Zawgyiျဖင့္ဖတ္ရန္

 

မဟာသကၠရာဇ္ (၁၁၃) ခုႏွစ္တြင္ သဗၺညဳတ ျမတ္စြာဘုရားသည္ ရခိုင္ျပည့္ရွင္ ဘုရင္စႏၵသူရိယမင္း ပင့္ဖိတ္မွဳ ေျကာင့္ ညီေတာ္ အာနႏၵာႏွင့္တကြ ငါးရာေသာရဟႏၱာမ်ား ျခံရံလွ်က္ဓည၀တီသို႕ ေကာင္းကင္ ခရီး မွ ၾကြခ်ီေတာ္မူ ခဲ့ေပသည္။ ျမတ္စြာဘုရားရွင္ သည္စႏၵသူရိယမင္း အား မင္းက်င့္တရားဆယ္ပါး ႏွင့္ဒါနကထာ စေသာတရားမ်ား ကိုေဟာ ၾကား ေတာ္ မူေလသည္။ တရားေတာ္ကိုေဟာၾကားေတာ္မူ ရေသာ ျပည္သူျပည္သား မ်ားသည္လဲ သူေတာ္ေကာင္းတရားမ်ားကို သရဏဂံုေဆာက္ တည္ျကေလသည္။

ျမတ္စြာဘုရားသည္ အျခားေသာေ၀ေနယ်တို့အား တရားေရေအးတိုက္ေကြ်းရန္ ဓညဝတီမွ ျပန္လည္ၾကြခ်ီရေပမည္ ။ စႏၵသူရိယမင္းသည္လည္း ျမတ္စြာဘုရားအားကိုယ္စားေတာ္ ပံုသြင္းကို သြန္းလုပ္ကိုးကြယ္ခြင့္ျပဳ ေတာင္းပန္ေလွ်ာက္ထားေလ သည္။ ျမတ္စြာဘုရားသည္လည္းအသင္ဒါကာ၏ ဆႏၵကိုလည္းျဖည့္ကာ ငါဘုရား သာသနာေတာ္ အဓြန္႕ရွည္ရန္ ကိုယ္စားရုပ္ပြားေတာ္ ထားခဲ့ေပအ့ံဟုခြင့္ျပဳေတာ္မူခဲ့သည္။ ထိုေနာက္ စႏၵသူရိယမင္းသည္ သီရိဂုဏ္ ေတာင္ေပၚတြင္ ခုနွစ္ရက္တိုင္ခမ္းနားစြာက်င္းပခဲ့ေလသည္။ ထိုပြဲျကီးကို စၾကာ၀ဠာအရပ္ရပ္မွ ေရာက္ရွိလာၾကကုန္ေသာ လူ၊နတ္၊ ျဗဟၼာ၊သိၾကား ပရိသတ္တို႔အားလံုးကုိလွဴဒါန္းျကေသာ ရတနာမ်ားမွာ (၆၅) တင္းမ်ွရရွိေလသည္။

ဘုရွားရွင္သည္ သိျကားမင္းႏွင့္ ၀ိသၾကံဳ နတ္သားတို႔ကို ေခၚယူကာ ငါကိုယ္ေတာ္ႏွင့္ အတိုင္းအရွည္ ပမာဏ ညီမွ်မွန္ကန္ ေသာ ရုပ္ရွင္ေတာ္ျမတ္အား သြန္းလုပ္ေစ ဟုမိန္ျကားခဲ့ေလသည္။ သြန္းလုပ္ပီးေသာအခါ ဘုရားရွင္သည္ ရင္ေငြ႕ေတာ္ ခုႏွစ္ႀကိမ္ေပးခဲ့ သျဖင့္ မဟာမုနိဘုရားဟု ဘြဲ႕ေတာ္ထင္ရွားခဲ့ပါတယ္။ ကိုယ္စားေတာ္ မဟာမုနိသြန္းလုပ္ၿပီး ၾကြင္းက်န္ေသာ ေၾကး–ေငြ–ေရႊရတနာတို႕ကို သြန္းလုပ္ၾကရာ (၁) ရွင္ေက်ာ္ ၊ (၂) ေရႊဘံုသာ၊ (၃) မာရ္ေအာင္ျမင္ …. ဟူေသာ ရုပ္ပြားေတာ္ငယ္သံုးဆူ သြန္းလုပ္ကိုးကြယ္ခဲ့ပါတယ္။ ဆင္းတုေတာ္ သံုးဆူအနက္မွ

” ရန္ေအာင္ျမင္ရုပ္ပြားေတာ္ ” မွာ မဟာမုနိရုပ္ပြားေတာ္၏ လက္ယာ ဘက္တြင္ ထားၿပီး ကိုးကြယ္ ပူေဇာ္ေသာေၾကာင့္” လက္ယာ ရုပ္ပြားေတာ္ ” ဟု ေခၚတြင္ခဲ့ ပါတယ္။

စႏၵသူရိယမင္းနတ္ရြာစံျပီးေနာက္ ေခတ္အဆက္ဆက္ ျကာေညာင္းေသာအခါ သကၠရာဇ္ ၁၁၄၆ ခုႏွစ္တြင္ အမရပူရ ေရႊနန္းရွင္ ဘိုးေတာ္ဘုရား၏ သားေတာ္အိမ္ေရွ႕မင္းသီဟသူရ လက္ထပ္တြင္ဓည၀တီ ရခိုင္ျပည္ကို သိမ္းယူၿပီး(၁) မဟာမုနိ ၊ (၂) ေရႊဘံုသာမုနိ ၊ (၃) မာရ္ေအာင္ျမင္မုနိ ….ဘုရားသံုးဆူကို မင္းေနျပည္ေတာ္တြင္ ရဟန္းရွင္လူ၊ျပည္သူတို႕ကိုးကြယ္ရန္ ပင့္ေဆာင္သြားခဲ့ပီး …….ရွင္ေက်ာ္မုနိဘုရား……ကို ဓည၀တီ တြင္ပူေဇာ္ရန္ ထားရစ္ေတာ္မူ ခဲ့ေလသည္။

အျပန္လမ္းတစ္ေလွ်ာက္ ရခိုင္ရိုးမကိုျဖတ္ရာ ျပည္ျမိဳ႕ အေနာက္ဘက္ကမ္း တစ္ေနရာတြင္ စခန္းခ်နားခဲ့ရာ ရြာသူ၇ြာသား မ်ားမွ ဘုရားတစ္ဆူေပးသနားပါရန္ ေတာင္းဆိုမူေျကာင့္ “ေရႊဘံုသာမုနိ ဆင္းတုေတာ္” ကို ကိုးကြယ္ရန္ထားခဲ့ေလသည္။ ထိုမွစ ရြာငယ္ကို ေရႊဘံုသာ ရြာ ဟုေခၚတြင္ေလသည္။သို့ျဖင့္ ဧရာ၀တီျဖစ္ေျကာင္းမွ ပင့္ေဆာင္လာရာ “မာရ္ေအာင္ျမင္မုနိ ” ႏွင့္” မဟာမုနိ” နွစ္ဆူတို့ကို ေရႊနန္းေတာ္ တည္ရာ အမရပူရသို႔ ပင့္ေဆာင္လာသည္။ ေရႊနန္းေတာ္ၾကီး၏ ေျမာက္ျပင္အရပ္တြင္ အုတ္ဂႏၶကုဋိတိုက္ေတာ္ တည္ေဆာက္ျပီး “မဟာမုနိရုပ္ရွင္ေတာ္ျမတ္” ကို ကိုးကြယ္ထားရွိေတာ္မူေလသည္။ မာ၇္ေအာင္ျမင္ဘုရားကို နန္းဦးတြင္ ကိုးကြယ္ထားရွိေသာေျကာင့္
“ နန္းဦးဘုရား ” ဟု ဘြဲ႕ေတာ္ေပးခဲ့ ျပီး မင္းအဆက္ဆက္ကိုးကြယ္ ရာ ဆုေတာင္းျပည့္ခဲ့ေသာေၾကာင့္ ” ဆုေတာင္းျပည့္ ဘု၇ား ” ဟု ဘြဲ႕ေတာ္ တစ္ခုထပ္တိုးေလခဲ့ေပသည္။

သကၠရာဇ္ ၁၂၁၄ ခုႏွစ္ ၊ ပုဂံမင္းလက္ထက္ ဇလြန္ၿမိဳ႕သူႀကီး ဦးေရႊပြင့္သည္ ကြ်န္ေတာ္မ်ိဳး အုပ္ခ်ဳပ္ရေသာ ဇလြန္ျမိဳ႕တြင္တစ္ၿမိဳ႕လံုး လွဴဒါန္းေသာ ေရႊေငြေၾကးတို႕ျဖင့္ ေျကးသြန္းဘု၇ားတစ္ဆူ ျပဳလုပ္ရန္ ေလွ်ာက္တင္ခဲ့ရာ ပုဂံမင္းတရားျကီးက ခြင့္ျပဳေတာ္မူခဲ့ေလသည္။ ၿမိဳ႕သူ–ၿမိဳ႕သားမ်ား ကိုးကြယ္ရန္ ရုပ္ပြားေတာ္ တစ္ဆူသြန္းလုပ္ရန္ တစ္ၿမိဳ႕လံုး လွဴဒါန္း ေသာ ေရႊေငြေၾကးသံ တို႕ကို (ရန္လြင့္) ေခၚ ေလွႀကီးႏွင့္တင္ၿပီး အမရပူရသို႕ေရာက္ရွိလာၿပီး အစ္မဝမ္းကြဲေတာ္သူ ပုဂံမင္း မိဖုရားႀကီးထံ ဝင္ေရာက္ခစားကာ ပန္းပဲဖိုဆရာ ေမာင္ေမာင္လတ္္ အား ေခၚယူၿပီး မိဖုရားႀကီးက ရုပ္ထုေတာ္ သြန္းလုပ္ေစခဲ့ပါတယ္။

ထိုအခ်ိန္တြင္ ပုဂံမင္းႏွင့္ မင္းတုန္း၊ ကေနာင္မင္းတို႕ မသင့္မတင့္ျဖစ္ကာ ေနျပည္ေတာ္တြင္ အေရးအခင္း မ်ားေပၚေပါက္ လာသျဖင့္ ဦးေရႊပြင့္ သြင္းလုပ္ေနေသာ ရုပ္ပြားေတာ္ သြန္းလုပ္မႈမ်ား မၿပီးစီးသျဖင့္ ဇလြန္ျမိဳ႕ အျပန္တြင္ နန္းဦးရုပ္ပြားေတာ္ကို ပင့္ေဆာင္ သြားပီး မိမိျပဳလုပ္ခဲ့ေသာ ရုပ္ပြားေတာ္ၿပီးမွ တမန္ေတာ္မ်ားျဖင့္ အေျကာင္းျကားရန္မွာျပီး ဇလြန္သို႕ ျပန္ဠာခဲ့ေလသည္။ ထို႔ေနာက္ ေအာက္ျမန္မာျပည္ ကိုအဂၤလိပ္နယ္ခ်ဲ့တို့ သိမ္းယူျပီး ေျကးဆင္းတု ေတာ္အေျမာက္အမ်ားႏွင့္ ေၾကးအိုး၊ ေျကးခြက္ အစအနပါမက်န္ သိမ္းပိုက္ခဲ့သည္။ ဇလြန္ၿမိဳ႕ ” မာရ္ေအာင္ျမင္ ဘုရား ” ကိုပါ သိမ္းယူၿပီး ဆာဂၽြန္ဆင္ဆိုသူ ကုလားျဖဴဗိုလ္က (ေရႊဆင္) ဆိုေသာ သေဘၤာျဖင့္ တင္ယူသြားခဲ့ပါတယ္။ ဘံုဘိုင္ၿမိဳ႕သို႕ေရာက္ေသာ အခါ ေၾကးဆင္းတုမ်ားကို က်ိဳၿပီး ေၾကးပိုက္ဆံ က်ည္ဆံလုပ္ခဲ့ၾကပါတယ္။

“မာရ္ေအာင္ျမင္ ဆင္းတုေတာ္ ” မွာမူ မီးႏွင့္ႀကိဳရာ အရည္ မေပ်ာ္ပဲ မိုးႀကီးေလႀကီးမ်ား က်ေရာက္ကာ မီးက်ိဳသူ အဂၤလိပ္ ကြ်န္မ်ား (၆၄) ဦး ေသြးအန္ ဝမ္းေလွ်ာ ေသဆံုးကုန္ၾကတယ္ လို႕ ဆိုပါတယ္။ ထိုအခ်ိန္တြင္ ဝိတိုရိယဘုရင္မႀကီးမွာ ေခါင္းကိုက္ ေဝဒနာ ျပင္းထန္စြာ ျဖစ္ၿပီး ေဒါက္တာမ်ား ၊ဆရာဝန္မ်ား ကုသမရပဲ ရွိသျဖင့္ တစ္ညတြင္ ဘံုဘိုင္ရွိ ဗမာဘုရားကို မူလေနရပ္သို႕ ျပန္ပို႕မွ ေရာဂါေပ်ာက္ကင္းမည္ ျပန္မပို႔ပါက နတ္ရြာစံမည္ ဟု…အိမ္မက္ ျမင္မက္သျဖင့္ ဘံုေဘရွိ ဂိုေဒါင္အတြင္းရွာေဖြၿပီး ျမန္မာျပည္ သို႔ ျပန္ပို ႕မွသာ ေရာဂါေပ်ာက္ကင္းသြားသည္ဟု ဆိုခဲ့ ပါတယ္။ထိုေၾကာင့္ ၀ိတိုရီယဘုရင္မၾကီးအမိန့္ အရ ေနရင္းအရပ္ သို့ ျပန္လည္ပို႕ေဆာင္ေပး ခဲ့ေလသည္။

ဟသၤာတ ၿမိဳ႕သူ–ၿမိဳ႕သားမ်ားသည္ ျမစ္စတြင္ ရုပ္ပြားေတာ္ ကို ေတြ႕ျကေသာအခါ အလြန္၀မ္းေျမာက္ကာ “ေပၚေတာ္မူဘုရား” ဟု ဘြဲ႕ေတာ္တြင္ေလျပန္သည္။ ထိုသတင္း ကိုျကားေသာ ဇလြန္ျမိဳ႕ တြင္ေနထိုင္ေသာ ဆရာေတာ္ဦးျဖဴက ေပၚေတာ္မူဘုရားၾကီးကို ဖူးရန္ ဟသၤာတျမိဳ့သို႕ ၾကြေတာ္မူခဲ့ေလ သည္။ ဟသၤာတ ၿမိဳ႕သို့ေရာက္ေသာ ဘုရားဖူးရာ” မာရ္ေအာင္ျမင္ ရုပ္ပြားေတာ္” မွန္းသိေလရာ ဟသၤာတအပိုင္မွ ေၾကးကန္ ဆရာေတာ္ ဘုရား ႏွင့္ ေတြ႕ဆံုညိွႏွုိင္းေလသည္။ ထိုအခါတြင္ ေၾကးကန္ဆရာေတာ္ဘုရား က ဇလြန္ၿမိဳ႕ မာရ္ေအာင္ျမင္ဘုရားဟု မည့္သည့္ အေထာက္အထား ျပနိုင္ သလားဟုေမးရာ ဆရာေတာ္ဦးျဖဴ ကဘုရားရွင္၏ စမၼခဏ္ေတာ္မွာပါရွိေသာ ဂုဏ္ေတာ္ကိုရြတ္ျပရာ တစ္ထပ္တည္း က်ေနျပီး မည္မွ်မျငင္းနိုင္ေတာ့ေပ………

ထိုအခါ တစ္ဖက္ႏွင့္တစ္ဖက္အေခ်တင္ျဖစ္ေနရာ အေရးပိုင္မင္းက ၾကား၀င္ေစ့စပ္ရေတာ့သည္။ ေဖာင္ေတာ္ထက္တြင္ ဘုရားကို ပင့္ေဆာင္ ျပီး ျမစ္လယ္တြင္ ဇလြန္ႏွင့္ ဟသၤာတ သူ႕ဘက္ ကိုယ့္ဘက္ အနိုင္ဆြဲျကေစသည္။

ထိုအခ်ိန္အခါတြင္ ဆရာေတာ္ဦးျဖဴက ဟသၤာတျမိဳ႕ဘက္ ေလွအေရအတြက္မ်ားျပီး ဇလြန္ျမိဳ႕ဘက္က ေလွအေရအတြက္ နည္းေသာလည္း ဇလြန္ျမိဳ႕မွဘုရားအစစ္အမွန္ျဖစ္ပါက ျမတ္စြာဘုရားေပ်ာ္ေမႊ႕ရာ ဘူမိနက္သန္ ဇလြန္ေျမကိုသာ ၿကြေတာ္မူပါရန္တိုင္တည္ပါသည္ဘုရားဟု တိုင္တည္ ခဲ့ေလသည္။ထိုအခါ ေရစုန္တြင္လဲ ဇလြန္ျမိဳ႕ဘက္သာပါျပီး တဖန္ျပန္လည္ဆြဲကာ ေရဆန္ တြင္လဲဇလြန္ျမိဳ႕ဘက္ကိုသာ ပါေပသည္။

ထိုမွစ ဇလြန္သူ ၊ ဇလြန္သား မိမိတို႕ျမိဳ႕မွ မာရ္ေအာင္ျမင္ ျမတ္စြာဘုရားၾကီးသည္ ေနရင္းရပ္သို ႕ ျပန္လည္ၿကြခ်ီလာ ေသာ ေၾကာင့္ အစြဲျပဳကာ ” ဇလြန္မာရ္ေအာင္ျမင္ျပည္ေတာ္ျပန္ ျမတ္စြာဘုရား ” ဟုဘြဲ႕အမည္ျဖင့္ ဟသၤာတၿမိဳ႕အနီး ဇလြန္ၿမိဳ႕ရွိ စံေက်ာင္းေတာ္တြင္ ကိန္းဝပ္စံပါယ္ေတာ္မူလွ်က္ရွိရာ ျပည္နယ္ အရပ္ရပ္မွ ဘုရားဖူးခရီးသည္မ်ားျဖင့္စည္ကားသိုက္ၿမိဳက္လွ်က္
ရွိပါတယ္……..

Credit – xyznews.com

 

Unicodeဖြင့်ဖတ်ရန်

 

ဝိတိုရိယ ဘုရင်မကြီးကိုယ်တိုင် မြန်မာပြည် ပြန်ပို့ခိုင်းရတဲ့ ဇလွန်ပြည်တော်ပြန် ဘုရားသမိုင်း

 

မဟာသက္ကရာဇ် (၁၁၃) ခုနှစ်တွင် သဗ္ဗညုတ မြတ်စွာဘုရားသည် ရခိုင်ပြည့်ရှင် ဘုရင်စန္ဒသူရိယမင်း ပင့်ဖိတ်မှု ကြောင့် ညီတော် အာနန္ဒာနှင့်တကွ ငါးရာသောရဟန္တာများ ခြံရံလျှက်ဓညဝတီသို့ ကောင်းကင် ခရီး မှ ကြွချီတော်မူ ခဲ့ပေသည်။ မြတ်စွာဘုရားရှင် သည်စန္ဒသူရိယမင်း အား မင်းကျင့်တရားဆယ်ပါး နှင့်ဒါနကထာ စသောတရားများ ကိုဟော ကြား တော် မူလေသည်။ တရားတော်ကိုဟောကြားတော်မူ ရသော ပြည်သူပြည်သား များသည်လဲ သူတော်ကောင်းတရားများကို သရဏဂုံဆောက် တည်ကြလေသည်။

မြတ်စွာဘုရားသည် အခြားသောဝေနေယျတို့အား တရားရေအေးတိုက်ကျွေးရန် ဓညဝတီမှ ပြန်လည်ကြွချီရပေမည် ။ စန္ဒသူရိယမင်းသည်လည်း မြတ်စွာဘုရားအားကိုယ်စားတော် ပုံသွင်းကို သွန်းလုပ်ကိုးကွယ်ခွင့်ပြု တောင်းပန်လျှောက်ထားလေ သည်။ မြတ်စွာဘုရားသည်လည်းအသင်ဒါကာ၏ ဆန္ဒကိုလည်းဖြည့်ကာ ငါဘုရား သာသနာတော် အဓွန့်ရှည်ရန် ကိုယ်စားရုပ်ပွားတော် ထားခဲ့ပေအံ့

ဟုခွင့်ပြုတော်မူခဲ့သည်။ ထိုနောက် စန္ဒသူရိယမင်းသည် သီရိဂုဏ် တောင်ပေါ်တွင် ခုနှစ်ရက်တိုင်ခမ်းနားစွာကျင်းပခဲ့လေသည်။ ထိုပွဲကြီးကို စကြာဝဠာအရပ်ရပ်မှ ရောက်ရှိလာကြကုန်သော လူ၊နတ်၊ ဗြဟ္မာ၊သိကြား ပရိသတ်တို့အားလုံးကိုလှူဒါန်းကြသော ရတနာများမှာ (၆၅) တင်းမျှရရှိလေသည်။

ဘုရှားရှင်သည် သိကြားမင်းနှင့် ဝိသကြုံ နတ်သားတို့ကို ခေါ်ယူကာ ငါကိုယ်တော်နှင့် အတိုင်းအရှည် ပမာဏ ညီမျှမှန်ကန် သော ရုပ်ရှင်တော်မြတ်အား သွန်းလုပ်စေ ဟုမိန်ကြားခဲ့လေသည်။ သွန်းလုပ်ပီးသောအခါ ဘုရားရှင်သည် ရင်ငွေ့တော် ခုနှစ်ကြိမ်ပေးခဲ့ သဖြင့် မဟာမုနိဘုရားဟု ဘွဲ့တော်ထင်ရှားခဲ့ပါတယ်။ ကိုယ်စားတော် မဟာမုနိသွန်းလုပ်ပြီး ကြွင်းကျန်သော ကြေး–ငွေ–ရွှေရတနာတို့ကို သွန်းလုပ်ကြရာ (၁) ရှင်ကျော် ၊ (၂) ရွှေဘုံသာ၊ (၃) မာရ်အောင်မြင် …. ဟူသော ရုပ်ပွားတော်ငယ်သုံးဆူ သွန်းလုပ်ကိုးကွယ်ခဲ့ပါတယ်။ ဆင်းတုတော် သုံးဆူအနက်မှ

” ရန်အောင်မြင်ရုပ်ပွားတော် ” မှာ မဟာမုနိရုပ်ပွားတော်၏ လက်ယာ ဘက်တွင် ထားပြီး ကိုးကွယ် ပူဇော်သောကြောင့်” လက်ယာ ရုပ်ပွားတော် ” ဟု ခေါ်တွင်ခဲ့ ပါတယ်။

စန္ဒသူရိယမင်းနတ်ရွာစံပြီးနောက် ခေတ်အဆက်ဆက် ကြာညောင်းသောအခါ သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် အမရပူရ ရွှေနန်းရှင် ဘိုးတော်ဘုရား၏ သားတော်အိမ်ရှေ့မင်းသီဟသူရ လက်ထပ်တွင်ဓညဝတီ ရခိုင်ပြည်ကို သိမ်းယူပြီး(၁) မဟာမုနိ ၊ (၂) ရွှေဘုံသာမုနိ ၊ (၃) မာရ်အောင်မြင်မုနိ ….ဘုရားသုံးဆူကို မင်းနေပြည်တော်တွင် ရဟန်းရှင်လူ၊ပြည်သူတို့ကိုးကွယ်ရန် ပင့်ဆောင်သွားခဲ့ပီး …….ရှင်ကျော်မုနိဘုရား……ကို ဓညဝတီ တွင်ပူဇော်ရန် ထားရစ်တော်မူ ခဲ့လေသည်။

အပြန်လမ်းတစ်လျှောက် ရခိုင်ရိုးမကိုဖြတ်ရာ ပြည်မြို့ အနောက်ဘက်ကမ်း တစ်နေရာတွင် စခန်းချနားခဲ့ရာ ရွာသူရွာသား များမှ ဘုရားတစ်ဆူပေးသနားပါရန် တောင်းဆိုမူကြောင့် “ရွှေဘုံသာမုနိ ဆင်းတုတော်” ကို ကိုးကွယ်ရန်ထားခဲ့လေသည်။ ထိုမှစ ရွာငယ်ကို ရွှေဘုံသာ ရွာ ဟုခေါ်တွင်လေသည်။သို့ဖြင့် ဧရာဝတီဖြစ်ကြောင်းမှ ပင့်ဆောင်လာရာ “မာရ်အောင်မြင်မုနိ ” နှင့်” မဟာမုနိ” နှစ်ဆူတို့ကို ရွှေနန်းတော် တည်ရာ အမရပူရသို့ ပင့်ဆောင်လာသည်။ ရွှေနန်းတော်ကြီး၏ မြောက်ပြင်အရပ်တွင် အုတ်ဂန္ဓကုဋိတိုက်တော် တည်ဆောက်ပြီး “မဟာမုနိရုပ်ရှင်တော်မြတ်” ကို ကိုးကွယ်ထားရှိတော်မူလေသည်။ မာ၇်အောင်မြင်ဘုရားကို နန်းဦးတွင် ကိုးကွယ်ထားရှိသောကြောင့်“ နန်းဦးဘုရား ” ဟု ဘွဲ့တော်ပေးခဲ့ ပြီး မင်းအဆက်ဆက်ကိုးကွယ် ရာ ဆုတောင်းပြည့်ခဲ့သောကြောင့် ” ဆုတောင်းပြည့် ဘုရား ” ဟု ဘွဲ့တော် တစ်ခုထပ်တိုးလေခဲ့ပေသည်။

သက္ကရာဇ် ၁၂၁၄ ခုနှစ် ၊ ပုဂံမင်းလက်ထက် ဇလွန်မြို့သူကြီး ဦးရွှေပွင့်သည် ကျွန်တော်မျိုး အုပ်ချုပ်ရသော ဇလွန်မြို့တွင်တစ်မြို့လုံး လှူဒါန်းသော ရွှေငွေကြေးတို့ဖြင့် ကြေးသွန်းဘုရားတစ်ဆူ ပြုလုပ်ရန် လျှောက်တင်ခဲ့ရာ ပုဂံမင်းတရားကြီးက ခွင့်ပြုတော်မူခဲ့လေသည်။ မြို့သူ–မြို့သားများ ကိုးကွယ်ရန် ရုပ်ပွားတော် တစ်ဆူသွန်းလုပ်ရန် တစ်မြို့လုံး လှူဒါန်း သော ရွှေငွေကြေးသံ တို့ကို (ရန်လွင့်) ခေါ် လှေကြီးနှင့်တင်ပြီး အမရပူရသို့ရောက်ရှိလာပြီး အစ်မဝမ်းကွဲတော်သူ ပုဂံမင်း မိဖုရားကြီးထံ ဝင်ရောက်ခစားကာ ပန်းပဲဖိုဆရာ မောင်မောင်လတ် အား ခေါ်ယူပြီး မိဖုရားကြီးက ရုပ်ထုတော် သွန်းလုပ်စေခဲ့ပါတယ်။

ထိုအချိန်တွင် ပုဂံမင်းနှင့် မင်းတုန်း၊ ကနောင်မင်းတို့ မသင့်မတင့်ဖြစ်ကာ နေပြည်တော်တွင် အရေးအခင်း များပေါ်ပေါက် လာသဖြင့် ဦးရွှေပွင့် သွင်းလုပ်နေသော ရုပ်ပွားတော် သွန်းလုပ်မှုများ မပြီးစီးသဖြင့် ဇလွန်မြို့ အပြန်တွင် နန်းဦးရုပ်ပွားတော်ကို ပင့်ဆောင် သွားပီး မိမိပြုလုပ်ခဲ့သော ရုပ်ပွားတော်ပြီးမှ တမန်တော်များဖြင့် အကြောင်းကြားရန်မှာပြီး ဇလွန်သို့ ပြန်ဠာခဲ့လေသည်။ ထို့နောက် အောက်မြန်မာပြည် ကိုအင်္ဂလိပ်နယ်ချဲ့တို့ သိမ်းယူပြီး ကြေးဆင်းတု တော်အမြောက်အများနှင့် ကြေးအိုး၊ ကြေးခွက် အစအနပါမကျန် သိမ်းပိုက်ခဲ့သည်။ ဇလွန်မြို့ ” မာရ်အောင်မြင် ဘုရား ” ကိုပါ သိမ်းယူပြီး ဆာဂျွန်ဆင်ဆိုသူ ကုလားဖြူဗိုလ်က (ရွှေဆင်) ဆိုသော သင်္ဘောဖြင့် တင်ယူသွားခဲ့ပါတယ်။ ဘုံဘိုင်မြို့သို့ရောက်သော အခါ ကြေးဆင်းတုများကို ကျိုပြီး ကြေးပိုက်ဆံ ကျည်ဆံလုပ်ခဲ့ကြပါတယ်။

“မာရ်အောင်မြင် ဆင်းတုတော် ” မှာမူ မီးနှင့်ကြိုရာ အရည် မပျော်ပဲ မိုးကြီးလေကြီးများ ကျရောက်ကာ မီးကျိုသူ အင်္ဂလိပ် ကျွန်များ (၆၄) ဦး သွေးအန် ဝမ်းလျှော သေဆုံးကုန်ကြတယ် လို့ ဆိုပါတယ်။ ထိုအချိန်တွင် ဝိတိုရိယဘုရင်မကြီးမှာ ခေါင်းကိုက် ဝေဒနာ ပြင်းထန်စွာ ဖြစ်ပြီး ဒေါက်တာများ ၊ဆရာဝန်များ ကုသမရပဲ ရှိသဖြင့် တစ်ညတွင် ဘုံဘိုင်ရှိ ဗမာဘုရားကို မူလနေရပ်သို့ ပြန်ပို့မှ ရောဂါပျောက်ကင်းမည် ပြန်မပို့ပါက နတ်ရွာစံမည် ဟု…အိမ်မက် မြင်မက်သဖြင့် ဘုံဘေရှိ ဂိုဒေါင်အတွင်းရှာဖွေပြီး မြန်မာပြည် သို့ ပြန်ပို့မှသာ ရောဂါပျောက်ကင်းသွားသည်ဟု ဆိုခဲ့ ပါတယ်။ထိုကြောင့် ဝိတိုရီယဘုရင်မကြီးအမိန့် အရ နေရင်းအရပ် သို့ ပြန်လည်ပို့ဆောင်ပေး ခဲ့လေသည်။

ဟင်္သာတ မြို့သူ–မြို့သားများသည် မြစ်စတွင် ရုပ်ပွားတော် ကို တွေ့ကြသောအခါ အလွန်ဝမ်းမြောက်ကာ “ပေါ်တော်မူဘုရား” ဟု ဘွဲ့တော်တွင်လေပြန်သည်။ ထိုသတင်း ကိုကြားသော ဇလွန်မြို့ တွင်နေထိုင်သော ဆရာတော်ဦးဖြူက ပေါ်တော်မူဘုရားကြီးကို ဖူးရန် ဟင်္သာတမြို့သို့ ကြွတော်မူခဲ့လေ သည်။ ဟင်္သာတ မြို့သို့ရောက်သော ဘုရားဖူးရာ” မာရ်အောင်မြင် ရုပ်ပွားတော်” မှန်းသိလေရာ ဟင်္သာတအပိုင်မှ ကြေးကန် ဆရာတော် ဘုရား နှင့် တွေ့ဆုံညှိနှိုင်းလေသည်။ ထိုအခါတွင် ကြေးကန်ဆရာတော်ဘုရား က ဇလွန်မြို့ မာရ်အောင်မြင်ဘုရားဟု မည့်သည့် အထောက်အထား ပြနိုင် သလားဟုမေးရာ ဆရာတော်ဦးဖြူ ကဘုရားရှင်၏ စမ္မခဏ်တော်မှာပါရှိသော ဂုဏ်တော်ကိုရွတ်ပြရာ တစ်ထပ်တည်း ကျနေပြီး မည်မျှမငြင်းနိုင်တော့ပေ………

ထိုအခါ တစ်ဖက်နှင့်တစ်ဖက်အချေတင်ဖြစ်နေရာ အရေးပိုင်မင်းက ကြားဝင်စေ့စပ်ရတော့သည်။ ဖောင်တော်ထက်တွင် ဘုရားကို ပင့်ဆောင် ပြီး မြစ်လယ်တွင် ဇလွန်နှင့် ဟင်္သာတ သူ့ဘက် ကိုယ့်ဘက် အနိုင်ဆွဲကြစေသည်။

ထိုအချိန်အခါတွင် ဆရာတော်ဦးဖြူက ဟင်္သာတမြို့ဘက် လှေအရေအတွက်များပြီး ဇလွန်မြို့ဘက်က လှေအရေအတွက် နည်းသောလည်း ဇလွန်မြို့မှဘုရားအစစ်အမှန်ဖြစ်ပါက မြတ်စွာဘုရားပျော်မွှေ့ရာ ဘူမိနက်သန် ဇလွန်မြေကိုသာ ကြွတော်မူပါရန်တိုင်တည်ပါသည်ဘုရားဟု တိုင်တည် ခဲ့လေသည်။ထိုအခါ ရေစုန်တွင်လဲ ဇလွန်မြို့ဘက်သာပါပြီး တဖန်ပြန်လည်ဆွဲကာ ရေဆန် တွင်လဲဇလွန်မြို့ဘက်ကိုသာ ပါပေသည်။

ထိုမှစ ဇလွန်သူ ၊ ဇလွန်သား မိမိတို့မြို့မှ မာရ်အောင်မြင် မြတ်စွာဘုရားကြီးသည် နေရင်းရပ်သို့ ပြန်လည်ကြွချီလာ သော ကြောင့် အစွဲပြုကာ ” ဇလွန်မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရား ” ဟုဘွဲ့အမည်ဖြင့် ဟင်္သာတမြို့အနီး ဇလွန်မြို့ရှိ စံကျောင်းတော်တွင် ကိန်းဝပ်စံပါယ်တော်မူလျှက်ရှိရာ ပြည်နယ် အရပ်ရပ်မှ ဘုရားဖူးခရီးသည်များဖြင့်စည်ကားသိုက်မြိုက်လျှက်
ရှိပါတယ်……..

Credit – xyznews.com