Zawgyiျဖင့္ဖတ္ရန္

 

ဇန္နဝါရီလ

ဇန္နဝါရီလမွာ ခရီးသြားသင့္တဲ့ေနရာကေတာ့ ရခိုင္ျပည္နယ္ထဲက ေျမာက္ဦးၿမိဳ႕ပါပဲ။ ေျမာက္ဦးၿမိဳ႕ဟာ ေရွးေဟာင္း သုေတသနလုပ္ငန္းအတြက္လည္း အေရးပါတဲ့ ေနရာတေနရာျဖစ္သလို ရႈမၿငီးႏိုင္တဲ့ ေစတီပုထိုးေတြကိုလည္း ဖူးေျမာ္ႏိုင္မွာပဲျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ

တ႐ုတ္ႏွစ္သစ္ကူးအခ်ိန္ျဖစ္တဲ့ ေဖေဖာ္ဝါရီလမွာဆိုရင္ေတာ့ လူႀကိဳက္မ်ားတဲ့ေနရာမ်ိဳးေတြကို မလည္ပတ္သင့္ဘဲ အစားအေသာက္အလြန္ေကာင္းတဲ့ ရွမ္းျပည္ေျမာက္ပိုင္းက သီေပါနဲ႔ ေက်ာက္မဲၿမိဳ႕ေတြကို ခရီးထြက္သင့္ပါတယ္။ ေက်း႐ြာေတြမွာေနထိုင္ၾကတဲ့ ရွမ္းလူမ်ိဳးေတြရဲ႕ ဓေလ့ထုံးစံေတြကို ထိေတြ႕ခြင့္ရမွာျဖစ္သလို နာမည္ေက်ာ္ ဂုတ္ထိပ္တံတားရဲ႕ အလွအပကိုလည္း ျမင္ေတြ႕ႏိုင္မွာ ျဖစ္ပါတယ္။

မတ္လ

မတ္လေလာက္ဆိုရင္ေတာ့ ရာသီဥတုက ပူျပင္းေျခာက္ေသြ႕လာၿပီျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသေတြျဖစ္တဲ့ ထားဝယ္ ဒါမွမဟုတ္လည္း ၿမိတ္ၿမိဳ႕ေတြကို အလည္သြားသင့္ပါတယ္။ အဲဒီၿမိဳ႕ေတြမွာဆိုရင္ေတာ့ ကိုလိုနီေခတ္က အေဆာက္အဦးေတြကို ေလ့လာႏိုင္မွာျဖစ္သလို ၿမိတ္ကြၽန္းစုထဲက သဲကႏၲာရကြၽန္းေတြဆီကိုလည္း အလည္အပတ္ သြားႏိုင္ပါတယ္။

ဧၿပီလ

ၾသကၤန္ပြဲေတာ္က်င္းပတဲ့ ဧၿပီလမွာဆိုရင္ေတာ့ လူေတြက ေရသဘင္ပြဲေတာ္ကိုဆင္ႏႊဲဖို႔ တာစူေနၾကၿပီ ျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕ မွာဆိုရင္ေတာ့ ေရသဘင္ပြဲေတာ္ကို အႀကီးအက်ယ္ဆင္ႏႊဲၾကၿပီး ဇိမ္ခံ ဟိုတယ္ႀကီးေတြကလည္း အၿပိဳင္အဆိုင္ဝန္ေဆာင္မႈေတြ ေပးလာၾကပါၿပီ။

ေမလ

ျမန္မာႏိုင္ငံရဲ႕ အပူဆုံးလတလျဖစ္တဲ့ ေမလမွာဆိုရင္ေတာ့ လူေတြက ေငြေဆာင္နဲ႔ ငပလီလိုေနရာမ်ိဳးေတြကိုခရီးထြက္ဖို႔ ဆႏၵရွိၾကပါတယ္။ ဒါေပမယ့္ လူသိေနေသးတဲ့ေနရာေတြလည္း ရွိပါသးတယ္။ အဲဒီေနရာေတြကေတာ့ ဂြၿမိဳ႕နဲ႔ ကန္သာယာကမ္းေျခပါပဲ။ ကန္သာယာကမ္းေျခကေတာ့ ရခိုင္ျပည္နယ္ရဲ႕ၿမိဳ႕ငယ္ေလးတၿမိဳ႕ျဖစ္တဲ့ ဂြၿမိဳ႕ေျမာက္ပိုင္းမွာ ရွိၿပီး ဂြၿမိဳ႕ကေန ၁၆ မိုင္ ပဲေဝးပါတယ္။

ဇြန္လ

မိုး႐ြာစျပဳလာၿပီျဖစ္တဲ့ ဇြန္လမွာဆိုရင္ေတာ့ ရွမ္းျပည္နယ္အေရွ႕ပိုင္းက က်ိဳင္းတုံၿမိဳ႕ကို ခရီးသြားတာက အေကာင္းဆုံးပါပဲ။ အဲဒီမွာဆိုရင္ေတာ့ ရွမ္း႐ိုးမေတာင္တန္းေတြေပၚမွာ ေနထိုင္ၾကတဲ့ အာခါလူမ်ိဳးနဲ႔ ပေလာင္လူမ်ိဳးေတြေနထိုင္ၾကတဲ့ ေက်း႐ြာေတြဆီ အလည္အပတ္သြားေရာက္ႏိုင္ပါတယ္။

ဇူလိုင္လ

ဇူလိုင္လမွာဆိုရင္ေတာ့ ျမန္မာႏိုင္ငံအပူပိုင္းေဒသရဲ႕ၿမိဳ႕တၿမိဳ႕ျဖစ္တဲ့ စေလၿမိဳ႕ကို အလည္သြားသင့္ပါတယ္။ စေလၿမိဳ႕မွာ ဆိုရင္ေတာ့ ကိုလိုနီလက္ထက္အိမ္ေတြကိုျမင္ေတြ႕ႏိုင္မွာျဖစ္သလို သစ္သားနဲ႔တည္ေဆာက္ထားတဲ့ ဘုန္းေတာ္ႀကီး ေက်ာင္းေတြကိုလည္း ေလ့လာႏိုင္ပါတယ္။ ျမစ္ကမ္းနံေဘးထိုင္ေငးႏိုင္သလို ကြၽဲ႐ြာနဲ႔ အိုး႐ြာေတြကိုလည္း သြားေရာက္လည္ပတ္ႏိုင္ပါတယ္။

ၾသဂုတ္လ

ၾသဂုတ္လမွာဆိုရင္ေတာ့ အင္းေလးေတာင္ပိုင္းက Samkar ကန္ကို အလည္အပတ္သြားသင့္ပါတယ္။ အဲဒီေနရာကေတာ့ တကယ့္ကို တိတ္ဆိတ္ေအးခ်မ္းတဲ့ ေနရာတေနရာျဖစ္ၿပီး ခရီးသြား ရာသီမေရာက္ခင္ေလးတင္ပဲ အင္းေလးကန္ကို သြားေရာက္လည္ပတ္ဖို႔အတြက္ အႀကံေကာင္းေတြ ရႏိုင္ပါေသးတယ္။

စက္တင္ဘာလ

စက္တင္ဘာ လမွာဆိုရင္ေတာ့ ကရင္ျပည္နယ္ကိုသြားလည္တာက အေကာင္းဆုံးပါပဲ။ ဧရာဝတီထက္ပိုၿပီးၾကည့္လို႔ ေကာင္းတဲ့ သံလြင္ျမစ္ကိုလည္း ျမင္ႏိုင္သလို အေပါ့စားေလွငယ္မ်ိဳးျဖစ္တဲ့ Kayak ေလွတစင္းနဲ႔လည္း သံလြင္ျမစ္ထဲ လည္ပတ္ႏိုင္ပါတယ္။

ေအာက္တိုဘာလ

ေအာက္တိုဘာလကေတာ့ ခရီးသြားရာသီပါပဲ။ ဒီလမွာဆိုရင္ေတာ့ အင္းေလးေဖာင္ေတာ္ဦးပြဲတာ္ကိုလည္း က်င္းပေနပါၿပီ။ အင္းေလးေဖာင္ေတာ္ဦးပြဲေတာ္ကိုေတာ့ စက္တင္ဘာ၂၉ ရက္ ကေန ေအာက္တိုဘာ ၁၆ ရက္ေန႔အထိက်င္းပပါတယ္။ ဒီလထဲမွာပဲ ေက်ာက္ဆည္မွာလည္း ဆင္အကပြဲေတာ္က်င္းပသလို မေကြး ၊ျမသလြန္ဘုရားပြဲလည္း ရွိပါေသးတယ္။

ေက်ာက္ဆည္ဆင္ အကပြဲေတာ္ကိုေတာ့ ေအာက္တိုဘာ ၁၂ ရက္ကေန ၁၄ ရက္ေန႔အထိ က်င္းပေလ့ရွိၿပီး မေကြး ၊ျမသလြန္ပြဲေတာ္ကိုေတာ့ အခုလာမယ့္ ေအာက္တိုဘာ ၆ ရက္ေလာက္ကေန ၂၄ ရက္ေန႔အထိ က်င္းပမွာပဲျဖစ္ပါတယ္။

ႏိုဝင္ဘာလ

ဒီအခ်ိန္ကေတာ့ စြန႔္စားခန္းလိုခရီးမ်ိဳး ထြက္တာအေကာင္းဆုံးပါပဲ။ ရွမ္းျပည္အေရွ႕ပိုင္းကို ကားေမာင္းသြားႏိုင္သလို ဆိုင္ကယ္တစီးနဲ႔ ခ်င္းေတာင္တက္တာ အေကာင္းဆုံးပါပဲ။ ဒီႏွစ္ခုထဲက တခုခုကို ေ႐ြးခ်ယ္သင့္ပါတယ္။

ဒီဇင္ဘာလ

ဒီဇင္ဘာလ ေရာက္လာရင္ေတာ့ မြန္ျပည္နယ္က က်ိဳက္ထီး႐ိုးေစတီကို သြားတာကသာ အေကာင္းဆုံးပါပဲ။ ေနာက္ထပ္တေနရာကေတာ့ ျမန္မာႏိုင္ငံမွာ နာမည္ႀကီးတဲ့ ဦးနာေအာက္႐ြာကို အလည္အပတ္သြားတာပါပဲ။ အဲဒီ႐ြာမွဆိုရင္ေတာ့ ထင္ရွားတဲ့ ျမန္မာႏိုင္ငံက ဘုန္းေတာ္ႀကီးေက်ာင္းေတြကို ေတြ႕ရွိႏိုင္ပါတယ္။

ဒီစာရင္းကိုျပဳစုခဲ့တဲ့ Edwin Briels ဆိုသူကေတာ့ ျမန္မာႏိုင္ငံမွာ ၁၅ ႏွစ္ၾကာခရီးသြားလာခဲ့ၿပီး သူ႔ အေတြ႕အႀကဳံေတြကို ျပန္လည္မွ်ေဝထားတာပဲ ျဖစ္ပါတယ္။

Ref : myanmore

Credit – Irrawady

 

Unicodeဖြင့်ဖတ်ရန်

 

လအလိုက် ခရီးထွက်သင့်တဲ့ မြန်မာနိုင်ငံက ဒေသများ

 

ဇန်နဝါရီလ

ဇန်နဝါရီလမှာ ခရီးသွားသင့်တဲ့နေရာကတော့ ရခိုင်ပြည်နယ်ထဲက မြောက်ဦးမြို့ပါပဲ။ မြောက်ဦးမြို့ဟာ ရှေးဟောင်း သုတေသနလုပ်ငန်းအတွက်လည်း အရေးပါတဲ့ နေရာတနေရာဖြစ်သလို ရှုမငြီးနိုင်တဲ့ စေတီပုထိုးတွေကိုလည်း ဖူးမြော်နိုင်မှာပဲဖြစ်ပါတယ်။

ဖေဖော်ဝါရီလ

တရုတ်နှစ်သစ်ကူးအချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလမှာဆိုရင်တော့ လူကြိုက်များတဲ့နေရာမျိုးတွေကို မလည်ပတ်သင့်ဘဲ အစားအသောက်အလွန်ကောင်းတဲ့ ရှမ်းပြည်မြောက်ပိုင်းက သီပေါနဲ့ ကျောက်မဲမြို့တွေကို ခရီးထွက်သင့်ပါတယ်။ ကျေးရွာတွေမှာနေထိုင်ကြတဲ့ ရှမ်းလူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေကို ထိတွေ့ခွင့်ရမှာဖြစ်သလို နာမည်ကျော် ဂုတ်ထိပ်တံတားရဲ့ အလှအပကိုလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

မတ်လ

မတ်လလောက်ဆိုရင်တော့ ရာသီဥတုက ပူပြင်းခြောက်သွေ့လာပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ ထားဝယ် ဒါမှမဟုတ်လည်း မြိတ်မြို့တွေကို အလည်သွားသင့်ပါတယ်။ အဲဒီမြို့တွေမှာဆိုရင်တော့ ကိုလိုနီခေတ်က အဆောက်အဦးတွေကို လေ့လာနိုင်မှာဖြစ်သလို မြိတ်ကျွန်းစုထဲက သဲကန္တာရကျွန်းတွေဆီကိုလည်း အလည်အပတ် သွားနိုင်ပါတယ်။

ဧပြီလ

သြင်္ကန်ပွဲတော်ကျင်းပတဲ့ ဧပြီလမှာဆိုရင်တော့ လူတွေက ရေသဘင်ပွဲတော်ကိုဆင်နွှဲဖို့ တာစူနေကြပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့ မှာဆိုရင်တော့ ရေသဘင်ပွဲတော်ကို အကြီးအကျယ်ဆင်နွှဲကြပြီး ဇိမ်ခံ ဟိုတယ်ကြီးတွေကလည်း အပြိုင်အဆိုင်ဝန်ဆောင်မှုတွေ ပေးလာကြပါပြီ။

မေလ

မြန်မာနိုင်ငံရဲ့ အပူဆုံးလတလဖြစ်တဲ့ မေလမှာဆိုရင်တော့ လူတွေက ငွေဆောင်နဲ့ ငပလီလိုနေရာမျိုးတွေကိုခရီးထွက်ဖို့ ဆန္ဒရှိကြပါတယ်။ ဒါပေမယ့် လူသိနေသေးတဲ့နေရာတွေလည်း ရှိပါသးတယ်။ အဲဒီနေရာတွေကတော့ ဂွမြို့နဲ့ ကန်သာယာကမ်းခြေပါပဲ။ ကန်သာယာကမ်းခြေကတော့ ရခိုင်ပြည်နယ်ရဲ့မြို့ငယ်လေးတမြို့ဖြစ်တဲ့ ဂွမြို့မြောက်ပိုင်းမှာ ရှိပြီး ဂွမြို့ကနေ ၁၆ မိုင် ပဲဝေးပါတယ်။

ဇွန်လ

မိုးရွာစပြုလာပြီဖြစ်တဲ့ ဇွန်လမှာဆိုရင်တော့ ရှမ်းပြည်နယ်အရှေ့ပိုင်းက ကျိုင်းတုံမြို့ကို ခရီးသွားတာက အကောင်းဆုံးပါပဲ။ အဲဒီမှာဆိုရင်တော့ ရှမ်းရိုးမတောင်တန်းတွေပေါ်မှာ နေထိုင်ကြတဲ့ အာခါလူမျိုးနဲ့ ပလောင်လူမျိုးတွေနေထိုင်ကြတဲ့ ကျေးရွာတွေဆီ အလည်အပတ်သွားရောက်နိုင်ပါတယ်။

ဇူလိုင်လ

ဇူလိုင်လမှာဆိုရင်တော့ မြန်မာနိုင်ငံအပူပိုင်းဒေသရဲ့မြို့တမြို့ဖြစ်တဲ့ စလေမြို့ကို အလည်သွားသင့်ပါတယ်။ စလေမြို့မှာ ဆိုရင်တော့ ကိုလိုနီလက်ထက်အိမ်တွေကိုမြင်တွေ့နိုင်မှာဖြစ်သလို သစ်သားနဲ့တည်ဆောက်ထားတဲ့ ဘုန်းတော်ကြီး ကျောင်းတွေကိုလည်း လေ့လာနိုင်ပါတယ်။ မြစ်ကမ်းနံဘေးထိုင်ငေးနိုင်သလို ကျွဲရွာနဲ့ အိုးရွာတွေကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။

သြဂုတ်လ

သြဂုတ်လမှာဆိုရင်တော့ အင်းလေးတောင်ပိုင်းက Samkar ကန်ကို အလည်အပတ်သွားသင့်ပါတယ်။ အဲဒီနေရာကတော့ တကယ့်ကို တိတ်ဆိတ်အေးချမ်းတဲ့ နေရာတနေရာဖြစ်ပြီး ခရီးသွား ရာသီမရောက်ခင်လေးတင်ပဲ အင်းလေးကန်ကို သွားရောက်လည်ပတ်ဖို့အတွက် အကြံကောင်းတွေ ရနိုင်ပါသေးတယ်။

စက်တင်ဘာလ

စက်တင်ဘာ လမှာဆိုရင်တော့ ကရင်ပြည်နယ်ကိုသွားလည်တာက အကောင်းဆုံးပါပဲ။ ဧရာဝတီထက်ပိုပြီးကြည့်လို့ ကောင်းတဲ့ သံလွင်မြစ်ကိုလည်း မြင်နိုင်သလို အပေါ့စားလှေငယ်မျိုးဖြစ်တဲ့ Kayak လှေတစင်းနဲ့လည်း သံလွင်မြစ်ထဲ လည်ပတ်နိုင်ပါတယ်။

အောက်တိုဘာလ

အောက်တိုဘာလကတော့ ခရီးသွားရာသီပါပဲ။ ဒီလမှာဆိုရင်တော့ အင်းလေးဖောင်တော်ဦးပွဲတာ်ကိုလည်း ကျင်းပနေပါပြီ။ အင်းလေးဖောင်တော်ဦးပွဲတော်ကိုတော့ စက်တင်ဘာ၂၉ ရက် ကနေ အောက်တိုဘာ ၁၆ ရက်နေ့အထိကျင်းပပါတယ်။ ဒီလထဲမှာပဲ ကျောက်ဆည်မှာလည်း ဆင်အကပွဲတော်ကျင်းပသလို မကွေး ၊မြသလွန်ဘုရားပွဲလည်း ရှိပါသေးတယ်။

ကျောက်ဆည်ဆင် အကပွဲတော်ကိုတော့ အောက်တိုဘာ ၁၂ ရက်ကနေ ၁၄ ရက်နေ့အထိ ကျင်းပလေ့ရှိပြီး မကွေး ၊မြသလွန်ပွဲတော်ကိုတော့ အခုလာမယ့် အောက်တိုဘာ ၆ ရက်လောက်ကနေ ၂၄ ရက်နေ့အထိ ကျင်းပမှာပဲဖြစ်ပါတယ်။

နိုဝင်ဘာလ

ဒီအချိန်ကတော့ စွန့်စားခန်းလိုခရီးမျိုး ထွက်တာအကောင်းဆုံးပါပဲ။ ရှမ်းပြည်အရှေ့ပိုင်းကို ကားမောင်းသွားနိုင်သလို ဆိုင်ကယ်တစီးနဲ့ ချင်းတောင်တက်တာ အကောင်းဆုံးပါပဲ။ ဒီနှစ်ခုထဲက တခုခုကို ရွေးချယ်သင့်ပါတယ်။

ဒီဇင်ဘာလ

ဒီဇင်ဘာလ ရောက်လာရင်တော့ မွန်ပြည်နယ်က ကျိုက်ထီးရိုးစေတီကို သွားတာကသာ အကောင်းဆုံးပါပဲ။ နောက်ထပ်တနေရာကတော့ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ ဦးနာအောက်ရွာကို အလည်အပတ်သွားတာပါပဲ။ အဲဒီရွာမှဆိုရင်တော့ ထင်ရှားတဲ့ မြန်မာနိုင်ငံက ဘုန်းတော်ကြီးကျောင်းတွေကို တွေ့ရှိနိုင်ပါတယ်။

ဒီစာရင်းကိုပြုစုခဲ့တဲ့ Edwin Briels ဆိုသူကတော့ မြန်မာနိုင်ငံမှာ ၁၅ နှစ်ကြာခရီးသွားလာခဲ့ပြီး သူ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်။

Ref : myanmore

Credit – Irrawady