Zawgyi ဖြင့်ဖတ်ရန်

 









share from : nanmalgyi

 

Unicode ဖြင့်ဖတ်ရန်

 

မှတ်ဉာဏ် ပိုကောင်းစေတဲ့ ဝါသနာ(၇)မျိုး

တိုးတက်လာတဲ့ နည်းပညာ ခေတ်ကြီးမှာ စိတ်အပန်းဖြေစရာတွေက အများကြီးရှိပေမယ့် တကယ်တမ်း ကိုယ့်အတွက်အသုံးဝင်တာကနည်းပါတယ်။ အဓိက မွန်းကြပ်နေတဲ့စိတ်ကို ပြေလျော့စေအောင် ဆိုပေမယ့် ကိုယ့်အတွက်လည်းအကျိုးရှိစေမယ့်အရာမျိုးဆို အချိန်ဖြုန်းရတန်တယ်ပြောရမှာပေါ့။ ဒါဆိုဘယ်လို ဝါဿနာမျိုးတွေက သင့်အတွက် အထောက်ကူပြုပေးနိုင်မလဲ ကြည့်ရအောင်။

(၁) သီချင်းနားထောင်ခြင်းက အပန်းဖြေခြင်းထဲမှာ အကောင်းဆုံးအရာတစ်ခုပါပဲ။ဒါပေမယ့် တူရိယာတစ်ခုခုကို တီးတတ်အောင်သင်ယူထားခြင်းက သီချင်းနားထောင်တာထက်ပိုကောင်းတယ်ဆိုတာ သင်သိပါသလား? ကိုယ်တီးတာကို ကိုယ်ပြန်နားထောင်ရတာလောက် ကောင်းတဲ့ခံစားချက်ရှိဦးမလား?

(၂)ရုပ်ရှင်ကြည့်တာက ပျော်စရာကောင်းတယ်။ ဒါပေမယ့် စာဖတ်တာလောက်တော့သင့်ကိုအကျိုးမပြုနိုင်ဘူး။ ရုပ်ရှင်တွေက သင့်ကို အဲ့ဒီစိတ်ကူးယဉ်ကမ္ဘာထဲပဲ ဆွဲခေါ်နိုင်မယ်။ ဒါပေမယ့် စာအုပ်ကတော့ သင်မသိသေးတဲ့အရာတွေ၊ သင်အမြင်နိုင်တဲ့ နေရာတွေ၊ သင်မတွေးမိတဲ့ ကိစ္စတွေကို တွေ့နိုင်၊ မြင်နိုင်၊ တွေးနိုင်အောင် လမ်းဆောင်ပေးသွားလိမ့်မယ်။

(၃) ကိုယ့်ကိုယ်ကိုယ် အားကစားလေ့ကျင့်ခန်းတွေလုပ်ပြီး ချွေးတွေထွက်၊မောပန်းကာ ပိတ်လှောင်မထားပဲ ခရီးထွက်လိုက်ခြင်းဟာ သင့်အတွက် ပိုပြီးအကျိုးရှိစေပါတယ်။ ဒါက တစ်နှစ်လုံး သင်ပင်ပန်းကြီးစွာလုပ်နေခဲ့တဲ့
လေ့ကျင့်ခန်းထက် အများကြီးပိုကောင်းတဲ့ ရလဒ်တစ်ခုကိုရစေတယ်။

(၄) အိမ်မှာ စာအုပ်တွေအများကြီးနဲ့ ဘာသာစကားလေ့လာနေတာထက် အပြင်ထွက်ပြီး လူမျိုးခြားတွေနဲ့ အပြန်လှန်စကားပြော သင်ယူခြင်းက သင့်ကိုအချိန်တိုတွင်း တက်မြောက်စေပါတယ်။ စိတ်အပန်းဖြေချင်လို့လုပ်ကာမှ ပိုပြီးစိတ်ရှုပ်မခံပါနဲ့။

(၅) ဗဟုသုတတွေလေ့လာရာမှာ အချိန်ဆက်တိုက်ကြီး မလုပ်ပဲ ခဏလောက်တော့ အနားယူပါ။ ဘယ်လောက်ပဲကောင်းတဲ့အလုပ်ဖြစ်ပါစေ…ဆက်တိုက်လုပ်လိုက်ရင် ငြီးငွေ့သွားတာပါပဲ။ ဒါကြောင့် ဦးနှောက်ကိုလည်းအနားပေးနိုင်အောင် ခဏတော့ အနားယူလိုက်ပါ။

(၆) အနားယူတဲ့အချိန်မှာ စိတ်လေစေမယ့်အရာတွေမလုပ်မိဖို့လည်းအရေးကြီးပါတယ်။ နောက်ပြီး စွဲလန်းစေတဲ့ ဂိမ်းတွေက စိတ်ကိုထိုင်းမှိုင်းစေတယ်။တစ်ချို့ဂိမ်းလေးတွေကျတော့ ဦးနှောက်အရည်သွေးကိုမြှင်တင်ပေးနိုင်တယ်။ ဥပမာ အရုပ်ဆက်တာတို့၊ စာလုံးအဓိပာယ်ဆက်တာတို့ပေါ့။ စိတ်အလေလွင့်မရှိတဲ့အပြင် စဉ်းစားဉာဏ်ကိုလည်းတိုးပွားစေပါတယ်။

(၇) ခုနကပြောခဲ့သလိုပဲ အနားယူခြင်းကအကောင်းဆုံးဆိုပေမယ့် လဲလျောင်းမနေဘဲ ခနာကိုယ်ကို အားပြန်ဖြည့်ပေးနိုင်တဲ့ လှုပ်ရှားမှုတွေရှိပါတယ်။ စိတ်ရော၊ လူရော ကြည်လင်သွားအောင် အားကစားတစ်ခုခုလုပ်ပါ။ အိပ်နေရင် ခေါင်းအရမ်းလေးပြီး အတွေးလည်းများစေတယ်။ ဒါကြောင့် လှုပ်လှုပ်ရှားရှားနေပါ။

share from : nanmalgyi