Zawgyiျဖင့္ဖတ္ရန္

 

အျမဲ​ေနာက္​က်တတ္​တဲ့ သူငယ္​ခ်င္​း​ေတြ႐ွိရင္​​ေတာ့ အခုထြက္​​ေပၚလာတဲ့ သု​ေတသနစစ္​တမ္​းက​ တကယ္​ကုိမဂၤလာ႐ွိမွာပါ။ ​ေနာက္​က်တဲ့အက်င္​့ကို​ေတာ့ လက္​႐ွိလူမႈအသိုင္​းအဝိုင္​းနဲ႔ လုပ္​ငန္​းခြင္​မွာ ဘယ္​သူမွမႏွစ္​သက္​တာ​ေတာ့အမွန္​ပါပဲ။ အလုပ္​​ခ်ိန္​ေ​နာက္​က်တာ၊ ႐ုံး​ေနာက္​က်တာ၊ အ​ေရးႀကီး အစည္​းအ​ေ၀း​ေနာက္​က်တာ၊ ​ေတြက လူမႈအျမင္​အရ​ေတာ့ ​ေလးစားမႈ က်င္​့ဝတ္​အားနည္​းတယ္​၊ စည္​းကမ္​းမဲ့တယ္​လို႔ ဆံုးျဖတ္ခံရ​ေလ့ရွိပါတယ္​။ ကိုယ္​့နာမည္​နဲ႔ ပံုရိပ္​ကိုထိခိုက္​​ေစတာပါ။

သု​ေတသီ​ေတြဟာ ဘယ္​​ေတာ့မွ အခ်ိန္​မီမ​ေရာက္​တတ္​သူ​ေတြဟာ ပင္​ကိုဗီဇအရ Type-B အမ်ိဳးအစားလူသား​ေတြလို႔ သတ္​မွတ္​ၿပီး အျမဲအခ်ိန္​တိက်ၿပီး အခ်ိန္​မွန္​​ေရာက္​​ေလ့႐ွိသူ​ေတြကုိ Type-A လို႔ သတ္​မွတ္​ပါတယ္​။​ေလ့လာခ်က္​အရ Type-B သမား​ေတြဟာ အ​ေကာင္​းျမင္​တဲ့ စိတ္အခံ​ပိုမ်ားသလို အခ်ိန္​​ေတြကိုခပ္​​ေႏွး​ေႏွးသာသြား​ေနတယ္​လို႔ ခံစားရသူ​ေတြျဖစ္​ပါတယ္​။ ​ေနာက္​တစ္​ခ်က္​က အလုပ္​မ်ားမ်ားကိုတစ္​ၿပိဳင္​နက္​တည္​းအာရံုစိုက္​လုပ္​​ေဆာင္​ႏို္​င္​သူ​ေတြျဖစ္​ပါတယ္​တဲ့။ ဖန္​တီးမႈစြမ္​းပကား​ေကာင္​းတယ္​။ ဒါ​ေၾကာင္​့လဲ ​ေအာင္​ျမင္​တဲ့ဘဝကို ပိုင္​ဆိုင္​ဖို႔အခြင္​့လမ္​းမ်ားတယ္​လို႔ ဆိုတာပါ။

Type A သမားနဲ႔ ယွဥ္​ၾကည္​့ရင္​​ေတာ့ အရာရာမွာ အခ်္ိန္​အတိ​အက် ​ေရာက္​​ရွိ​ေလ့႐ွိသူ​ေတြျဖစ္​​ေနတဲ့အခါ သူတို႔ရဲ႕သဘာဝက အခ်ိန္​ကိုခပ္​ျမန္​ျမန္​သြား​ေနတယ္​လို႔ယူဆၿပီး စိုးရိမ္​စိတ္​ကဲၾကပါတယ္​။ ဒါ​ေၾကာင္​့ အခ်ိန္​မီ​ေရာက္​ဖို႔သာစိတ္​္​မ်ား​ေနသူ​ Type-A ​ေတြထက္​ Type-B ဆရာသမား​ေ​တြက ပိုၿပီးလြတ္​လပ္​​ေပါ့ပါးလို႔ ​စိတ္​ေ​ပ်ာ္​ရၸင္​ၾကရပါတယ္​။

ဟားဗက္​​ေဆးသိပၸံ​ေက်ာင္​းရဲ႕​ေထာက္​ခံခ်က္​အရ အ​ေကာင္​းျမင္​စိတ္​ထား႐ွိသူ၊ ပင္​ကိုယ္​စ႐ိုက္​အရ ​ေပ်ာ္​​ေပ်ာ္​​ေနလြယ္​တတ္​သူ​ေတြဟာ အသက္​ပို႐ွည္​ၾကပါတယ္​လို႔ ဆိုပါတယ္​။ Type-B ​ေတြက အခ်ိန္​ကို​ျဖည္​းျဖည္​း​ေႏွး​ေႏွးသာ​ေရြ႕လ်ား​ေနတယ္​လို႔ခံစားရတာ​ေၾကာင္​့ အခ်ိန္​စီမံခန္​႔ခြဲမႈမွာကို အ​ေကာင္​းျမင္​စြာ႐ွိၾကသူ​ေတြျဖစ္​ပါတယ္​။ ဒါ​ေၾကာင္​့ Type-B သမား​ေတြက အသက္​ပို႐ွည္​ႏိူင္​တယ္​လို႔ဆိုလိုရျခင္​းပါပဲ။

Credit:ZAW (H2H)

 

Unicodeဖြင့်ဖတ်ရန်

 

အမြဲနောက်ကျတတ်သူတွေက အသက်ပိုရှည်ပြီး ဘဝမှာပိုအောင်မြင်နိုင်

 

အမြဲနောက်ကျတတ်တဲ့ သူငယ်ချင်းတွေရှိရင်တော့ အခုထွက်ပေါ်လာတဲ့ သုတေသနစစ်တမ်းက တကယ်ကိုမင်္ဂလာရှိမှာပါ။ နောက်ကျတဲ့အကျင့်ကိုတော့ လက်ရှိလူမှုအသိုင်းအဝိုင်းနဲ့ လုပ်ငန်းခွင်မှာ ဘယ်သူမှမနှစ်သက်တာတော့အမှန်ပါပဲ။ အလုပ်ချိန်နောက်ကျတာ၊ ရုံးနောက်ကျတာ၊ အရေးကြီး အစည်းအဝေးနောက်ကျတာ၊ တွေက လူမှုအမြင်အရတော့ လေးစားမှု ကျင့်ဝတ်အားနည်းတယ်၊ စည်းကမ်းမဲ့တယ်လို့ ဆုံးဖြတ်ခံရလေ့ရှိပါတယ်။ ကိုယ့်နာမည်နဲ့ ပုံရိပ်ကိုထိခိုက်စေတာပါ။

သုတေသီတွေဟာ ဘယ်တော့မှ အချိန်မီမရောက်တတ်သူတွေဟာ ပင်ကိုဗီဇအရ Type-B အမျိုးအစားလူသားတွေလို့ သတ်မှတ်ပြီး အမြဲအချိန်တိကျပြီး အချိန်မှန်ရောက်လေ့ရှိသူတွေကို Type-A လို့ သတ်မှတ်ပါတယ်။လေ့လာချက်အရ Type-B သမားတွေဟာ အကောင်းမြင်တဲ့ စိတ်အခံပိုများသလို အချိန်တွေကိုခပ်နှေးနှေးသာသွားနေတယ်လို့ ခံစားရသူတွေဖြစ်ပါတယ်။ နောက်တစ်ချက်က အလုပ်များများကိုတစ်ပြိုင်နက်တည်းအာရုံစိုက်လုပ်ဆောင်နိုင်သူတွေဖြစ်ပါတယ်တဲ့။ ဖန်တီးမှုစွမ်းပကားကောင်းတယ်။ ဒါကြောင့်လဲ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ဖို့အခွင့်လမ်းများတယ်လို့ ဆိုတာပါ။

Type A သမားနဲ့ ယှဉ်ကြည့်ရင်တော့ အရာရာမှာ အချိန်အတိအကျ ရောက်ရှိလေ့ရှိသူတွေဖြစ်နေတဲ့အခါ သူတို့ရဲ့သဘာဝက အချိန်ကိုခပ်မြန်မြန်သွားနေတယ်လို့ယူဆပြီး စိုးရိမ်စိတ်ကဲကြပါတယ်။ ဒါကြောင့် အချိန်မီရောက်ဖို့သာစိတ်များနေသူ Type-A တွေထက် Type-B ဆရာသမားတွေက ပိုပြီးလွတ်လပ်ပေါ့ပါးလို့ စိတ်ပျော်ရ္ပင်ကြရပါတယ်။

ဟားဗက်ဆေးသိပ္ပံကျောင်းရဲ့ထောက်ခံချက်အရ အကောင်းမြင်စိတ်ထားရှိသူ၊ ပင်ကိုယ်စရိုက်အရ ပျော်ပျော်နေလွယ်တတ်သူတွေဟာ အသက်ပိုရှည်ကြပါတယ်လို့ ဆိုပါတယ်။ Type-B တွေက အချိန်ကိုဖြည်းဖြည်းနှေးနှေးသာရွေ့လျားနေတယ်လို့ခံစားရတာကြောင့် အချိန်စီမံခန့်ခွဲမှုမှာကို အကောင်းမြင်စွာရှိကြသူတွေဖြစ်ပါတယ်။ ဒါကြောင့် Type-B သမားတွေက အသက်ပိုရှည်နိူင်တယ်လို့ဆိုလိုရခြင်းပါပဲ။

Credit:ZAW (H2H)