Zawgyiျဖင့္ဖတ္ရန္

 

အရက္ဟာ ေဆးပညာအရၾကည့္မယ္ဆိုရင္ ေဆးဖက္ဝင္ေစတဲ့ ဂုဏ္သတၱိေတြ ပါရွိေပမယ့္ ျမန္႕မာ့စကားပံု တန္ေဆးလြန္ေဘးဆိုတဲ့ စကားပံုအရ လူတစ္ေယာက္ဟာ လိုအပ္တာထက္ပိုၿပီး မီွဝဲေနမယ္ဆိုရင္ေတာ့ အခ်ိန္ၾကာလာတာနဲ႕အမွ် အတြင္းကလီစာေတြရဲ႕ ေဖာက္လြဲေဖာက္ျပန္မႈေတြ ၾကံဳေတြ႕ရမွာ မလြဲပါဘဲ။ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးပိုမ်ားေနလို႕လည္း ေသရည္ေသရက္လို႕ ေရွးကတည္းက နာမည္ဆိုးတြင္ခဲ့တယ္လို႕ ယူဆရပါတယ္။

ေခတ္အဆက္ဆက္ကတည္းက လူေတြဟာ စားဝတ္ေနေရးစိတ္ဖိဆီးမႈေတြ၊ ပြဲလမ္းသဘင္ေတြနဲ႕ အပေါင္းအသင္းဝင္ဆန္႕ဖို႕ဆိုတဲ့ အေၾကာင္းျပခ်က္ေတြနဲ႕ အရက္ရဲ႕ေက်းကၽြန္ေတြ ျဖစ္မွန္းမသိျဖစ္လာၾကကာ ေဘးထြက္ဆိုးက်ိဳးေပါင္းမ်ားစြာကို ခံစားေနရတယ္ဆိုတာ ျငင္းလို႕ရမယ္မထင္ပါဘူး။ ခႏၶာကိုယ္က်န္းမာေရးအျပင္ စိတ္က်န္းမာေရးနဲ႕ ေနာက္ဆက္တြဲ လူမႈနယ္ပယ္မွာပါ နစ္နာမႈေတြျဖစ္ေပၚတတ္ၾကပါတယ္။ အရက္စြဲေနသူတစ္ေယာက္အေနနဲ႕ အရက္ျဖတ္လိုက္ၿပီဆိုရင္ သင့္ဘဝမွာ ဘယ္လိုေကာင္းေသာေျပာင္းလဲျခင္းမ်ိဳးေတြ ၾကံဳေတြ႕ရမယ္လို႕ ထင္ပါသလဲ။ အဓိကေျပာင္းလဲမႈ ၅ ခုအေၾကာင္းဖတ္ရင္း ကုိယ္ကိုယ္တိုင္အတြက္ပဲျဖစ္ျဖစ္၊ ပတ္ဝန္းက်င္က အရက္စြဲလမ္းသူေတြကိုပဲျဖစ္ျဖစ္ စိတခြန္အားရေစေအာင္ ျပန္လည္မွ်ေဝနုိင္ဖို႕အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) လူမႈနယ္ပယ္

ပထမဆံုး စတင္ေျပာင္းလဲလာမွာကေတာ့ သင့္ရဲ႕ ေပါင္းသင္းဆက္ဆံေရးပါ။ အရက္မူးလာရင္ ေသြးဆိုးတတ္သူေတြဆို လူမႈနယ္ပယ္မွာ ဘယ္လိုဆံုးရံႈးမႈေတြ ျဖစ္ေပၚတတ္သလဲဆိုတာ ေကာင္းေကာင္းႀကီး ပိုသိမွာပါ။ ဘယ္ေလာက္ပဲခင္ခင္ အရက္ေသာက္ၿပီဆိုတာနဲ႕ လူေတြက ေရွာင္ဖယ္ေရွာင္ဖယ္ျဖစ္ေနတာမ်ိဳး၊ အရက္မူးေနၿပီဆိုရင္ ဘယ္သူမွ စကားမေျပာခ်င္တာမ်ိဳးေတြလည္း ပါဝင္ပါတယ္။ သင္သာအရက္ေသာက္တာ ရပ္လိုက္မယ္ဆိုရင္ သင့္ရဲ႕ေပါင္းသင္းဆက္ဆံမႈနယ္ပယ္မွာ အရင္ကထက္ ပိုၿပီး ခြန္အားေကာင္းလာပါလိမ့္္မယ္။

(၂) မိတ္ေဆြအေပါင္းအသင္း

အရက္စြဲသူအမ်ားစုဟာ သူတို႕ကိုယ္သူတို႕ အေပါင္းအသင္းမ်ားတယ္၊ ဝင္ဆံ့တယ္လို႕ ေၾကြးေၾကာ္တတ္ၾကပါတယ္။ ဒါဟာလည္း အရက္ေသာက္သူအမ်ားစုဟာ တစ္ေယာက္တည္းေသာက္ရတာထက္ အုပ္စုလိုက္ေသာက္ရတာ ပိုႏွစ္ၿခိဳက္တဲ့အတြက္ေၾကာင့္ပါ။ အရင္ကေပါင္းခဲ့တဲ့ မိတ္ေဆြေေတြဟာ အရက္ကို စြဲစြဲလမ္းလမ္းမေသာက္တတ္လို႕ ကိုယ္ကပဲစၿပီး အရင္မိတ္ေဆြေတြနဲ႕ အခ်ိန္ျဖဳန္းမယ့္အစား ေသာက္ေဖာ္ေသာက္ဖက္ေတြနဲ႕ အခ်ိန္ပိုျဖဳန္းပစ္ေနမိသလားဆိုတာ စမ္းစစ္ၾကည့္ၾကပါဦး။ သင္သာအရက္ျဖတ္ၾကည့္၊ သင့္ရဲ႕ေသာက္ေဖာ္ေသာက္ဖက္ေတြ ဘယ္လိုတုန္႕ျပန္ၾကမွာလဲ။

(၃) ပိုထြက္လာမယ့္သင့္ရဲ႕အခ်ိန္မ်ား

စားဝတ္ေနေရးအတြက္ မနက္မိုးလင္းကေန ညေနပိုင္းအထိ အလုပ္လုပ္ရသူတစ္ေယာက္ဟာ အရက္စြဲသြားခဲ့သည္ရွိေသာ္ သူ႕ရဲ႕ ကုိယ္ပိုင္အားလပ္ခ်ိန္ျဖစ္တဲ့ ညဖက္မ်ိဳးေတြမွာ ယစ္မူးဖို႕အတြက္ အရက္ထုိင္ေသာက္ရပါလိမ့္မယ္။ အမွန္ဆိုရင္ ဒီလိုအခ်ိန္မ်ိဳးေတြဟာ သင့္ဘဝတိုးတက္ေရးလမ္းေၾကာင္းေတြအတြက္ ပညာရပ္တစ္ခုခုကို သင္ယူရမယ့္အခ်ိန္ေကာင္းျဖစ္သလို သင့္္က်န္းမာေရးအတြက္ ကိုယ္လက္လႈပ္ရွားအားကစားေတြ၊ မိသားစုနဲ႕အခ်ိန္ေပးတာေတြ ဒါမဟုတ္ ျပည့္ျပည့္ဝဝအနားယူတာမ်ိဳးေတြ လုပ္ဖို႕ႊတြက္ အေကာင္းဆံုး အေခိုက္အတန္႕ေတြပါပဲ။ ႏွေျမာစရာေကာင္းတဲ့ အခ်ိန္ေတြကို အရက္ရဲ႕ေက်းကၽြန္အျဖစ္ အခ်ိန္ျဖဳန္းရင္း ဘဝႀကီးကို ကုန္ဆံုးေတာ့မလို႕လား။

(၄) စစ္မွန္တဲ့ေပ်ာ္ရႊင္မႈ

တခိိ်ဳ႕က အေၾကာင္းျပတတ္ၾကတယ္၊ စိတ္ဖိဆီးမႈေတြ ေျပေပ်ာက္ေအာင္ ေသာက္ရတာပါ အထီးက်န္လို႕ေသာက္ရတာပါတဲ့။ စိတ္ဖိဆီးမႈပေပ်ာက္ခ်င္ရင္ ေလ့က်င့္ခန္းလုပ္ၿပီး အထီးက်န္မႈပေပ်ာက္ခ်င္ရင္ေတာ့ ကုိယ္ကုိယ္တိုင္ ကိုယ္ခ်စ္ခင္တဲ့ပတ္ဝန္းက်င္မွာ ဝင္ဆန္႕ေအာင္ စၿပီးေျခလွမ္းလွမ္းသင့္တယ္လို႕ ယူဆပါတယ္။ သူမ်ားေတြ ခရီးေတြထြက္၊ ရာထူးေတြျမင့္သြားလို႕ အေတြ႕အၾကံဳအသစ္ေတြနဲ႕ လူသစ္ေတြနဲ႕ ဘဝမွာ ေပ်ာ္ရအင္ေနခ်ိန္ သင္ကေတာ့ အရက္ေသာက္ၿပီး မူးေနတာနဲ႕ ဘဝကို ျဖတ္သန္းေနရတယ္ဆိုတာ ေမ့ေနတာလား။ သင့္ဘဝရဲ႕ လူလတ္ပိုင္းမွာကတည္းက အရက္ေသစာကို စြဲလမ္းစြာ ေသာက္သံုးေနမယ္ဆိုရင္ေတာ့ ဘဝရဲ႕တကယ့္ေပ်ာ္ရႊင္မႈအစစ္အမွန္ေတြကို လက္လႊတ္ဆံုးရံႈးရပါလိမ့္မယ္။

(၅) သင္

ေျပာင္းလဲျခင္းရဲ႕ အဓိကပန္းတိုင္ကေတာ့ သင္ပါပဲ။ အရက္ျဖတ္လိုက္ၿပီဆိုတာနဲ႕ ေန႕ရက္တိုင္းကို ၾကည္ၾကည္လင္လင္နဲ႕ ျဖတ္သန္းရမွာျဖစ္ၿပီး အေမွာင္ရိပ္ဖံုးလႊမ္းေနတဲ့ ႏွစ္ေတြနဲ႕ ယွဥ္လိုက္မယ္ဆိုရင္ လူတစ္ေယာက္ကြဲျပားသြားတာကို ထင္ထင္ရွားရွားႀကီး ေတြ႕ႏုိင္မွာပါ။ အရက္သမားတစ္ေယာက္ရဲ႕ စကားဆို တန္ဖိုးမထားဘဲ ေပါ့ေပါ့တန္တန္ဆက္ဆံတာေတြ၊ ဝတ္ေက်တမ္းေက်စကားျပန္ေျပာတာေတြကို သင္သိေပမယ့္ ျပန္တုန္႕မျပန္ႏုိင္တဲ့ အခိုက္အတန္႕ေတြ ရွိခဲ့ဖူမွာျဖစ္ပါတယ္။ ဒီလို သင့္ဂုဏ္သိကၡာအျပင္ ခႏၶာကုိယ္က်န္းမာေရး၊ ေတြးေပၚေခၚပံုေတြပါ ေျပာင္းလဲသြားနုိင္ၿပီး ရုပ္ရည္သြင္ျပင္ဟာလည္း အရင္တုန္းကနဲ႕မတူ ေျပာင္းလဲႏုိင္မွာ အမွန္ပါပဲ။

Credit:Shwemom

 

Unicodeဖြင့်ဖတ်ရန်

 

အရေက်သေစာစွဲလမ်းသူများ အရက်ပြတ်သွားတာနဲ့ ကြုံတွေ့ရမယ့်ပြောင်းလဲမှု ၅ ခု

 

အရက်ဟာ ဆေးပညာအရကြည့်မယ်ဆိုရင် ဆေးဖက်ဝင်စေတဲ့ ဂုဏ်သတ္တိတွေ ပါရှိပေမယ့် မြန့်မာ့စကားပုံ တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံအရ လူတစ်ယောက်ဟာ လိုအပ်တာထက်ပိုပြီး မှီဝဲနေမယ်ဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ အတွင်းကလီစာတွေရဲ့ ဖောက်လွဲဖောက်ပြန်မှုတွေ ကြုံတွေ့ရမှာ မလွဲပါဘဲ။ ကောင်းကျိုးထက် ဆိုးကျိုးပိုများနေလို့လည်း သေရည်သေရက်လို့ ရှေးကတည်းက နာမည်ဆိုးတွင်ခဲ့တယ်လို့ ယူဆရပါတယ်။

ခေတ်အဆက်ဆက်ကတည်းက လူတွေဟာ စားဝတ်နေရေးစိတ်ဖိဆီးမှုတွေ၊ ပွဲလမ်းသဘင်တွေနဲ့ အပေါင်းအသင်းဝင်ဆန့်ဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အရက်ရဲ့ကျေးကျွန်တွေ ဖြစ်မှန်းမသိဖြစ်လာကြကာ ဘေးထွက်ဆိုးကျိုးပေါင်းများစွာကို ခံစားနေရတယ်ဆိုတာ ငြင်းလို့ရမယ်မထင်ပါဘူး။ ခန္ဓာကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးနဲ့ နောက်ဆက်တွဲ လူမှုနယ်ပယ်မှာပါ နစ်နာမှုတွေဖြစ်ပေါ်တတ်ကြပါတယ်။ အရက်စွဲနေသူတစ်ယောက်အနေနဲ့ အရက်ဖြတ်လိုက်ပြီဆိုရင် သင့်ဘဝမှာ ဘယ်လိုကောင်းသောပြောင်းလဲခြင်းမျိုးတွေ ကြုံတွေ့ရမယ်လို့ ထင်ပါသလဲ။ အဓိကပြောင်းလဲမှု ၅ ခုအကြောင်းဖတ်ရင်း ကိုယ်ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်က အရက်စွဲလမ်းသူတွေကိုပဲဖြစ်ဖြစ် စိတခွန်အားရစေအောင် ပြန်လည်မျှဝေနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) လူမှုနယ်ပယ်

ပထမဆုံး စတင်ပြောင်းလဲလာမှာကတော့ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးပါ။ အရက်မူးလာရင် သွေးဆိုးတတ်သူတွေဆို လူမှုနယ်ပယ်မှာ ဘယ်လိုဆုံးရှုံးမှုတွေ ဖြစ်ပေါ်တတ်သလဲဆိုတာ ကောင်းကောင်းကြီး ပိုသိမှာပါ။ ဘယ်လောက်ပဲခင်ခင် အရက်သောက်ပြီဆိုတာနဲ့ လူတွေက ရှောင်ဖယ်ရှောင်ဖယ်ဖြစ်နေတာမျိုး၊ အရက်မူးနေပြီဆိုရင် ဘယ်သူမှ စကားမပြောချင်တာမျိုးတွေလည်း ပါဝင်ပါတယ်။ သင်သာအရက်သောက်တာ ရပ်လိုက်မယ်ဆိုရင် သင့်ရဲ့ပေါင်းသင်းဆက်ဆံမှုနယ်ပယ်မှာ အရင်ကထက် ပိုပြီး ခွန်အားကောင်းလာပါလိမ့်မယ်။

(၂) မိတ်ဆွေအပေါင်းအသင်း

အရက်စွဲသူအများစုဟာ သူတို့ကိုယ်သူတို့ အပေါင်းအသင်းများတယ်၊ ဝင်ဆံ့တယ်လို့ ကြွေးကြော်တတ်ကြပါတယ်။ ဒါဟာလည်း အရက်သောက်သူအများစုဟာ တစ်ယောက်တည်းသောက်ရတာထက် အုပ်စုလိုက်သောက်ရတာ ပိုနှစ်ခြိုက်တဲ့အတွက်ကြောင့်ပါ။ အရင်ကပေါင်းခဲ့တဲ့ မိတ်ဆွေေတွေဟာ အရက်ကို စွဲစွဲလမ်းလမ်းမသောက်တတ်လို့ ကိုယ်ကပဲစပြီး အရင်မိတ်ဆွေတွေနဲ့ အချိန်ဖြုန်းမယ့်အစား သောက်ဖော်သောက်ဖက်တွေနဲ့ အချိန်ပိုဖြုန်းပစ်နေမိသလားဆိုတာ စမ်းစစ်ကြည့်ကြပါဦး။ သင်သာအရက်ဖြတ်ကြည့်၊ သင့်ရဲ့သောက်ဖော်သောက်ဖက်တွေ ဘယ်လိုတုန့်ပြန်ကြမှာလဲ။

(၃) ပိုထွက်လာမယ့်သင့်ရဲ့အချိန်များ

စားဝတ်နေရေးအတွက် မနက်မိုးလင်းကနေ ညနေပိုင်းအထိ အလုပ်လုပ်ရသူတစ်ယောက်ဟာ အရက်စွဲသွားခဲ့သည်ရှိသော် သူ့ရဲ့ ကိုယ်ပိုင်အားလပ်ချိန်ဖြစ်တဲ့ ညဖက်မျိုးတွေမှာ ယစ်မူးဖို့အတွက် အရက်ထိုင်သောက်ရပါလိမ့်မယ်။ အမှန်ဆိုရင် ဒီလိုအချိန်မျိုးတွေဟာ သင့်ဘဝတိုးတက်ရေးလမ်းကြောင်းတွေအတွက် ပညာရပ်တစ်ခုခုကို သင်ယူရမယ့်အချိန်ကောင်းဖြစ်သလို သင့််ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားတွေ၊ မိသားစုနဲ့အချိန်ပေးတာတွေ ဒါမဟုတ် ပြည့်ပြည့်ဝဝအနားယူတာမျိုးတွေ လုပ်ဖို့ွှတွက် အကောင်းဆုံး အခေိုက်အတန့်တွေပါပဲ။ နှမြောစရာကောင်းတဲ့ အချိန်တွေကို အရက်ရဲ့ကျေးကျွန်အဖြစ် အချိန်ဖြုန်းရင်း ဘဝကြီးကို ကုန်ဆုံးတော့မလို့လား။

(၄) စစ်မှန်တဲ့ပျော်ရွှင်မှု

တချို့က အကြောင်းပြတတ်ကြတယ်၊ စိတ်ဖိဆီးမှုတွေ ပြေပျောက်အောင် သောက်ရတာပါ အထီးကျန်လို့သောက်ရတာပါတဲ့။ စိတ်ဖိဆီးမှုပပျောက်ချင်ရင် လေ့ကျင့်ခန်းလုပ်ပြီး အထီးကျန်မှုပပျောက်ချင်ရင်တော့ ကိုယ်ကိုယ်တိုင် ကိုယ်ချစ်ခင်တဲ့ပတ်ဝန်းကျင်မှာ ဝင်ဆန့်အောင် စပြီးခြေလှမ်းလှမ်းသင့်တယ်လို့ ယူဆပါတယ်။ သူများတွေ ခရီးတွေထွက်၊ ရာထူးတွေမြင့်သွားလို့ အတွေ့အကြုံအသစ်တွေနဲ့ လူသစ်တွေနဲ့ ဘဝမှာ ပျော်ရအင်နေချိန် သင်ကတော့ အရက်သောက်ပြီး မူးနေတာနဲ့ ဘဝကို ဖြတ်သန်းနေရတယ်ဆိုတာ မေ့နေတာလား။ သင့်ဘဝရဲ့ လူလတ်ပိုင်းမှာကတည်းက အရက်သေစာကို စွဲလမ်းစွာ သောက်သုံးနေမယ်ဆိုရင်တော့ ဘဝရဲ့တကယ့်ပျော်ရွှင်မှုအစစ်အမှန်တွေကို လက်လွှတ်ဆုံးရှုံးရပါလိမ့်မယ်။

(၅) သင်

ပြောင်းလဲခြင်းရဲ့ အဓိကပန်းတိုင်ကတော့ သင်ပါပဲ။ အရက်ဖြတ်လိုက်ပြီဆိုတာနဲ့ နေ့ရက်တိုင်းကို ကြည်ကြည်လင်လင်နဲ့ ဖြတ်သန်းရမှာဖြစ်ပြီး အမှောင်ရိပ်ဖုံးလွှမ်းနေတဲ့ နှစ်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် လူတစ်ယောက်ကွဲပြားသွားတာကို ထင်ထင်ရှားရှားကြီး တွေ့နိုင်မှာပါ။ အရက်သမားတစ်ယောက်ရဲ့ စကားဆို တန်ဖိုးမထားဘဲ ပေါ့ပေါ့တန်တန်ဆက်ဆံတာတွေ၊ ဝတ်ကျေတမ်းကျေစကားပြန်ပြောတာတွေကို သင်သိပေမယ့် ပြန်တုန့်မပြန်နိုင်တဲ့ အခိုက်အတန့်တွေ ရှိခဲ့ဖူမှာဖြစ်ပါတယ်။ ဒီလို သင့်ဂုဏ်သိက္ခာအပြင် ခန္ဓာကိုယ်ကျန်းမာရေး၊ တွေးပေါ်ခေါ်ပုံတွေပါ ပြောင်းလဲသွားနိုင်ပြီး ရုပ်ရည်သွင်ပြင်ဟာလည်း အရင်တုန်းကနဲ့မတူ ပြောင်းလဲနိုင်မှာ အမှန်ပါပဲ။

Credit:Shwemom