါက္စီက အလံုးႀကီးသလို အဆာသြပ္ထားတာလည္းမ်ားၿပီး အရသာ ကလည္းေကာင္းေတာ့

အျမဲတမ္း ဆိုင္မွာ လာဝယ္တဲ့သူေတြ၊ ေပါင္းအိုးထဲက ထုတ္လာတဲ့ အေငြ႔တေထာင္းေထာင္းနဲ႔

ေမြးႀကိဳင္ျဖဴ အိေနတဲ့ ေပါက္စီ ပူပူေႏြးေႏြး ေတြကို လာေစာင့္ၿပီး ဝယ္စားတဲ့သူေတြ နဲ႔ ဆိုင္မွာ အျမဲ လူျပည့္ေနတတ္ပါတယ္။

ဒီလိုနဲ႔ တစ္ေန႔ မွာ အဝတ္အစားစုတ္စုတ္ျပတ္ျပတ္နဲ႔သူေတာင္းစားတစ္ေယာက္ဟာ ဆိုင္တံခါး ဝမွာမဝ့ံ မရဲ ပံုစံ နဲ႔လာရပ္တယ္

ေစ်းဝယ္ တစ္ခ်ိဳ႔ က ႏွေခါင္းရႈံၿပီး သူ႔ကို ကြင္းသြားၾကတယ္။

ဆိုင္အလုပ္သမားတစ္ေယာက္ ကထြက္လာၿပီး သူေတာင္းစားကို ဆဲလည္းဆဲ ဆိုင္ထဲကေနလည္း ေမာင္းထုတ္ေတာ့တယ္။

ဒါေပမဲ့ သူေတာင္းစား က ကမန္းကတန္းရွင္းျပရွာတယ္ ကၽြန္ေတာ္ လာေတာင္း စား တာ မဟုတ္ပါဘူးခင္ဗ်ာ ေပါက္စီလာဝယ္တာပါ ” လို႔

ေၾကာက္ေၾကာက္လန္႔လန္႔ နဲ႔ေျပာရင္း ယင္း လက္ထဲ မွာဆုတ္ထားတဲ့ ပိုက္ဆံေလးေတြ ကို ျဖန္႔ျပရွာတယ္

ဆိုင္အလုပ္သမားက နားမေထာင္ပဲ အျမင္ကတ္ကတ္နဲ႔ သူေတာင္းစားလက္ကို ပုတ္ထုတ္ပစ္ေတာ့ ပိုက္ဆံေတြ ၾကမ္းျပင္ေပၚျပန္႔ က်ဲက်သြားကုန္ေလ ေရာ။

သူေတာင္းစားေလးလဲ ကမန္းကတန္း နဲ႔ အလန္႔တၾကား သူ႔ပိုက္ဆံေလးေတြ ကိုျပန္လိုက္ေကာက္ရွာတယ္။

ဒါေပမဲ့သူ႔ပိုက္ဆံ က ၅၀ တန္တစ္ရြက္လို ေနေရာ၊ ေအာက္အက်မွာ သူ႔ငါးဆယ္က်ပ္တန္ေလးတစ္ရြက္က

ဆိုင္ထဲ လြင့္ပါသြားတာ သူဘယ္လို ကုန္း ရွာရွာမေတြ႔ ဘူးျဖစ္ေနေရာ။

အဲ့အခ်ိန္မွာပဲ..

“ဒါ သင့္ရဲ႕ ပိုက္ဆံ ဟုတ္ပါသ လားခင္ဗ်ာ ”

သူေမာ့ၾကည့္လိုက္ေတာ့ ဆိုင္ပိုင္ရွင္ ဦးေလး သေဌးႀကီး ကိုယ္တိုင္ျဖစ္ေနေရာ။

သူေတာင္းစားေလးလဲ ဘာမွျပန္မေျပာရဲတဲ့အျပင္ သူ႔ပိုက္ဆံ ေတာင္သူျပန္ မယူရဲေတာ့ပဲ ဆိုင္ထဲ ကေနလွည့္ထြက္ေျပးမလို႔ျပင္ရွာတယ္။

ဒါေပမဲ့ သေဌးက သူ႔ကို ရပ္ခိုင္းၿပီး

ဝမ္းသာႀကိဳ ဆိုပါတယ္။ဘာအဆာသြပ္ေပါက္ဆီမ်ား ရခ်င္ပါသလဲ ခင္ဗ်ာ ” လို႔ ခ်ိဳသာၿပံဳးရြင္စြာနဲ႔ ၾကိဳဆိုရင္း ေျပာတယ္ …

သူေတာင္းစားလည္း အံ့ၾသစြာ နဲ႔ေၾကာင္ေနရွာတယ္။

ၿပီးေတာ့မွမဝံ့မရဲနဲ႔ “ ကၽြန္ေတာ္ ဝက္သားေပါက္စီတစ္လံုးရခ်င္လို႔ပါခင္ဗ်ာ ” လို႔ေျပာေရာ သေဌး ႀကီးက

“ ေအာ္ရပါတယ္ ခင္ဗ်ာ ခဏေစာင့္ပါ ”ဆိုၿပီးေပါင္းအိုးထဲ ကေပါက္စီတစ္လံုးကို ယူၿပီး သူေတာင္းစားကို ထုတ္ပိုးေပးလိုက္ပါတယ္။

ၿပီးေတာ့မွ သူ႔ရဲ႕ အလုပ္သမားဖက္လွည့္ၿပီးေျပာတာ

ဒါလား မင္းရဲ႕ေဖာက္သည္အေပၚ ဆက္ဆံ တဲ့ပံုစံ ???

“ သူက သူေတာင္းစား ေလ ခင္ဗ်ာ ” “

သူ႔ဖာသာသူေတာင္းစားမက လို႔ ဘာပဲျဖစ္ျဖစ္ေပါ့။

ငါတို႔ ဆိုင္လာဝယ္ရင္ငါတို႔ ရဲ႕ဧည့္သည္ ေဖာက္သည္ပဲ ကြ …

မင္းကို ငါ အလုပ္ျဖဳတ္တယ္ ဆိုၿပီး ..တန္းအလုပ္ထုတ္ပစ္တယ္။

အဲ့ဒီေနာက္ေတာ့ ေနာက္ေန႔ ေတြ မွာ ဆိုင္ကေဖာက္သည္ေတြ အံ့ၾသ လန္႔ ျဖန္႔ကုန္ ေစတာကေတာ့

သေဌးႀကီးဟာ အဲ့ဒီသူေတာင္းစားေလးကို ဆိုင္အလုပ္သမားခန္႔ထားလိုက္တာပါပဲ

ၿပီးေတာ့ သူေတာင္းစား လူငယ္ေလးဟာ ဆံပင္မုတ္ဆိတ္ ေတြ ရွင္းၿပီး သန္႔သန္ ႔ျပန္ျပန္႕႔ေလး

ဝတ္စားဆင္ယင္လိုက္ေတာ့ ခန္႔ညား ၾကည့္ေကာင္းတဲ့ လူငယ္ေလးျဖစ္ေနယံုတင္မက ဘူး

အရမ္းရိုးသားၾကိဳးစားၿပီး ဆိုင္ရဲ႕ အင္မတန္ေကာင္းမြန္တဲ့ အလုပ္သမားျဖစ္ေနေတာ့တာပါပဲ။

ဒါနဲ႕ ေဖာက္သည္ေတြက ေနာက္က်ေတာ့ ဆိုင္ရွင္သေဌးႀကီးကိုေမးၾကတာ

ဒီေကာင္ေလး ဟာ ပတၱျမားႏြံႏွစ္ ေလးပဲျဖစ္တယ္ ဆိုတာ ခင္ဗ်ားဘယ္လိုလုပ္ၿပီး အကဲျဖတ္ တာလဲ ”

မီးခဲျပာဖံုး ဆိုတာ ဘယ္လိုသိေနတာလည္း ? ဆိုေတာ့ သေဌးကေျပာတာ…

“တကယ္တမ္းေတာ့ အရမ္းကိုလြယ္ပါတယ္ သူဟာေပါက္စီကို လာေတာင္းစားတာမဟုတ္ဘူး

ပိုက္ဆံေတြ ခက္ခက္ခဲခဲ စုလာၿပီး ပိုက္ဆံရွိေတာ့မွ ငါ့ ေပါက္စီ ကို လာဝယ္စား ကတည္းက

သူ႔ကိုယ္သူ ေလးစားတဲ့သူျဖစ္တယ္ ဆိုတာ သိေန နိုင္တာပါပဲ” တဲ့။

တစ္ပါးသူကို ေလးစားတတ္တာဟာ မိမိ ကိုယ္ကိုယ္ေလးစားတတ္ျခင္းပါပဲ။

ကိုယ့္ကိုယ္ ကို ေလးစားတဲ့ သူမွ် သာလွ်င္ ကိုယ္လုပ္ တဲ့ အလုပ္ကိုေလးစားတတ္မွာပဲ ျဖစ္ပါတယ္ ခင္ဗ်ား။

Credit : Original Writer

 

Unicodeဖြင့်ဖတ်ရန်

 

ပေါက်စီ ဆိုင်နားက ရွှံ့ပေနေတဲ့ ပတ္တမြား

 

ပေါက်ဆီဆိုင်တစ်ဆိုင်ဟာ အရမ်းကိုရောင်းကောင်းပါတယ်

ပေါက်စီက အလုံးကြီးသလို အဆာသွပ်ထားတာလည်းများပြီး အရသာ ကလည်းကောင်းတော့

အမြဲတမ်း ဆိုင်မှာ လာဝယ်တဲ့သူတွေ၊ ပေါင်းအိုးထဲက ထုတ်လာတဲ့ အငွေ့တထောင်းထောင်းနဲ့

မွေးကြိုင်ဖြူ အိနေတဲ့ ပေါက်စီ ပူပူနွေးနွေး တွေကို လာစောင့်ပြီး ဝယ်စားတဲ့သူတွေ နဲ့ ဆိုင်မှာ အမြဲ လူပြည့်နေတတ်ပါတယ်။

ဒီလိုနဲ့ တစ်နေ့ မှာ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နဲ့သူတောင်းစားတစ်ယောက်ဟာ ဆိုင်တံခါး ဝမှာမဝံ့ မရဲ ပုံစံ နဲ့လာရပ်တယ်

ဈေးဝယ် တစ်ချို့ က နှခေါင်းရှုံပြီး သူ့ကို ကွင်းသွားကြတယ်။

ဆိုင်အလုပ်သမားတစ်ယောက် ကထွက်လာပြီး သူတောင်းစားကို ဆဲလည်းဆဲ ဆိုင်ထဲကနေလည်း မောင်းထုတ်တော့တယ်။

ဒါပေမဲ့ သူတောင်းစား က ကမန်းကတန်းရှင်းပြရှာတယ် ကျွန်တော် လာတောင်း စား တာ မဟုတ်ပါဘူးခင်ဗျာ ပေါက်စီလာဝယ်တာပါ ” လို့

ကြောက်ကြောက်လန့်လန့် နဲ့ပြောရင်း ယင်း လက်ထဲ မှာဆုတ်ထားတဲ့ ပိုက်ဆံလေးတွေ ကို ဖြန့်ပြရှာတယ်

ဆိုင်အလုပ်သမားက နားမထောင်ပဲ အမြင်ကတ်ကတ်နဲ့ သူတောင်းစားလက်ကို ပုတ်ထုတ်ပစ်တော့

ပိုက်ဆံတွေ ကြမ်းပြင်ပေါ်ပြန့် ကျဲကျသွားကုန်လေ ရော။

သူတောင်းစားလေးလဲ ကမန်းကတန်း နဲ့ အလန့်တကြား သူ့ပိုက်ဆံလေးတွေ ကိုပြန်လိုက်ကောက်ရှာတယ်။

ဒါပေမဲ့သူ့ပိုက်ဆံ က ၅၀ တန်တစ်ရွက်လို နေရော၊ အောက်အကျမှာ သူ့ငါးဆယ်ကျပ်တန်လေးတစ်ရွက်က ဆိုင်ထဲ လွင့်ပါသွားတာ သူဘယ်လို ကုန်း ရှာ

ရှာမတွေ့ ဘူးဖြစ်နေရော။

အဲ့အချိန်မှာပဲ..

“ဒါ သင့်ရဲ့ ပိုက်ဆံ ဟုတ်ပါသ လားခင်ဗျာ ”

သူမော့ကြည့်လိုက်တော့ ဆိုင်ပိုင်ရှင် ဦးလေး သဌေးကြီး ကိုယ်တိုင်ဖြစ်နေရော။

သူတောင်းစားလေးလဲ ဘာမှပြန်မပြောရဲတဲ့အပြင် သူ့ပိုက်ဆံ တောင်သူပြန် မယူရဲတော့ပဲ ဆိုင်ထဲ ကနေလှည့်ထွက်ပြေးမလို့ပြင်ရှာတယ်။

ဒါပေမဲ့ သဌေးက သူ့ကို ရပ်ခိုင်းပြီး

ဝမ်းသာကြို ဆိုပါတယ်။ဘာအဆာသွပ်ပေါက်ဆီများ ရချင်ပါသလဲ ခင်ဗျာ ” လို့ ချိုသာပြုံးရွင်စွာနဲ့ ကြိုဆိုရင်း ပြောတယ် …

သူတောင်းစားလည်း အံ့သြစွာ နဲ့ကြောင်နေရှာတယ်။

ပြီးတော့မှမဝံ့မရဲနဲ့ “ ကျွန်တော် ဝက်သားပေါက်စီတစ်လုံးရချင်လို့ပါခင်ဗျာ ” လို့ပြောရော သဌေး ကြီးက

“ အော်ရပါတယ် ခင်ဗျာ ခဏစောင့်ပါ ”ဆိုပြီးပေါင်းအိုးထဲ ကပေါက်စီတစ်လုံးကို ယူပြီး သူတောင်းစားကို ထုတ်ပိုးပေးလိုက်ပါတယ်။

ပြီးတော့မှ သူ့ရဲ့ အလုပ်သမားဖက်လှည့်ပြီးပြောတာ

ဒါလား မင်းရဲ့ဖောက်သည်အပေါ် ဆက်ဆံ တဲ့ပုံစံ ???

“ သူက သူတောင်းစား လေ ခင်ဗျာ ” “

သူ့ဖာသာသူတောင်းစားမက လို့ ဘာပဲဖြစ်ဖြစ်ပေါ့။

ငါတို့ ဆိုင်လာဝယ်ရင်ငါတို့ ရဲ့ဧည့်သည် ဖောက်သည်ပဲ ကွ …

မင်းကို ငါ အလုပ်ဖြုတ်တယ် ဆိုပြီး ..တန်းအလုပ်ထုတ်ပစ်တယ်။

အဲ့ဒီနောက်တော့ နောက်နေ့ တွေ မှာ ဆိုင်ကဖောက်သည်တွေ အံ့သြ လန့် ဖြန့်ကုန် စေတာကတော့ သဌေးကြီးဟာ အဲ့ဒီသူတောင်းစားလေးကို ဆိုင်

အလုပ်သမားခန့်ထားလိုက်တာပါပဲ

ပြီးတော့ သူတောင်းစား လူငယ်လေးဟာ ဆံပင်မုတ်ဆိတ် တွေ ရှင်းပြီး သန့်သန့်ပြန်ပြန့့်လေး ဝတ်စားဆင်ယင်လိုက်တော့ ခန့်ညား ကြည့်ကောင်းတဲ့

လူငယ်လေးဖြစ်နေယုံတင်မက ဘူး

အရမ်းရိုးသားကြိုးစားပြီး ဆိုင်ရဲ့ အင်မတန်ကောင်းမွန်တဲ့ အလုပ်သမားဖြစ်နေတော့တာပါပဲ။

ဒါနဲ့ ဖောက်သည်တွေက နောက်ကျတော့ ဆိုင်ရှင်သဌေးကြီးကိုမေးကြတာ

ဒီကောင်လေး ဟာ ပတ္တမြားနွံနှစ် လေးပဲဖြစ်တယ် ဆိုတာ ခင်ဗျားဘယ်လိုလုပ်ပြီး အကဲဖြတ် တာလဲ ”

မီးခဲပြာဖုံး ဆိုတာ ဘယ်လိုသိနေတာလည်း ? ဆိုတော့ သဌေးကပြောတာ…

“တကယ်တမ်းတော့ အရမ်းကိုလွယ်ပါတယ် သူဟာပေါက်စီကို လာတောင်းစားတာမဟုတ်ဘူး ပိုက်ဆံတွေ ခက်ခက်ခဲခဲ စုလာပြီး ပိုက်ဆံရှိတော့မှ ငါ့

ပေါက်စီ ကို လာဝယ်စား ကတည်းက

သူ့ကိုယ်သူ လေးစားတဲ့သူဖြစ်တယ် ဆိုတာ သိနေ နိုင်တာပါပဲ” တဲ့။

တစ်ပါးသူကို လေးစားတတ်တာဟာ မိမိ ကိုယ်ကိုယ်လေးစားတတ်ခြင်းပါပဲ။

ကိုယ့်ကိုယ် ကို လေးစားတဲ့ သူမျှ သာလျှင် ကိုယ်လုပ် တဲ့ အလုပ်ကိုလေးစားတတ်မှာပဲ ဖြစ်ပါတယ် ခင်ဗျား။

Credit : Original Writer