Zawgyi ျဖင့္ဖတ္ရန္

အခုေနာက္ပိုင္းမွာဆိုရင္ လူအမ်ားစုဟာ က်န္းမာေရး နဲ႔ ပက္သတ္တဲ့ ဗဟုသုတေတြ ရွိလာနဲ႔အညီ အစားအစာေတြ ေ႐ြးခ်ယ္စားသုံးတဲ့ အခါမွာလည္း က်န္းမာေရးအတြက္ စိတ္ခ်ရမယ့္ အစားအစာ မ်ိဳးကိုသာ ေ႐ြးခ်ယ္ဝယ္ယူ စားသုံးလာၾကပါတယ္။

က်န္းမာေရး နဲ႔ ညီၫႊတ္ တဲ့ အစားအစာ ဆိုတာကေတာ့ ခႏၶာကိုယ္ အတြက္ အာဟာရျပည့္ဝမႈေတြ ေပးႏိုင္တဲ့အျပင္ ေဘးထြက္ ဆိုးက်ိဳးနည္းတဲ့ အစားအစာေတြကို ဆိုလိုတာပဲ ျဖစ္ပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ က်န္းမာေရးနဲ႔ ညီၫြတ္တယ္လို႔ လူအမ်ားက အထင္မွားတတ္ၾကတဲ့ အစားအစာေတြအေၾကာင္းပဲ ျဖစ္ပါတယ္။

(၁) အဆီထုတ္ထားတဲ့ အစားအစာမ်ား

ဒိန္ခ်ဥ္၊ ေျမပဲ၊ ေထာပတ္ စတဲ့ အစားအစာေတြကို ၁၉၉၀ ခုႏွစ္ေလာက္ကစတင္ကာ အဆီထုတ္ၿပီး ထုတ္လုပ္ခဲ့ၾကတာ ေရပန္းစားခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အာဟာရပညာရွင္ေတြဟာ တခ်ိဳ႕ေသာ အစားအစာေတြမွာ ပါဝင္တဲ့ အဆီဓာတ္ဟာ ခႏၶာကိုယ္က်န္းမာေရးအတြက္ ထိခိုက္မႈမရွိေစႏိုင္ဘူးလို႔ ယုံၾကည္လာၾကၿပီပဲ ျဖစ္ပါတယ္။ အစားအစာေတြမွာပါဝင္တဲ့ အဆီဓာတ္ကို ဓာတုပစၥည္းေတြ အသုံးျပဳကာ ဖယ္ထုတ္လိုက္တဲ့အခါ က်န္းမာေရးအေပၚဆိုးက်ိဳးေတြကိုသာ သက္ေရာက္ေစႏိုင္ပါတယ္။

(၂) အသီးေဖ်ာ္ရည္မ်ား

အသီးေဖ်ာ္ရည္ေတြကို က်န္းမာေရးနဲ႔ ညီၫြတ္တယ္လို႔ ထင္တတ္ၾကေပမယ့္ အသီးေဖ်ာ္ရည္ေတြမွာ ပါဝင္တဲ့ သၾကားဓာတ္ဟာ ဆိုဒါတဘူးမွာ ပါဝင္တဲ့ သၾကားပမာဏနဲ႔ အတူတူသာျဖစ္တာေၾကာင့္ က်န္းမာေရးအတြက္ေတာ့ စိတ္မခ်ရပါဘူး။

(၃) အသီးအႏွံ အႂကြပ္ေၾကာ္မုန႔္မ်ား

အသီးအႏွံေတြဟာ က်န္းမာေရးအတြက္ အက်ိဳးရွိတာမွန္ေပမယ့္ အသီးအႏွံေတြကို အႂကြပ္ေၾကာ္ထားတဲ့ Snack ေတြကေတာ့ ဆား၊ ျပည့္ဝဆီနဲ႔ အရသာနဲ႔ အေရာင္အျဖစ္ ထည့္သြင္းထားတဲ့ Artificial Color ေတြပါဝင္တာေၾကာင့္ က်န္းမာေရးအတြက္ စိတ္မခ်ရပါဘူး။

(၄) ေလွာ္ထားတဲ့ မုန႔္မ်ား

ဆီေၾကာ္မုန႔္ေတြဟာ က်န္းမာေရးနဲ႔ မသင့္ေတာ္တာေၾကာင့္ လူအမ်ားက ေရွာင္ၾကဥ္ၿပီး ေလွာ္ထားတဲ့ မုန႔္ေတြကို စားတတ္ၾကပါတယ္။ ေလွာ္ထားတဲ့ အေလွာ္မုန႔္ေတြမွာ ဆားဓာတ္ ပိုမိုပါဝင္တာေၾကာင့္ မၾကာခဏစားသုံးမယ္ဆိုရင္ က်န္းမာေရးအတြက္ ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္လာေစႏိုင္ပါတယ္။

Credit: Irrawaddy

Unicode ဖြင့်ဖတ်ရန်

အခုနောက်ပိုင်းမှာဆိုရင် လူအများစုဟာ ကျန်းမာရေးနဲ့ ပက်သတ်တဲ့ ဗဟုသုတတွေ ရှိလာနဲ့အညီ အစားအစာတွေ ရွေးချယ်စားသုံးတဲ့ အခါမှာလည်း ကျန်းမာရေးအတွက် စိတ်ချရမယ့် အစားအစာမျိုးကိုသာ ရွေးချယ်ဝယ်ယူ စားသုံးလာကြပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာဆိုတာကတော့ ခန္ဓာကိုယ်အတွက် အာဟာရပြည့်ဝမှုတွေ ပေးနိုင်တဲ့အပြင် ဘေးထွက် ဆိုးကျိုးနည်းတဲ့ အစားအစာတွေကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ လူအများက အထင်မှားတတ်ကြတဲ့ အစားအစာတွေအကြောင်းပဲ ဖြစ်ပါတယ်။

(၁) အဆီထုတ်ထားတဲ့ အစားအစာများ

ဒိန်ချဉ်၊ မြေပဲ၊ ထောပတ် စတဲ့ အစားအစာတွေကို ၁၉၉၀ ခုနှစ်လောက်ကစတင်ကာ အဆီထုတ်ပြီး ထုတ်လုပ်ခဲ့ကြတာ ရေပန်းစားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အာဟာရပညာရှင်တွေဟာ တချို့သော အစားအစာတွေမှာ ပါဝင်တဲ့ အဆီဓာတ်ဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ထိခိုက်မှုမရှိစေနိုင်ဘူးလို့ ယုံကြည်လာကြပြီပဲ ဖြစ်ပါတယ်။ အစားအစာတွေမှာပါဝင်တဲ့ အဆီဓာတ်ကို ဓာတုပစ္စည်းတွေ အသုံးပြုကာ ဖယ်ထုတ်လိုက်တဲ့အခါ ကျန်းမာရေးအပေါ်ဆိုးကျိုးတွေကိုသာ သက်ရောက်စေနိုင်ပါတယ်။

(၂) အသီးဖျော်ရည်များ

အသီးဖျော်ရည်တွေကို ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထင်တတ်ကြပေမယ့် အသီးဖျော်ရည်တွေမှာ ပါဝင်တဲ့ သကြားဓာတ်ဟာ ဆိုဒါတဘူးမှာ ပါဝင်တဲ့ သကြားပမာဏနဲ့ အတူတူသာဖြစ်တာကြောင့် ကျန်းမာရေးအတွက်တော့ စိတ်မချရပါဘူး။

(၃) အသီးအနှံ အကြွပ်ကြော်မုန့်များ

အသီးအနှံတွေဟာ ကျန်းမာရေးအတွက် အကျိုးရှိတာမှန်ပေမယ့် အသီးအနှံတွေကို အကြွပ်ကြော်ထားတဲ့ Snack တွေကတော့ ဆား၊ ပြည့်ဝဆီနဲ့ အရသာနဲ့ အရောင်အဖြစ် ထည့်သွင်းထားတဲ့ Artificial Color တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် စိတ်မချရပါဘူး။

(၄) လှော်ထားတဲ့ မုန့်များ

ဆီကြော်မုန့်တွေဟာ ကျန်းမာရေးနဲ့ မသင့်တော်တာကြောင့် လူအများက ရှောင်ကြဉ်ပြီး လှော်ထားတဲ့ မုန့်တွေကို စားတတ်ကြပါတယ်။ လှော်ထားတဲ့ အလှော်မုန့်တွေမှာ ဆားဓာတ် ပိုမိုပါဝင်တာကြောင့် မကြာခဏစားသုံးမယ်ဆိုရင် ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။

Credit: Irrawaddy