Zawgyiျဖင့္ဖတ္ရန္

 

ဒီကေန႔မွာေတာ့ ျမန္မာႏိုင္ငံအတြင္းမွာသာမက ျပည္ပႏိုင္ငံေတြမွာပါ အႏုပညာလႈပ္ရွားမႈေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ျပဳလုပ္ေ္နၿပီး ေအာင္ျမင္မႈေတြလည္း ရရွိေနတဲ့ ျမန္မာႏိုင္ငံသားအႏုပညာရွင္ေတြကို ေဖၚျပေပးလိုက္ပါတယ္။

ျဖဴျဖဴေက်ာ္သိန္း

သူမကေတာ့ အသံပါဝါေကာင္းေကာင္းနဲ႔ ထူးျခားတဲ့ အသံကို ပိုင္ဆိုင္ထားတဲ့အျပင္ အမိုက္စား တင္ဆက္မႈေတြနဲ႔ ပရိိသတ္ေတြကို ဖမ္းစားႏိုင္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ရရွိထားသူတစ္ေယာက္ျဖစ္ပါတယ္။ သူမကေတာ့ ဒီႏွစ္စပိုင္းမွာ ရံုတင္ၿပီး အာရွတလႊားမွာ ေအာင္ျမင္မႈအႀကီးအက်ယ္ရရွိထားတဲ့ ထိုင္းရုပ္ရွင္ကား “Friend Zone”အတြက္ ဇာတ္ဝင္ေတး သီဆိုေပးခဲ့တာျဖစ္ပါတယ္။ အာရွက ေတးသံရွင္ေတြနဲ႔အတူ ရင္ေဘာင္တန္းႏိုင္ခဲ့တဲ့ ျဖဴျဖဴေက်ာ္သိန္းကေတာ့ တကယ့္ကို ဂုဏ္ယူစရာေကာင္းတဲ့ ျမန္မာႏိုင္ငံသား အဆိုေတာ္တစ္ေယာက္ပါပဲ။

Key

သူကေတာ့ Galaxy Star အဆိုၿပိဳင္ပြဲကေနတစ္ဆင့္ ပရိသတ္ေတြၾကားမွာ လူသိမ်ားလာတာျဖစ္ၿပီး “Holding Me Back”ဆိုတဲ့ သီခ်င္းနဲ႔ ေအာင္ျမင္မႈေတြကို ပိုၿပီးေတာ့ ရရွိလာသူလည္းျဖစ္ပါတယ္။ Key ကေတာ့ ကိုရီးယားႏိုင္ငံရဲ႕ လူသံုးအမ်ားဆံုး Music app ျဖစ္တဲ့ Melon မွာလည္း ကိုယ္ပိုင္channel ဖြင့္ထားတာေၾကာင့္ “Holding Me Back” သီခ်င္းကို Korea Version နဲ႔လည္း Melon မွာ နားေထာင္လို႔ရပါတယ္။သူကေတာ့ ကိုရီးယားႏိုင္ငံမွာ က်င္းပတဲ့ DMCF ပြဲကိုလည္း ဖိတ္ၾကားခံရၿပီး အဲဒီပြဲမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳ အႏုပညာရွင္အျဖစ္ေဖ်ာ္ေျဖခဲ့ပါတယ္။

ေမျမတ္ႏိုး

သူမကေတာ့ Asia’s Next Top Model ၿပိဳင္ပြဲမွာ Top 7 အထိ ဝင္ခဲ့တဲ့ သူတစ္ေယာက္ျဖစ္ၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ရရွိထားသူပါ။ သူမကေတာ့ ၿပီးခဲ့တဲ့ႏွစ္ကလည္း Invincible ဆိုတဲ့ အဂၤလိပ္ရုပ္ရွင္ကားမွာ အဓိဇာတ္ေဆာင္ေနရာကေန မင္းသား Johnny Strong နဲ႔အတူ ပါဝင္သရုပ္ေဆာင္ခဲ့ပါတယ္။

Cindy & Naychi

သူတို႕ႏွစ္ေယာက္ကေတာ့ ခ်စ္စရာေကာင္းတဲ့ Rose Quartz အဖြဲ႔ဝင္ေတြအျဖစ္ ပရိသတ္ေတြၾကားမွာ လူသိမ်ားပါတယ္။ ေနျခည္နဲ႔ စင္ဒီတို႕ကေတာ့ ျမန္မာႏိုင္ငံမွာသာမက ထိုင္းႏိုင္ငံမွာလည္း Rose Quartz အဖြဲ႔ဝင္ေတြနဲ႔အတူ ပရိသတ္ေတြရဲ႕ အခ်စ္ေတြရရွိေနတဲ့သူႏွစ္ေယာက္ျဖစ္ပါတယ္။

မိုရီဆာကီဝင္း

သူကေတာ့ ဂ်ပန္ႏိုင္ငံမွာ PrizmaX အဖြဲ႔ဝင္အျဖစ္နဲ႔ အႏုပညာလႈပ္ရွားမႈေတြကို ျပဳလုပ္ေနတာျဖစ္ၿပီး မိန္းကေလး ပရိသတ္ေတြ အမ်ားႀကီး ရရွိထားတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ေဟာလိဝုဒ္ရုပ္ရွင္ဇာတ္ကားျဖစ္တဲ့ Ready Player One ဇာတ္ကားထဲမွာလည္း ပါဝင္သရုပ္ေဆာင္ခဲ့ပါေသးတယ္။

ဝတ္မႈန္ေရႊရည္

သူမကေတာ့ အကယ္ဒမီဆုရွင္မင္းသမီးတစ္ေယာက္ျဖစ္ၿပီး “လိပ္ျပာစံအိမ္” ရုပ္ရွင္ဇာတ္ကားနဲ႔ ပရိသတ္ေတြၾကားမွာ ပိုၿပီးေအာင္ျမင္လာတဲ့သူတစ္ေယာက္ပါ။ မၾကာခင္မွာ ကိုရီးယားႏိုင္ငံက သရုပ္ေဆာင္ေတြနဲ႔အတူ တြဲၿပီး ရုပ္ရွင္ရိုက္ကူးေတာ့မယ့္သူလည္းျဖစ္ပါတယ္။ ကိုရီးယားႏိုင္ငံမွာ က်င္းပမယ့္ Asia Model Festival မွာလည္း ဝတ္မႈန္ေရႊရည္ကို Asia Special Award ခ်ီးျမင့္မွာျဖစ္ပါတယ္

April

Credit:shwemom

 

Unicodeဖြင့်ဖတ်ရန်

 

ပြည်တွင်းမှာသာမက ပြည်ပမှာပါအောင်မြင်နေတဲ့ မြန်မာနိုင်ငံသား အနုပညာရှင်များ

 

ဒီကနေ့မှာတော့ မြန်မာနိုင်ငံအတွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာပါ အနုပညာလှုပ်ရှားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ေ်နပြီး အောင်မြင်မှုတွေလည်း ရရှိနေတဲ့ မြန်မာနိုင်ငံသားအနုပညာရှင်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။

ဖြူဖြူကျော်သိန်း

သူမကတော့ အသံပါဝါကောင်းကောင်းနဲ့ ထူးခြားတဲ့ အသံကို ပိုင်ဆိုင်ထားတဲ့အပြင် အမိုက်စား တင်ဆက်မှုတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဒီနှစ်စပိုင်းမှာ ရုံတင်ပြီး အာရှတလွှားမှာ အောင်မြင်မှုအကြီးအကျယ်ရရှိထားတဲ့ ထိုင်းရုပ်ရှင်ကား “Friend Zone”အတွက် ဇာတ်ဝင်တေး သီဆိုပေးခဲ့တာဖြစ်ပါတယ်။ အာရှက တေးသံရှင်တွေနဲ့အတူ ရင်ဘောင်တန်းနိုင်ခဲ့တဲ့ ဖြူဖြူကျော်သိန်းကတော့ တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ မြန်မာနိုင်ငံသား အဆိုတော်တစ်ယောက်ပါပဲ။

Key

သူကတော့ Galaxy Star အဆိုပြိုင်ပွဲကနေတစ်ဆင့် ပရိသတ်တွေကြားမှာ လူသိများလာတာဖြစ်ပြီး “Holding Me Back”ဆိုတဲ့ သီချင်းနဲ့ အောင်မြင်မှုတွေကို ပိုပြီးတော့ ရရှိလာသူလည်းဖြစ်ပါတယ်။ Key ကတော့ ကိုရီးယားနိုင်ငံရဲ့ လူသုံးအများဆုံး Music app ဖြစ်တဲ့ Melon မှာလည်း ကိုယ်ပိုင်channel ဖွင့်ထားတာကြောင့် “Holding Me Back” သီချင်းကို Korea Version နဲ့လည်း Melon မှာ နားထောင်လို့ရပါတယ်။သူကတော့ ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ DMCF ပွဲကိုလည်း ဖိတ်ကြားခံရပြီး အဲဒီပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အနုပညာရှင်အဖြစ်ဖျော်ဖြေခဲ့ပါတယ်။

မေမြတ်နိုး

သူမကတော့ Asia’s Next Top Model ပြိုင်ပွဲမှာ Top 7 အထိ ဝင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားသူပါ။ သူမကတော့ ပြီးခဲ့တဲ့နှစ်ကလည်း Invincible ဆိုတဲ့ အင်္ဂလိပ်ရုပ်ရှင်ကားမှာ အဓိဇာတ်ဆောင်နေရာကနေ မင်းသား Johnny Strong နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Cindy & Naychi

သူတို့နှစ်ယောက်ကတော့ ချစ်စရာကောင်းတဲ့ Rose Quartz အဖွဲ့ဝင်တွေအဖြစ် ပရိသတ်တွေကြားမှာ လူသိများပါတယ်။ နေခြည်နဲ့ စင်ဒီတို့ကတော့ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာလည်း Rose Quartz အဖွဲ့ဝင်တွေနဲ့အတူ ပရိသတ်တွေရဲ့ အချစ်တွေရရှိနေတဲ့သူနှစ်ယောက်ဖြစ်ပါတယ်။

မိုရီဆာကီဝင်း

သူကတော့ ဂျပန်နိုင်ငံမှာ PrizmaX အဖွဲ့ဝင်အဖြစ်နဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတာဖြစ်ပြီး မိန်းကလေး ပရိသတ်တွေ အများကြီး ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Ready Player One ဇာတ်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

ဝတ်မှုန်ရွှေရည်

သူမကတော့ အကယ်ဒမီဆုရှင်မင်းသမီးတစ်ယောက်ဖြစ်ပြီး “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေကြားမှာ ပိုပြီးအောင်မြင်လာတဲ့သူတစ်ယောက်ပါ။ မကြာခင်မှာ ကိုရီးယားနိုင်ငံက သရုပ်ဆောင်တွေနဲ့အတူ တွဲပြီး ရုပ်ရှင်ရိုက်ကူးတော့မယ့်သူလည်းဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် Asia Model Festival မှာလည်း ဝတ်မှုန်ရွှေရည်ကို Asia Special Award ချီးမြင့်မှာဖြစ်ပါတယ်

April

Credit:shwemom